#>
မိတ်ဆွေတို့လာရောက်တဲ့အတွက်အထူးကျေးဇူးတင်လျှက်ပါ

လိုအပ်တာရှာပါ

Showing posts with label မြန်မာလို IT EBOOK များ. Show all posts
Showing posts with label မြန်မာလို IT EBOOK များ. Show all posts

Mar 31, 2014

Wi Fi Network လုံခြုံရေး စာအုပ်


 WiFi Hack နည်းတွေတင်ပေးပြီး WiFi ကာကွယ်တဲ့နည်းလမ်းလေးတွေလည်းတင်ပေးပါဦးပြောလာလို့ မသိသေးတဲ့ သူငယ်ချင်းတွေအားလုံး ဗဟုသုတရအောင် တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်....:)

Wi Fi Network လုံခြုံရေးအတွက် အချက်များ


ကျနော်တို့ မြန်မာနိုင်ငံတွင် WiFi ကို တော်တော်များများအသုံးပြုလာကြသော်လည်း အသုံးပြုသူအများစု နှင့် တပ်ဆင်ဆောင်ရွက်ပေးသူ အများစုသည် WiFi Network Security ကို အလေးထားအသုံးပြုကြခြင်းမရှိကြသလို အသုံးပြုတတ်ခြင်းများလည်း မရှိကြပါ။ မိမိ၏ WiFi Network ကို ခိုးယူသုံးစွဲ၍ အင်တာနက်အသုံးပြုခြင်း၊ အလွဲသုံးစား ပြုလုပ်ခြင်း နှင့် မလိုအားလပ်သော ပြသနာများမဖြစ်စေခြင်းတို့ အတွက် သင်၏ WiFi Network ကို လုံခြုံရေး အကာကွယ်များ ရယူတပ်ဆင်ထားရှိသင့်သည်။

အောက်တွင် သင်၏ WiFi Network လုံခြုံရေးနှင့် ပက်သက်၍ ရှောင်ရန်၊ ဆောင်ရန် အချက်များကို ကျနော် သိရှိလေ့လာထားသလောက် ပြန်လည် ဝေငှ ရေးသားပေးပါမည်။

1.Change Default Administrator Passwords ( User Names )

သင် အသုံးပြုနေသော WiFi Router သို့မဟုတ် WiFi Access Point တွင် network setting configuration ပြုလုပ်ရန် web access ပါရှိသည်။ ၎င်းတွင် Login Screen ပါရှိပြီး  user name & password ရိုက်ထည့်ပေးရသည်။

WiFi access point နှင့် Router ထုတ်လုပ်သော စက်ရုံမှ ထုတ်လုပ်လိုက်စဉ်က တစ်ပါတည်းပါလာသော user name & password များကို ပြောင်းလဲပစ်ရမည်။ အဘယ်ကြောင့်ဆိုသော Product အလိုက် Default password များကို internet ပေါ်တွင် အလွယ်တကူ ရှာဖွေ၍ သုံးစွဲနိုင်သောကြောင့်ဖြစ်သည်။
ဥပမာ။     ။ Linksys router အတွက် password သည် admin ဖြစ်ပြီး၊ SMC router အတွက် password သည် smcadmin ဖြစ်သည်။ ထို့ကြောင့် သင်၏ WiFi Network ကိုခိုးယူသုံးစွဲရန် ကြိုစားအားထုတ်သူသည် သင်၏ password ကို အလွယ်တကူ ခန့်မှန်းသိရှိနိုင်သည့်အတွက် Default Password များကို ပြောင်းလဲသုံးစွဲပါ။ သင်၏ WiFi access point နှင့် Router ကို ခိုးယူသုံစွဲသူသည် ၀င်ရောက်ချိတ်ဆက်နိုင်သွားပါက သင်၏ WiFi Network တစ်ခုလုံးကို မောင်ပိုင်စည်း၍ စိတ်တိုင်းကျ လုပ်ချင်တိုင်း လုပ်နိုင်သွားပေတော့သည်။ ပိုင်ရှင်ဖြစ်သော သင်ကိုယ်တိုင်ပင်လျှင် WiFi Network ကို အသုံးမပြုနိုင်အောင် လုပ်သွားနိုင်ပေမည်ဖြစ်ရာ ဤအချက်သည် အလွန်တရာ အရေးကြီးပေသည်။


သင်၏ password ကို ပေးရာတွင် ခန့်မှန်းရလွယ်ကူသော စကားလုံးများ၊ အမည်များကို မပေးသင့်ပေ။ ရှုပ်ထွေးသောစကားလုံးများကို အနည်းဆုံး စာလုံးရေ 8 လုံး ထားရှိပေးရမည်။


2. Turn on ( Compatible ) WPA/ WEP Encryption

အခုနောက်ပိုင်း ထုတ်လုပ်သော WiFi equipment တော်တော်များများတွင် encryption အထောက်အပံ့များ ပါဝင်ကြသည်။ Encryption နည်းပညာကို အသုံးပြု၍ Data နှင့် Message များ ပေးပို့ခြင်းသည် အလွယ်တကူ ကြားဖြတ်ပြီး ခိုးယူသုံးစွဲရန် ခက်ခဲသဖြင့် wireless network ကို စိတ်ချစွာ အသုံးပြုနိုင်စေသည်။ WiFi နည်းပညာကို အသုံးပြုရာတွင် အမျိုးမျိုးသော Encryption နည်းပညာများကို အသုံးပြုနိုင်သည်။


နည်းပညာများမှာအောက်ပါအတိုင်းဖြစ်သည်။


   1. IEEE 802.11( WEP Encryption ) နည်းပညာ


၎င်းနည်းပညာတွင် open system နှင့် shared key authentication methods ကို အသုံးပြုသည်။ WEP Encryption တွင် 40 bits သို့မဟုတ် 104 bits encryption key ကို အသုံးပြုသည်။  WEP နည်းပညာတွင် encryption key တစ်ခုတည်းကို အများ ၀ိုင်းဝန်းသုံးစွဲရသည်။ လုံခြုံမှု အားနည်းချက်များစွာရှိသောကြောင့် လုံခြုံမှု အနည်းငယ်သာလိုအပ်သောလုပ်ငန်းနှင့် အိမ်တွင်းသုံး WiFi Network များမှာသာ အသုံးပြုသင့်သည်။

(802.11 with WEP (Windows Vista, Windows XP, Windows Server 2003, and Windows Server 2008)

   1. IEEE 802.1X

IEEE 802.1X နည်းပညာသည် IEEE 802.11 ထက်ပိုမို၍ လုံခြုံမှု ရှိသည်။ Network အရွယ်အစား အလယ်အလတ်နှင့် အကြီးစားတို့တွင် အသုံးပြုသည်။ user တစ်ဦးချင်း ကိုယ်ပိုင် user name နှင့် password တို့ကို အသုံးပြု၍ ရရှိရန်အတွက် IEEE 802.1X network တွင် RADIUS Server, Account Data Base Server / Active Directory Domain Controller Server တို့ကို တွဲဖက် အသုံးပြုကြရသည်။ Extensible Authentication Protocol (EAP) ကို အသုံးပြုသည်။

(802.1X (Windows Vista, Windows XP, Windows Server 2003, and Windows Server 2008))

မှတ်ချက်။        ။ အချို့ WLAN Card များသည် IEEE 802.1X တွင် အလုပ်မလုပ်ပါ။

   1. Wi-Fi Protected Access (WPA)

အားနည်းချက်ရှိသော WEP Encryption ကို ပို၍ ကောင်းမွန်သော Wi-Fi Protected Access (WPA)

နည်းပညာဖြင့် အစားထိုးသည်။ ပိုမို၍ ခိုင်ခံကောင်းမွန်သော Temporal Key Integrity Protocol ( TKIP )ဖြင့် အစားထိုးတပ်ဆင်သည်။ optional အနေဖြင့် Advanced Encryption Standard ( AES ) ကိုလည်းအသုံးပြုနိုင်သည်။

   1. WPA-Personal

Preshared key ကို အသုံးပြုထားသဖြင့် လုပ်ငန်းငယ် နှင့် ကွန်ယက်ငယ်များတွင် အသုံးပြုနိုင်သည်။

   1. WPA-Enterprise

အလယ်အလတ်စားကွန်ယက်နှင့် ကြီးမားသောကွန်ယက်တို့တွင် အသုံးပြုရန်အတွက် တည်ဆောက်ထားပါသည်။

WPA (Windows Vista, Windows XP with SP2, Windows XP with Service Pack 1 [SP1] and the Wireless update rollup package for Windows XP, Windows Server 2003 with Service Pack 2, Windows Server 2003 with Service Pack 1, and Windows Server 2008)

   1. Wi-Fi Protected Access 2 (WPA2)

WEP Encryption နည်းပညာနှင့် IEEE 802.11၏ အခြားလုံခြုံမှုအားနည်းချက်များကို ပြင်ဆင်ထားသော IEEE 802.11i စံနစ်ဖြစ်သည်။ TKIP နှင့် AES encryption နည်းပညာနှစ်မျိုးစလုံးကို အသုံးပြုရသော နည်းစံနစ် ဖြစ်သောကြောင့် WLAN Card တော်တော်များများနှင့် ကိုက်ညီရန် လိုအပ်ချက်များစွာရှိသည်။ လုံခြုံရေးအဆင့်အတန်း မြင့်မားပါသည်။


   1. WPA2-Personal

Preshared key ကို အသုံးပြုထားသဖြင့် လုပ်ငန်းငယ် နှင့် ကွန်ယက်ငယ်များတွင် အသုံးပြုနိုင်သည်။

   1. WPA2-Enterprise

အလယ်အလတ်စားကွန်ယက်နှင့် ကြီးမားသောကွန်ယက်တို့တွင် အသုံးပြုရန်အတွက် တည်ဆောက်ထားပါသည်။

WPA2 (Windows Vista, Windows XP with SP2 and the Wireless Client Update for Windows XP with Service Pack 2, Windows Server 2003 with Service Pack 2, and Windows Server 2008)

သင် အသုံးပြုသော WiFi router, WLAN Access Card equipment နှင့် OS ပေါ်တွင် မည်သည့် Encryption နည်းပညာကို အသုံးပြုနိုင်သည်ကို ဦးစွာပထမ လေ့လာရမည်။ သို့မှသာ မည်သည့်နည်းပညာကို သုံးစွဲရမည်ကို ဆုံးဖြတ်ရမည်။

3. Change the Default SSID

Access Point နှင့် Router တော်တော်များသည် SSID ဟူသော ကွန်ယက်အမည် စံနစ်ကို အသုံးပြုကြသည်။

ပစ္စည်းထုတ်လုပ်သူတို့သည်၎င်းတို့၏ပစ္စည်းများတွင် ကုန်အမှတ်တံဆိပ်၏အမည်ဖြင့် SSID ကို သတ်မှတ်ပြီး ရောင်းချလေ့ရှိသည်။

ဥပမာ။     ။ Linksys သည် သူ၏ SSID ကို Linksys ဟု သတ်မှတ်ပေးထားသည်။

ထိုကြောင့် SSID ကို network security setting စတင်အသုံးပြုလျှင် ပြုခြင်း ပြောင်းလဲသုံးစွဲပစ်မှသာ မိမိသုံးစွဲနေသော Access Point နှင့် Router အမျိုးအစားတို့ကို မသက်ဆိုင်သူများ အလွယ်တကူ မသိရှိနိုင်သဖြင့် ခိုးယူသုံးစွဲရန် ခက်ခဲစေသည်။

4.Enable MAC Address Filtering

Access Point , Router နှင့် WLAN Access Card equipment များတွင် မတူညီနိုင်သော သီးခြားသတ်မှတ်ထားရှိသော  ကိုယ်ပိုင်အမှတ်ဟုနားလည်နိုင်သည့် physical address ခေါ် MAC Address တစ်ခုစီပါရှိသည်။ မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များတွင် ပါသော frame အမှတ်ကဲ့သို့ဖြစ်သည်။ Access Point , Router တို့သည် ၎င်းတို့လာရောက်ချိတ်ဆက်သော WLAN equipment များ၏ MAC Address များကို ကိုင်တွယ်သိမ်းဆည်းထိမ်းသိမ်းကြသည်။ သင်၏ WiFi Network တွင် အသုံးပြုမည့် WLAN equipment များ၏ MAC Address များကိုသာ စီစစ်ကန့်သတ်၍ ချိတ်ဆက် ခွင့်ပြုခြင်းသည် လုံခြုံမှုကာကွယ်ရေး အဆင့်တစ်ဆင့်အနေဖြင့် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

သို့သော် Hacking program တစ်ချို့ကို အသုံးပြု၍ hacker များသည် MAC Address clone ပြုလုပ်ပြီး network ကို ချိုးဖောက် ခိုးယူအသုံးပြုနိုင်ပါသေးသည်။

5.Disable SSID Broadcast

WiFi Network တွင် AccessPoint နှင့် Router တို့သည် ပုံမုန်အားဖြင့် network name ( SSID) ကို လေထုထဲသို့ အကွာအဝေးတစ်ခုအထိ ပုံမှန် (Broadcast )လွှင့်ထုတ်ပေးသည်။ ၎င်း feature သည် access point အား သုံးစွဲသူ client တို့က WiFi Network ချိတ်ဆက်ရာတွင် အသုံးပြုနိုင်သည့် ဧရိယာ (WiFi Network Range ) အတွင်း ရှိခြင်း၊ မရှိခြင်း ကို  သိသာထင်ရှားစွာ မြင်တွေ့နိုင်ရန်အတွက် အသုံးပြုသည်။ ၎င်း feature ကြောင့်ပင်လျှင် Hacker များအား WiFi network ရှိကြောင်းကို အလွယ်တကူ သိရှိစေနိုင်သည်။ ကံကောင်းထောက်မစွာပင် AccessPoint နှင့် Router တို့တွင် SSID Broadcast ကို Disable လုပ်နိုင်သော setting ပါရှိသည်။ မိမိ၏ အိမ် နှင့် လုပ်ငန်းတွင် ၎င်း feature ကို မလိုအပ်လျှင် ပိတ်ထားခြင်းဖြင့် မသက်ဆိုင်သူများ မိမိ၏ WiFi Network ကို အလွယ်တကူ မတွေ့မြင်နိုင်စေ၍ လုံခြုံမှု အဆင့်အတန်း တိုးမြှင့်ရာ ရောက်ပါသည်။

6.Do Not Auto-connect to Open WiFi netwoks

သင်၏အိမ် (သို့) လုပ်ငန်း ပတ်ဝန်းကျင်အနီးအနားတွင် router များ accesspoint များ ရှိနေပါက သင်၏ ကွန်ပျူတာနှင့် WiFi ချိတ်ဆက်နိုင်သော equipment များတွင်ပါရှိသော WiFi connection အလိုအလျောက် ချိတ် ဆက်နိုင်သည့် "Automatically connect to available networks" setting များကို ပိတ်ထားပါ။ ထိုသို့ ပြုလုပ်ခြင်း သည် သင်၏ data နှင့် network လုံခြုံရေးကိုအဆင့်မြှင့် ထိန်းသိမ်းဆောင်ရွက်ရာ ရောက်ရှိစေသော အချက်တစ်ချက် ပင်ဖြစ်သည်။

7. Assign Static IP address to Devices

များသောအားဖြင့် အိမ်သုံး WiFi network များတွင် ကွန်ယက် ချိတ်ဆက်မှုလွယ်ကူစေရန် DHCP Setting များကို တပ်ဆင်ထားကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် မသက်ဆိုင်သူများအား မိမိ၏ WiFi ကွန်ယက် Configuraton Setting များကို အလွယ်တကူရရှိ ချိတ်ဆက်နိုင်စေပြီး  မိမိ၏ ကွန်ယက်ကို ချိုးဖောက်ဝင်ရောက်ရန် အတွက် လွယ်ကူသောနည်းလမ်းတစ်ခု ပေးထားသလိုဖြစ်နေပေသည်။ ထို့ကြောင့် DHCP ကို အသုံးမပြုဘဲ static ip address များကို သာ သတ်မှတ် သုံးစွဲသင့်သည်။ static ip address များကိုသုံးစွဲရာတွင်လည်း အများစု အသုံးပြုတတ်သော ip address များကိုအသုံးပြုခြင်းများမှ ရှောင်ရှားသင့်သည်။

ဥပမာ။      ။ အများစု အသုံးပြုတတ်သော static ip address များ= 192.168.1.x ,192.168.x.x

8.Enable Firewalls on Each computer and the Router

ခေတ်မီ router များတွင် Firewall ကာကွယ်ရေးစံနစ်များ တပါတည်းပါရှိကြပါသည်။သို့သော် များသောအားဖြင့် Firewall ကာကွယ်ရေးစံနစ်များ ကာကွယ်ရေးစံနစ်များကို အသုံးမပြုကြဘဲ ပိတ်ထားကြသည်သာများပါသည်။ သင်၏ ကွန်ယက်လုံခြုံမှု ရှိစေရန် Firewall ကာကွယ်ရေးစံနစ်များ ကို သေချာ စွာတပ်ဆင်သင့်ပါသည်။ ထို့အတူ သင်၏ ကွန်ပျူတာတိုင်းတွင်လည်း Firewall ကာကွယ်ရေးစံနစ်များကိုသေချာစွာတပ်ဆင်အသုံးပြုရပါမည်။

9.Position the Router or Access Point Safely

WiFi signal များသည် သင်၏ လုပ်ငန်း (သို့) အိမ် ၏ပြင်ပသို့ ရောက်နိုင်ပါသည်။ အိမ်၏ပြင်ပ သို့ အင်အားနည်းပါးသော WiFi signal များသာ ရောက်ရှိနေလျှင် အကြောင်းမဟုတ်သော်လည်း WiFi ကွန်ယက်ကောင်းမွန်စွာ ချိတ်ဆက်နိုင်သည့် WiFi signal များ ပြင်ပသို့ရောက်ရှိနေပါက မသက်ဆိုင်သူများအား သင်၏ WiFi ကွန်ယက်သို့ ချိုးဖောက်ဝင်ရောက်သုံးစွဲနိုင်ခွင့်ပေးထားသလိုဖြစ်နေပါသည်။

ထို့ကြောင့် Router (သို့) Access Point များကိုတပ်ဆင်ရာတွင် WiFi signal များ ပြင်ပသို့မရောက်ရှိအောင် သင်၏ အိမ် (သို့) လုပ်ငန်း နေရာအလယ် တည့်တည့်တွင် တပ်ဆင်သင့်ပါသည်။ ပြတင်းပေါက်များ အနီးတွင် တပ်ဆင်ခြင်းရှောင်ကြင်ရပါမည်။

အဆင့်မြင့် Router နှင့် Access Point များတွင် WiFi signal များ လိုအပ်သလို ချိန်ညှိနိုင်သော setting များပါရှိ၍ သင် လိုအပ်သော singal power ကို ချိန်ညှိထားရှိချင်းဖြင့် သင်၏ လုပ်ငန်း (သို့) အိမ် ၏ပြင်ပသို့ WiFi signal များ ရောက်ရှိပြီး မသက်ဆိုင်သူများက သင်၏ WiFi ကွန်ယက်သို့ ချိုးဖောက်ဝင်ရောက်သုံးစွဲနိုင်ခွင့်ကို  ကာကွယ်တားဆီး ရာရောက်ပါသည်။

10. Turn off the Network During Extended Periods of Non-Use

WiFi Network လုံခြုံမှုများကိုတိုင်းတာချက်အရ WiFi စနစ်ကို အသုံးပြုရန် မလိုအပ်သောအခါတွင် ပိတ်ထားခြင်းသည် ၁၀၀ရာခိုင်နှုန်း လုံခြုံစိတ်ချရ ခြင်းဖြစ်ပေသည်။ သင်သည် တခါတရံမျှသာ WiFi စနစ်ကို အသုံးပြုသူဖြစ်လျှင် အသုံးမပြုသော အချိန်များ၌WiFi စနစ်ကို ပိတ်ထားပါ။

ဥပမာ။      ။ သင်သည် desktop computer များကို ကြိုးဖြင့်ချိတ်ဆက်အသုံးပြုသော Ethernet စနစ်ကို အသုံးပြုပြီး၊ WiFi စနစ်ကို laptop များသာ အသုံးပြုလျှင် laptop ကို အသုံးမပြုသည့်အချိန်တွင် သင်၏ router ရှိ Wireless စနစ်ကို ပိတ်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။

အထက်ပါလုံခြုံရေးအချက်များသည် အခြေခံကျသော ကာကွယ်မှုစံနစ်များဖြစ်သော်လည်း အကောင်းဆုံး ကာကွယ်ရေးစံနစ်များဟု မပြောပါ။ လုံးဝ ကာကွယ်တားဆီးမှုမရှိသော အခြေအနေဖြင့်ဆိုလျှင် အထက်ပါ လိုက်နာဆောင်ရွက်သင့်သော အချက်များကို လိုက်ရွက်လျှင်ပင် အတော်အသင့် စိတ်ချစွာ သုံးဆွဲနိုင်ပါမည်။
စာအုပ် Download Here
===
အားလုံးအဆင်ပြေပါစေ။ 

Mar 18, 2014

စာရင်းအင်းပညာ ဆော့ဝဲ အတွက် Peachtree Complete Accounting






Download -Peachthree Accounting ).rar

မူရင်းလင့် - http://uthwalbrothers.blogspot.com

Peachthree မြန်မာစာအုပ်ယူရန်အောက်ကလင့်မှာ ယူလိုက်ပါ



အင်စတောလုပ်နည်းကတော့ မူရင်းအတိုင်းဖတ်လုပ်ပါ

အင်စတောလုပ်ပီးရင် Crack ဖိုင်ကိုဖွင့် အထဲမှာ သူပြောတဲ့ဖိုင်2ခု

ကော်ပီယူ အင်စတောဝင်တဲ့ဖိုင်မှာသွားချပီးမှအသုံးပြုရင်ရပါပြီ

Download and Extract with WinRAR
Password= www.uthwalbrothers.blogspot.com
When Installation is Complete then go to Crack Folder and Copy "evalkg" and "regkg" files and Paste in to Install Directory (Folder).
Run Software and Enjoy!!!!! - See more at: http://uthwalbrothers.blogspot.com/2013/06/peachtree-complete-accounting-2008-free.html#sthash.SAtG34N7.dpuf
Download and Extract with WinRAR
Password= www.uthwalbrothers.blogspot.com
When Installation is Complete then
go to Crack Folder and Copy "evalkg" and "regkg" files and
Paste in to Install Directory (Folder).
Run Software and Enjoy!!!!! -

Mar 10, 2014

Gsm/Wcdma/Cdma ဖုန်းများ အင်​တာနက်​ Setting ချိန်​နည်း စာအုပ်​(PDF)


image
Gsm,Wcdma,Cdma ဖုန်းများအတွက်​ အင်​တာနက်​ ဆက်​တင်​ချိန်​ထည့်​နည်း စာအုပ်​​လေး တစ်​အုပ်​ကို တင်​​ပေးလိုက်​ပါတယ်
အောက်​က လင့်​ခ်​ မှာ​ဒေါင်းလုပ်​ရယူပါ
★DOWNLOAD ဆွဲရန်​ လင့်​ခ်​★
"

Mar 9, 2014

Android Phone Root လုပ်ချင်သူများအတွက် Root လုပ်နည်း အမျိုးမျိုး




Android ဖုန်းနဲ့ ပတ်သက်ပီး အခြေခံကျကျ ရေးပြထားတဲ့ စာအုပ်ကောင်းလေးပါ

ရေးသားပေးပို့ ဖြန့် ဝေစေတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ် ..................။


Chateau Man
  Founder At Collection Of Android
  Admin At Android Users Group


ဒီလင့်မှာ Download ယူပါ -www.mediafire.com/Root လုပ်နည်းစာအုပ်



ဒီလင့်မှာ Download ယူပါ -www.mediafire.com/Root လုပ်နည်းစာအုပ်

ဆရာဦးမောင်နိုင် ၏ ဖုန်းစက်ပြင်မှတ်တမ်းစာအုပ်များစုစည်းမှု ( မြန်မာလို - EBook )


Android ဖုန်းစက်ပြုပြင်ပညာရပ်များကို စိတ်ပါဝင်စားသူများ..စက်ပြုပြင်နည်းလေ့လာနေသူများအတွက် ဆရာဦးမောင်နိုင် ၏ ဖုန်းစက်ပြင်မှတ်တမ်းစာအုပ်များကို တစ်စုတစ်စည်းတည်း တင်ပေးလိုက်ပါတယ်။ လေ့လာလိုသူများ Download ရယူနိုင်ကြပါပြီ။
From => SolidfilesMiloshare

Jan 25, 2014

Next Launcher 3D v3.05 Apk 11MB လေးပါ


Next launcher အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 
  1လပိုင်း 23 ရက်နေ့ ထွက်Update လေးတင်ပေးလိုက်ပါတယ် 
Next Launcher ဟာလူကြိုက်များတဲ့ Android Theme application တစ်ခုဖြစ်ပါတယ်။ 
ဗားရှင်းအသစ်မှာ အရင်ကနဲ့မတူဘဲ အရမ်းလန်းလာတယ်ဗျာ
ယခု version မှာတော့ 3D Screen Mode ဆိုတဲ့ features အသစ်တစ်ခုပါဝင်လာပါတယ်။ ဖုန်းရဲ့ Screen ဒီဇိုင်းကို 3D Transitions/effect တွေနဲ့ပြောင်းလဲသွားစေမှာပါ။ Next Launcher နဲ့တွဲဖက်အသုံးပြုလို့ရတဲ့ အခြား Theme တွေထပ်မံထည့်သွင်းလို့လည်းရပါတယ်။
အသုံးပြုတဲ့ သူငယ်ချင်းတွေအနေနဲ့ အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ် 
အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
 

Dec 6, 2013

မိုဘိုင်းအင်တာနက်အသုံးပြုနည်းလမ်းညွှန် Ebook (မြန်မာလို)


ဒီစာအုပ်လေးက ဖုန်းနဲ့ internet ကိုချိတ်နည်း၊ ဘယ်ဖုန်းအမျိုးစားဆိုရင် ဘယ်ကနေ၀င်ရမယ် Computer နဲ့ဘယ်လို ချိတ်သုံးရမယ် ဆိုတာတွေကို ရေးထားတာပါ။ ဒီစာအုပ်လေးကို Upload & Share ပေးသူကတော့ ကိုစိုးဝင်းဖြစ်ပါတယ်။ မိုဘိုင်းအင်တာနက်အသုံးပြုနည်းလမ်းညွှန် Ebook (မြန်မာလို) ကိုအောက်က link မှာရယူနိုင်ပါတယ်။
By သက်နိုင်စိုး

Nov 29, 2013

IPhone Jailbreak လုပ်နည်း



iphone jail break လုပ်နည်းစာအုပ်ကလေးပါ . နောက်ထပ် အသေးစိတ်ကို ကျွန်တော် ရေးပြီးတော့ ထပ်တင်ပေးပါဦးမယ် .လတ်တလော တော့ မေးထား တဲ့ ကြွေးလေးတွေကို အရင်ဦးဆုံးဖြေပေးလိုက်ပါဦးမယ် . သူများလုပ်ထား တာလေးတွေကို တင်ပေးနေရတော့ အားတော့နာပါတယ် . ကိုယ်ကိုယ်တိုင်က အချိန်မပေးနိုင်တဲ့အတွက်လဲပါပါတယ် . လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ .
 

Nov 2, 2013

Android ဆိုင်ရာ Ebook များ

မိုဘိုင်းခေတ်ကို တဖြေးဖြေး ရောက်လာသည်နှင့်အမျှ Android ၏လွှမ်းမိုးမှုသည်လည်း တဖြည်းဖြည်း ကြီးမား လာသည်မှာ အားလုံး မျက်မြင်ပင်ဖြစ်သည်။ Apple ၏ထုတ်ကုန်ပစ္စည်းများဟာ တကယ်ကို ကောင်းပါတယ်။ ဒါပေမယ့် OS ပိုင်းဆိုင်ရာမှာတော့ Android နဲ့ မတူတဲ့အချက်က သူဟာ Open Source ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ လူတိုင်း ရေးခွင့်/ပြင်ခွင့် ရှိနေတယ်လေ။ ဒါကြောင့် မိုဘိုင်း Technology ကို ၀ါသနာပါတဲ့ လူငယ်တိုင်းနီးပါးဟာ Android OS ကို လေ့လာနေကြပါပြီ။

ကျွန်တော်တို့က မြန်မာလူမျိုးဆိုတော့ မြန်မာလို ရေးသားထားတဲ့ စာအုပ်တွေ ဖတ်ရတာကို ပိုသဘောကျ ပါတယ်။ ကျွန်တော်ကိုယ်တိုင်က အစပေါ့ဗျာ။ ဒါကြောင့် Android OS ကို အခြေခံမှစပြီး ရေးသား/ပြုပြင်/မြန်မာပြုတဲ့ အဆင့်ထိ တိုင်အောင် ပြည့်စုံအောင် ပါဝင်တဲ့ စာအုပ်ကလေးများ ကျွန်တော် စုဆောင်းပြီး တင်ပေးထားပါတယ်။ အားလုံးအတွက် ပြန်လည် မျှဝေလိုက်ပါတယ်။ သူငယ်ချင်းများ မိုဘိုင်းနည်းပညာတစ်ခေတ် ဆန်းသစ်နိုင်ကြပါစေဗျာ။

ပါဝင်တဲ့စာအုပ်များကတော့ -
၁) Android User Guide
၂) Android ပေါ်မှ လက်တွေ့သုံးနည်းပညာ
၃) The Myanmar's Android
၎) How to Create Android Applications
၅) Android Application ရေးသားဖန်တီးခြင်းဆိုင်ရာ အခြေခံသဘောတရားများ
၆) Android ဖုန်းတွေကို မြန်နှုန်းမြင့်စေမည့် နည်းလမ်း ၁၀ မျိုး
၇) APK ကို မြန်မာပြုခြင်း


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

 

Nov 1, 2013

laptop မှာ Wifi အလုပ်မလုပ်တဲ့ပြဿနာကိုဘယ်လိုဖြေရှင်းမလဲ (မြန်မာလို Ebook)



Wifi အလုပ်မလုပ်ဘူးဆိုတဲ့ ညီကိုမောင်နှမတွေအတွက် ကျွန်တော် တတ်နိုင်သလောက် စာအုပ်လုပ်ပြီး ပြန်ဝေမျှပေးထားပါတယ်။ အရမ်းလည်းအဆင်ပြေပါတယ်။
တချို့က ပြဿနာအသေးအမွှားတွေကြောင့်ဖြစ်တာပါ။ မပူပါနဲ့ ဒီစာအုပ်ထဲမှာ သင်လိုချင်တဲ့အဖြေ ပါနိုင်လိမ့်မယ်။ ပိုပြီးသိချင်ရင် တော့ အောက်ပါအတိုင်းဒေါင်းလုတ်ဆွဲလိုက်ပါ။ အဆင်ပြေပါစေ။

Download => Link 1 / Link 2 / Link 3 / Link 4 / Link 5

Oct 30, 2013

မြန်မာဘလော့တစ်ခုပြုလုပ်ပုံအဆင့်ဆင့် စာအုပ် (မြန်မာလို)

ဒီစာအုပ်လေးကတော့ ကိုညီလင်းဆက်ရေးသားထားတဲ့ မြန်မာဘလော့တစ်ခုပြုလုပ်ပုံအဆင့်ဆင့် ဆိုတဲ့ စာအုပ်လေးဖြစ်ပါတယ်။
 မေးလ်ထဲကနေတောင်းဆိုထားတဲ့အစ်ကိုအတွက်တင်ပေးလိုက်ပါတယ် ခင်ဗျာ။ တောင်းထားတာတော့ကြာပါပြီ။
 အခုမှပဲတင်ပေးနိုင်တော့တယ်။ကိုယ်ပိုင်ဘလော့တစ်ခုတည်ဆောက်ချင် သူများအတွက် ပြည့်စုံကောင်းမွန်တဲ့ စာအုပ်လေးဖြစ်ပါတယ်။ 
ဘလော့တစ် ခုပြု လုပ်ပုံကို အသေးစိတ်ရှင်းလင်းရေးသားပေးထား တဲ့အတွက် အဆင်ပြေမယ်လို့မျှော်လင့် ပါတယ်။ 



Oct 16, 2013

CD&DVD ထုတ်ချင်သူများအတွက် NERO (8) အသုံးပြုနည်းစာအုပ်( EBOOK )


သင် CD &amp; DVD ထုတ်ချင်ပါသလား .........? ။အရည်အသွေးပြည့် ဝပြီး အကောင်းဆုံးအရည်အသွေး နဲ့ ပြည့် ဝတဲ့  CD &amp; DVD ထုတ် ချင် တဲ့ မိတ်ဆွေများအတွက် ပါ။ ဒီစာအုပ်လေးကိုဖတ်ပြီးသွားတာနှင့် သင်ကိုယ်တိုင် လုပ်တတ် ကိုင်တတ် သွားအောင်ဒီ NERO (8) အသုံးပြုနည်းစာအုပ်ကလေးက သက်သေပြသွားမှာပါ။ဒီစာအုပ်ကလေးကို ရေးသားတဲ့ သူကတော့ (ဆရာ-အောင်လင်း ) ကရေးသားထားပါတယ်ခင်ဗျာ။ ဖိုင်ဆိုဒ်ကတော့ (13 MB ) ပဲ ရှိတာမို့  EBOOK စုစောင်းတာဝါသနာပါတဲ့ 
မိတ်ဆွေတွေအတွက်ကြုံ တုန်းလေးဆွဲထားလိုက်ပါခင်ဗျာ။

Oct 12, 2013

Web Design လက်တွေ့ သင်ခန်းစာများ (မြန်မာလို စာအုပ်)


ဆရာ ဦးသောင်းဝင်း ရေးသားပြုစုထားတဲ့ Web Design လက်တွေ့ သင်ခန်းစာများ စာအုပ်ကောင်း လေးတစ်အုပ်ပါ..Web Design စိတ်ဝင်စားတဲ့ သူငယ်ချင်းများ လေ့လာသင့်တဲ့
စာအုပ်ဖြစ်ပါတယ်။
Click Here to Download

Ubuntu အကြောင်း သိကောင်းစရာ (e book)

ubuntu အကြောင်းရေးတဲ့စာအုပ်တွေကတော့ရှားတယ် ဘာဖြစ်လို့လဲဆိုတော့ အသုံးနည်းနေသေးတယ်လေ
နောက်ထပ်တွေ့တယ်ဆိုရင်လည်းပြန်လည်မျှဝေပေးလိုက်ပါမယ်ဒါကတော့ ပထမဆုံးပါ
Ubuntu အကြောင်း  zawlin(youth) ရေးထားတဲ့စာအုပ်လေးကို
သူငယ်ချင်းတယောက်ဆိုဒ်မှာတွေ့တာနဲ့ ပြန်လည်ရှယ်ပေးလိုက်ပါတယ်
တခြားလေ့လာခြင်တဲ့သူငယ်ချင်းတွေလဲလေ့လာလို့ရအောင်ပြန်လည်မျှဝေလိုက်ပါတယ်


ဒေါင်းရန် .... ဒီမှာ ဆိုတာ ကိုနှိပ်ပြီး ၀င်ေ၇ာက်ဒေါင်းယူနိုင်ပါသည်

Oct 10, 2013

ကွန်ပျူတာပြသနာတွေကိုဘယ်လိုဖြေရှင်းမလဲ How to solve Computer Problems (မြန်မာလို)



PC မိတ်ဆွေများအတွက် ကွန်ပျူတာမှာဖြစ်တတ်တဲ့ Problem
တွေနဲ့ပတ်သတ်ပြီး စုစည်းဖော်ပြထားတဲ့ စာအုပ်လေးတွေ့လို့
တင်ပေးလိုက်ပါတယ်ဗျာ.. ရှိပြီးသားသူတွေလဲရှိကြမှာပါ.. မရှိသေး
တဲ့သူတွေအတွက်အောက်မှာဒေါင်းယူထားလိုက်ပါဗျာ..

DOWNLOAD

Download Here !

Oct 5, 2013

Photoshop CS 3 အသုံးပြုနည်းစာအုပ် မြန်မာလို (11MB)

 
 
တောင်းဆိုထားတဲ့ အစ်ကိုအတွက် ဆရာဦးအောင်နိုင်မော်ရေးသားထားတဲ့ Photoshop ကမ္ဘာသို့ အလည် တစ်ခေါက်လာခဲ့ပါ ဆိုတဲ့ စာအုပ်လေးတင်ပေးလိုက်တယ်ဗျာ။ အတော်ပြည့်စုံကောင်းမွန်တဲ့ စာအုပ်လေး တစ်အုပ်ဖြစ်ပါတယ်။ မရှိသေးတဲ့ သူငယ်ချင်းများလည်း ဆောင်ထားလိုက်ပါခင်ဗျာ။ 
Download Here

Oct 4, 2013

Network မှ Windows တင်နည်း ( မြန်မာလို )

Network ကနေ Windows တင်နည်းစာအုပ်လေးတွေ့လို့တင်ပေးလိုက်ပါတယ်...စာအုပ်က ထွက်တာကြာ
ပြီဆိုပေမယ့် အနှစ်သာရကတော့ အခုထိတိုင် အပြည့်ရှိနေပါတယ်..လေ့လာလိုသူများ Download ရယူနိုင်ကြပါပြီ။

Download => Tusfiles , Solidfiles

Oct 3, 2013

Android Phone Root လုပ်ချင်သူများအတွက် Root လုပ်နည်း အမျိုးမျိုး



Android ဖုန်းနဲ့ ပတ်သက်ပီး အခြေခံကျကျ ရေးပြထားတဲ့ စာအုပ်ကောင်းလေးပါ

ရေးသားပေးပို့ ဖြန့် ဝေစေတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ် ..................။


Chateau Man
  Founder At Collection Of Android
  Admin At Android Users Group


ဒီလင့်မှာ Download ယူပါ -www.mediafire.com/Root လုပ်နည်းစာအုပ်



ဒီလင့်မှာ Download ယူပါ -www.mediafire.com/Root လုပ်နည်းစာအုပ်

Sep 29, 2013

အခြေခံ ကွန်ပျူတာ Virus များရှင်းလင်းခြင်း

တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချို့ကိုပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။
Virus ရဲ့ အဓိပ္ပါယ်။
အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။ လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။
အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု
Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော virus
Virus ဖယ်ရှားခြင်း။
မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။
Virus Detect မသိခဲ့ရင်
ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process explorer and hijackthis တို့လိုပေါ့။
Checking Running Processes
ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။
System Configuration Utility
RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။

Adobe Photoshop CS6 အသုံးပြုနည်း စာအုပ် နှင့် ဆောဝဲ

Cbox မှာသူငယ်ချင်းတယောက်က Adobe Photoshop CS6 အသုံးပြုနည်း စာအုပ် လိုချင်တယ် ဆိုလို့ တင်ပေးလိုက်ပါတယ်။ တခြား အသုံးလိုတဲ့ သူငယ်ချင်းများ အလွယ်တကူ ယူသုံးရအောင် CS6 ဆောဝဲ နဲ့ စာအုပ်လေးပါ တခါတည်းတင်ပေးလိုက်ပါတယ်။ Adobe Photoshop CS6  ကိုတော့ ဒီလင့်မှာ ဒေါင်းယူ လိုက်ပါ။ စာအုပ်ကိုတော့ အောက်မှာ တင်ပေးထားပါတယ်။
Photoshop လေးနဲ့ ပုံတွေ အလန်းလေးဖြစ်အောင် ဖန်တီးချင်တဲ့ သူငယ်ချင်းများအားလုံး အလွယ် ရယူနိုင်အောင်ဆိုဒ် ပေါ် တင်ပေးလိုက်ပါတယ်။ လက်ရှိကျနော် သုံနေတဲ့ ဆောဝဲလေး လည်းဖြစ်ပါတယ်။ photo ဒီဇိုင်းသမားဆို မရှိမဖြစ်ဆောဝဲလေး ဆို လည်း မမှားပါဘူး။ ကျနော်ကတော့ CS5 ကိုပိုကြိုက် ပါတယ်။ CS5 ကိုတော့ ဒီလင့်မှာ ယူလိုက်ပါ။
U Sann Oo (MIS, Mandalay) ရေးထားတဲ့ Adobe Photoshop CS6 အသုံးပြုနည်း စာအုပ် ကိုတော့ ဒီအောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
Related Posts Plugin for WordPress, Blogger...

နည်းပညာတွေကိုမျှဝေခံစားချင်ရင်Member ၀င်ခဲ့ပါ

မိတ်ဆွေတိုရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာများနဲ့ပတ်သတ်ပြီး website တွင် ကြော်ငှာများထည့်ချင်ပါက cbox မှာ မိတ်ဆွေတိုရဲ့ email လိပ်စာထည့်ပြီး ကြော်ငှာထည့်ချင်တဲ့အကြောင်းကိုရေးထားခဲ့ပါ....

Popular Posts

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည့်နည်းလမ်းလေးပါ...... မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ