#>
မိတ်ဆွေတို့လာရောက်တဲ့အတွက်အထူးကျေးဇူးတင်လျှက်ပါ

လိုအပ်တာရှာပါ

Showing posts with label ကွန်ပျူတာဆိုင်ရာများ. Show all posts
Showing posts with label ကွန်ပျူတာဆိုင်ရာများ. Show all posts

Feb 5, 2014

computer မြန်မာစာ ပြဿနာများ ဖြေရှင်းနည်း



ဒီနေ့ သူငယ်ချင်း တစ်ယောက်က Zawgyi font  လဲ ထည့်ပြီးပြီ
ဖတ်လိုလည်းရပါတယ် ရေးလိုမရဘူးလိုပြောပြီး အကူအညီတောင်းလာလို တင်ပေးလိုက်ပါတယ်.


ဒီပြဿနာလေးကတော့ Window 7 x32bit မှာ မဖြစ်တာနည်းပါတယ်  window 7x64bit မှာဆိုရင်တော့ဖြစ်တတ်ပါတယ်..
Zawgyi Font / Zawgyi Keyboard က Window 7 x32bit အတွက်ဆိုရင် Click နှစ်ချက် သုံးချက်လောက် နှိပ်ပေးရုံနဲ့တင်အဆင်ပြေသွားပါတယ်... x64bit အတွက်ကတော့ နည်းနည်းခတ်ပါတယ်  
 ဒါ့ကြောင့် မဖြစ်တာနည်းတယ်လိုပြောတာပါ)

အရင်ဆုံး မိမိ ကွန်ပျူတာ ဟာ 32-bit လား ၊ 64-bit -လားအယင်ကြည့်ပါ မကြည့်တတ်ရင် အောက်မှာပုံကို
ကြည့်လိုက်ပါ

မိမိ ကွန်ပျူတာ 64 နှင့် 32 ကဘာအမျိုးအာစားဆိုတာကို ခွဲ သိပြီးဆိုရင်တော့
အောက်မှာလိုအပ်တဲ့ဒေါင်းလိုက်ပါ

  Zawgyi Font x32bit အတွက်  ဒီမှာ ဒေါင်းယူပါ
Zawgyi Font x64bit အတွက် ဒီမှာ ဒေါင်းယူပါ ..။


                 ပထမ Link ဖြစ်တဲ့ Zawgyi Font x32bit ထဲမှာ 64bit အတွက်ရော တစ်ခါထဲ ထည့်ပေးထားပါတယ် ... Window 32bit အတွက်ဆိုရင် Rar ဖိုင်လ်ထဲမှာပါတဲ့  Zawgyi Font For 32bit.EXE ကို right Click နဲ့ ဖွင့်ပြီး Install လုပ်ပေးလိုက်ရင် ရေး/ဖတ် လို့ရသွားပါပြီ...  

                      Window 64-bit အတွက်ဆိုရင်တော့ Zawgyi Font For 32bit.EXE ကို စောစောကအတိုင်း Install လုပ်ပါ .. ပြီးရင် Zawgyi Font For 64bit ဖိုလ်ဒါကို ဖွင့်ပါ .... အထဲက 64bit အတွက် Double Click နဲ့ Run ပေးလိုက်ပါ.exe  ဆိုတဲ့ exe ဖိုင်လ်လေးကို right Click နဲ့ ဖွင့်ပြီး Run ပေးလိုက်ရင် ရေး/ဖတ် လို့ရသွားမှာပါ ... တကယ်လို့  ရေး/ဖတ် မရသေးဘူးဆိုရင် စက်ကို (ပိတ်ပြီးပြန်ဖွင့်လိုက်ပါ) Restart ချပေးလိုက်ပါ ပွင့်လာရင်အဆင်ပြေပါပြီ...။



နောက်ဖြစ်တတ်တဲ့ Zawgyi ပြဿနာတွေကိုတော့ အောက်မှာ ဆက်ဖတ်ပေးပါ...။

 
ကဲ Zawgyi Font လည်းရှိတယ် မြန်မာစာတွေလည်း ဖတ်လို့ရနေပြီးတော့ ရေးလို့မရဘူးဆိုရင်ဒီအတိုင်းသာလုပ်ပေးလိုက်ပါ.... .အဆင်ပြေသွားပါလိမ့်မယ်..
ပုံလေးတွေနဲ့နားလည်လွယ်အောင်တင်ပေးလိုက်ပါတယ်. .
 
Start > Control Panel ကိုသွားလိုက်ပါ..


ကျန်တာလေးတွေကိုတော့ ပုံလေးတွေအတိုင်းသာ ဆက်လုပ်သွားလိုက်ပါ..။


ပုံမှာပြထားသလို English (United States) -US ကိုရွေးပေးပါ ရွေးပြီးသားဆိုရင် ဒီအဆင့်ကို ကျော်လိုက်ပါ။ Add ကို ဆက်နှိပ်ပါ...


 စောစောက ရွေးထာတဲ့ English (United States) ကို ရှာလိုက်ပါ တွေ့ရင် English (United States) ကို Click နှစ်ချက်နှိပ်ပါ... ပြီးရင် အောက်နားက ကပ်လျှက် Alpha Zawgyi Myanmar Unicode 2008 ရဲ့ရှေ့ကအကွက်လေးမှာ Click တစ်ချက်နှိပ်ပြီး အမှန်ခြစ်လေးတပ်ပေးပြီး OK ကိုနှိပ်လိုက်ပါ..


အပေါ်ကပုံလေးလို  အစိမ်းရောင်နဲ့ ပြထားတဲ့ Alpha Zawgyi Myanmar Unicode 2008 လေးရောက်လာရင် Apply > OK ပေးပြီး ဖွင့်ထားတဲ့ Box တွေအားလုံးပိတ်လိုက်ပါတော့ ... ကွန်ပြူတာရဲ့ Taskbar ကညာဘက်ထောင့်နားလေးမှာ .....


အဲ့ဒီလို Keyboard ပုံလေးပေါ်လာပြီဆိုရင် .... ကွန်ပြူတာ Keyboard ပေါ်က Ctrl + Shift ကိုတပြိုင်ထဲနှိပ်ပြီး မြန်မာလိုနဲ့ + အင်္ဂလိပ်လို ကို တမျိုးစီပြောင်းပြီး  ရေးလို့ရနိုင်ပါပြီ .... ။ 
 
 Website တချိုတလေမှာ တွေမှာ Myanmar 3 Unicode နဲ့ရေးထားလို့ ဖတ်မရဖြစ်နေရင်တော့  ဒါလေးကို  ဒေါင်းယူပြီး 
အောက်မှာလုပ်သလိုလုပ်လိုက်ပါ



Install ကိုနှိပ်ပေးလိုက်ရန်အဆင်ပြေသွားပါပြီ..။
Gtalk မှာ မြန်မာလိုရိုက်လို့ ရေးလို့မရဘူးဆိုရင်



 
Gtalk စ သုံးသူတိုင်း မကြာခဏ ကြုံတွေ့ဖူးကြတဲ့ Error လေးပါ ကျွန်တော်ကိုယ်တိုင်လဲ ကြုံခဲ့ဖူးပါတယ် ... ဒီ Error ကို ဒီလိုလေး ဖြေရှင်းနိုင်ပါတယ် 

Start menu =>> Control panel =>> Internet Option =>> General tab 
အဲ့ဒီအတိုင်း အဆင့်ဆင့် သွားပြီး Font ဆိုတာလေးကို Click ပြီးတော့ Zawgyi _one ကိုပြောင်းပေးပြီး Apply ပြီးရင် OK လိုက်ပါ အဆင်ပြေသွားပါပြီ.... 
အဲဒါမှ အဆင်မပြေဘူးဆိုရင်
Gtalk >> Settings >> Change >> Font မှာ Zawgyi_one ကိုရွေးပေးလိုက်ရင်အဆင်ပြေပါပြီ
( ဆရာကြီးတွေအတွက်တော့မရည်ရွယ်ပါဘူး)
(မသိသေးသူများ နှင့် ကွန်ပျူတာစပြီးကိုင်သူများ အတွက် ရည်ရွယ်ပါသည်)

အားလုံးအဆင်ပြေကြပါစေ...
                                                                                                                               လှသိန်း

အားပေးတဲ့အနေနဲ့ website ရဲ့ ညာဖက်အနားမှာရှိတဲ့ facebook like ကိုတချက်လောက်နိုပ်ခဲ့ပါ......

Dec 23, 2013

ကွန်ပြူတာသည် သုံးသည့်အချိန်ကြာလာသည်နှင့်အမျှ နှေးလာသည်ဆိုသည်မှာ


မေး ။ ကွန်ပြူတာသည် သုံးသည့်အချိန်ကြာလာသည်နှင့်အမျှ နှေးလာသည်ဆိုသည်မှာ ဟုတ်ပါသလား။
ဖြေ ။ Windows မှာဆိုရင်တော့ ဟုတ်ပါတယ်။ Linux နှင့် Mac (Apple) တို့တွင် နှေးလာခြင်းမှာမသိသာပါဘူး။

မေး ။ Windows မှာဖြစ်ပြီး Linux နှင့် Mac တို့မှာ မဖြစ်တာက ဘာကြောင့်ပါလဲ။
ဖြေ ။ Windows တွင် File Fragmentation နှင့် Registry Fragmentation များဖြစ်လာသောကြောင့်ဖြစ်လာတာပါ။ အဓိကက Windows ရဲ့ File System ( FAT & NTFS ) တို့ကြောင့်ဖြစ်ပါသည်။

မေး ။ အဲဒီလိုနှေးလာရင် ဘာလုပ်ရပါမလဲ။
ဖြေ ။ အရင်ဆုံးစက်မှာ မလိုအပ်တဲ့ ဖိုင်တွေကိုရှင်းပစ်ပါ။

၁။ မလိုအပ်တဲ့ Program တွေကို Uninstall လုပ်ပါ။ ဖိုင်တွေကို ဖျက်ပစ်ပါ။ ( CC Cleaner လို software မျိုးသုံးပြီးရှင်းပေးရင် ပိုကောင်းပါတယ်၊ သုံးခဲ့တယ်ဆိုရင်တော့ အဆင့် ၅ ကိုကျော်လိုက်ပါ။)

၂။ Recycle Bin တွေကို Clear လုပ်ပါ။

၃။ Start menu > Run box (Shortcut – Windows Key + R ) ထဲမှာ Temp လို့ရိုက်ပြီး Windows Temp ကိုရှင်းပါ။

၎။ Run box ထဲမှာဘဲ %temp% လို့ရိုက်ပြီး Temp File ကိုရှင်းပါ။

၅။ My Computer ကိုဖွင့်ပါ။ မိမိစက်ရဲ့ ဝင်းဒိုးတင်ထားတဲ့ drive ကို right click လုပ်ပြီး properties ကိုသွားပါ။ General Tab အောက်မှာ Disk Clean Up ဆိုတာကို နှိပ်ပါ။ ခဏစောင့်လိုက်ပြီး ပေါ်လာတဲ့ box မှာ More Option ကိုသွားပါ။


System Restore အောက်က Clean Up ဆိုတာကို click လုပ်လိုက်ပါ။ ပြီးရင် OK နှိပ်ပြီးပြန်ထွက်လိုက်ပါ။

၆။ စက်ကို Restart တစ်ခါလုပ်ပါ။

၇။ Run Box ထဲမှာ dfrg.msc လို့ရိုက်ပြီး Disk Defragmentator ကိုဖွင့်ပြီး HardDisk တွေအားလုံးကို Defrag လုပ်လိုက်ပါ။ (တစ်ကယ်လို့ အခြား defragment software ရှိရင်လဲ သုံးနိုင်ပါတယ်)

၈။ Registry Cleaning / Fixing software တစ်ခုခုသုံးပြီး Registry ကို Clean လုပ်ပါ။ ပြီးလျှင် Registry ကို Defrag လုပ်ပါ။ (Advance System Care Free Version – IO Obit)

၉။ ကွန်ပြူတာကို Restart လုပ်လိုက်ပါ။ အရင်ကထက် ပိုမြန်လာတာကိုတွေ့ရမှာပါ။

မေး ။ Memory Stick / USB Drive တွေကိုရော Defrag လုပ်သင့်ပါသလား။
ဖြေ ။ Solid State Drive တွေ (အခုလက်ရှိသုံးနေတဲ့ flash drive / memory chipေ တွေ) ဆိုရင် Defrag လုပ်စရာမလိုပါဘူး။ ဒီ Drive တွေရဲ့ Reading / Writing ပုံစံက Harddisk တွေနဲ့ မတူလို့ပါ။ သူတို့မှာ Fragmentation ဖြစ်သွားလို့ Speed Loss ဖြစ်တာမရှိသလောက်နည်းပါတယ်။

မေး ။ Hard Disk တွေမှာ Bad Sector ပေါ်လာရင်ဘယ်လိုလုပ်ရပါမလဲ။
ဖြေ ။ HDD Regenerator တို့ Bad Sector Repair တို့လို software တွေသုံးပြီးရှင်းလို့ရပါတယ်။ နောက်တစ်နည်းကတော့ Bad Sector ရှိနေတဲ့ Partition ကို Clone ပွားလိုက် (Backup လုပ်လိုက်) ။ ပြီးရင် Partition ကို Format လုပ်လိုက်ပါ။ Format လုပ်တဲ့အခါမှာ Quick Format ဆိုတာကိုမရွေးပါနဲ့။ ဒါဆိုရင် Bad Sector ကိုအလိုလိုရှာပြီး ရှင်းသွားမှာပါ။ ပြီးမှ ခုနက Backup ကို ပြန်ပြီး Restore လုပ်လိုက်ရင်ကောင်းသွားပါပြီ။

Dec 4, 2013

ZD Soft Screen Recorder 5.4 with Keygen (11Mb) လေးပါ

သူငယ်ချင်းတို့ရေ မိမိကွန်ပြူကလုပ်ဆောင်ချက်တွေကို Video ရိုက်ပြီးအသံသွင်းချင်ရင်တော့ဒါလေး
ဆောင်ထားလိုက်ပါ။အထဲမှာ Keygen လေးပါတဲ့အတွက် Full အဖြစ်နဲ့အမြဲသုံးလို့ရပါတယ်။Screenshots
Recording ကိုလည်းကိုယ်ကြိုက်ရာ hotkey လေးနှိပ်ပြီးအသုံးပြုနိုင်ပါတယ်။လုပ်ဆောင်ချက်တွေကတော့
တော်တော်များပါတယ်။Windows XP/Vista/7/8 or Server 2003/2008 စသည်တို့မှာအသုံးပြုနိုင်ပါ
တယ်။ formats ဖိုင်ကိုလည်းမိမိကြိုက်ရာ ရွေးချယ်နိုင်ပါတယ်။
Feature List: 

  • Easy-to-use wizard based user interface gets you started quickly.
  • Easy-to-adjust recording box enables quick definition of recording area.
  • Real-time video compression enables unlimited recording length.
  • Arbitrary video resolutions and frame rates are supported.
  • Smooth screen recording without lagging your system.
  • Fully optimized for modern dual/quad-core CPUs.
  • Both AVI and WMV output formats are supported.
  • Perfect audio/video synchronization.
  • Capable of pausing/resuming a recording by hitting a hotkey at any time.
  • Capable of starting/stopping a recording automatically by a scheduled timer.
  • Capable of capturing OpenGL, DirectDraw, Direct3D 8/9/10/11 rendered screen content.
  • Capable of capturing multiple audio sources at the same time, e.g., both speaker and microphone.
  • Capable of capturing what you hear even if no "Stereo Mix" is available.
  • Capable of capturing screenshots by a hotkey.
  • Capable of capturing multi-monitor screen.
  • Capable of showing FPS number on PC game screen.

မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။


http://mm-knowledgeinfo.blogspot.com/2013/12/zd-soft-screen-recorder-54-with-keygen.html 

Nov 21, 2013

Genuine အဖြစ် Activated လုပ်ပြီးသား Windows 7 Regal Business Edition 2014 SP1 (64-Bit) Activated (4.62 GB)



နောက်ဆုံးထွက် Windows 7 Regal Business Edition 2014 လေးနော်။ တကယ်လန်းတယ်ဗျ။ ကျနော်လက်ရှိ သုံးနေတဲ့ Windows လေးပဲ။ ဒီဇိုင်း ဆန်းသစ်သလို ကစားရတာလဲ ရိုးရိုး Edition ထက် ၂-ဆလောက်မြန်ပါတယ်။ ပြီးတော့ Driver တွေလည်း အပြည့်စုံပါတယ်။ Graphics နဲ့ Wifi Driver ကလွဲ အားလုံးအပြည့်စုံ ပါလာတယ်။
Mozilla Firefox, CCleaner, CDBurnerXP, Google ChromeAdobe, Flash Player(For IE) Adobe Flash Player(Non IE),Net Framework 4.5.1 အစရှိတာတွေ အပြီး ပါလာမှာဖြစ်ပါတယ်။ 2014 Edition ဖြစ်တဲ့ နောက်ဆုံးထွက်လာတဲ့ Window ဖြစ်ပါတယ်။ တကယ်ကိုပေါ့ပါးတဲ့ ၀င်းဒိုးလေးဖြစ် ပါတယ်။ အခုတင်ထားတာက (64-Bit) ဖြစ်ပါတယ်။

ဖိုင်ဆိုဒ်က 4.62 GB ဖြစ်လို့ RAR ဖိုင် (၈) ဖိုင်ခွဲပြီးတင်ထားပေးပါတယ်။ (၈) ဖိုင်လုံးကိုဒေါင်းပြီး Select All လုပ်ကာ WinRAR နဲ့ Extract လုပ်ပါ။ Windows 7 Regal Business Edition 2014 SP1 x64 Activated.iso ဖိုင်တဖိုင်ထဲပြန်ရပါမယ်။ ၎င်းဖိုင်ကို DVD 9 (8GB) (သို့) USB Flash Drive(8-Gb) မှာ Bootable Image အဖြစ် Burn လုပ်ပြီး ဝင်းဒိုးတင်နိုင်ပါပြီ။

 Part 1   Download
Part 2   Download
Part 3   Download
Part 4   Download
Part 5   Download
Part 6   Download
Part 7   Download
Part 8   Download
အားလုံးအဆင်ပြေပါစေ.......။

Nov 3, 2013

Microsoft Office 2013 Pro Plus လေးပါ

မင်္ဂလာပါဗျာ စာစီစာရိုက် ပြုလုပ်နေတဲ့ သူတွေ အတွက် Microsoft Office 2013 Pro Plus ကို ပြန်ရှယ်ထားပါတယ်။ ဘယ်နေရာမှာ အသုံးပြုလည်းဆိုတော့ သုံးဖူးသူတွေ သိကြမှာပါ။ Download လင့်ကတော့ မိမိတို့ အနေနဲ့ စိတ်ချ လက်ချ ဒေါင်းယူနိုင်ပါတယ်။ ကျွန်တော် Download ဆွဲယူထားသော နိုင်ငံခြား လင့်ကနေ Download လင့်ကို ချိတ်ပေးထားပါတယ်။ Window 32bit / 64bit နှစ်ခုစလုံး ချိတ်ပေးထားပါတယ်......................။

Setup Files:
 Microsoft Office Pro Plus 2013 RTM(x86/x64) 

 32 bit

64 bit 

Serial Keys:  

  MH2KN-96KYR-GTRD4-KBKP4-Q9JP9

Oct 30, 2013

PC Tools Performance Toolkit 2

PC Tools Performance Toolkit 2 လေးမရှိသေးတဲ့ သူငယ်ချင်း
များအတွက်ပြန်လည်တင်ပေးလိုက်ပါတယ်။ ကွန်ပြူတာရဲ့ မြန်နူန်း
ကို အထူးမြှင့် တင်ပေးပြီး Error များကိုပါ ထိရောက်စွာရှင်းလင်းပေး
မှာဖြစ်ပါတယ်။အဆင်မပြေရင်ပြောခဲ့ပါနော်။

Password=www.fullypcgames.net                   
                                                                 Download

Portable android os for pc (or) android player for pc

Computer နဲ့သုံးနေတဲ့ သယ်ရင်းတွေ အတွက် android app တွေနဲ့ Game တွေကို
Computer ပေါ်မှာ ကစားမယ် ဆိုရင်တော့ ဒီ Player လေးတာ Run ထားလိုက်ပါ။
''Bluestrack'' player လေးပါ။ သိပြီးသားသူတွေလည်းသိကြမှာပါ။

တကယ့် အလန်းလေးပါ။ သူ့ကိုသွင်းပြီးတာနဲ့ ကြိုက်တဲ့ android app ကိုသုံးတော့
Ok ပြီ။ အောက်က link မှာ download ယူလို့ရပါတယ်။
(download ရယူရန်ပေါ်လာသောလင့်မှ Skip Add အားနှိပ်ပါ။)
Download Here

Oct 29, 2013

Wondershare MobileGo For iOS v3.3.1.4 (21MB) လေးပါ

Wondershare MobileGo for iOS အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် Update လေးတင်ပေးလိုက်ပါတယ်
iOS တွေအတွက် သီချင်းတွေ ရုပ်ရှင်တွေ ဓာတ်ပုံတွေ 
ကွန်ပျူတာနဲ့ အိုင်ဖုန်း အပြန်အလှန် Transfer လုပ်လို့ရတဲ့ ဆောစ့်ဝဲလ်လေးပါ 
အခြားလုပ်ဆောင်ချက်လည်းရှိပါတယ် 
http://www.wondershare.com/ios-manager/ မှာလေ့လာကြည့်ပါ 
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 

Oct 23, 2013

Screen Shot အကောင်းဆုံးရိုက်ချက်များအတွက် Fast Stone Capture free and full license (Key gen)


               Windows စနစ်မှာ screen shot ရိုက်ဘို့ အတွက် (Ctrl+ PrtSc)  print Screen လုပ်နိုင်ပေမယ့် paint သွားဦး copy လုပ်ဦး paste လုပ်ပါဦးနဲ့ အဆင့်တွေများနေသေးတယ်
Fast Stone Capture လေးကတော့ ရိုးရှင်းတယ်  file size ကလည်း 1.88 MB ပဲရှိတယ်ဗျာ

 မိမိ capture ရိုက်ချင်တဲ့ Program/windows ကို ဖွင့် capture active windows ဆိုတာကို နှိပ်လိုက်တာနဲ့ ok
ပြီး ရရှိလာတဲ့ image လေးကိုလည်း မိမိကြိုက်နှစ်သက်တဲ့ format နဲ့ save as လုပ်နိုင် လိုအပ်တဲ့ အညွှန်းတွေ ထည့်ချင်လည်း လွယ်လွယ်ကူကူပါပဲ Draw ကနေသွား အဆင်တော်တော်ပြေတယ်ဗျ
သူငယ်ချင်းတစ်ယောက်ဆီက ရထားတာပါ
လိုအပ်တဲ့သူသုံးနိုင်အောင်ပြန်လည်မျှဝေလိုက်ပါတယ်ဗျာ
အောက်မှာဒေါင်းနိုင်ပါတယ်

အသုံးပြုပုံလေး







                                              FSCapture Download!

Oct 19, 2013

USB Stick ဖြင့် Window တင်နည်း

Install Vista and Windows 7 using bootable USB storage device


Widow တင်တဲ့နေရာမှာ CD ခွေနဲ့တင်တဲ့အခါ DVD-Drive ပါတဲ့စက်တွေမှာတော့ ပြဿနာမရှိပါဘူး။ First Boot Device မှာ CD-ROM ထားလိုက်ရင်အိုကေပါတယ်။ ဒါပေမယ့် CD-ROM မပါတဲ့စက်တို့ ROM မကောင်းတဲ့ စက်တွေမှာကျတော့ အဆင်မပြေဘူးပေါ့။ ဒီတော့ USB Memory Stick 4GB ကလေးတစ်ချောင်းရှိရင် ဒီပြဿနာကို ကုစားလို့ရပါတယ်။ ဒီတော့နည်းလမ်းရှာပြီး အဖြေထုတ်မယ်။




ဒီနည်းလေးကိုအသုံးပြုဖို့အတွက် လိုအပ်ချက်တွေကတော့ မများပါဘူး။ 4GB USB 2.0 Storage device တစ်ချောင်းရယ် Windows Vista/7 DVD or installation source (Window အခွေကိုပြောတာပါ) ဒီ (၂) ခုရှိရင်ရပါပြီ……………… USB Stick ကလေးကို Window တင်လို့ရအောင် အောက်ကနည်းလေးနဲ့ ပြင်ပေးရပါမယ်………..
1  
     1..........
4GB USB ကလေးကို Computer USB Port မှာတပ်လိုက်ပါ…….. ပီးရင်တော့ CMD ကို Right Click ထောက်ပြီး Run as administrator ဖြင့်ဖွင့်လိုက်ပါ…….
CMD ဘောက်ထဲမှာ
          diskpart  လို့ရိုက်ပြီး Enter ခေါက်ပါ……… Diskpart > ထဲကိုရောက်သွားရင်
list disk  လို့ရိုက်ပြီး Enter ခေါက်ပါ……… List disk ထဲကမှ 4GB USB Stick ကိုရှာပါ…… (လွယ်ပါတယ် 4GB ဆိုတော့ 4000MB ပေါ့။ ဒီတော့ 4000MB နဲ့နီးရာက 4GB ပေါ့) အခုကျွန်တော့် Stick က disk 1 မလို့………….
select disk 1 လို့ရိုက်ပြီး Enter ခေါက်ပါ……… ရွေးပီးရင်တော့ Stick ထဲမှာရှိတာတွေကို                    ရှင်းပစ်ရမှာမို့………..
clean လို့ရိုက်ပြီး Enter ခေါက်ပါ………ရှင်းပီးရင်တော့ Disk ကို primary  Partition ပေးရမှာမို့……
create partition primary လို့ရိုက်ပြီး Enter ခေါက်ပါ…… primary partition ဖြစ်သွားပီဆိုရင်တော့ Stick ထဲမှာရှိသမျှတွေကို Delete လုပ်ဖို့ Format ချရန်
format recommended လို့ရိုက်ပြီး Enter ခေါက်ပါ…… 100% ပြည့်ရင်တော့ Stick ကို Active ဖြစ်အောင်……….
active လို့ရိုက်ပြီး Enter ခေါက်ပါ……  active ဖြစ်သွားရင်တော့ အိုကေပီမို့ ထွက်ရန်
exit လို့ရိုက်ပြီး Enter ခေါက်ပြီးတော့ ထွက်လိုက်ပါ။


(အောက်မျာပုံလေးနဲ့ပြထားပါတယ်)



2...........

Window ခွေတစ်ခွေလုံးကို Active ဖြစ်ပီးသား 4GB USB Stick ထဲကို အကုန် Copy ကူးထည့်လိုက်ပါ။
 
          3............


11st Boot Device မှာ USB ထားပီးတော့ Window တင်လိုက်ပါတော့…………
အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်နော်……

 
ဒီနည်းလမ်းလေးကို PDF အနေနဲ့ဖတ်ချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာဒေါင်းယူပါနော်........

Oct 14, 2013

Windows 8 နှင့် Zawgyi one (မြန်မာဖောင့်) ပြဿနာ ဖြေရှင်းနည်း

ကျွန်တော်ကိုယ်တိုင်အဆင်မပြေဖြစ်ခဲ့လို့ လက်တွေ့ကျကျလေး စမ်းရင်း (လုံးဝ) ကို အဆင်ပြေလို့ ပြန်လည်မျှဝေလိုက်ပါတယ်

၁။Windows 8 မှာ Zawgyi ဖောင့်ဖတ်ရတယ် zawgyi -us (keyboard) လေး ပျောက်နေတဲ့ ပြဿနာ
၂။နောက် မြန်မာဖောင့်တွေ မှန်မှန်ကန်ကန်မပေါ်တာ၊
၃။File & Folder name ကို မြန်မာလိုပေးရင် မရတဲ့ ပြဿနာ
၎။ မြန်မာလိုမှန်မှန် မြင်ရအောင် ဘယ်လို setting လုပ်မလဲ ဆိုတာကို ရှင်းပြလိုက်ပါတယ်..

အရင်ဆုံးဒီမှာ လိုအပ်တာလေး ယူပါ

From mediafire
From Dropbox
ရရှိလာတဲ့ rar/zip လေးကိုဖြည်လိုက်ရင် Zawgyi for Gtalk and Browser & Zawgyi for Windows 8 Keyboard(32&64 bit) နှစ်ခုရပါမယ်။

How to install

၁။ zawgyi font လေးကို double click လုပ်ပြီး ပေါ်လာတဲ့ box လေးမှ install ကို နှိပ်ပါ။
၂။ Zawgyi for Windows 8 Keyboard(32&64 bit) folder ထဲမှ setup ကို run ပြီး install လုပ်ပါ။
၃။ Zawgyi for Gtalk and Browser folder မှ AlphaZawgyiV3 ကို run ပြီး install လုပ်ပါ။ Restart ပြုလုပ်မလားမေးလျှင် ok ပေးပါ။

How to settings!

၁။      Control Panel >Language >Advanced Settings
၂။     
Advanced Settings ထဲကိုဝင် ပြီး Override for default input method မှာ
         English (United States)- Zawgyi Myanmar Unicode L ကိုရွေး
၃။      (က)"Switching input methods"  မှာ
                "use the desktop language bar when it's available" ဆိုတာကို အမှန်ခြစ်
          (ခ) "Switching input methods" ဘေးမှ Options တွင် 
                  Docked in the taskbar ကို select လုပ်
                  show additional language bar icon in the taskbar နှင့်
                  Show text labels in the language bar ဆိုတာကို အမှန်ခြစ်
၎။       Save လုပ်ထွက်လိုက်ပါ...Windows 8 မှာ zawgyi keyboard သုံးရပါပြီ ။
(မှတ်ချက်။ taskbar ပေါ်မှာ us-zawgyi keyboard လေး မပေါ်သေးဘူးဆိုလျှင် add or remove program သို့ သွားပြီး Zawgyi Myanmar Unicode L ဆိုတာလေးကို select လုပ်ပြီး အပေါ်ဘက်ဘားပေါ်တွင် ပေါ်လာသော repair ကို နှိပ်လိုက်ပါ)
Enjoy!

Windows Repair (All in One) v2.0.0 For All Win 2MB

 Windows.Repair အသုံပြုတဲ့ သူငယ်ချင်းတွေအတွက် Update လေးပါ
Windows Repair ဆိုတဲ့အတိုင်း အယ်ရာတော်တော်များများ ရှင်းလင်းပေးတဲ့ဆောစ့်ဝဲလ်လေးပါ 
free ဆိုပြီးအထင်မသေးရတဲ့ ဆောစ့်ဝဲလ်လေးပါ ကျွန်တော်က သုံးကြည့်တာ တော်တော်အဆင်ပြေတယ် 
သူဆိုဒ်မှာရေးထားတာတော့ အသစ်နီးပါးအတိုင်းပြန်ဖြစ်သွားတယ်ဆိုဘဲ 
အသုံးပြုမယ်ဆို http://www.tweaking.com/ မှာလေ့လာပြီး အောက်ကလိပ်စာမှာရယူနိင်ပါတယ်

download>>>mirrorcreator (or)zippyshare

Probable Download>>>> mirrorcreator (or)zippyshare
For Windows XP, 2003, Vista, 2008, 7, 8, 8.1, 2012 (32 & 64 Bit)
Windows Repair is an all-in-one repair tool to help fix a large
majority of known Windows problems including registry errors and file
permissions as well as issues with Internet Explorer, Windows Update, Windows
Firewall and more. Malware and installed programs can modify your default settings.
With Tweaking.com - Windows Repair you can restore Windows original settings.

Oct 9, 2013

Window စနစ် Cleaner တွေထဲမှာ နာမည်ကြီးတစ်ခု


Window စနစ် Cleaner တွေထဲမှာ နာမည်ကြီးတစ်ခုဖြစ်တဲ့ 
jetclean-setup-1-4 ကိုတင်ပေးလိုက်ပါတယ်ဗျာ... သုံးဖူးတဲ့ 
သူတွေလဲရှိသလို မသုံးဖူးတဲ့သူတွေလဲသုံးကြည့်စေခြင်ပါတယ်.. 
သူလဲ အခြားကောင်တွေရဲ့လုပ်ဆောင်ချက်တွေကောင်းကောင်း 
ရှင်နိုင်ပါတယ်ဗျာ. ကဲလိုခြင်ရင်တော့အောက်မှာဒေါင်းနိုင်ပါတယ်ဗျာ.


DOWNLOAD

Oct 8, 2013

ဝင်ဒိုးအသစ် ပြန်တင်ဘို့မလို၊ ဆော့ဝဲတခုမှ သုံးစရာမလိုဘဲ Windows 7 Home (Basic) ကို Windows 7 Ultimate အဖြစ်ပြောင်းကြရအောင်***



Windows 7 Edition တခုကိုမကြိုက်လို့ မသုံးချင်တော့ရင် နောက်ထပ်ကြိုက်တဲ့ Windows 7 Edition
တခုကို အသစ်ပြန်တင်ကြရပါတယ်။အခု အဲလို ဝင်းဒိုးအသစ်ပြန်တင်စရာမလိုဘဲ မည်သည့် ဆော့ဝဲတခုမှ
လဲ သုံးစရာ မလို၊ နောက်ပြီး စက်ထဲမှာထည့်ထားသမျှ ဆော့ဝဲအားလုံးလဲ နဂိုမူလ အတိုင်းပြန်သုံးနိုင်တဲ့
Online ဖြင့် Windows 7 Home Basic ကနေ Windows 7 Ultimate ကိုပြောင်းတဲ့ နည်းလေးပါ။
တနေ့ Online မှာ ခရီးဆန့်ခြေရှည်နေရင်း ဒီနည်းလေးကိုတွေ့တာနဲ့ ပြန်လည်ဝေမျှပေးလိုက်တာပါ။
ဒီနည်းလေးကို ရေားတားသူကတော့ YahSoft ဖြစ်ပါတယ်။
ကဲ..Windows 7 Home Basic ကနေ Windows 7 Ultimate အဖြစ် ပြောင်းကြရအောင်...
(၁)ပုံမှန်သွားနေတဲ့ Internet Connection ရှိရပါမယ်။
(၂)IDM နဲ့ ဒေါင်းလုပ်ထားတာတွေရှိရင် Stop လုပ်ထားပါ။
(၃)Gtalk,Gmail,Facebook အားလုံး Logout လုပ်ထားပါ။
ဘယ်လို Convert လုပ်မလဲ....
(၁)Windows + Pause Break ကီး ၂-ခုကို တပြိုင်နက်နှိပ်ပါ။
(၂)တက်လာတဲ့ ဘောက်မှာ Get More features With New Edition of Windows ကို ကလစ်ပါ။
(၃) Insert Windows ကီးကို ၃-ကြိမ် ရိုက်ပေးပါ။
(၄)ပြီးရင် Product Key ဖြစ်တဲ့ အောက်က ကီးထဲမှ တခုခုကို ထည့်ပေးပါ။
   Master Key - 4GPTT-6RYC4-F4GJK-KG77H-B9HD2
                     D4F6K-QK3RD-TMVMJ-BBMRX-3MBMV
4HJRK-X6Q28-HWRFY-WDYHJ-K8HDH
QXV7B-K78W2-QGPR6-9FWH9-KGMM7
6JKV2-QPB8H-RQ893-FW7TM-PBJ73
TQ32R-WFBDM-GFHD2-QGVMH-3P9GC
GG4MQ-MGK72-HVXFW-KHCRF-KW6KY
JYDV8-H8VXG-74RPT-6BJPB-X42V4
D9RHV-JG8XC-C77H2-3YF6D-RYRJ9
7XRCQ-RPY28-YY9P8-R6HD8-84GH3
JYDV8-H8VXG-74RPT-6BJPB-X42V4
482XP-6J9WR-4JXT3-VBPP6-FQF4M
(၅)လက်ရှိ Windows က ခွင့်ပြုပြီးတဲ့အထိ စောင့်ပါ။
(၆)ပြီးရင် စက်ကို Restart ချ လိုက်ပါ။
(၇)ပြန်တက်လာတဲ့ အခါ Windows 7 Ultimate အဖြစ် တက်လာပါလိမ့်မယ်။
    ထည့်ထားတဲ့ ဆော့ဝဲတွေအားလုံး ပုံမှန် အတိုင်းရှိနေတာတွေ့ရပါမယ်။
(၈)လိုအပ်တဲ့ Windows Update များကို Update လုပ်ပေးပါ။
အားလုံး....အဆင်ပြေကြပါစေဗျာ...။

Oct 5, 2013

ကွန်ပျူတာကို Android စတိုင်လ် Lock ချမယ်


 
 
သူငယ်ချင်များအားလုံးအတွက် ကွန်ပျူတာကို Android စတိုင်လ်နဲ့ Lock ချလို့ရမယ့် ဆော့ဝဲလ်လေးကို မျှဝေပေး လိုက်ပါတယ်ခင်ဗျာ။ ကွန်ပျူတာမှာလည်း  Android စတိုင်လ်နဲ့ Lock ချလို့ရပါပြီ။ အရမ်းလန်းတယ်.....ဖလန်း.....ဖလန်းပဲ။ အားလုံးပဲကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်။ အဆင်ပြေပါစေ ဗျာ.............

 
Download  Here

Windows 7 မှာ Software မသုံးဘဲ Partition ခွဲထုတ်နည်း

ကျွန်တော် Windows 7 တင်လိုက်တာ Data အတွက် Partition မပိုင်းခဲ့ရဘူး။ အဲဒါ Windows တင်ထားတဲ့ထဲက Data အတွက် Partition ပိုင်းလို့ရရင် ပြောပါအုံး။ ဆော့ဝဲရှိရင်လည်း အသုံးပြုနည်းနဲ့တကွ တင်ပေးပါအုံးခင်မျာ။
----
ဒီပြဿနာကို မေးတဲ့သူ တော်တော်များပါတယ်.. တစ်ချို့က Windows တင်ကတည်းက Partition ပိုင်းချင်တာ. တင်ရင်း မပိုင်းတတ်လို့။ တစ်ချို့က မေ့ပြီး Windows တင်လိုက်တယ်.. အထဲရောက်မှ 500 Gb ရှိတဲ့ HDD တစ်ခုကို Partition တစ်ခုတည်း. အဲဒီ Partition ကလည်း Windows တင်ထားတော့ မတို့ရဲ၊ မထိရဲ..

တကယ်ဆိုရင် Windows တင်စဉ်က Windows ကို Install လုပ်မယ့် Partition ကိုရွေးခိုင်းစဉ်က Advanced ကိုနှိပ်လိုက်ရင် Partition ခွဲတာ၊ ဖျက်တာ၊ Format ချတာအတွက် ပါပြီးသားပါ.. ရှိစေတော့ ခု Windows က တင်ပြီးသွားပြီ.. အဲဒီ Windows Partition ထဲက ဖဲ့ထုတ်ပြီး Partition အသစ် လုပ်လိုက်ချင်တာ. ရပါတယ်.. Windows ကိုလည်း မထိခိုက်စေပါဘူး..
ကဲ. စရအောင်..

1. Disk Management ကို အရင် ဝင်ရပါမယ်.. ဝင်ရမယ့်နည်းလမ်း (၂)မျိုးရှိပါတယ်..

  • ပထမတစ်မျိုးက My Computer ကို Right Click ထောက်၊ Manage ကိုနှိပ်၊ ပေါ်လာတဲ့ဘောက်မှာ ဘယ်ဘက်က Disk Management ကိုနှိပ်..
  • ဒုတိယ တစ်မျိုးက Start ခလုတ်တစ်ချက်နှိပ်ပြီး diskmgmt.msc လို့ရိုက်ပြီး Enter ခေါက်လိုက်.
ဒါဆို Disk Management ကိုရောက်ပါပြီ..

2. အဲဒီမှာ လေးထောင့်ကွက်နဲ့ Partition တွေကို ပြပေးထားပါတယ်.. အဲဒီထဲက ကိုယ်ဖဲ့ထုတ်ချင်တဲ့ Partition ကို Right Click ထောက်ပြီး Shrink Volume ကိုနှိပ်ပါ.


3. ပေါ်လာတဲ့အကွက်ထဲမှာ ဒုတိယ ကွက်ထဲက ဂဏန်းတွေဟာ ကိုယ်ပိုင်းယူနိုင်တဲ့ MB အရေအတွက်ပဲဖြစ်ပါတယ်.. ကိုယ်ပိုင်းယူမယ့် ပမာဏကို MB နဲ့ ရိုက်ထည့်ရမှာဖြစ်ပါတယ်.. 1Gb = 1024 MB ဖြစ်တဲ့အတွက် 100 Gb ဖဲ့ယူမယ်ဆိုရင် 102400 လို့ ရိုက်ထည့်ရမှာဖြစ်ပါတယ်..

 
ရိုက်ထည့်ပြီးရင်တော့ Shrink ကိုနှိပ်လိုက်ပါ.. ဒါဆိုရင်တော့ Volume အသစ်တစ်ခု တိုးလာတာကို မြင်ရမှာဖြစ်ပါတယ်.. ဒါဟာ ကိုယ် ခွဲထုတ်လိုက်တဲ့ Partition အသစ်တစ်ခုပေါ့ဗျာ.. အဲဒီပေါ်မှာ ညာကလစ်ထောက်ပြီး Format ချကာ သုံးနိုင်ပြီးဖြစ်ပါတယ်..




Oct 4, 2013

ဘိုဒါတိုရဲ့ ကွန်ပျူတာမှ WIFI လွှင့်ကြရအောင်



ဒီဆော့ဝ်လ်လေးက လန်းတယ်ဗျာ။ တစ်ခုတော့ ရှိတယ်။ မသုံးမီ အဲ့တစ်ခုစစ်ဆေးပါ။ အောက်ပါအတိုင်းဆက်ဖတ်ကြည့်ပေါ့။ သူက Windows 8 မှာလည်းသုံးလို့ရတယ်ဆိုပဲ။ အဲ့အဆင့်ရရင် ဆော့ဝ်လ်က လိုသလို သုံးလို့ရပါပြီဗျာ။



Ctrl + R ကိုကလစ်ပြီးရင် ကျွန်တော်မျှားထိုးထားတဲ့နေရာမှာ cmd လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။

CMD ရောက်ပြီဆိုတာနဲ့ netsh wlan show drivers ကိုရိုက်ထည့်ပါ။
Hosted network supported : Yes လို့ပြတာနဲ့ အိုခေပါပြီ။ No လို့ပြရင်တော့ ဒီအဆင့်မှာပဲရပ်လိုက်ပါတော့။

အောက်ပါအတိုင်းဒေါင်းလုတ်ဆွဲလိုက်ပါ။လိုင်းက ၂ ခုပေးထားပါတယ် တလိုင်းကမရင် တလိုင်းကပေါ့

Download => Link 1 / Link 2

ရလာတဲ့ RAR ဖိုင်ကိုဖွင့်လိုက်ပါ အဒီအထဲကက  virtualrouterplus ကို ကလီနှစ်ချက်တောက်ပြီး ဖွင့်လိုက်ပါ အောက်မှာပုံအတိုင်း ပေါ်လာပါလိမ့်မယ်
Network name (SSID)= ကြိုက်ရာအမည်ထည့်ပါ
password=  ကြိုက်ရာထည့်ပါ
share connection =မိမိသုံးထားတဲ့အမျိုးအစားပေါ့
ပြီးရင် start virtual router plus ဆိုတဲ့စာတန်းကို ကလိလိုက်ပါ
အခြားကွန်ပျူတာတလုံး(သို)ဖုန်းတလုံးနဲ မိမိပေးထားထားတဲ့ အမည်ကိုရှာကြည့်ပါ
တွေပြီးဆိုရင် အသုံးပြုလိုရပါပြီ ....။အောက်မှာလည်းပုံတွေနဲ့ပြထားပါတယ်....

အားလုံးအဆင်ပြေကြပါစေ.......
                                                             လှသိန်း

Oct 3, 2013

Windows 7 မှာThis copy of windows is not genuine လို့ပေါ်ပြီး Desktop Screen မဲနေသူများအတွက်


Windows 7 မှာThis copy of windows is not genuine လို့ပေါ်ပြီး Desktop Screen မဲနေသူများအတွက် ဒီ ပိုစ့်လေးကို ဗဟုသုအနေနဲ့တင်ပေးလိုက်ရပါတယ်။ Desktop wallpaper ကို ချိန်းလိုက်သော်လည်း စက္ကန့်သုံးဆယ် ဒါမှမဟုတ် တစ်မိနစ်အတွင်း အမဲရောင်ပြန်ဖြစ်သွားတာပါ။ ဒါဟာ ဘာကြောင့်လဲ ? ဟုတ်ကဲ့ ကိုယ်တင်တဲ့ Windows 7 က License မမှန်လို့ဖြစ်တာပါ…။ 


 နောက်ပြီး အဓိက
Screen မဲရတဲ့ အဓိကအကြောင်းရင်းက အင်တာနက်ချိတ်ဆက်ထားတဲ့ Windows 7 သုံးကွန်ပျူတာတွေမှာ Windows Update လုပ်ငန်းစဉ်ကို ပိတ်မထားလို့ဖြစ်ပါတယ်။ ကိုယ်သုံးနေတဲ့ Windows 7 က Copy … အဲဒါကို အင်တာနက်ချိတ်ပြီး Windows Update လုပ်လိုက်တော့ Microsoft Server က ကော်ပီးမှန်လဲသိရော ကန်ချလိုက်တာပေါ့ဗျာ..License ကို Block လုပ်ပစ်လိုက်တာပေါ့။
Windows 7 Loader တွေနဲ့ License Crack သုံးမယ်ဆိုရင်တောင် ကန်ချခံရဖို့ကတော့ ရာနှုန်းများနေပါသေးတယ်..ဒါကြောင့် မိမိ Windows7 က တန်ရာတန်ကြေးနဲ့ပေးဝယ်ထားတာမဟုတ်ရင်တော့ လုံးဝ Update မလုပ်လိုက်ပါလေနဲ့.မဲလတူးဖြစ်သွားပါလိမ့်မယ်ခင်ဗျာ..။

  နောက်တစ်ချက်က မြန်မာနိုင်ငံမှာရှိတဲ့ Computer Services Center တော်တော်များများက သူတို့ဆီမယ် Windows 7 တင်ပြီဆိုရင် တင်ပေးလိုက်တာဘဲရှိပါတယ်..ကိုယ် တင်ပေးလိုက်တဲ့ Windows 7 က လိုင်စင်ပါမပါလဲမကြည့်ဘူး..ဒီတော့ သုံးတဲ့သူက နားမလည်ရင် ဒုက္ခရောက်တော့တာပေါ့ဗျာ..မြန်မာနိုင်ငံမှာ ရှိတဲ့ Windows 7 တော်တော်များများက Copy နဲ့Trial Version (30 Days) တွေက များပါတယ်..ဒါကြောင့် Windows 7 တင်ပြီးပြီဆိုရင် Windows 7 Loader တွေနဲ့ လိုင်စင် ဖြည့်ကိုဖြည့်ပေးရပါမယ်။ 
အခု Windows Update လုပ်မိလို့ မဲသွားတဲ့ကွန်ပျူတာ အတွက် ပြုပြင်နည်းကို ပြောပြပါ့မယ်။
(၁) Run Box ကိုခေါ်ပါမယ်.. ကီးဘုတ်မှာ ရှိတဲ့ Windows Key နဲ့ R ကိုတွဲနှိပ်လိုက်ပါ။ Run Box တက်လာပါလိမ့်မယ်။ အဲဒီထဲမယ် msconfig  ဟုရိုက်ထည့်ပြီး OK နှိပ်ပါ။ System Configuration Box
တက်လာပါလိမ့်မယ်.အဲအထဲမှာမှ  Services ကိုရွေးချယ်လိုက်ပါ။ ပီးတာနဲ့ အောက်ဆုံးအထိ Scroll Bar လေးကိုဆွဲသွားပြီး Windows Update နဲ့ Security Center ကိုအမှန်ခြစ်ဖြုတ်ပေးလိုက်ပါ။ ပီးရင် Apply >> OK အဆင့်ဆင့်ထွက်လိုက်ပါ။ Restart ချခိုင်းပါလိမ့်မယ် မချပါနဲ့ Exit Without Restart လို့ပေးလိုက်ပါ။
(၂) WAT Fix.exe ကို Run (Double Click) နှိပ်လိုက်ပါ။ WAT Fix Box တက်လာပြီး သူ့ဘာသာသူ 1% ကနေ 100% အထိ အလုပ်လုပ်နေပါလိမ့်မယ်.ပီးရင် သူ့ဘာသာသူ Computer Restart ကျသွားပါလိမ့်မယ်။
(၃) စက်ပြန်တက်လာရင် WiLoader.exe ကို Double Click နှိပ်ပါ။ Install နဲ့ Uninstall ဆိုပြီးနှစ်ခုပေါ်လာရင် Uninstall ကိုအရင်နှိပ်ပါ။ Restart ချခိုင်းရင် ချပေးလိုက်ပါ။ စက်ပြန်တက်လာရင် WiLoader.exe ကို ထပ်ပြီး Run လိုက်ပါဦး..Install နဲ့ Uninstall ပေါ်လာရင် Install လုပ်ပါ..အစိမ်းတန်းလေးတက်တာပြီးသွားရင် Restart ချခိုင်းပါလိမ့်မယ်..ချပေးလိုက်ပါ။။ စက်ပြန်တက်လာပြီဆိုရင်တော့ This Copy of windows is not genuine ဆိုတဲ့ စာတန်းလဲပျောက်သွားပါလိမ့်မယ်..ပီးတာနဲ့ မိမိစိတ်ကြိုက် BackGround ချိန်းပြီး ပုံမှန်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
Windows 7 တင်ပြီးကာစ သူများအတွက် လိုင်စင် ထည့်ရန်အတွက်ကတော့ အထပ်ဖော်ပြပါ အဆင့် (၃) အတိုင်း ပြုလုပ်ပေးပါရန်။
မှတ်ချက် – This copy of windows is not genuine စာတန်းပေါ်နေပြီဆိုရင် ပေကပ်ပြီးတော့ ဆက်မသုံးပါနဲ့..လုံးဝ အမည်းရောင်ဖြစ်ပြီး ဘားမှမတက်တော့တဲ့ အဖြစ်မျိုး လေးငါးခါလောက်ကြုံဖူးခဲ့လိုပါ။ အောက်ကပေးထားတဲ့ window 7 loader ကို ဒေါင်းပြီး
install လုပ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်...။            
                                                                                   ကျေးဇူးတင်လျှက်ပါ ....
                                                                                                                         လှသိန်း
                                                   
 

Oct 1, 2013

SuperAntiSpyware Professional for pc (ဗိုင်းရပ်စ်လုံးဝရှင်းမယ်)



မိမိကွန်ပြူတာမှာ  virus  တွေကိုလုံးဝင်စင်အောင်ရှင်းလင်းချင်သူတွေအတွက် 


  SuperAntiSpyware Professional 5.5.1016 Final ကိုဆောင်ထားတာကောင်းပါတယ်။
ဖိုင်ဆိုဒ်က 28MB ပဲရှိပါတယ်။
ဖိုင်ဆိုဒ်ကသေးသေးလေးနဲ့ တော်တော်အသုံးဝင်ပါတယ်။
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

လိုင်စင်ထည့်တဲ့အချိန် အင်တာနက်ပိတ်ထားပါ
Keygen သုံးမှာမလို့ Antivius လေးတွေပိတ်ထားရင်အဆင်ပြေပါလိမ့်မယ်။
အောက်မှာယူလိုက်ပါ...။
 

Window 7 မှာစဖွင့်တဲ့အခါ မိမိပုံကိုထည့်ပေးချင်ရင်

                                        
                  ဒီဆော့ဝဲလေးက ၀င်းဒိုးစတက်လာတဲ့ အပြာရောင် နေရာမှာ ကိုယ်ထားချင်တဲ့ ပုံကို

ပြောင်းထားလို့ ရပါတယ်။ ၀င်းဒိုးစတက်လာလာချင်းမှာ မူလာရှိတဲ့

အပြာရောင်နောက်ခံနဲ့ တက်လာတယ် အဲ့နေရာမှာ ပုံနဲ့ တက်လာအောင် ဒီဟာက

ပြောင်းပေးပါလိမ့်မယ်  ဆော့ဝဲကလည်း 1MB ပဲရှိပါတယ်..........။
        
                 လုပ်နည်းကိုမပြောပြတော့ဘူးအရမ်းလွယ်ပါတယ် လုပ်ကြည့်ပါမရရင်လည်း
 comment ပေးခဲ့ပါ...။


             
Related Posts Plugin for WordPress, Blogger...

နည်းပညာတွေကိုမျှဝေခံစားချင်ရင်Member ၀င်ခဲ့ပါ

မိတ်ဆွေတိုရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာများနဲ့ပတ်သတ်ပြီး website တွင် ကြော်ငှာများထည့်ချင်ပါက cbox မှာ မိတ်ဆွေတိုရဲ့ email လိပ်စာထည့်ပြီး ကြော်ငှာထည့်ချင်တဲ့အကြောင်းကိုရေးထားခဲ့ပါ....

Popular Posts

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည့်နည်းလမ်းလေးပါ...... မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ