လိုအပ်တာရှာပါ
Apr 1, 2014
မြန်မာလူငယ်များ ဘလော့ဂ်ရေးသားခြင်းမှ ၀င်ငွေရှာနိုင်မည်လော့
မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုနိုင်သူအရေအတွက်မှာ နည်းပါးလျက်ပင်ရှိသေးပြီး၊ အင်တာနက် သုံးစွဲသူဦးရေမှာ စုစုပေါင်းလူဦးရေ၏ ငါးရာခိုင်နှုန်းခန့်သာ ရှိပါသေးသည်။ သို့ရာတွင် လူငယ်မျိုးဆက် များကြားတွင်မူ အင်တာနက်သုံးစွဲမှု မြင့်တက်လာကာ Smart phone ၀ယ်ယူမှုများလည်း မြင့်တက်လာ သည်။
အင်တာနက်သုံးစွဲမှုနှင့်အတူ ကမ္ဘာတွင် ဘလော့ဂ်ရေးသားခြင်းသည် အလွန်ရေပန်းစားသော ဆက်သွယ်ရေးနည်းလမ်း တစ်ခု ဖြစ်ခဲ့ရုံမက အချို့သူများအတွက် စီးပွားရေးအခွင့်အလမ်းတစ်ရပ်လည်း ဖြစ် လာခဲ့သည်။
ဖေ့စ်ဘွတ်နှင့် တွစ်တာတို့ကြောင့် ဘလော့ဂ်လောက ခေတ်ကုန်သွားပြီဟု ပြောဆိုနေကြသူများကို လျစ်လျူရှု လိုက်ပါ။ ဖေ့စ်ဘွတ်နှင့် တွစ်တာတို့ကဲ့သို့သော လူမှုမီဒီယာများ လူသုံးများလာသောအခါ ထိုဆိုရှယ်မီဒီယာများတွင် ရေးသား တင်ဆက်ခြင်းများကို အောင်မြင်သော ဘလော့ဂါများကပါ ပြုလုပ်လာကြသော် လည်း ဘလော့ဂ်ရေးသားခြင်းမှာ ဆက်လက် ရှင်သန်လျက် ရှိနေပါသေးသည်။
ဘလော့ဂ်တစ်ခုမှနေ၍ ငွေဘယ်လိုရှာဖွေမည်လဲဟု မေးစရာရှိလာပါသည်။ သို့ရာတွင် ၀င်ငွေရှာလိုသော ရည်ရွယ်ချက် တစ်ခုတည်းဖြင့်သာ ဘလော့ဂ်ရေးသားမည်ဆိုပါက၊ နာမည်ကျော် ဘလော့ဂါ John Chow ၏ Johnchow.com ကဲ့သို့သော အောင်မြင်သည့် အင်တာနက်ကြော်ငြာလုပ်ငန်းတစ်ခု ရှိမနေ ဘူးဆိုပါလျှင် များသောအားဖြင့် ဘလော့ဂ်မှ ၀င်ငွေရလိုသော ရည်ရွယ်ချက် ပြည့်မည်မဟုတ်ပေ။
တရုတ်နိုင်ငံဖွား အမေရိကန်သား Chow မှာ ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများကို အင်တာနက်မှတစ်ဆင့်၊ ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များထံသို့ ရောင်းချသော လုပ်ငန်းကို လုပ်ကိုင်သူဖြစ်သည်။ လာရောက် ဖတ်ရှုသူများလာအောင် အာရုံစိုက် ကြိုးပမ်းပြီးနောက် အရည်အသွေးပြည့်မီသော သင်ကြားရေးအ ထောက်အကူပြု ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများကို ရောင်းချခြင်းဖြစ်သည်။
အွန်လိုင်းလောကတွင် ဘလော့ဂ်ကို ဖတ်ရှုသူအတိုင်းအတာတစ်ရပ်အထိ ရှိလာစေရန် ကြိုးပမ်းကာ ပစ္စည်းများရောင်းချခြင်းဖြင့် ၀င်ငွေရှာသူ အများအပြားရှိသလို၊ ဖတ်ရှုသူများက ဘလော့ဂ်တွင်ရှိသော ကြော်ငြာ Link များကို နှိပ်ပါက ဘလော့ဂ်ပိုင်ရှင် ၀င်ငွေရရှိခြင်းမျိုးလည်း ရှိပါသည်။
Problogger.net ဘလော့ဂ်၏ပိုင်ရှင် ဘလော့ဂါ Darren Rowse မှာမူ ဘလော့ဂ်ရေးသားခြင်းမှနေ၍ ငွေရှာသော နည်းစနစ်များကို ရေးသားခြင်းဖြင့် ဘလော့ဂ်ဖတ်ရှုသူအများအပြားကို ဆွဲဆောင်နိုင်ခဲ့ကာ၊ ယခုအခါတွင်မူ သူ၏ဘလော့ဂ်မှနေ၍ ၀င်ငွေအများအပြား ရရှိလာပြီဖြစ်သလို ပုံမှန်သင်ကြားရေး ဆွေး နွေးပွဲများမှတစ်ဆင့်လည်း ၀င်ငွေရရှိလျက်ရှိသည်။
ဘလော့ဂ်လောကမှာ ဘလော့ဂ်ရေးသားခြင်းကိစ္စကို နှစ်မြှုပ်လုပ်ကိုင်ကာ မျှဝေလိုသည်များကိုတင်ဆက် နေသူများဖြင့် ရှင်သန်လည်ပတ်နေခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ငွေကြေးအတွက်မဟုတ်ဘဲ ဘလော့ဂ်ရေးသားခြင်းသက်သက်ကို မြတ်နိုးစိတ်ဖြင့် ရေးသားတင်ဆက်နေကြသော ဘလော့ဂါများရှိပါ သည်။
သို့ရာတွင် ကမ္ဘာတွင်မူ ဘလော့ဂါများသည် ဘလော့ဂ်များပေါ်တွင် ရေးသားတင်ဆက်ကာ ဘလော့ဂ် ဖတ်ရှုသူများကို ဆွဲဆောင်ရန်ကြိုးစားပြီး ပစ္စည်းများနှင့် ၀န်ဆောင်မှုများ သို့မဟုတ် အခြားသူများ၏ပစ္စည်း များနှင့် ၀န်ဆောင်မှုများကို ကြော်ငြာခြင်းအားဖြင့် ၀င်ငွေရရှိနေသူ အများအပြား ရှိနေသည်။
Marketing ကျွမ်းကျင်သူနှင့် စာရေးဆရာဖြစ်သူ ဆက်သ်ဂေါ်ဒင် (Seth Godin) သည် စီးပွားရေးသမား များအတွက် အသုံးဝင်မည့် သင်ခန်းစာများနှင့် အချက်အလက်များကို သူ၏ဘလော့ဂ် sethgodin.typep ad.com တွင် ပုံမှန်ရေးသား တင်ဆက်နေသူဖြစ်ကာ၊ အောင်မြင်မှုပိုမိုရရှိစေရန် သူ၏ဘလော့ဂ်ကိုအသုံး ပြုခဲ့ပြီး သူသည် “Purple Cow”၊ “Tribes” နှင့် “Linchpin” စသည့် စာအုပ်များအပါအ၀င်၊ ရောင်းအ ကောင်းဆုံးစာရင်းတွင် ပါဝင်သော စာအုပ်များကို ရေးသားထုတ်ဝေနိုင်ခဲ့သည်။
အမေရိကန်စာရေးဆရာနှင့် စီးပွါးရေးစွမ်းဆောင်ရှင်တစ်ဦးဖြစ်သူ ဖားရစ်စ် (Ferriss) သည်လည်း သူ တွေးတောကြံဆထားသော စီးပွါးရေးစိတ်ကူးစိတ်သန်းများ ဖန်တီးမှုဆိုင်ရာ စိတ်ကူးစိတ်သန်းများ၊ သင် ယူရေးနည်းနာများနှင့် သူ၏ စာအုပ်များနှင့်သင်ရိုးများကို ကြော်ငြာရန် သူ၏ဘလော့ဂ် “Four Hour Work Week” ကို အသုံးပြုခဲ့ပါသည်။
မြန်မာဘလော့ဂ်လောကသည် သေးငယ်သေးသည်ဟု နှိုင်းယှဉ်ချက်အားဖြင့် ဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူများ၏ အလေ့အထများ ပြောင်းလဲလာခြင်း၊ မိုဘိုင်းဖုန်းများ ပိုမို အသုံးပြု လာကြခြင်း၊ ဖေ့စ်ဘွတ်ကို လူကြိုက်များလာခြင်း စသောအချက်များကလည်း မြန်မာဘလော့ဂ်လောက အပေါ် အကျိုးသက်ရောက်ပါသည်။
ဘလော့ဂ်များကို ၀င်ငွေရှာဖွေရေးအခွင့်အလမ်းများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန်မှာမူ ခေတ်ဦးကာလ အနေအထားတွင်သာ ရှိသေးပြီး၊ မြန်မာနိုင်ငံက အင်တာနက်အသုံးပြုမှု တိုးချဲ့ရာတွင်၊ မိုဘိုင်း တယ်လီဖုန်း ဆက်သွယ်ရေး နည်းပညာကို အဓိက မှီခိုမည်လား၊ တစ်ကိုယ်ရေသုံးကွန်ပျူတာများ၊ လက်ဆွဲကွန်ပျူတာများမှ အင်တာနက် အသုံးပြုခြင်းများ လျော့နည်းသွားမည်လား စသော အချက်များပေါ်တွင် လည်း ဘလော့ဂ်မှ ၀င်ငွေရှာဖွေနိုင်ရေးကိစ္စက များစွာ မူတည်မည်ဖြစ်သည်။
Labels:
blog ဆိုင်ရာများ,
အထွေထွေ
Subscribe to:
Post Comments (Atom)
နည်းပညာတွေကိုမျှဝေခံစားချင်ရင်Member ၀င်ခဲ့ပါ
မိတ်ဆွေတိုရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာများနဲ့ပတ်သတ်ပြီး
website တွင် ကြော်ငှာများထည့်ချင်ပါက
cbox မှာ မိတ်ဆွေတိုရဲ့ email လိပ်စာထည့်ပြီး
ကြော်ငှာထည့်ချင်တဲ့အကြောင်းကိုရေးထားခဲ့ပါ....
Popular Posts
-
မြန်မာနိုင်ငံတွင်လူသုံးများတဲ့ ဖုန်းအမျိုးအစားများတွင်ပါဝင်သော SAMSUNG GALAXY device အတွက် Official...
-
ခုတင်မဲ့ နည်းလမ်းလေးကတော့ မိမိတို့ဘလော့မှာ တသ်ထားသမျှ စာပေ တွေ ကိုတခြားသူ တွေ ညာကလစ် လုက်မရအောင် Right Click ပိတ်နည်းလေးဘဲ ဖြစ်...
-
Photoshop နဲ့ တွဲဖက်အသုံးပြုဖို့အတွက် PSD ဖိုင်များတင်ပေးလိုက်ပါတယ်။ Boys မ်...
-
ဒီဆော့စ်ဝဲလေးကတော့ files နဲ့ folders အပြင် disks နဲ့ flash memory cards အစရှိသည်တို့ကို deleted လုပ်မိတာတွေကိုအလွယ်တစ်ကူပြန်ရှ...
-
ဒီနေ့ သူငယ်ချင်း တစ်ယောက်က Zawgyi font လဲ ထည့်ပြီးပြီ ဖတ်လိုလည်းရပါတယ် ရေးလိုမရဘူးလိုပြောပြီး အကူအညီတောင်းလာလို တင်ပေးလိ...
-
Android Device နဲ့ ပတ်သက်လို့ တစ်နေရာတည်းကနေ Command များစွာပေးလို့ရတဲ့ Tool ဖြစ်ပါတယ်.. သူ့ရဲ့ လုပ်ဆောင်နိုင်တဲ့ Feature တွေကတော့- ...
-
Android phone/Tablet ကိုင်ဆောင်သူတွေ အတွက် ဗွီဒီယိုတည်းဖြတ်ဖို့အတွက် အကောင်းဆုံးနဲ့ အစုံအလင်ဆုံးဖြစ်တဲ့ Video show pro ...
-
သူငယ်ချင်းများအားလုံး ဒီမှာလာယူကြပါ။ Install လုပ်ပြီးတာနဲ့ Activated ဖြစ်ပြီးသားပါပဲ။ ကြိုက်ရာ Setting ထဲကို ကြိုက်သလိုဝင်ပြီး...
-
iOS 7+ ကို သွင်းယူရာတွင် iCloud Password ကို မသိလို့ပဲဖြစ်ဖြစ်၊ မေ့သွားတာမျိုးပဲ ဖြစ်ဖြစ် Activation screen ကို Bypass ကျော်လွှားနိ...
-
မေး ။ ကွန်ပြူတာသည် သုံးသည့်အချိန်ကြာလာသည်နှင့်အမျှ နှေးလာသည်ဆိုသည်မှာ ဟုတ်ပါသလား။ ဖြေ ။ Windows မှာဆိုရင်တော့ ဟုတ်ပါတယ်။ Linux နှ...
Blog Archive
-
▼
2014
(121)
-
▼
April
(13)
- Android အတွက် စွယ်စုံသုံး - System Tuner Pro v3.0....
- Internet Download Manager 6.19 Build 3 & Crack လေးပါ
- Advanced Download Manager Pro 3.5.2 for android(la...
- Microsoft Office Mobile for Android
- VideoShow Pro – Video Editor V 2.6.1 For Android(L...
- Smart RAM Booster Pro 3.0.1 for android(latest ver...
- DVD Ripper _Version 7.0.2.1 Free Download
- GSM, WCDMA, CDMA, MEC (အင်တာနက် Setting များ)
- အီလက်ထရောနစ် သေနတ်လို သုံးလို့ရမယ့် အိုင်ဖုန်းကာဗာ
- မြန်မာလူငယ်များ ဘလော့ဂ်ရေးသားခြင်းမှ ၀င်ငွေရှာနိုင...
- ရခိုင်(အိုင်တီနန်းတော်) apk လေးပါ
- ရခိုင်(အိုင်တီနန်းတော်) apk လေးပါ
- Facebook v 9.0.0.0.18 for android(latest version) ပါ
-
▼
April
(13)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည့်နည်းလမ်းလေးပါ...... မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ
No comments:
Post a Comment