ဒီတစ်ခါတော့ MTK6573 China Android Phone တွေကို Firmware ထုတ်တဲ့ Tools
လေး မျှဝေပေးချင်ပါတယ်။ အောက်က လင့်မှာ ဒေါင်းလိုက်ပါ။ ဒေါင်းလို့ရလာတဲ့
Rar ဖိုင်လေးကို ဖြည်လိုက်ပါ။ Gscript နဲ့ Install folder နှစ်ခု
တွေ့ပါမယ်။ တစ်ခုတော့ရှိပါတယ်။ Firmware ထုတ်ချင်တဲ့ ဖုန်းမှာ Root Access
ရပြီးဖြစ်နေရပါမယ်။ Root မဖြစ်ရင်တော့ Firmware ထုတ်လို့ မရပါဘူး။ SD Card
အနိမ့်ဆုံး 512MB လိုအပ်ပါတယ်။ ကောင်းတာကတော့ 2GB ဆိုရင် ပိုကောင်းပါတယ်။
Free space 512MB လောက်ရှိရင်လည်း ရပါတယ်။ SD Card ထဲကို GScript နဲ့
Install Folder ၂ခုလုံး copy ကူးထည့်ပါ။ ပြီးရင်တော့ Phone မှာပါတဲ့ File
Manager ကနေ GScriptLite.apk ဖိုင်လေးကို Install လုပ်ပါ။ ပြီးသွားရင် Apps
တွေထဲမှာ GScript လေးရောက်သွားပါလိမ့်မယ်။ ဖွင့်လိုက်ပါ။ ဖွင့်လိုက်ပြီး
Menu ကို ခေါ်ပါ။ အဲဒီထဲမှာပါတဲ့ Add ကို ရွေးပါ။ Script ဖိုင်ကို
ရွေးပေးဖို့အတွက် Load ကို ထပ်နှိပ်ပါ။ back23.sh ကို ရွေးလိုက်ပါ။ Super
User Request တောင်းရင် Allow or Grant ပေးလိုက်ပါ။ ဒါဆိုရင် Gscript ထဲမှာ
Back23 ဆိုပြီး Script ဖိုင်လေး တစ်ခု ထပ်တိုးလာတာကို တွေ့ရပါလိမ့်မယ်။
အဲဒီ Back23 လေးကို Run ပေးလိုက်ပါ။ သူ့ဘာသာသူပဲ SD Card အောက်ထဲက Back_
Folder အောက်ထဲမှာ သွားပြီး Save ပေးပါလိမ့်မယ်။ ဒါဆိုရင်တော့ MTK6573
အတွက်ကို Firmware ရသွားပြီပေါ့ခင်ဗျာ။ အဲဒီFirmware ဖိုင်တွေထဲမှာ
Firmware.info ကို Scatter File ထုတ်ဖို့အတွက် အသုံးပြုပါတယ်ခင်ဗျာ။
Scatter File ထုတ်ဖို့အတွက် MTK Rom Studio နဲ့ Scatter ဖိုင်
ထုတ်ရပါတယ်ခင်ဗျာ။ အဲဒီ MTK_Rom_Studio ကိုလည်း နောက်များမှာ Post
တစ်ခုအနေနဲ့ သီးသန့်တင်ပေးပါ့မယ်ခင်ဗျာ။ နောက် Post မှာ MTK6575 ကို
Firmware ထုတ်တဲ့ Tools လေးလည်း တင်ပေးပါ့မယ်ခင်ဗျာ။ အားလုံးပဲ
အဆင်ပြေနိုင်ကြပါစေ။
Download Here !
အဆင်ပြေပါစေ..
No comments:
Post a Comment