#>
မိတ်ဆွေတို့လာရောက်တဲ့အတွက်အထူးကျေးဇူးတင်လျှက်ပါ

လိုအပ်တာရှာပါ

Dec 4, 2013

iOS 7 သုံး iPhone/Pad/Pod touch တွေမှာ Jailbreak မလုပ်ဘဲမြန်မာစာထည့်သွင်းမယ်




iOS 7 မှာ ဇော်ဂျီဖောင်ကို ဂျေးဘရိတ် ( jailbreak ) မလုပ် ဘဲ ထည့်လို့ရပါပြီ။ အရင်ဆုံး iDevices ကိုအင်တာနက်ချိတ်ဆက်ထားပါ။ ပြီးရင်
iOS 7 ရဲ့ Safari Web Browser ကနေ http://d.pr/f/M8Es+ ကို ဝင်လိုက်ပါ။
အပေါ်က ပုံထဲကအတိုင်းပေါ်လာပါမယ်။ ပြီးရင် install လုပ်ပါ ပြီးတာနဲ့ iOS 7 ရဲ့နေရာတိုင်းမှာ မြန်မာစာကို ဇော်ဂျီနဲ့ ဖတ်လို့ရသွားပါပြီ။ မြင်ရပါပြီ။
mobileconfig file ရးသားပေးတဲ့ Thant Thet နဲ့ ဖြန်ချီပေးတဲ့ Htain Lin Shwe တို့ကို ကျေးဇူးတင်ပါတယ်။
Ref & Credit: Ko Thant Thet , Ko Htain Lin Shwe, U Ye Myat Thu

IOS7 ZawgyiOne.mobileconfig ပြုလုပ်ပုံ (Mac OS X)






Ios7 မှာ jailbreak မလုပ်ပဲ  Zawgyi mobileconfig ကို install လုပ်ရုံနဲ့ Myanmar font ကိုမြင်နိုင်ပါတယ်….

Zawgyi mobileconfig ပြုလုပ်ဖို့ အတွက် Apple Configurator.app ကိုအသုံးပြုပြီးပြုလုပ်ရတာဖြစ်ပါတယ်

Apple Configurator.app ကိုMac App Store မှာ free download ရယူနိုင်ပါတယ်.

Zawgyi mobileconfig ပြုလုပ်ဖို့ လိုတာကတော့

၁. ..Apple Configurator.app  (Download) 44.5 MB
၂. ..Zawgyi One.ttf  (Download)
တို့ ဖြစ်ပါတယ်.

App Store Link ….(Download)  Apple Configurator

Apple Configurator.app ကို download ရယူပြီးရင်တော့ ကျွန်တော်ပြုလုပ်ပုံတိုင်းပြုလုပ်ရင်ရပါပြီ…

Apple Configurator.app ဖွင့်လိုက်ပြီး ပထမအနေနဲ့  အောက်ကပုံလေးအတိုင်းပြုလုပ်ပေးပါ.
၁ ..အနေဖြင့် အပေါင်း နေရာလေးကို click နှိပ်ပြီး  Create New Profile ရွေးပေးပါ…..






Create New Profile ကိုရွေးပြီးရင် စာမျက်နှာအသစ်တစ်ခုကျလာတယ်လို့ပြောရမှာပေါ့. ပထမ ဆုံးတွေ့ မှာက General တွေ့ ရမှာပါ..

General နေရာမှာ

……Name
……Organization
……Description
……Consent Message စသည့်နေရာတွေမှာ ကိုယ်ရေးချင်တာရေးပြီးအောက်ထပ်သွားရင် Security ..Automatically Remove Profile ကိုတွေ့ ရမှာပါ.

Security
Controls When the profile can be removed  မှာ
Always  ထားမှ အချိန်မရွေး profile ကို  removed လုပ်လိုရမှာပါ…..

Automatically Remove Profile
ှSetting for automatic profile removal မှာ Never ထားမှ  profile ကိုအချိန်အတိုင်းအတာမရှိအသုံးပြုလို့ ရမှာဖြစ်ပါတယ်……..
အားလုံးလုပ်ပြီးရင် Save မလုပ်ပါနဲ့ အုံး ကျွန်တော်တို့ က  Zawgyi One.ttf ကိုအဓိကထားတဲ့အတွက် Font နေရာကိုသွားရမှာဖြစ်ပါတယ်……





အပေါ်ကပုံတွေအတိုင်း ပြုလုပ်ပြီးရင်တော့ Font နေရာရှိတဲ့ဘယ်ဘက်အောက်သို့ သွားပေးပါ…
Font နေရာရောက်ရင် ညာဘက်က Configure ကို Click နှိပ်ပေးပါ…….
Configure  နှိပ်ပြီး ရင်တော့  Zawgyi One.ttf  ကို Select လုပ်ပေးပါ…..
Select လုပ်ပြီးရင်တော့ Save ပြီး Desktop ပေါ်ထုတ်ဖို့ ပဲကျန်တော့တာပေါ့……







Save လုပ်ပြီးရင် တော့  Apple Configurator.app  ကိုပထမ ဖွင့်ဖွင့်ချင်း နေရာက Profile Box  နေရာမှာ ကျွန်တော်တို့ ပြုလုပ်ထားတဲ့
ZawgyiOne.mobileconfig ကိုတွေ့ ရမှာပါ  …. ZawgyiOne.mobileconfig  ကို Deskstop ပေါ်မှာ Save လုပ်ဖို့   Profile Box
ထဲက  ZawgyiOne.mobileconfig  ကို Select ပေးပြီး မြားလေးနေရာကို နှိပ်ပြီး Deskstop မှာ Save လို့  ရပါပြီ…..







Iphone/Ipad/Ipod Touch များအတွင်းသို့   ZawgyiOne.mobileconfig ကို install လုပ်ဖို့ …..
Apple Configurator.app
iPhone Configuration Utility  တို့ ကိုသုံးပြီး install လုပ်လို့ ရသလို….

MediaFire ….
DropBox…. File hosting တို့ ပေါ်သို့  upload တင်ပြီး device Safari မှတိုကရိုက် install လုပ်ယူနိုင်ပါတယ်…….

ZD Soft Screen Recorder 5.4 with Keygen (11Mb) လေးပါ

သူငယ်ချင်းတို့ရေ မိမိကွန်ပြူကလုပ်ဆောင်ချက်တွေကို Video ရိုက်ပြီးအသံသွင်းချင်ရင်တော့ဒါလေး
ဆောင်ထားလိုက်ပါ။အထဲမှာ Keygen လေးပါတဲ့အတွက် Full အဖြစ်နဲ့အမြဲသုံးလို့ရပါတယ်။Screenshots
Recording ကိုလည်းကိုယ်ကြိုက်ရာ hotkey လေးနှိပ်ပြီးအသုံးပြုနိုင်ပါတယ်။လုပ်ဆောင်ချက်တွေကတော့
တော်တော်များပါတယ်။Windows XP/Vista/7/8 or Server 2003/2008 စသည်တို့မှာအသုံးပြုနိုင်ပါ
တယ်။ formats ဖိုင်ကိုလည်းမိမိကြိုက်ရာ ရွေးချယ်နိုင်ပါတယ်။
Feature List: 

  • Easy-to-use wizard based user interface gets you started quickly.
  • Easy-to-adjust recording box enables quick definition of recording area.
  • Real-time video compression enables unlimited recording length.
  • Arbitrary video resolutions and frame rates are supported.
  • Smooth screen recording without lagging your system.
  • Fully optimized for modern dual/quad-core CPUs.
  • Both AVI and WMV output formats are supported.
  • Perfect audio/video synchronization.
  • Capable of pausing/resuming a recording by hitting a hotkey at any time.
  • Capable of starting/stopping a recording automatically by a scheduled timer.
  • Capable of capturing OpenGL, DirectDraw, Direct3D 8/9/10/11 rendered screen content.
  • Capable of capturing multiple audio sources at the same time, e.g., both speaker and microphone.
  • Capable of capturing what you hear even if no "Stereo Mix" is available.
  • Capable of capturing screenshots by a hotkey.
  • Capable of capturing multi-monitor screen.
  • Capable of showing FPS number on PC game screen.

မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။


http://mm-knowledgeinfo.blogspot.com/2013/12/zd-soft-screen-recorder-54-with-keygen.html 

.com ဝယ်သင့်လား .com.mm ဝယ်သင့်လား


 .com ဒိုမိန်းနဲ့ .com.mm ဒိုမိန်းနဲ့ မတူပါဘူ။ .com.mm ဒိုမိန်းကို Top Level Domain လို့ သတ်မှတ် ပါတယ်။ ဥပမာ www.house.com.mm , www.ict.com.mm , colay.com.mm အစရှိတဲ့ ဆိုဒ်မျိုးတွေဆိုရင် TLD တွေ ဖြစ်ပြီး. www.aungkyat.com www.innewsmyanmar.com တို့ဆိုရင် TLD စာရင်းမဝင်ပါဘူး။ သေချာ ရှင်းရမယ်ဆိုရင်- .com က Communication, Computer တို့လို ထင်ရင် မှားသွားပါမယ်။ သူက commercial လို့ ဘာသာပြန် ပါတယ်။ Commercial လို့ဆိုတဲ့ ဆိုဒ်က အကျိုးအမြတ် အတွက် ရည်ရွယ်ပြီး ဖန်တီးထားခြင်း ဖြစ်ပါတယ်။ .net ကတော့ network and computer ဖြစ်ပြီး နည်းပညာဆိုင်ရာ များကို သီးသန့် Show လုပ်လို့အတွက် ရည်ရွယ် ပါတယ်။ .org ကျတော့ Organization ကို ကိုယ်စားပြုပြီး Non Profit Organization တွေအတွက် အသုံးပြုဖို့ ရည်ရွယ် ပါတယ်။
ဒိုမိန်း အနောက်က .com/ .net/ .org တွေ ပြောင်းပေမယ့် technical အရ ပြောင်းလဲမှု မရှိပါဘူး။ အမေရိကန်မှာဆိုတော့ .com/ .net/ .org တို့ကို Top Level Domain လို့သတ်မှတ်ပါတယ်။ governmental site များရဲ့ TLD ဆိုရင် .gov နဲ့ အများစု ဆုံးကြ ပါတယ်။ သို့သော် ယူကေ မှာဆိုရင်တော့ .co.uk ဆိုတာနဲ့ ဆုံးမှ TLD လို့သတ်မှတ်ပါတယ်။ ဂျပန်မှာဆိုရင် .jp , မြန်မာမှာ ဆိုရင် .mm နဲ့ ဆုံးမှ TLD လို့ သတ်မှတ် ပါတယ်။ ပိုအသေးစိတ် ပြောရင်ရင် Country Top Level Domain လို့ ဆိုလိုခြင်း သဘော ဖြစ်ပါတယ်။ .com ကို TLD မဖြစ်ဘူးလို့ပြောတာ မဟုတ်ပါဘူး။ နိုင်ငံအလိုက် သူ့ထက် ပိုပြီးတော့ ကြီးတဲ့ တစ်ဆင့် ကျန်လို့ပါ။ 
ဒါတွေကို သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းက အမေရိကန်မှာ အခြေဆိုက်ပါတယ်။ ဒိုမိန်းအမည်တွေကို ကိုယ်ယူချင်သလို၊ ပေးချင်သလိုမဟုတ်ပဲ အားလုံး Standard တစ်ခုတည်း ယူကြခြင်း ဖြစ်ပါတယ်။ မြန်မာပြည်ကိုဆိုရင် .mm နဲ့ ဆုံးဖို့ သဘောတူညီခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတော့ .mm နဲ့ ဆုံးတဲ့ ဆိုဒ်ကိုဝင်ရင် မြန်မာပြည် ဝဘ်ဆိုဒ်ဆိုတာ လူတိုင်းသိစေ ပါတယ်။ .com ဝယ်သင့်လား .com.mm ဝယ်သင့်လား ဒါက ရွေးချယ်သူ အပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ့်ဆိုဒ်က ကမ္ဘာ့ ဈေးကွက်ကို ရည်ရွယ်တယ်။ မြန်မာပြည် တစ်ခုတည်းအတွက် မဟုတ်ဘူးဆိုရင် .com နဲ့ပဲ သုံးသင့်ပါတယ်။ မြန်မာပြည်က visitor များကိုပဲ ရည်ရွယ် တယ်ဆိုရင်တော့ .com.mm ကို ပိုသင့်တော်ပါတယ်။ ဒီတော့ ကမ္ဘာ့ စီးပွားရေး လုပ်ငန်းရှင်များက မြန်မာပြည် visitor အဓိကထားလာတဲ့ ဆိုဒ်ကို ရွေးချယ်ပြီး ကြော်ငြာ ထည့်မယ်ဆိုရင် .com.mm ကိုပိုပြီးတော့ Prefer ဖြစ်ပါတယ်။ ပုံသေတော့ မဟုတ်ပါဘူး။ Top Ranking ကိုစစ်ဆေးပြီး .com က .com.mm ထက် ပိုသာနေရင်တော့ .com ကိုပဲ ရွေးချယ်ပြီး ကြော်ငြာ ထည့်သွား မှာပါ။ ဒီတော့ .com နဲ့ .com.mm ကွဲပြားခြားနားချက်ကို သိပြီလို့ မျော်လင့်ပါတယ်။

Dec 3, 2013

HTC မော်ဒယ် အမျိုး 30 အတွက် CWM Recovery နဲ့ Unlock Bootloader


ဒါလေးကတော့ HTC မော်ဒယ် အမျိုး 30 အတွက် CWM Recovery နဲ့ Unlock Bootloader လေးပါ        သုံးရတာရိုးရှင်းပြီေးတာ့လွယ်ကူပါတယ်.
ကျန်တဲ့အကွတ်လေးတွေမှာတော့ ဖုန်းရဲ့ မော်ဒယ်လေးတွေရေးထားပါတယ်.အဲဒီမှာ မိမိဖုန်းနဲ့ သက်ဆိုင်တဲ့ အကွတ်လေးကို ရွေးပေးရမှာပါ..               အသုံးပြုနည်းကတော့ ဖုန်းကို USB Debugging အား On ထားပေးပါ ..ဖုန်းကိုပါဝါဖွင့်လျှက်နဲ့ ပဲ ကွန်ပျူတာတွင်ချိတ်ပေးပါ..ထို့ နောက် မိမိဖုန်းက HTC One X ဆိုပါတော့ ..အဲဒီအကွတ်ပုံလေးထဲက HTC One X ကို ကလစ်တချက် နှိပ်ပေးပါ..ပြီးရင်Enter တချက်ခေါက်ပေးပါ..ခဏစောင့်ပါ.. ( 4စက္ကန့် လောက် )ဖုန်းက Fastboot ထဲသို ဝင်သွားပါမည်..အဲဒီအခါ Enter တချက်ဆက်ခေါက်ပါ.ဖုန်းးမှာလုပ်စရာရှိတာ.. ပုံလေးက လုပ်ဆောင်သွားမှာပါ..7 စက္ကန့် အတွင်းမှာဟာ ပါဝါကိုတန်းမပွင်ပဲနဲ့ ..CWM Recovery ထဲသို တိုက်ရိုတ်ရောက်သွားမည်ပါသည်..



ဒေါင်းရန်
http://www.mediafire.com/?5591azi858xyz5r

FREE SOFTWARE UPDATE များ




Nov 30, 2013

MTK တွေရဲ့ Firmware တွေကို Backup လုပ်ပေးမယ့် MTK 6573 Backup Tools


 
ဒီတစ်ခါတော့ MTK6573 China Android Phone တွေကို Firmware ထုတ်တဲ့ Tools လေး မျှဝေပေးချင်ပါတယ်။ အောက်က လင့်မှာ ဒေါင်းလိုက်ပါ။ ဒေါင်းလို့ရလာတဲ့ Rar ဖိုင်လေးကို ဖြည်လိုက်ပါ။ Gscript နဲ့ Install folder နှစ်ခု တွေ့ပါမယ်။ တစ်ခုတော့ရှိပါတယ်။ Firmware ထုတ်ချင်တဲ့ ဖုန်းမှာ Root Access ရပြီးဖြစ်နေရပါမယ်။ Root မဖြစ်ရင်တော့ Firmware ထုတ်လို့ မရပါဘူး။ SD Card အနိမ့်ဆုံး 512MB လိုအပ်ပါတယ်။ ကောင်းတာကတော့ 2GB ဆိုရင် ပိုကောင်းပါတယ်။ Free space 512MB လောက်ရှိရင်လည်း ရပါတယ်။ SD Card ထဲကို GScript နဲ့ Install Folder ၂ခုလုံး copy ကူးထည့်ပါ။ ပြီးရင်တော့ Phone မှာပါတဲ့ File Manager ကနေ GScriptLite.apk ဖိုင်လေးကို Install လုပ်ပါ။ ပြီးသွားရင် Apps တွေထဲမှာ GScript လေးရောက်သွားပါလိမ့်မယ်။ ဖွင့်လိုက်ပါ။ ဖွင့်လိုက်ပြီး Menu ကို ခေါ်ပါ။ အဲဒီထဲမှာပါတဲ့ Add ကို ရွေးပါ။ Script ဖိုင်ကို ရွေးပေးဖို့အတွက် Load ကို ထပ်နှိပ်ပါ။ back23.sh ကို ရွေးလိုက်ပါ။ Super User Request တောင်းရင် Allow or Grant ပေးလိုက်ပါ။ ဒါဆိုရင် Gscript ထဲမှာ Back23 ဆိုပြီး Script ဖိုင်လေး တစ်ခု ထပ်တိုးလာတာကို တွေ့ရပါလိမ့်မယ်။ အဲဒီ Back23 လေးကို Run ပေးလိုက်ပါ။ သူ့ဘာသာသူပဲ SD Card အောက်ထဲက Back_ Folder အောက်ထဲမှာ သွားပြီး Save ပေးပါလိမ့်မယ်။ ဒါဆိုရင်တော့ MTK6573 အတွက်ကို Firmware ရသွားပြီပေါ့ခင်ဗျာ။ အဲဒီFirmware ဖိုင်တွေထဲမှာ Firmware.info ကို Scatter File ထုတ်ဖို့အတွက် အသုံးပြုပါတယ်ခင်ဗျာ။ Scatter File ထုတ်ဖို့အတွက် MTK Rom Studio နဲ့ Scatter ဖိုင် ထုတ်ရပါတယ်ခင်ဗျာ။ အဲဒီ MTK_Rom_Studio ကိုလည်း နောက်များမှာ Post တစ်ခုအနေနဲ့ သီးသန့်တင်ပေးပါ့မယ်ခင်ဗျာ။ နောက် Post မှာ MTK6575 ကို Firmware ထုတ်တဲ့ Tools လေးလည်း တင်ပေးပါ့မယ်ခင်ဗျာ။ အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ။

                                             Download Here !
အဆင်ပြေပါစေ..


Nov 29, 2013

iOS 7 နှင့် အဆင်ပြေစွာ နေထိုင်နည်း

 

iOS 7 ကို Jailbreak လုပ်လို့မရသေးတဲ့ အတွက် အဓိက အနေနဲ့ မြန်မာစာကို ရေးလို့ ဖတ်လို့ မရသေးတဲ့ အခက်အခဲ ရှိနေပါတယ်။ ဒါ့အပြင် သုံးနေကျ cracked App တွေကိုလည်း စွန့်လွှတ်လိုက်ကြရတဲ့ အတွက် Jailbreaker တော်တော်များများက iOS 7 ကို သုံးချင်ကြသော်လည်း update လုပ်ဖို့ကို ဝေခွဲမရ ဖြစ်နေတတ်ပါတယ်။

ဒါပေမယ့် ဒါဟာ အရမ်းကြီး ဒွိဟဖြစ်ရမယ့် ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး Jailbreak မရသေးခင် အထိ iOS 7 ကို App အချို့နဲ့ အကောင်းဆုံး အသုံးပြုနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။

ပထမဦးစွာ မြန်မာစာ အတွက်ဆိုရင်တော့ "Mogok Browser" "iMyanmar Pad" "Myanmar Browser Lite" "LikeBook" "MM News" "Sar" တို့ကို အသုံးပြုနိုင်ပါတယ်။

"Mogok" ကတော့ Free ရရှိနိုင်ပြီး စာရေးနိုင် ဖတ်နိုင်ပါတယ် Pro version ဆိုရင်တော့ ကြေငြာ banner တွေ အနှောက်ယှက်က ကင်းပါလိမ့်မယ်။ ဒါပေမယ့် "Mogok" မှာ မြန်မာစာရေးနေရင်းနဲ့ App က ပိတ်သွားတဲ့ ပြဿနာ ရှိနေပါတယ်။ သိပ်တော့ အဆင်မပြေလှပါ။

"iMyanmar Pad" နှင့် "Myanmar Browser Lite" ကတော့ မြန်မာစာ ဖတ်ရုံသာ ဖတ်နိုင်ပါလိမ့်မယ် Free version ဖြစ်ပါတယ်။

"MM News" မှာတော့ Hot ဖြစ်တဲ့ website, blog တွေကို RSS feed အနေနှင့် စုစည်းပေးထားပြီး မြန်မာလို ကောင်းစွာ ဖတ်ရှုနိုင်ပါတယ်။ (ကျွန်တော်ရဲ့ Blog ကိုလည်း အဲဒီထဲမှာ ဖတ်ရှုနိုင်ပါလိမ့်မယ်)။

"LikeBook" ကတော့ Facebook ကို မြန်မာလိုသုံးပြီး ရေးနိုင်ဖတ်နိုင်ဖို့ အထူးပြုလုပ်ထားတာ ဖြစ်ပြီး $2.99 နဲ့ Paid App ဖြစ်ပါတယ်။ "Mogok" App ရေးတဲ့ Mobidom က ထုတ်ထားတာဖြစ်ပြီး Facebook မှာ Post, comment တွေ ရေးရာမှာ "Mogok" ထက် ပိုမိုအဆင်ပြေတာကို တွေ့ရပါတယ်။ လောလောဆယ်တော့ ကျွန်တော် အကြိုက်တွေ့နေပါတယ်။
သို့သော်လည်း Myanmar keyboard မှာ "Enter" နှိပ်တဲ့ အခါမှာတော့ App ပိတ်သွားတတ်ပါတယ်။ ဒီတော့ Enter နှိပ်စရာရှိရင် English keyboard ပြောင်းသုံးရင်တော့ အဆင်ပြေပါတယ်။ အခြား ပြဿနာတော့ မတွေ့ရသေးပါဘူး။

"Sar" App ကတော့ မြန်မာလို note တွေ ရေးတဲ့ သူတွေအတွက် အလွန်အဆင်ပြေတဲ့ App တစ်ခု ဖြစ်ပြီး ကျွန်တော် ကိုယ်တိုင် အလုပ်ထဲမှာ လမ်းမှာ Blog အတွက် ရေးစရာရှိရင် အမြဲသုံးရတဲ့ App တစ်ခုပါ။
Device, iCloud နှစ်မျိုးလုံးမှာ Save လုပ်နိုင်ပြီး Share, Air print feature တို့ပါဝင်ပါတယ်။ $1.99 နဲ့ရောင်းချတဲ့ "Paid App" ဖြစ်ပါတယ်။

အခြား ကျွန်တော် နှစ်သက်တဲ့ Myanmar App တွေကတော့

အဘိဓါန် အနေနဲ့ iAbidan, Ornagai, ShweYoe
Online Radio အနေနဲ့ 7OnlineRadio, SNC Online Radio (CityFM), MYMC Radio, Dhamma Radio
စာစောင် အနေနဲ့ voice Weekly, HotNews Journal, 7Day News Journal တို့ ဖြစ်ပါတယ်။

ဒါတွေကတော့ မြန်မာစာ ကိစ္စကို ယာယီဖြေရှင်းပေးနိုင်မယ့် App တွေပဲ ဖြစ်ပါတယ်။

********************************

Cracked App တွေကို သွင်းမရတော့လို့ စိတ်ညစ်သွားတဲ့ မိတ်ဆွေများကို လုံးဝ စိတ်မညစ်ဖို့ ပြောပါရစေ.. Jailbreak မလုပ်ထားတဲ့ iDevice တွေမှာ Cracked App တွေကို ဆက်ပြီးသုံးလို့ ရအောင် ဒီလို လုပ်လို့ရပါသေးတယ်..

ပထမ လုပ်ငန်းစဉ်

**Downloads**
>> iFile
>> Tongbu for iPhone
>> Tongbu for iPad


အဆင့် ၁)
ပထမဦးစွာ "iFile" ကို PC မှာ install လုပ်ပြီး Run ပါ။

အဆင့် ၂)
iDevice ကို PC နှင့် ချိပ်ဆက်ပါ၊ iTunes တက်လာပါက ပိတ်ပစ်ပါ။

အဆင့် ၃)
iFunBox ၏ "iFunBox Classic" tab သို့သွားပါ။ အောက်ပါပုံအတိုင်း တွေ့ရပါမည်။


ထို့နောက် "Install App" button ကို နှိပ်ပြီး အထက်တွင် download လုပ်ခဲ့သော "Tongbu" file ကို ရွေးပေးလိုက်ပါ။

အဆင့် ၄)
Install လုပ်ပြီးပါက သင်၏ iDevice တွင် "Tongbu" icon လေးကို တွေ့ရပါမည်။ Update လုပ်ခိုင်းပါက update လုပ်ပါ။



အဆင့် ၅)
"Tongbu" App တွင် မိမိလိုချင်သော App ကို "Search" မှာ ရိုက်၍ ရှာယူနိုင်ပြီး "Manage" တွင် Download status တို့ကို တွေ့မြင်နိုင်ပါမည်။

အဆင့် ၆)
Download လုပ်ပြီးသား App ကို Install လုပ်ပြီးသော အခါ App ကို ဖွင့်လိုက်တဲ့ အချိန်မှာ Apple ID နှင့် password ကို တောင်းပါလိမ့်မည်။


App ကို ပြန်ပိတ်လိုက်ပြီး (ဒုတိယ လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ပါ)

***************************

ဒုတိယ လုပ်ငန်းစဉ်

**Download**
>> iClover for (Windows / Mac)

အဆင့် ၁)
"iClover" ကို PC မှာ Install လုပ်ပြီး။ Run ပါ။

အဆင့် ၂)
iDevice ကို PC နှင့် ချိပ်ဆက်ပါ။ အောက်ပါပုံအတိုင်း တွေ့ရပါမည်။


အဆင့် ၃)
"Genuine App" button ကို နှိပ်ပါ။ အောက်ပါပုံအတိုင်း "Start" ကို နှိပ်ပါ။


အဆင့် ၄)
"Complete" နှိပ်ပါ။ App Genuine လုပ်ခြင်း အောင်မြင်စွာ ပြီးဆုံးပါပြီ။


ခုနက Apple ID တောင်းနေသော App ကို ပြန်ဖွင့်ပါ။ ဘာမှ မလိုတော့ပဲ App ကို အသုံးပြုနိုင်ပါပြီ..

ယခုလို App Genuine ဖြစ်သွားပြီဆိုရင်တော့ နောက်ထပ် မည်သည့် App ကို မဆို Install လုပ်ပြီးတာနှင့် တိုက်ရိုက်ချောမွေ့စွာ အသုံးပြုနိုင်သွားပါပြီ..

အခုဆိုရင် iOS 7 မှာ Jailbreak မရသေးသော်လည်း အတိုင်းအတာ တစ်ခုအထိတော့ အဆင်ပြေပြေ iDevice ကို သုံးနိုင်သွားပါပြီ။
နည်းပညာ တင်ပြသူအဖြစ် မိမိသိရှိထားသည်ကို ပြန်လည် မျှဝေရပါတယ်။ သို့သော် ဤနေရာတွင် အထူးမေတ္တာရပ်ခံလိုသည်မှာ တတ်နိုင်သလောက် App များကို ဝယ်ယူ သုံးစွဲကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

iOS 5 Myanmar Keyboard For All iPhone, iPod Touch, iPad 1,2 တို့အတွက် လုံးဝ အလုပ်လုပ်သော ဇော်ဂျီ

 

iOS 5 နဲ့ အထက် iDevces များဖြစ်ကြသော iPhone, iPod Touch, iPad 1,2 တို့အတွက် လုံးဝ အလုပ်လုပ်သော ဇော်ဂျီ မြန်မာလက်ကွက် အသစ် ရရှိပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

ယခု iOS 5 for Zawgyi Keyboard ကို ရေးသားပေးသူကတော့ Developer "ကိုမိုးစက်" ဖြစ်ပါတယ်။ မည်သူပဲ ဖြစ်ဖြစ် မြန်မာလူမျိုးများ အတွက် အစဉ်ကြိုးပမ်း အားထုတ်နေကြသော မြန်မာ Developer အားလုံးကို အမြဲလေးစား ကြိုဆိုလျှက်ပါ၊ တစ်လက်စထဲ အနေနဲ့ မိတ်ဆွေများအားလုံးကို တိုက်တွန်းလိုတာက မြန်မာ App များကို တတ်နိုင်ရင် cracked version မသုံးပဲ ဝယ်ယူ သုံးစွဲခြင်းဖြင့် မြန်မာ Developer များရဲ့  ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုကြပါလို့  ကျွန်တော် မေတ0x081တာရပ်ခံပါရစေ...

Installation Guide

1) Go to Cydia -> Sources -> Edit -> Add
2) http://cydia.macforus.com ဟု ရိုက်သွင်းပါ။
(Source) သွင်းထားပြီးသူများ Cydia ကို Update လုပ်ပါ။


မြန်မာဖောင့် သွင်းရန်...

(Font Install လုပ်ပြီးသူများ ဤအဆင့်ကို ကျော်လိုက်ပါ)

1) Cydia -> Sources -> Mac For Us Repo သို့သွားပါ။
2) Zawgyi iOS 4.3 Font ကို Install လုပ်ပါ။

မြန်မာ Keyboard သွင်းရန်...

1) Cydia -> Sources -> Mac For Us Repo သို့သွားပါ။
2) MMKeyboard for iOS5 ကို Install လုပ်ပါ။
3) Restart Springboard


Keyboard Setup..

1) Go to Settings -> General -> Keyboard -> International Keyboards
2) Add New Keyboard -> Czech ကိုရွေးပါ။


အခုဆိုရင် မြန်မာစာများကို စိတ်တိုင်းကျ ပျော်ရွှင်စွာ ရိုက်နိုင်ကြပါပြီ။

iPhone 4S နဲ့ iPad 2 ကို Untether Jailbreak လုပ်ကြရအောင် (For Windows Users)


သင့်ရဲ့ဖုန်းဟာ iOS Version 5.0 သို့မဟုတ်  5.0.1 ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒီလိုသွားပြီး စစ်ကြည့်ပါ။
Settings > General > About > Version = ?.?.? (?????)
မဖြစ်သေးဘူးဆိုရင် တော့ အမြန်လေး Update လုပ်လိုက်ပါ

 သင့်အနေနဲ့ ပထမဆုံး Absinthe ကို Download
လုပ်ထားဖို့လိုအပ်ပါတယ်။ Download ထားတဲ့ zip ဖိုင်ကို (unzip) ဖြေလိုက်ပါ။
သင့်ရဲ့ iPhone 4S သို့မဟုတ် iPad 2 ကို ကွန်ပြုတာနဲ့ USB မှတဆင့် ချိတ်ဆက်လိုက်ပါ။
အောက်က ပုံလေးအတိုင်း absinthe.exe ဆိုတဲ့ အပေါ်မှာ Right Click ခေါက်ပြီး Run as  administrator ကို နှိပ်ပေးပါ။ သို့မှ သာလျှင် Error တက်ခြင်းတွေကို ရှောင်ကွင်းနိုင်ပါလိမ့်မယ်။







အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း Absinthe က သင့်ရဲ့ Device လေးကို အသိအမှတ်ပြုကြောင်း ဖော်ပြလာပြီဆိုရင်တော့ Jailbreak ဆိုတာလေးကိုနှိပ်ပေးပါ။





Jailbreak process လုပ်နေစဉ် သင်ရဲ့ Device လေးဟာ Restart လုပ်သွားပါလိမ့်မယ်။ စိတ်ရှည်စွာခဏစောင့်ပါ။




Device ပြန်ပွင့်လာတဲ့ အခါ Jailbreak လုပ်ခြင်းကို ဆက်လက် မြင်တွေ့ရပါလိမ့်မယ်။
Jailbreaking ပြီးဆုံးသွားပြီဆိုရင်တော့ သင့်ရဲ့ Device လေးမှာ အောက်မှာပြထားတဲ့ ပုံလေးအတိုင်း Absinthe app လေးကိုမြင်တွေ့ရမှာပါ။ အဲ့ဒီ Absinthe လေးကို ထိပြီး ဖွင့်လိုက်ရင် Restart လုပ်သွားပါလိမ့်မယ်။





သင့်ရဲ့ Device လေးပြန်ပွင့်လာတဲ့ အချိန်မှာတော့







ဒါဆိုရင်တော့ သင်ရဲ့ Device လေးကို Jailbreak လုပ်ခြင်းပြီးဆုံးသွားပါပြီ။

 Absinthe  ကိုဒီလင့်မှာ  Download  ဆွဲပါ (For Windows User Only)

လုပ်နည်းကို video နဲလည်းလုပ်ပြထားပါတယ်



Related Posts Plugin for WordPress, Blogger...

နည်းပညာတွေကိုမျှဝေခံစားချင်ရင်Member ၀င်ခဲ့ပါ

မိတ်ဆွေတိုရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာများနဲ့ပတ်သတ်ပြီး website တွင် ကြော်ငှာများထည့်ချင်ပါက cbox မှာ မိတ်ဆွေတိုရဲ့ email လိပ်စာထည့်ပြီး ကြော်ငှာထည့်ချင်တဲ့အကြောင်းကိုရေးထားခဲ့ပါ....

Popular Posts

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည့်နည်းလမ်းလေးပါ...... မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ