Samsung ဖုန်းတွေတော်တော်များများ ဒီနည်းနဲ့ Recovery Mode ထဲဝင်လို့ရပါတယ်။
အောက်က အချက်အတိုင်းလိုက်လုပ်သွားလိုက်ပါ။
Samsung ဖုန်းများ Recovery Mode သို့ ၀င်နည်း
1. Phone ကို ပါဝါပိတ်လိုက်ပါ။ သေချာသွားအောင် Battery ကို ၁၀ စက္ကန့်လောက်ဖြုတ်ထားလိုက်ပါ။ ပြီးရင်ပြန်တပ်ပါ။
2. ပြန်တပ်ပြီးရင် "Volume Up + Home + Power Button" ကို ပြိုင်တူနှိပ်ပါ။
3. ပြိုင်တူနှိပ်လိုက်တာနဲ့ ပါဝါပွင့်လာမယ်။ Samsung Galaxy ဘာညာပေါ့။
4. အဲ့အချိန်ကျရင် Power button ကို လွတ်လိုက်ပါ။ ကျန်တဲ့ နှစ်ခုကိုတော့ နောက်ထပ် ၅စက္ကန့်လောက် ဖိထားရဦးမှာနော်။ ၅စက္ကန့်ပြည့်ရင် အကုန်လုံးလွတ်လိုက်ပါ။ ခဏကြာတာနဲ့ Android ရုပ်လေး ပေါ်လာတဲ့နေရာရောက်ရင် Recovery Mode ထဲရောက်သွားတာဖြစ်ပါတယ်။ ပုံမှာပြထားတဲ့ အတိုင်းမှမပာုတ်ပါဘူး။ အမျိုးမျိုးလာတတ်ပါတယ်။
အဆင်ပြေကြပါစေ။
No comments:
Post a Comment