#>
မိတ်ဆွေတို့လာရောက်တဲ့အတွက်အထူးကျေးဇူးတင်လျှက်ပါ

လိုအပ်တာရှာပါ

Nov 30, 2013

MTK တွေရဲ့ Firmware တွေကို Backup လုပ်ပေးမယ့် MTK 6573 Backup Tools


 
ဒီတစ်ခါတော့ MTK6573 China Android Phone တွေကို Firmware ထုတ်တဲ့ Tools လေး မျှဝေပေးချင်ပါတယ်။ အောက်က လင့်မှာ ဒေါင်းလိုက်ပါ။ ဒေါင်းလို့ရလာတဲ့ Rar ဖိုင်လေးကို ဖြည်လိုက်ပါ။ Gscript နဲ့ Install folder နှစ်ခု တွေ့ပါမယ်။ တစ်ခုတော့ရှိပါတယ်။ Firmware ထုတ်ချင်တဲ့ ဖုန်းမှာ Root Access ရပြီးဖြစ်နေရပါမယ်။ Root မဖြစ်ရင်တော့ Firmware ထုတ်လို့ မရပါဘူး။ SD Card အနိမ့်ဆုံး 512MB လိုအပ်ပါတယ်။ ကောင်းတာကတော့ 2GB ဆိုရင် ပိုကောင်းပါတယ်။ Free space 512MB လောက်ရှိရင်လည်း ရပါတယ်။ SD Card ထဲကို GScript နဲ့ Install Folder ၂ခုလုံး copy ကူးထည့်ပါ။ ပြီးရင်တော့ Phone မှာပါတဲ့ File Manager ကနေ GScriptLite.apk ဖိုင်လေးကို Install လုပ်ပါ။ ပြီးသွားရင် Apps တွေထဲမှာ GScript လေးရောက်သွားပါလိမ့်မယ်။ ဖွင့်လိုက်ပါ။ ဖွင့်လိုက်ပြီး Menu ကို ခေါ်ပါ။ အဲဒီထဲမှာပါတဲ့ Add ကို ရွေးပါ။ Script ဖိုင်ကို ရွေးပေးဖို့အတွက် Load ကို ထပ်နှိပ်ပါ။ back23.sh ကို ရွေးလိုက်ပါ။ Super User Request တောင်းရင် Allow or Grant ပေးလိုက်ပါ။ ဒါဆိုရင် Gscript ထဲမှာ Back23 ဆိုပြီး Script ဖိုင်လေး တစ်ခု ထပ်တိုးလာတာကို တွေ့ရပါလိမ့်မယ်။ အဲဒီ Back23 လေးကို Run ပေးလိုက်ပါ။ သူ့ဘာသာသူပဲ SD Card အောက်ထဲက Back_ Folder အောက်ထဲမှာ သွားပြီး Save ပေးပါလိမ့်မယ်။ ဒါဆိုရင်တော့ MTK6573 အတွက်ကို Firmware ရသွားပြီပေါ့ခင်ဗျာ။ အဲဒီFirmware ဖိုင်တွေထဲမှာ Firmware.info ကို Scatter File ထုတ်ဖို့အတွက် အသုံးပြုပါတယ်ခင်ဗျာ။ Scatter File ထုတ်ဖို့အတွက် MTK Rom Studio နဲ့ Scatter ဖိုင် ထုတ်ရပါတယ်ခင်ဗျာ။ အဲဒီ MTK_Rom_Studio ကိုလည်း နောက်များမှာ Post တစ်ခုအနေနဲ့ သီးသန့်တင်ပေးပါ့မယ်ခင်ဗျာ။ နောက် Post မှာ MTK6575 ကို Firmware ထုတ်တဲ့ Tools လေးလည်း တင်ပေးပါ့မယ်ခင်ဗျာ။ အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ။

                                             Download Here !
အဆင်ပြေပါစေ..


Nov 29, 2013

iOS 7 နှင့် အဆင်ပြေစွာ နေထိုင်နည်း

 

iOS 7 ကို Jailbreak လုပ်လို့မရသေးတဲ့ အတွက် အဓိက အနေနဲ့ မြန်မာစာကို ရေးလို့ ဖတ်လို့ မရသေးတဲ့ အခက်အခဲ ရှိနေပါတယ်။ ဒါ့အပြင် သုံးနေကျ cracked App တွေကိုလည်း စွန့်လွှတ်လိုက်ကြရတဲ့ အတွက် Jailbreaker တော်တော်များများက iOS 7 ကို သုံးချင်ကြသော်လည်း update လုပ်ဖို့ကို ဝေခွဲမရ ဖြစ်နေတတ်ပါတယ်။

ဒါပေမယ့် ဒါဟာ အရမ်းကြီး ဒွိဟဖြစ်ရမယ့် ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး Jailbreak မရသေးခင် အထိ iOS 7 ကို App အချို့နဲ့ အကောင်းဆုံး အသုံးပြုနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။

ပထမဦးစွာ မြန်မာစာ အတွက်ဆိုရင်တော့ "Mogok Browser" "iMyanmar Pad" "Myanmar Browser Lite" "LikeBook" "MM News" "Sar" တို့ကို အသုံးပြုနိုင်ပါတယ်။

"Mogok" ကတော့ Free ရရှိနိုင်ပြီး စာရေးနိုင် ဖတ်နိုင်ပါတယ် Pro version ဆိုရင်တော့ ကြေငြာ banner တွေ အနှောက်ယှက်က ကင်းပါလိမ့်မယ်။ ဒါပေမယ့် "Mogok" မှာ မြန်မာစာရေးနေရင်းနဲ့ App က ပိတ်သွားတဲ့ ပြဿနာ ရှိနေပါတယ်။ သိပ်တော့ အဆင်မပြေလှပါ။

"iMyanmar Pad" နှင့် "Myanmar Browser Lite" ကတော့ မြန်မာစာ ဖတ်ရုံသာ ဖတ်နိုင်ပါလိမ့်မယ် Free version ဖြစ်ပါတယ်။

"MM News" မှာတော့ Hot ဖြစ်တဲ့ website, blog တွေကို RSS feed အနေနှင့် စုစည်းပေးထားပြီး မြန်မာလို ကောင်းစွာ ဖတ်ရှုနိုင်ပါတယ်။ (ကျွန်တော်ရဲ့ Blog ကိုလည်း အဲဒီထဲမှာ ဖတ်ရှုနိုင်ပါလိမ့်မယ်)။

"LikeBook" ကတော့ Facebook ကို မြန်မာလိုသုံးပြီး ရေးနိုင်ဖတ်နိုင်ဖို့ အထူးပြုလုပ်ထားတာ ဖြစ်ပြီး $2.99 နဲ့ Paid App ဖြစ်ပါတယ်။ "Mogok" App ရေးတဲ့ Mobidom က ထုတ်ထားတာဖြစ်ပြီး Facebook မှာ Post, comment တွေ ရေးရာမှာ "Mogok" ထက် ပိုမိုအဆင်ပြေတာကို တွေ့ရပါတယ်။ လောလောဆယ်တော့ ကျွန်တော် အကြိုက်တွေ့နေပါတယ်။
သို့သော်လည်း Myanmar keyboard မှာ "Enter" နှိပ်တဲ့ အခါမှာတော့ App ပိတ်သွားတတ်ပါတယ်။ ဒီတော့ Enter နှိပ်စရာရှိရင် English keyboard ပြောင်းသုံးရင်တော့ အဆင်ပြေပါတယ်။ အခြား ပြဿနာတော့ မတွေ့ရသေးပါဘူး။

"Sar" App ကတော့ မြန်မာလို note တွေ ရေးတဲ့ သူတွေအတွက် အလွန်အဆင်ပြေတဲ့ App တစ်ခု ဖြစ်ပြီး ကျွန်တော် ကိုယ်တိုင် အလုပ်ထဲမှာ လမ်းမှာ Blog အတွက် ရေးစရာရှိရင် အမြဲသုံးရတဲ့ App တစ်ခုပါ။
Device, iCloud နှစ်မျိုးလုံးမှာ Save လုပ်နိုင်ပြီး Share, Air print feature တို့ပါဝင်ပါတယ်။ $1.99 နဲ့ရောင်းချတဲ့ "Paid App" ဖြစ်ပါတယ်။

အခြား ကျွန်တော် နှစ်သက်တဲ့ Myanmar App တွေကတော့

အဘိဓါန် အနေနဲ့ iAbidan, Ornagai, ShweYoe
Online Radio အနေနဲ့ 7OnlineRadio, SNC Online Radio (CityFM), MYMC Radio, Dhamma Radio
စာစောင် အနေနဲ့ voice Weekly, HotNews Journal, 7Day News Journal တို့ ဖြစ်ပါတယ်။

ဒါတွေကတော့ မြန်မာစာ ကိစ္စကို ယာယီဖြေရှင်းပေးနိုင်မယ့် App တွေပဲ ဖြစ်ပါတယ်။

********************************

Cracked App တွေကို သွင်းမရတော့လို့ စိတ်ညစ်သွားတဲ့ မိတ်ဆွေများကို လုံးဝ စိတ်မညစ်ဖို့ ပြောပါရစေ.. Jailbreak မလုပ်ထားတဲ့ iDevice တွေမှာ Cracked App တွေကို ဆက်ပြီးသုံးလို့ ရအောင် ဒီလို လုပ်လို့ရပါသေးတယ်..

ပထမ လုပ်ငန်းစဉ်

**Downloads**
>> iFile
>> Tongbu for iPhone
>> Tongbu for iPad


အဆင့် ၁)
ပထမဦးစွာ "iFile" ကို PC မှာ install လုပ်ပြီး Run ပါ။

အဆင့် ၂)
iDevice ကို PC နှင့် ချိပ်ဆက်ပါ၊ iTunes တက်လာပါက ပိတ်ပစ်ပါ။

အဆင့် ၃)
iFunBox ၏ "iFunBox Classic" tab သို့သွားပါ။ အောက်ပါပုံအတိုင်း တွေ့ရပါမည်။


ထို့နောက် "Install App" button ကို နှိပ်ပြီး အထက်တွင် download လုပ်ခဲ့သော "Tongbu" file ကို ရွေးပေးလိုက်ပါ။

အဆင့် ၄)
Install လုပ်ပြီးပါက သင်၏ iDevice တွင် "Tongbu" icon လေးကို တွေ့ရပါမည်။ Update လုပ်ခိုင်းပါက update လုပ်ပါ။



အဆင့် ၅)
"Tongbu" App တွင် မိမိလိုချင်သော App ကို "Search" မှာ ရိုက်၍ ရှာယူနိုင်ပြီး "Manage" တွင် Download status တို့ကို တွေ့မြင်နိုင်ပါမည်။

အဆင့် ၆)
Download လုပ်ပြီးသား App ကို Install လုပ်ပြီးသော အခါ App ကို ဖွင့်လိုက်တဲ့ အချိန်မှာ Apple ID နှင့် password ကို တောင်းပါလိမ့်မည်။


App ကို ပြန်ပိတ်လိုက်ပြီး (ဒုတိယ လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ပါ)

***************************

ဒုတိယ လုပ်ငန်းစဉ်

**Download**
>> iClover for (Windows / Mac)

အဆင့် ၁)
"iClover" ကို PC မှာ Install လုပ်ပြီး။ Run ပါ။

အဆင့် ၂)
iDevice ကို PC နှင့် ချိပ်ဆက်ပါ။ အောက်ပါပုံအတိုင်း တွေ့ရပါမည်။


အဆင့် ၃)
"Genuine App" button ကို နှိပ်ပါ။ အောက်ပါပုံအတိုင်း "Start" ကို နှိပ်ပါ။


အဆင့် ၄)
"Complete" နှိပ်ပါ။ App Genuine လုပ်ခြင်း အောင်မြင်စွာ ပြီးဆုံးပါပြီ။


ခုနက Apple ID တောင်းနေသော App ကို ပြန်ဖွင့်ပါ။ ဘာမှ မလိုတော့ပဲ App ကို အသုံးပြုနိုင်ပါပြီ..

ယခုလို App Genuine ဖြစ်သွားပြီဆိုရင်တော့ နောက်ထပ် မည်သည့် App ကို မဆို Install လုပ်ပြီးတာနှင့် တိုက်ရိုက်ချောမွေ့စွာ အသုံးပြုနိုင်သွားပါပြီ..

အခုဆိုရင် iOS 7 မှာ Jailbreak မရသေးသော်လည်း အတိုင်းအတာ တစ်ခုအထိတော့ အဆင်ပြေပြေ iDevice ကို သုံးနိုင်သွားပါပြီ။
နည်းပညာ တင်ပြသူအဖြစ် မိမိသိရှိထားသည်ကို ပြန်လည် မျှဝေရပါတယ်။ သို့သော် ဤနေရာတွင် အထူးမေတ္တာရပ်ခံလိုသည်မှာ တတ်နိုင်သလောက် App များကို ဝယ်ယူ သုံးစွဲကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

iOS 5 Myanmar Keyboard For All iPhone, iPod Touch, iPad 1,2 တို့အတွက် လုံးဝ အလုပ်လုပ်သော ဇော်ဂျီ

 

iOS 5 နဲ့ အထက် iDevces များဖြစ်ကြသော iPhone, iPod Touch, iPad 1,2 တို့အတွက် လုံးဝ အလုပ်လုပ်သော ဇော်ဂျီ မြန်မာလက်ကွက် အသစ် ရရှိပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

ယခု iOS 5 for Zawgyi Keyboard ကို ရေးသားပေးသူကတော့ Developer "ကိုမိုးစက်" ဖြစ်ပါတယ်။ မည်သူပဲ ဖြစ်ဖြစ် မြန်မာလူမျိုးများ အတွက် အစဉ်ကြိုးပမ်း အားထုတ်နေကြသော မြန်မာ Developer အားလုံးကို အမြဲလေးစား ကြိုဆိုလျှက်ပါ၊ တစ်လက်စထဲ အနေနဲ့ မိတ်ဆွေများအားလုံးကို တိုက်တွန်းလိုတာက မြန်မာ App များကို တတ်နိုင်ရင် cracked version မသုံးပဲ ဝယ်ယူ သုံးစွဲခြင်းဖြင့် မြန်မာ Developer များရဲ့  ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုကြပါလို့  ကျွန်တော် မေတ0x081တာရပ်ခံပါရစေ...

Installation Guide

1) Go to Cydia -> Sources -> Edit -> Add
2) http://cydia.macforus.com ဟု ရိုက်သွင်းပါ။
(Source) သွင်းထားပြီးသူများ Cydia ကို Update လုပ်ပါ။


မြန်မာဖောင့် သွင်းရန်...

(Font Install လုပ်ပြီးသူများ ဤအဆင့်ကို ကျော်လိုက်ပါ)

1) Cydia -> Sources -> Mac For Us Repo သို့သွားပါ။
2) Zawgyi iOS 4.3 Font ကို Install လုပ်ပါ။

မြန်မာ Keyboard သွင်းရန်...

1) Cydia -> Sources -> Mac For Us Repo သို့သွားပါ။
2) MMKeyboard for iOS5 ကို Install လုပ်ပါ။
3) Restart Springboard


Keyboard Setup..

1) Go to Settings -> General -> Keyboard -> International Keyboards
2) Add New Keyboard -> Czech ကိုရွေးပါ။


အခုဆိုရင် မြန်မာစာများကို စိတ်တိုင်းကျ ပျော်ရွှင်စွာ ရိုက်နိုင်ကြပါပြီ။

iPhone 4S နဲ့ iPad 2 ကို Untether Jailbreak လုပ်ကြရအောင် (For Windows Users)


သင့်ရဲ့ဖုန်းဟာ iOS Version 5.0 သို့မဟုတ်  5.0.1 ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒီလိုသွားပြီး စစ်ကြည့်ပါ။
Settings > General > About > Version = ?.?.? (?????)
မဖြစ်သေးဘူးဆိုရင် တော့ အမြန်လေး Update လုပ်လိုက်ပါ

 သင့်အနေနဲ့ ပထမဆုံး Absinthe ကို Download
လုပ်ထားဖို့လိုအပ်ပါတယ်။ Download ထားတဲ့ zip ဖိုင်ကို (unzip) ဖြေလိုက်ပါ။
သင့်ရဲ့ iPhone 4S သို့မဟုတ် iPad 2 ကို ကွန်ပြုတာနဲ့ USB မှတဆင့် ချိတ်ဆက်လိုက်ပါ။
အောက်က ပုံလေးအတိုင်း absinthe.exe ဆိုတဲ့ အပေါ်မှာ Right Click ခေါက်ပြီး Run as  administrator ကို နှိပ်ပေးပါ။ သို့မှ သာလျှင် Error တက်ခြင်းတွေကို ရှောင်ကွင်းနိုင်ပါလိမ့်မယ်။







အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း Absinthe က သင့်ရဲ့ Device လေးကို အသိအမှတ်ပြုကြောင်း ဖော်ပြလာပြီဆိုရင်တော့ Jailbreak ဆိုတာလေးကိုနှိပ်ပေးပါ။





Jailbreak process လုပ်နေစဉ် သင်ရဲ့ Device လေးဟာ Restart လုပ်သွားပါလိမ့်မယ်။ စိတ်ရှည်စွာခဏစောင့်ပါ။




Device ပြန်ပွင့်လာတဲ့ အခါ Jailbreak လုပ်ခြင်းကို ဆက်လက် မြင်တွေ့ရပါလိမ့်မယ်။
Jailbreaking ပြီးဆုံးသွားပြီဆိုရင်တော့ သင့်ရဲ့ Device လေးမှာ အောက်မှာပြထားတဲ့ ပုံလေးအတိုင်း Absinthe app လေးကိုမြင်တွေ့ရမှာပါ။ အဲ့ဒီ Absinthe လေးကို ထိပြီး ဖွင့်လိုက်ရင် Restart လုပ်သွားပါလိမ့်မယ်။





သင့်ရဲ့ Device လေးပြန်ပွင့်လာတဲ့ အချိန်မှာတော့







ဒါဆိုရင်တော့ သင်ရဲ့ Device လေးကို Jailbreak လုပ်ခြင်းပြီးဆုံးသွားပါပြီ။

 Absinthe  ကိုဒီလင့်မှာ  Download  ဆွဲပါ (For Windows User Only)

လုပ်နည်းကို video နဲလည်းလုပ်ပြထားပါတယ်



IPhone Jailbreak လုပ်နည်း



iphone jail break လုပ်နည်းစာအုပ်ကလေးပါ . နောက်ထပ် အသေးစိတ်ကို ကျွန်တော် ရေးပြီးတော့ ထပ်တင်ပေးပါဦးမယ် .လတ်တလော တော့ မေးထား တဲ့ ကြွေးလေးတွေကို အရင်ဦးဆုံးဖြေပေးလိုက်ပါဦးမယ် . သူများလုပ်ထား တာလေးတွေကို တင်ပေးနေရတော့ အားတော့နာပါတယ် . ကိုယ်ကိုယ်တိုင်က အချိန်မပေးနိုင်တဲ့အတွက်လဲပါပါတယ် . လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ .
 

Force Of Execution2013 AVI 699 MB


နာမည်ကြီးမင်းသားတွေ ပါဝင် ရိုက်ကူးထားတဲ့ အက်ရှင် ဇတ်ကြမ်း ရုပ်ရှင်လေးပါ
ဇာတ်လမ်း ကြာချိန်က တစ်နာရီခွဲရှိပြီး ကြည်ရတာလည်း လုံးဝအကြည်မဟုတ်ပေမယ့် 
ရှင်းရှင်းလင်းလင်းကြည်ပါတယ်
ကြည့်ချင်တဲ့ သူငယ်ချင်းများ အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
အွန်ုလိုင်းကနေတိုက်ရိုက်ကြည့်ချင်တဲ့ သူငယ်ချင်းတွေအတွက် 
madevid.com/ထဲဝင်ပြီးတော့ 
Proceed to video ကို ကလစ်ပါ  ပြီးရင် ဗီဒီယိုကိုကြည့်နိုင်ပါပြီ
အဆင်ပြေပါစေ

How to unlock an Android tablet pc using command line prompt !!! Command prompt နဲPattern lock ဖြေနည်း



ပြီးရင် “Other devices” ဆိုတဲ့အောက်မှာ “Android“ ပေါ်မှာ Right click နှိပ်ပြီး “Update driver
ဆိုတာကိုနှိပ်လိုက်ပါ။ ပြီးရင်အောက်အဆင့်တွေရောက်လာပါမယ်...
1. Select automatically for updated driver software.
2. Browse My computer for driver software.
တကယ်လို့ အင်တာနက်ကွန်နရှင်ရှိရင်တော့ တစ်ခါတည်းဒေါင်းလော့စ်ဆွဲသွင်းလိုက်လို့ရပါတယ်။
မရှိတဲ့သူတွေကတော့ အပေါ်မှာပေးထားတဲ့ ဒေါင်းလော့စ်အရင်ဆွဲထားပြီး Desktop ပေါ်မှာထားလိုက်ပါ။
ပြီးရင် ခုနမေးတဲ့အဆင့်မှာ “Browse My computer for drivers software“ ကိုရွေးပေးလိုက်ပါ။
ပြီးရင် ဒေါင်းထားတဲ့ဖိုင်ကိုသွားယူပေးလိုက်ပါ။
drivers ကို install ပြးသွားရင် command prompt ကိုဖွင့်ပါမယ်။ Run ကနေ cmd လို့ရိုက်ပြီး enter
ခေါက်လိုက်ပါ။ ဒါဆိုရင် command prompt ရဲ့ location က downloaded drivers location အဖြစ်
changeဖို့အတွက် “cd <folder path>” eg. cd desktop/platform-tools လို့ရိုက်လိုက်ပါ။
ပြီးရင်ကျွန်တော်တို့ command  adb shell လို့ရေးပြီး enter ခေါက်လိုက်ပါ။ ပြီးရင် command rm /data/system/gesture.key လို့ရိုက်ပြီး enter ခေါက်လိုက်ပါ။အောက်မှာကြည့်ပါ..
အိုခေ..ဒါဆိုရင်တော့အားလုံးအိုကေသွားပါပြီ  Your tablet pc will get unlocked.
အောက်မှာ Movie လေးကြည့်လိုက်ပါနော်...


Tablet PC တွေမှာ factory reset  ချနည်းကိုမကြာခင်တင်ဆက်ပေးသွားပါမယ်......
ယနေ့မှစပြီးကျွန်တော်ဆိုဒ်ကိုလာလည်တဲ့ User တွေအတွက်ဒေါင်းလော့စ်ဆွဲရာတွင်အခက်အခဲမရှိအောင်
မည်သည့် Skip မှကြားခံထားခြင်းမရှိပါ။ ဆော့စ်ဝဲများကို တိုက်ရိုက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ။
 သို့ပါသောကြောင့်ပြန်လည်ကျေးဇူးတင်တယ်ဆိုရင်တော့
 ကြော်ငြာများကို တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။

မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

့ Pattern lock ဖြေနည်း

Nov 28, 2013

RAR Password Unlocker 4.2.0 + Reg ( For PC )


RAR Password Unlocker 4.2.0 လေးတင်ပေးလိုက်ပါတယ်။
RAR ဖိုင်နဲ့ချုပ်ထားပြီး Password ထည့်ထားတာမေ့သွားတဲ့သူငယ်ချင်းများ
အတွက်အဆင်ပြေစေတာပေါ့ဗျာ။တစ်ခါတစ်လေ အင်တာနက်က ကိုယ့်ဒေါင်းလိုက်
တဲ့ ဆောလ်ဝဲတွေက RAR ဖိုင်တွေနဲ့ချုပ်ပြီး Password တွေပေးထားတတ်တယ်နော်။
အဲတာ Password ကကိုယ့်ကလဲမသိတော့ ဒေါင်းလဲဒေါင်းပြီး သုံးဖို့ကျတော့လဲ Password
ကမသိတော့တိုင်ပတ်နေတတ်တယ်ဗျာအဲဒီပြသနာကို RAR Password Unlocker 4.2.0
နဲ့ဖြေရှင်းကြည့်ဗျာ။ကျနော်ကတော့ မသုံးရသေးဘူးနော်။
သူဆိုဒ်မှာရေးထားတဲ့အတိုင်းပြောတာ ဖိုင်ဆိုဒ်ကလဲ 5.MB တောင်မပြည့်ပါဘူး။
စမ်းသုံးကြည့်စေချင်ပါတယ်။အဆင်မပြေရင်ပြောခဲ့ပါနော်။

                                                     Download
                                                                          

Nov 26, 2013

Word & Excel Recovery For Pc 7MB လေးပါ

ဒီဆောစ့်ဝလ်လေးကတော့ စာရင်းအင်း လုပ်နေတဲ့ သူငယ်ချင်းတွေအတွက် 
Word ဖိုင်နဲ့ဖြစ်ဖြစ် Excel ဖိုင်နဲ့ဖြစ်ဖြစ် အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 
အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မှတ်တမ်းတွေ ပျက်စီးခဲ့လျှင် 
မှားဖျက်မိသည်တို့ရှိခဲ့လျှင် ကျွန်တော်ပေးတဲ့ ဆောစ့်ဝဲလ်လေးနဲ့ ပြန်လည်ရှာဖွေပေးနိုင်ပါတယ် 
Word ဖိုင်Excel ဖိုင် တွေကို Recover လုပ်ပေးတဲ့ ဆောစ့်ဝဲလ်လေးဖြစ်ပါတယ် 
အသုံးပြုမယ်ဆိုလျှင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Word  Recover>>>>mirrorcreator(or)zippyshare
Exce Recover>>>>mirrorcreator(or)zippyshare

GO Backup & Restore Pro v3.47 Apk လေးပါ




Android ဖုန်းအတွက် အမှန်တကယ် လိုအပ်ပြီးတော့ အသုံးလည်းဝင် အလွယ်တကူလည်း 
အသုံးချလို့ရတဲ့ app ကောင်းလေးပါ ။ ဘာတွေကောင်းသလဲ ဆိုတော့
မိမိရဲ့ဖုန်းမှာ အသုံးဝင် ဆော့ဝဲတွေ system ရဲ့ setting တွေ apk ဖိုင်တွေနဲ့ 
မိမိရဲ့ အသုံးဝင် DATA တွေကို Back up လုပ်ဖို့ အတွက်နဲ့ Restore လုပ်ဖို့အတွက်
တော့ အမှန်တကယ်ကောင်းတဲ့ app လေးပါ။နောက်ပြီး  ဖုန်း Contacts တွေ SMS တွေ
ကို မှားဖျက်မိတာပဲ ဖြစ်ဖြစ် ပျောက်သွားတာ ပဲဖြစ်ဖြစ် ပြန်ရချင်တယ် ဆိုရင် 
ဒီကောင်လေးနဲ့ ပြန်ရှာ ပြန်သိမ်းလို့ရနိုင်ပါတယ် ခင်ဗျာ။

 အခု့ Pro မှာတော့ 
ဘာတွေထပ်ထူးခြားလည်း ဆိုရင်တော့ Cloud storage နဲ့ ချိပ်ဆက်ပြီးတော့
သိမ်းဆည်းထားနိုင်ခြင်းပါပဲ။ Google Drive တို့ Drop Box တို့မှာ
အကောင့်လုပ်ထားမယ် ဆိုရင်တော့ ပင်ပင်ပန်းပန်း အလုပ်ရှုပ်စရာ မလိုတော့ဘူးပေါ့ဗျာ
သိမ်းစရာရှိတာတွေ ကို Cloud မှာသိမ်းထား၊ ဘာပစ္စည်းမှ အပို ဆောင်စရာ မလိုပဲနဲ့
သွားလေရာမှာ မိမိနဲ့အတူ တပါတည်းရှိနေပါတယ်။
အဲ့ဒီတခု့က Cloud ရဲ့ အားသာချက်ပါပဲ
File တွေ၊ ဓါတ်ပုံတွေ၊ music တွေ၊ sms၊ mms နဲ့  Call Log တွေကို
လိုချင်တဲ့ အချိန်မှာ ပြန်ရှာ ဆက်သွယ်နိုင်အောင် ဒီ Go Backup လေးက သူငယ်ချင်းတို့ကို
အကူအညီပေးပါလိမ့်မယ် ခင်ဗျာ







Nov 22, 2013

iPhone Music - iOS 7 Music v1.1 Apk 2.5MB လေးပါ


iOS 7 Music စတိုင်လေး Player လေးပါ iOS 7 ဆိုမှတော့ လန်းပီးသားဘဲပေါ့နော် 
စိတ်ဝင်စားတဲ့ သူငယ်ချင်းများ အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 

Movies များကိုရှာဖွေသိမ်းဆည်းထားနိုင်တဲ့ MoviesBook v3.1.1 APK



အခုတင်ပေးမယ့် Application လေးကတော့ Movies ကြိုက်နှစ်သက်သူများအတွက်ပါ။ MoviesBook v3.1.1 ဆိုတဲ့ Application လေးဖြစ်ပါတယ်ဗျာ။ ဒီကောင်လေးကဘာတွေလုပ်ဆောင်ပေးနိုင်လည်းဆိုရင် အသစ် ထွက်တဲ့ Movies တွေနဲ့ ထွက်ရှိထားပြီးသား ဇတ်လမ်းကောင်းကောင်းလေးတွေကိုရှာဖွေစုဆောင်းပြီးသိမ်း ဆည်းထားနိုင်ပါတယ်။ လိုင်းသာကောင်းမယ်ဆိုရင်တော့ မိမိသိမ်းဆည်းစုဆောင်းထားတဲ့ Move တွေကို ကြည့်နိုင်ပါတယ်။ Android OS 2.2 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ ဖိုင်ဆိုဒ်ကလည်း 1.4MB လေးဘဲရှိတဲ့အတွက် Movies ၀ါသနာရှင်များကလိနိုင်ပါတယ်ဗျာ။

 

 
 

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Thor: TDW - The Official Game v1.0.0l Apk Game 600MB လေးပါ


တိုက်ခိုက်ရတာ ကြိုက်တဲ့ သူငယ်ချင်းတွေအတွက် တူလူစွမ်းကောင်း ဂိမ်းလေးပါ 
ဟက်ထားဂိမ်းမို့ ကစားရတာ စိတ်ကို ကျေနပ်မှု ပေးနိုင်တဲ့ ဂိမ်းလေးပါ 
မှုရင်းဆိုဒ်က 1.6 G ရှိပါတယ် အဲဒါကို ဖိုင်ပြန်ချူံထားတာ 600MB သာကျန်ပါတယ် 
ဒေတာပါပြီး ဆိုဒ်ကြီးတဲ့ဂိမ်းမို့ ကိုယ်တိုင် စမ်းကစားပြီး မှတင်ပေးလိုက်တာပါ 
ကစားချင်တဲ့ သူငယ်ချင်းများ အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
 Apk >>>>>>pc.cd/(or)mirrorcreator(or)zippyshare(or)d-h.st
Obb >>>>>pc.cd/ (or)AFileZ (or)davvas (or)d-h.st
Apk ဖိုင်ကို Install လုပ် 
data ဖိုင်ကို Extract လုပ် ရလာတဲ့ ဖိုင်ကို Obb ထဲ ထည့်ပြီး ဂိမ်းကို ကစားနိုင်ပါပြီ
ဂိမ်းစတင်ကစားချိန်မှာ အင်တာနက်ပိတ်ထားပါ  ဂိမ်းကိုဖွင့်တာနဲ့ 
အင်တာနက် ချိတ်ခိုင်းပါမယ် No လုပ်လိုက်ပါ ပြီးရင် ကစားလို့ရပါပီ


ဂူးဂဲလ် (Google) အွန်လိုင်းတက္ကသိုလ် စတင်လွှင့်ထုတ်


၂၂.၁၁.၂၀၁၃၊ သောကြာနေ့

မိမိကိုယ်တိုင် ပြုလုပ်နိုင်သည့် သင်ခန်းစာများကို သင်ယူရင်း ဘွဲ့တစ်ခု ရရှိစေနိုင်မည့် အစီအစဉ်ကို အွန်လိုင်းမှ တစ်ဆင့် Google ကုမ္ပဏီကနေ၍ ကမကထ ပြုလုပ်ခဲ့ရာ ဟင်းအချက်အပြုတ် သင်တန်းများ အတွက် ရည်ရွယ်သော HelpOuts ပရိုဂရမ်အား နိုဝင်ဘာလအတွင်း စမ်းသပ်ဗားရှင်းအနေဖြင့် စတင် လွှင့်ထုတ်လိုက်သည်။

ပရိုဂရမ်ကို လွှင့်ထုတ်ပြီးပြီးချင်းတွင် လူထောင်ကျော်မျှ မှတ်ပုံတင်စာရင်း ဖြည့်သွင်းခဲ့ကြသည်။ မှတ်ပုံ တင်ပြုလုပ်ပြီးသော ကျောင်းသားများအဖို့ Google Wallet မှတစ်ဆင့် ငွေပေးသွင်းရမည် ဖြစ်ပြီး ၀န် ဆောင်မှုကို Desktop PC များနှင့် Android ဖုန်းများမှ တစ်ဆင့် ရယူလေ့ကျင့်နိုင်သည်။

Helpouts အစီအစဉ်တွင် နမူနာ ဖော်ပြပါဝင်သည့် သင်ခန်းစာမှာ မိမိ ကိုယ်တိုင် ချက်ပြုတ်စားသောက် နိုင်ရန် လမ်းညွှန်မှုပေးမည့် စားဖိုမှူးကဏ္ဍဖြစ်သည်။ အဆိုပါ အစီအစဉ်အတွက် ဟင်းပွဲတစ်ပွဲတွင် ပါဝင် ရမည့် အမယ်များ၊ အမွှေးအကြိုင်များနှင့် အချိုးအဆများ၊ အရန်ဟင်းပွဲနှင့် စားမြိန်ဟင်းပွဲများ အတွက် Menu များကို ဗီဒီယိုဖိုင်များ၊ နမူနာလေ့ကျင့်ရန် အတွဲအဖက် သင်ခန်းစာများ စသည်ဖြင့် ထည့်သွင်း ပေးထားမည်ဖြစ်သည်။ ၎င်းတို့ ပေးအပ်ထားသည့် သင်ခန်းစာများ၊ နမူနာများကို လေ့ကျင့်ရင်း YouTube မှတစ်ဆင့် Live Video ကြည့်ရှုကာ လိုက်လံလုပ်ဆောင်ပါက ပရိုဖက်ရှင်နယ်အဆင့်သို့ပင် ရောက်ရှိနိုင် ကြောင်း ကုမ္ပဏီမှ ပြောကြားထားသည်။

Helpouts အစီအစဉ်တွင် တစ်ကိုယ်ရေ ယောဂကျင့်ခြင်း၊ သီချင်းဆိုခြင်း၊ ပန်းချီဆွဲခြင်း အပါအ၀င် အတတ်ပညာ ပေါင်းများစွာကို ထည့်သွင်းပေးထားပြီး သင်ခန်းစာများကို မနှစ်သက်ပါက ကြိုက်နှစ်သက် သည့်အချိန်တွင် ပြန်လည် ထွက်ခွာခွင့်နှင့်အတူ သင်တန်းကြေးကိုပါ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

Ref: DailyMail
Mizzima - News in Burmese

Activated ဖြစ်ပြီးသား Microsoft Office Plus 2010 Pro (full version)

 
 Microsoft Office ကိုတော့အားလုံးကသိပြီးသား ဖြစ်မှာပါ။ သူငယ်ချင်း တယောက်က တောင်းထား တာနဲ့ တင်ပေးလိုက်ပါတယ်။ product key လည်းထည့်စရာမလိုပါဘူး.။ Install ပြီးတာနဲ့ Full Version  အဖြစ် အသုံးပြုလို့ရပ်ါပြီ။ Microsoft Office plus ဖြစ်တဲ့အတွက် ၁၀ မျိုးလောက် အထဲမှာပါ ပါတယ်။

အကြမ်းပျင်းအားဖြင့် World, Excel, Prower Point, Onenote, Outlook, Publisher, Access အစရှိတာတွေပါဝင်ပါတယ်။ ဖိုင်င်ဆိုက်က နဲနဲကြီးပါတယ်...600MB ကျော်လောက်ရှိပါတယ်။ ဖိုင်ခွဲပြီး တင်ရင် တချို့သူငယ်ချင်းတွေ ပြန်ဆက်ဖို့ အခက်ခဲရှိတာကြောင့် တခါတည်း ဖိုင်မခွဲပဲ စုတင်ပေးလိုက် ပါတယ်။

စိဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ.....။
>>>>>Download Now<<<<<
Direct Links

အားလုံးအဆင်ပေနိုင်ပါစေ....။

Anomaly Korea v1.03 Apk Game 290 MB


စစ်တိုက်ရတာ နှစ်သက်တဲ့ သူငယ်ချင်းတွေအတွက် အကြိုက်တွေ့မယ်ထင်ပါတယ်
လက်နက်တွေကလည်း စိတ်ကြိုက် Free ၀ယ်လို့ရပါတယ် 
ကစားချင်တဲ့ သူငယ်ချင်းများ အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 

  1. Install the APK
  2. Copy 'com.elevenbitstudios.AnomalyKorea' folder to '/sdcard/Android/obb'
  3. Launch the Game






 
Related Posts Plugin for WordPress, Blogger...

နည်းပညာတွေကိုမျှဝေခံစားချင်ရင်Member ၀င်ခဲ့ပါ

မိတ်ဆွေတိုရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာများနဲ့ပတ်သတ်ပြီး website တွင် ကြော်ငှာများထည့်ချင်ပါက cbox မှာ မိတ်ဆွေတိုရဲ့ email လိပ်စာထည့်ပြီး ကြော်ငှာထည့်ချင်တဲ့အကြောင်းကိုရေးထားခဲ့ပါ....

Popular Posts

Blog Archive

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည့်နည်းလမ်းလေးပါ...... မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ