မင်္ဂလာပါ..
Galaxy S Advance i9070 ကအခုလောလောဆယ် Offical ကို 2.3.6 ပဲရရှိပါသေးတယ်..ဒါပေမယ့်.သူ့ အတွက် Offical ဖြစ်တဲ့ 4.1.1 (Jelly Bean) ကိုတော့ 2013 ပထမလ မှာ ထွက်လာမယ်လို့ တော့ သတင်းတခုမှာ ပါပါတယ်..အခုတော့ 2.3.6 နဲ့ တင်မကျေနပ်သေးတဲ့ ကိုကိုမမ.ဦးဦးဒေါ်ဒေါ်.များအတွက်..ကျွန်တော်ကက 4.2 (Custom ROM) လေးကိုရှာဖွေ၍တင်ပေးလိုတ်ပါတယ်နော်…
ကြိုတင်ပြင်ဆင်မှု
- Galaxy S Advance ကို Custom ROM တင်ဖို့ အတွက် မိမိဖုန်းဟာ CWM Recovery ရှိပီးသားဖြစ်ရပါမယ်။ CWM Recovery မရှိလျှင်ဒီမှာလေ့လာပါ..
- မိမိဖုန်းမှာ.အသုံးပြုထားတဲ့. SD ကဒ်ဟာ.4GB နဲ့ အထက်ဖြစ်ရပါမယ်.
- Galaxy S Advance အတွက် 4.2 Custom ROM ကိုဒီမှာဒေါင်းလော့ယူပါ.. (http://d-h.st/UQ0 )
- ဖုန်းရဲ့ Setting>Application>Development>USB debugging ကို On လုပ်ထားပါ
- ဖုန်းကို ပါဝါပိတ်ပါ..
- အပေါ်က နံပါတ် 3 တွင်ပေးထားသောလင့်မှ.ဒေါင်းလော့ဖိုင် ကိုဖုန်း၏ SD ကဒ်ထဲသို့ ထည့်ပါ။
- ထို့ နောက် SD ကဒ်ကို ဖုန်းတွင်ပြန်တက်ပါ…(ဖုန်းကိုပါဝါပြန်မဖွင့်ရ)
- ထို့ နောက်ဖုန်းကို CWM Recovery ထဲသို့ ဝင်ပါ။
CWM Recovery ဝင်ရန်အတွက်ဖုန်းး၏
Value Up ရယ်.Home ခလုတ်နှစ်ခုကို 3 စက္ကန့် လောက်ဖိပေးထားပါ..ပြီးမှ Power ခလုတ်ကိုထပ်ဖိပါ..(အားလုံးပေါင်းခလုတ်သုံးခုဖြစ်နေရမှာနော်…)
- CWM Recovery ထဲေ၇ာက်ပြီဆိုရင်အောက်ကပုံလိုပေါ်မှာပါ…
- ထို့ နောက် အပေါ်ကပုံလိုပေါ်လာရင်ဖိထားသောခလုတ်သုံးခုစလုံးကိုလွတ်လိုတ်ပါ..
(မှတ်ချက်= CWM Recovery ထဲရောက်လျှင်..အပေါ်ကိုသွားရန်အတွက် Value Up, အောက်ကိုသွားရန်အတွက် Value Down , ရွေးချယ်ရန်အတွက် Power ) - wipe data/factory reset ထဲကိုဝင်ပါ ထို့ နောက်..Yes ကိုရွေးချယ်လိုတ်ပါ..
- wipe cache partition ကိုရွေးချယ်ပေးပါ…
- install zip from sdcard ထဲကိုဝင်ပါ.
- choose zip from sdcard ထဲကိုဝင်ပါ.
- Supressed_AMOLED_Sp.Edition.zip ကိုရွေးပေးပါ..ထို့ နောက် Yes ကိုရွေးချယ်လိုတ်ပါ..ဒါဆိုရင်တော့ဖုန်းဟာ 4.2 firmware ကို install ယူနေမှာဖြစ်ပါတယ်..နည်းနည်းစောင့်လိုတ်ပါ..ပြီးရင် အောက်ဆုံးမှာ Complete ဆိုတဲ့စာတန်းလေးပေါ်လာရင်တော့..ဖုန်းဟာ 4.2 ကိုအောင်မြင်စာရောက်ပီလို့ ဆိုနိုင်ပါတယ်..
- reboot system now ကိုရွေးပေးလိုတ်ပါ..
အဲဒီလိုပါဝါပြန်တက်လာတဲ့အခါမှာ..မိမိဖုန်းဟာ Jelly Bean 4.2 ကိုစတင်သုံးဆောင်နေပြီဖြစ်ပါတယ်..
အားလုံးကိုခင်မင်လေးစားစွာဖြင့်......လှသိန်း
No comments:
Post a Comment