#>
မိတ်ဆွေတို့လာရောက်တဲ့အတွက်အထူးကျေးဇူးတင်လျှက်ပါ

လိုအပ်တာရှာပါ

Feb 9, 2014

Huawei G730 ကိုမြန်မာစာသွင်းဖို့ Myanmar Font APK






Huawei G730 အတွက် မြန်မာဖောင့်ကို APK အနေနဲ့ Mpx မှ ကိုရဲလင်းအောင် မှ တီထွင်ပေးထားတာ ဖြစ်ပါတယ်ခင်ဗျာ
One Click APK ဖြစ်တဲ့ အတွက် သုံးရတာ အရမ်းအဆင်ပြေလွန်းပါတယ်
ဆိုင်သမားများ ဆောင်ထားသင့်တဲ့ Tool လေးဆိုရင် မမှားပါဘူး
G730 အတွက် ပြုလုပ်ပေးထားတာ ဖြစ်တဲ့အတွက် တခြားဖုန်း မော်ဒယ်
မှာ စမ်းလို့ အဆင်မပြေရင် တာဝန်ယူမည် မဟုတ်ပါ။ အောက်က Link မှာရယူနိုင်ပါတယ်။
Download Here
Ref: Ko Saing Maung & Ko Ye Lin Aung

Feb 8, 2014

ဘယ်နိုင်ငံမဆို အင်တာနက်လိုင်းရှိယုံနဲ့ ဖုန်း Free ခေါ်မယ်


ဖုန်း Free Call ပြောလို့ရမယ် Apk တစ်ခု ထပ်ပြီးတင်ပေးလိုက်ပါတယ်။
နိုင်ငံကတော့ ဘယ်နိုင်ငံမဆိုပေါ့ ဗျာ..............မိမိဖက်က အင်တာက်လိုင်းရှိယုံနဲ့ 
ကြိုက်တဲ့ ဖုန်းနာပါတ်ကို ဖုန်းထိုးလိုက်ရုံပဲဗျာ။
Register လုပ်နည်းနည်းက နည်းနည်း စားလို့ Video ဖိုင်လေးပါတစ်ခါထဲ့ တင်ပေးလိုက်ပါတယ်ခင်ဗျာ။
သူငယ်ချင်းတွေကို invite လုပ်ရင် Credit များရယူနိုင်ပါတယ်။ အမြဲတမ်း Free Call ပြောဖို့
ကတော့ ကိုယ့်တိုင်လုပ်ယူမှရမှာဖြစ်ပါတယ်။
Android ဖုန်းများအတွက်ပဲတင်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ။
အဆင်မပြေရင်ပြောခဲ့ပါနော်။
                                              Download
                                                             
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download

Windows 32 bits နှင့် 64 bit ကွာခြားချက် အကြမ်းဖျင်း ရှင်းလင်းချက်


ကျနော်လည်း တစ်ချိန်တုန်းက ကွန်ပြူတာဝယ်လိုက်ရင် 32 bits နဲ့ 64 bits ဘာကွာလည်းဆိုတာကို သေချာ ကွဲကွဲပြားပြား မသိဘူး။ 64 bits ဝယ်ဖြစ်ခဲ့တယ်။
 ကံဆိုးချက်ကတော့ ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေ သွင်းတဲ့အခါ ရတာက ရပြီး မရတာက မရဘူး။ အထူးသဖြင့် Call of Duty နောက်ဆုံးထွက်တွေ၊ Need For Speed ရဲလိုက်ဖမ်း တဲ့ ပြိုင် ကားမောင်းတာတွေ သူများဆော့တာမြင်တော့ ဆော့ချင် တာပေါ့။ ဒီတော့ သွင်းလိုက်တိုင်း တစ်ခုမဟုတ် တစ်ခုက အမှားပြတယ်။ 
Data source ရှာမတွေ့တာတို့ ၊ အရင်းမြစ် file မရှိတာတို့ ဘာညာနဲ့ပြတယ်။ ကျနော်ညံ့ လို့နေမှာပါ။ သူများ 64 bits ကွန်ပြူတာများ ရတယ်။ ကျနော် မရဘူး။ Avira တို့လို Virus သတ်တဲ့ ဆောဖ်ဝဲတွေလည်း ပိတ်ပါတယ်။ သို့ပေမယ့် သိပ်လည်း အဆော့ချင်ကြီးမဟုတ်၊ အရမ်းလည်း အားနေသူ မဟုတ်တော့ ၁ နာရီလောက် အချိန်ပေးလုပ်လို့ ထူးမလာရင် ဒီတိုင်းပဲ ပစ်ထားဖြစ်လိုက်တယ်။ သေချာလုပ်ရင်တော့ ရမှာပါ။
 ဒါက ဘာကြောင့်လဲဆို ကွန်ပြူတာရဲ့  RAM အသုံးချမှုက အဓိကပါတဲ့။ 32 bits က RAM 4GB ထက်ပိုမသုံးဘူး။ 64 bits က RAM ရှိရင်ရှိသလောက် သူသုံးဖြစ်လိမ့်မယ်။ Random Access Memory ကိုပြောတပါ။ 
တစ်ပြိုင်နက်တည်း အလုပ်လုပ်နိုင်မှုပါ။ အလွယ်ဆုံး ဥပမာ ပေးရရင် ဓာတ်ခဲ ၂ လုံးအား အသုံးပြုပြီး ထွန်းတဲ့ ဓာတ်မီးနဲ့ ဓာတ်ခဲ ၃ လုံးအား တစ်ပြိုင်နက်တည်း ထွန်းတဲ့ ဓာတ်မီးတို့ အားကွာသလိုပေါ့။
 ၃လုံးအားက ပိုလင်းလိမ့်မယ်။ ဒီလိုပါပဲ။ 64bits ကွန်ပြူတာရဲ့  အားသာချက်က Data Transfer မှာ မြန်ပါတယ်။
တစ်ခါတည်း RAM အများအပြား အလုပ်လုပ်မှုကြောင့် သီချင်းတွေဘာတွေ Flash Drive နဲ့ ကူးတဲ့အခါ ပိုမြန်တယ်။ 32 Bits ကျတော့ Data Transfer မှာ လုပ်ဆောင်ချက် နှေးတယ်။
 64 bits မှာ အားနည်းချက်က 32 bits သိမ်းဆည်းမှုစနစ်သုံး ပရိုဂရမ် များ၊ ဆော့ဖ်ဝဲများနဲ့ သုံးလို့ အဆင်မပြေပါဘူး။
 ဒါကြောင့် 64 bits များက ဆော့ဖ်ဝဲရွေးတာပါ။ 
16 bits program လည်း သုံးလို့ မရပါဘူး။ 32 bis ကျတော့ ရပါတယ်။ ဆော့ဖ်ဝဲအချို့  ၊ ပရိုဂရမ်အချို့ က 32 bits system နဲ့ပဲ ထုတ်ကြပါတယ်။
 ဒါကြောင့် 32 bits ကို Windows တို့ ယနေ့တိုင် ထုတ်လုပ်နေခြင်းပါ။ 
ဆက်လည်း ထုတ်အုံးမယ့်ပုံပါ။ 64 bits နောက်ပိုင်းပေါ်လာသည့်တိုင် 32 bits စနစ်က ပျောက်မသွားဘူး။ ယနေ့အထိ Windows Hardware တွေမှာ ခွဲခြား ထုတ်လုပ်နေဆဲပါပဲ။ 
ဒါကြောင့် အချို့ ဂိမ်းတွေ၊ ဆော့ဖ်ဝဲတွေ 32 bits နဲ့အလုပ်မလုပ်တာပါ။ 64 bits ဗားရှင်းကို သက်သက်ပြန်ရှာရပါတယ်။
 ဒီတော့ ဘယ်ဟာပိုကောင်းတယ်လို့ တပ်အပ်ပြောလို့ မရတော့ပါဘူး။ 
ကျနော်တောင် အရင်တုန်းက ဂဏန်းများနဲ့ 64 bits က ပိုကောင်းတယ်လို့ သိထားတာ။ 
ခုတော့ နှစ်ခုလုံးမှာ သူ့ဟာကွက်တွေချည်းပါပဲ။ 32 bits RAM နဲ့ compact software production ရှိနေသေးသရွေ့ ပေါ့။ 63 bits မှာ Kernel Patch Protection ရတယ်။ 32 bits မှာမရဘူး။ ဒီလိုမျိုး အခြားကွဲပြားချက်တွေ အများကြီးရှိပါတယ်။
 ဒီတော့ Microsoft က တရားဝင် ရေးသားထားတဲ့ 32 bits နဲ့ 64 bits ကွာခြားချက် အကြောင်းများကို အောက်ပါလခ့်မှာ ဝင်ရောက် ဖတ်ရှု ကြည့်နိုင် ပါတယ်။

Ref & Credit: Smart Pro Journal

Thihahtike

Feb 7, 2014

အင်တာနက်လိုင်းဆွဲအားကို 200% ထိမြှင့်တင်ပေးနိုင်တဲ့ - Internet Cyclone 2.19 + Full Cracked လေးပါ


http://www.melidownload.com/img/software/internet-cyclone.jpg

ခေါင်းစဉ်လေးနဲ့တင်ဘဲ အတော်လေးကို လန်းနေပြီဗျာ။ ပထမတစ်ကြိမ်တင်ပေးတုန်းကလည်း လူကြိုက် အတော်လေးများပါတယ်။ အခုလည်း Version အသစ်ထွက်လာလို့ ထပ်တင်ပေးလိုက်တာပါ အင်တာနက် လိုင်းဆွဲအားကို 200%  လောက်ကို Speed Up လုပ်ပေးနိုင်တယ်ဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်မှာပါ။ Window XP , Vista , Window 7 , 8 အားလုံးမှာ အလုပ်လုပ်ပါတယ်။ အသုံးပြုပုံ ကလည်းလွယ်ပါတယ်။ မိမိအသုံးပြု နေ တဲ့ Type ကိုရွေးခြယ်ပေးပြီး Optimize ကို နှိပ်လိုက်ပါ။ ပြီး ရင် Restart ချပြီး ပြန်တက်လာတာနဲ့ အင်တာနက် လိုင်းဆွဲအားပိုမြန်လာမှာဖြစ်ပါတယ်။ ကျွန်တော်လည်း ရရခြင်းစမ်းသပ်ပြီးအသုံးပြုနေတုန်းပါဘဲ။ အမြဲတမ်း အသုံးပြုနိုင်အောင် Keygen ကိုပါထည့်ပေးလိုက်ပါ တယ်ဗျာ။ အသေးစိတ် ကိုတော့ အောက်မှာ မူရင်းအတိုင်း ဘဲလေ့လာနိုင်ပါတယ်ဗျာ။



http://www.mediaket.net/images/stories/internet_cyclone.jpg 
Internet Cyclone is a very useful and complex connection optimization utility that comes with many features. It is compatible with all modems and high-speed LAN, ISDN, CABLE, DSL, T1 or other connections. 
Internet Cyclone is a powerful, easy-to-use, Internet Optimizer designed to automatically optimize your Windows settings which will boost your Internet connection up to 200%.
Using this application, you can improve your browsing and downloading speed and enhance the online gaming experience.

Features:
* Internet Cyclone optimizes your Windows settings automatically or you can customize them.
* You can speed internet connection without changing your Hardware.
* Works with All Browsers.
* It is compatible with all Dial-Up modems and high speed LAN, CABLE, DSL, DSL (PPPoE), T1 or other connections.
* Internet Cyclone will speed up web surfing, online gaming, e-mailing, chat and video conference and it will even speed up downloads.

What's New in This Release:
* Fixed some minor bugs
* Improved acceleration settings

Homepage: www.jordysoft.com

How to install:
1. Run the setup, install the program
2. Enjoy full version!

ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download

Feb 6, 2014

ဘယ်နိုင်ငံမဆို Phone အလကားပြောမယ် Messages အလကားပို့မယ်


အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ကျနော်အခုတင်ပေးမဲ့ ပိုစ့်ကတော့ အားလုံးပဲကြိုက်ကျမယ်လို့မျှော်လင့်ပါတယ်။ သိပြီးသားသူတွေ ရှိပြီးသားသူတွေအတွက်တော့
ဘာမှ မဟုတ်တဲ့ ပိုစ့်တစ်ခုလို့ပဲ သတ်မှတ်ပါခင်ဗျာ။ကျနော်အတွက်ကတော့ မသိရသေးတဲ့
အတွက်အသစ်လို့ပဲ သတ်မှတ်မိတယ်ပါတယ်။အရင်က ကျနော် Phones Free Call ဆိုပြီပိုစ့်တင်ခုတင်ပေးခဲ့ပါသေးတယ်။အဲတုန်းကလည်း တစ်ကယ်ပဲ Free Call ရပါတယ်။
အခုလဲ တစ်ကယ်ရတဲ့ Free Call ရတဲ့ Application တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။
Iphone, Android , Computer အားလုံးမှာအသုံးပြုလို့ရမှာဖြစ်ပါတယ်။
ကိုယ့် ခေါ်မဲ့ ဖုန်းမှာ ဘာအင်တာနက်လိုင်းမှ ရှိစရာမလိုပဲ ဖုန်း Free Call လုပ်နိုင်မှာဖြစ်ပါတယ်။
လက်ရှိကျနော်တင်ပေးလိုက်တဲ့ Android Apk ကိုလဲ ကိုယ့်ခေါ်ဆိုမဲ့ ဖုန်းထဲ့မှာ လုံးဝ ထည့်ထားစရာမလိုပါဘူးခင်ဗျာ။မိမိဖုန်းထဲ့မှာ သာထည့်ထားရုံနဲ့ လုံလောက်ပါတယ်ခင်ဗျာ။
Free Call ခေါ်ဆိုရုံတင်မကပဲ Messages ပါ Free ပို့လို့ရတယ်ဗျာ။
ဘယ်နိုင်ငံမဆို Free Call , Free Messages ပေါ့ဗျာ။
အောက်မှာကျနော် လုပ်ထားတဲ့ Video တင်ပေးထားပါတယ်။
Phone အတွက်လုပ်ပြထားပေးတာဖြစ်ပါတယ်။
ကွန်ပြူတာ သမားတွေအတွက်ကတော့ သိပ်ပြီ မခက်ခဲပါဘူးဗျာ။
Download လုပ်ပြီ မိမိ စက်ထဲ့ မှာ install လုပ်ပါ။ ပြီးရင် Register လုပ်ဖို့ iD
မှာ မိမိကြိုက်နှစ်သက်ရာ နာမည်နဲ့ Mail နေရာမှာ Gmail တစ်ခု Password နေရာမှာတော့
မိမိကြိုက်နှစ်သက်ရာ လှို့ဝှက်နာပါတ်ပေးပြီးရင်တော့...Free Call Free Messages ပေါ့ဗျာ။
ကွန်ပြူတာအတွက် Videos ဖိုင်က ဆိုဒ်နည်းနည်းကြီးနေလို့ Upload မတင်ပေးတာနားလည်ပေးပါခင်ဗျာ။
invite လုပ်ပြီသူငယ်ချင်းများက လက်ခံမယ်ဆိုရင်တော့ အမြဲတမ်း Free Calll ပဲနော်..:)
Messages ပို့တာတော့ နည်းနည်းအလုပ်များနေလို့ မတင်ဖြစ်တော့တာပါ။
ကိုယ့်ဘာသာပဲ စိတ်ကြိုက်ကလိကျပေါ့ဗျာ...ဟီးး..ကျနော်ကတော့ ကောင်းကောင်းကလိနေပြီဗျာ...။
လုံးဝ မိုက်တယ်.....:)
စာရေးပျင်းလို့ Videos လေးပဲ အဓိကထားပြီးတင်ပေးလိုက်တာဖြစ်ပါတယ်။...:P
အဆင်မပြေရင်အော်.....ခဲ့ပါ....:)
PC Version နဲ့ Android Version နှစ်မျိုးပေါင်းပြီးအောက်မှာတင်ပေးထားပါတယ်ဗျာ။

Feb 5, 2014

Adobe Flash Professional CS6 Full လေး



Flash ဖန်တီးတဲ့သူတွေအတွက် Adobe ရဲ့ Adobe Flash Professional CS6 ဖြစ်ပါတယ်..Full Version ဖြစ်အောင် Crack ဖိုင်ပါပါတယ်..  Crack ထဲက dll ဖိုင်ကို Source အောက်မှာ သွားထည့်ပေးရမှာပါ..

ဒါကတော့ System Requirement ဖြစ်ပါတယ်..
Windows :
Intel® Pentium® 4, Intel Centrino®, Intel Xeon®, or Intel Core™ Duo (or compatible) processor
Microsoft® Windows® 7 (64 bit) or Windows 8 (64 bit)
4GB of RAM
2.5GB of available hard-disk space for installation; additional free space required during installation (cannot install on removable flash storage devices)
1024x768 display (1280x800 recommended)
QuickTime 10.x software recommended
Internet connection and registration are necessary for required software activation, membership validation, and access to online services.*

Mac OS :
Multicore Intel processor
Mac OS X v10.7 (64 bit) or v10.8 (64 bit)
4GB of RAM
2.5GB of available hard-disk space for installation; additional free space required during installation (cannot install on a volume that uses a case-sensitive file system or on removable flash storage devices)
1024x768 display (1280x800 recommended)
QuickTime 10.x software recommended
Internet connection and registration are necessary for required software activation, membership validation, and access to online services.*
အသုံးပြုတာကတော့ ကျွမ်းကျင်သူတွေသိပြီးသားဖြစ်မှာပါ.. ကျွန်တော်က မသုံးတတ်တော့ မရှင်းပြတတ်ဘူး..




အဆင်ပြေပါစေ..



Download Links: 

Crack Download :

computer မြန်မာစာ ပြဿနာများ ဖြေရှင်းနည်း



ဒီနေ့ သူငယ်ချင်း တစ်ယောက်က Zawgyi font  လဲ ထည့်ပြီးပြီ
ဖတ်လိုလည်းရပါတယ် ရေးလိုမရဘူးလိုပြောပြီး အကူအညီတောင်းလာလို တင်ပေးလိုက်ပါတယ်.


ဒီပြဿနာလေးကတော့ Window 7 x32bit မှာ မဖြစ်တာနည်းပါတယ်  window 7x64bit မှာဆိုရင်တော့ဖြစ်တတ်ပါတယ်..
Zawgyi Font / Zawgyi Keyboard က Window 7 x32bit အတွက်ဆိုရင် Click နှစ်ချက် သုံးချက်လောက် နှိပ်ပေးရုံနဲ့တင်အဆင်ပြေသွားပါတယ်... x64bit အတွက်ကတော့ နည်းနည်းခတ်ပါတယ်  
 ဒါ့ကြောင့် မဖြစ်တာနည်းတယ်လိုပြောတာပါ)

အရင်ဆုံး မိမိ ကွန်ပျူတာ ဟာ 32-bit လား ၊ 64-bit -လားအယင်ကြည့်ပါ မကြည့်တတ်ရင် အောက်မှာပုံကို
ကြည့်လိုက်ပါ

မိမိ ကွန်ပျူတာ 64 နှင့် 32 ကဘာအမျိုးအာစားဆိုတာကို ခွဲ သိပြီးဆိုရင်တော့
အောက်မှာလိုအပ်တဲ့ဒေါင်းလိုက်ပါ

  Zawgyi Font x32bit အတွက်  ဒီမှာ ဒေါင်းယူပါ
Zawgyi Font x64bit အတွက် ဒီမှာ ဒေါင်းယူပါ ..။


                 ပထမ Link ဖြစ်တဲ့ Zawgyi Font x32bit ထဲမှာ 64bit အတွက်ရော တစ်ခါထဲ ထည့်ပေးထားပါတယ် ... Window 32bit အတွက်ဆိုရင် Rar ဖိုင်လ်ထဲမှာပါတဲ့  Zawgyi Font For 32bit.EXE ကို right Click နဲ့ ဖွင့်ပြီး Install လုပ်ပေးလိုက်ရင် ရေး/ဖတ် လို့ရသွားပါပြီ...  

                      Window 64-bit အတွက်ဆိုရင်တော့ Zawgyi Font For 32bit.EXE ကို စောစောကအတိုင်း Install လုပ်ပါ .. ပြီးရင် Zawgyi Font For 64bit ဖိုလ်ဒါကို ဖွင့်ပါ .... အထဲက 64bit အတွက် Double Click နဲ့ Run ပေးလိုက်ပါ.exe  ဆိုတဲ့ exe ဖိုင်လ်လေးကို right Click နဲ့ ဖွင့်ပြီး Run ပေးလိုက်ရင် ရေး/ဖတ် လို့ရသွားမှာပါ ... တကယ်လို့  ရေး/ဖတ် မရသေးဘူးဆိုရင် စက်ကို (ပိတ်ပြီးပြန်ဖွင့်လိုက်ပါ) Restart ချပေးလိုက်ပါ ပွင့်လာရင်အဆင်ပြေပါပြီ...။



နောက်ဖြစ်တတ်တဲ့ Zawgyi ပြဿနာတွေကိုတော့ အောက်မှာ ဆက်ဖတ်ပေးပါ...။

 
ကဲ Zawgyi Font လည်းရှိတယ် မြန်မာစာတွေလည်း ဖတ်လို့ရနေပြီးတော့ ရေးလို့မရဘူးဆိုရင်ဒီအတိုင်းသာလုပ်ပေးလိုက်ပါ.... .အဆင်ပြေသွားပါလိမ့်မယ်..
ပုံလေးတွေနဲ့နားလည်လွယ်အောင်တင်ပေးလိုက်ပါတယ်. .
 
Start > Control Panel ကိုသွားလိုက်ပါ..


ကျန်တာလေးတွေကိုတော့ ပုံလေးတွေအတိုင်းသာ ဆက်လုပ်သွားလိုက်ပါ..။


ပုံမှာပြထားသလို English (United States) -US ကိုရွေးပေးပါ ရွေးပြီးသားဆိုရင် ဒီအဆင့်ကို ကျော်လိုက်ပါ။ Add ကို ဆက်နှိပ်ပါ...


 စောစောက ရွေးထာတဲ့ English (United States) ကို ရှာလိုက်ပါ တွေ့ရင် English (United States) ကို Click နှစ်ချက်နှိပ်ပါ... ပြီးရင် အောက်နားက ကပ်လျှက် Alpha Zawgyi Myanmar Unicode 2008 ရဲ့ရှေ့ကအကွက်လေးမှာ Click တစ်ချက်နှိပ်ပြီး အမှန်ခြစ်လေးတပ်ပေးပြီး OK ကိုနှိပ်လိုက်ပါ..


အပေါ်ကပုံလေးလို  အစိမ်းရောင်နဲ့ ပြထားတဲ့ Alpha Zawgyi Myanmar Unicode 2008 လေးရောက်လာရင် Apply > OK ပေးပြီး ဖွင့်ထားတဲ့ Box တွေအားလုံးပိတ်လိုက်ပါတော့ ... ကွန်ပြူတာရဲ့ Taskbar ကညာဘက်ထောင့်နားလေးမှာ .....


အဲ့ဒီလို Keyboard ပုံလေးပေါ်လာပြီဆိုရင် .... ကွန်ပြူတာ Keyboard ပေါ်က Ctrl + Shift ကိုတပြိုင်ထဲနှိပ်ပြီး မြန်မာလိုနဲ့ + အင်္ဂလိပ်လို ကို တမျိုးစီပြောင်းပြီး  ရေးလို့ရနိုင်ပါပြီ .... ။ 
 
 Website တချိုတလေမှာ တွေမှာ Myanmar 3 Unicode နဲ့ရေးထားလို့ ဖတ်မရဖြစ်နေရင်တော့  ဒါလေးကို  ဒေါင်းယူပြီး 
အောက်မှာလုပ်သလိုလုပ်လိုက်ပါ



Install ကိုနှိပ်ပေးလိုက်ရန်အဆင်ပြေသွားပါပြီ..။
Gtalk မှာ မြန်မာလိုရိုက်လို့ ရေးလို့မရဘူးဆိုရင်



 
Gtalk စ သုံးသူတိုင်း မကြာခဏ ကြုံတွေ့ဖူးကြတဲ့ Error လေးပါ ကျွန်တော်ကိုယ်တိုင်လဲ ကြုံခဲ့ဖူးပါတယ် ... ဒီ Error ကို ဒီလိုလေး ဖြေရှင်းနိုင်ပါတယ် 

Start menu =>> Control panel =>> Internet Option =>> General tab 
အဲ့ဒီအတိုင်း အဆင့်ဆင့် သွားပြီး Font ဆိုတာလေးကို Click ပြီးတော့ Zawgyi _one ကိုပြောင်းပေးပြီး Apply ပြီးရင် OK လိုက်ပါ အဆင်ပြေသွားပါပြီ.... 
အဲဒါမှ အဆင်မပြေဘူးဆိုရင်
Gtalk >> Settings >> Change >> Font မှာ Zawgyi_one ကိုရွေးပေးလိုက်ရင်အဆင်ပြေပါပြီ
( ဆရာကြီးတွေအတွက်တော့မရည်ရွယ်ပါဘူး)
(မသိသေးသူများ နှင့် ကွန်ပျူတာစပြီးကိုင်သူများ အတွက် ရည်ရွယ်ပါသည်)

အားလုံးအဆင်ပြေကြပါစေ...
                                                                                                                               လှသိန်း

အားပေးတဲ့အနေနဲ့ website ရဲ့ ညာဖက်အနားမှာရှိတဲ့ facebook like ကိုတချက်လောက်နိုပ်ခဲ့ပါ......

Recovery Mechanic 5.1.0 + License(10Mb)Lasted Version လေးပါ

ဒီဆော့စ်ဝဲလေးကတော့ files နဲ့ folders အပြင် disks နဲ့ flash memory cards အစရှိသည်တို့ကို deleted လုပ်မိတာတွေကိုအလွယ်တစ်ကူပြန်ရှာလို့ရတဲ့ Recovery Mechanic ဆော့စ်ဝဲပဲဖြစ်ပါတယ်။
ဝင်းဒိုးအားလုံးမှာအသုံးပြုနိုင်ပြီး Full License ဖြစ်စေဖို့အတွက်အထဲမှာ License key လေးပါထည့်သွင်း
ပေးထားပါတယ်။

Recovery Mechanic is one of the best data recovery solutions available for the money. Being the most affordable data recovery tool of the company's product range, Recovery Mechanic offers fully automated recovery of deleted files and folders from all types of disks and flash memory cards. The signature easy recovery wizard ensures step-by-step operation that is easy to understand, while sophisticated data recovery algorithms scan the entire surface of the hard disk in background to ensure highest possible recovery rate.

Features:

•Automatic data recovery.
•Fully guided, step-by-step easy recovery wizard.
•Live preview of recoverable files in both free and full versions for more than 150 types of files.
•Saves recovered files and folders anywhere on local or remote drives.
•Supports Hidden FAT and Hidden NTFS.
•Can recover all types of FAT and NTFS disks in any version of Windows including Windows 9x.
•Recovers compressed and encrypted files and folders (NTFS only).
•Recovers information bypassing Windows access restrictions (NTFS4, NTFS5).
•S•upports long and international file names and folders with multiple sub-folders (FAT and NTFS).
•Supports virtual drive snapshots and virtual partitions for fail-safe recovery (all types of disks)

System Requirements: Xp / Vista / 7 / 8 / 8.1

Homepage: http://recoverymechanic.com/


http://dl-18.one2up.com/onetwo/content/2014/2/5/255b9e7ea3c6ad76fdaa7c26cc4301b7.rar 
(or)

http://www.solidfiles.com/d/2a1efe3406/Recovery_Mechanic_5.1.0_%2B_License_%28www.mm-knowledge.com%29Installer.rar 
(or)

http://www76.zippyshare.com/v/68131151/file.html 

Feb 4, 2014

New Frozen Keyboard For Android (ကီးဘုတ်အလန်းလေးများ)



ပိုစ့်ရေးသားသူ -  Ko Han Zaw Oo
Frozen Keyboard လေးကို Windows Phone KB Style ပြုလုပ်ပေးထားတဲ့

Keyboard ပုံစံအသစ်လေးတွေပါ လိုအပ်သူများ ဒေါင်းနိုင်ပါတယ် ခင်ဗျာ

Credit to - Ko Thiha Aye Kyaw

http://www.mediafire.com/download/8moahpy3njbfo4b/FROZEN_KB_NEW_STYLES_HAN_ZAW_OO.zip

Windows Password ဖြတ်ကျော်ခြင်းဆိုင်ရာ နည်းလမ်းများ


Windows Password ဖြတ်ကျော်ခြင်းဆိုင်ရာ နည်းလမ်းများ

Windows ကို password ပေးပြီး မေ့သွားတဲ့ အခါမျိုးရှိသလို၊ အကြောင်းအမျိုးမျိုးကြောင့် ဖြတ်ကျော်ဝင်ရောက်ဖို့ လိုတာမျိုးလည်း ကြုံရပါလိမ့်မယ်။ Windows password နဲ့ ပတ်သက်လာရင် ဖြေရှင်းနည်း ၄ မျိုးရှိပါတယ်။

၁။ ကြိုတင်သိမ်းဆည်းထားခြင်း
၂။ Ophrcrack အသုံးပြု၍ password ကြည့်ခြင်း
၃။ Software အသုံးပြု၍ password reset ပြုလုပ်ခြင်း
၎။ Windows CD အသုံးပြု၍ password reset ပြုလုပ်ခြင်း

နည်းလမ်းအားလုံးကို ရေးသားဖော်ပြသွားပါမယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဒီနည်းလမ်းထဲက တစ်မျိုးကတော့ အသုံးဝင်မှာပါ။

၁။ ကြိုတင်သိမ်းဆည်းထားခြင်း

Windows password မေ့တတ်သူတွေ၊ ဒါမှမဟုတ် Windows တစ်ခါတင်ပြီးရင် တော်ရုံနဲ့ ပြန်မတင်ဖြစ်တော့ပဲ စွဲစွဲမြဲမြဲ သုံးသူတွေ ရှိကြပါတယ်။ အထူးသဖြင့် ရုံးလုပ်ငန်းဆိုင်ရာ ကွန်ပြူတာတွေမှာ password တွေပေးထားပြီး မေ့မှာစိုးရင် ဒီနည်းနဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။

Password reset disk ပြုလုပ်ခြင်း

အဆင့်(၁) – Floppy Disk (သို့မဟုတ်) USB Stick တစ်ခု ကို ကွန်ပြူတာမှာ တပ်ပေးပါ။
အဆင့်(၂) – Control Panel ကို ဖွင့်ပြီး User Accounts ကို ဆက်သွားပါ။
အဆင့်(၃) – မိမိ လက်ရှိသုံးနေတဲ့ User Account ကို နှိပ်ပါ။ အောက်မှာပြထားတဲ့ပုံအတိုင်း ညာဘက်ဘေးမှာ “Create password reset disk” နှိပ်ပါ။

အဆင့်(၄) – “Forgotten Password Wizard” ပေါ်လာပါလိမ့်မယ်။ “Next” ကို နှိပ်ပါ။
အဆင့်(၅) – တပ်ဆင်ထားတဲ့ Floppy (သို့) USB drive ကို ရွေးချယ်ပြီး “Next” ကိုနှိပ်ပါ။
အဆင့်(၆) - လက်ရှိအသုံးပြုနေတဲ့ User account ရဲ့ password ကို text box မှာ ရိုက်ထည့်ပြီး “Next” ကို နှိပ်ပါ။
အဆင့်(၇) – prograss 100% ပြည့်ပြီဆိုရင် “Next” နှိပ်၊ Completing Box မှာ “Finish” နှိပ်ပေးပြီးရင် password reset disk ပြုလုပ်ခြင်း ပြီးဆုံးပါပြီ။

 
Password reset disk ကို အသုံးပြုခြင်း

ပြုလုပ်ထားတဲ့ password reset disk ကိုတော့ password မေ့သွားတော့မှပဲ ပြန်လည် အသုံးပြုကြမှာ ဖြစပါတယ်။ အခုမေ့သွားပြီ ဆိုပါစို့။ ပြန်သုံးကြည့်ကြရအောင်။
အဆင့်(၁) - မိမိသုံးတဲ့ ကွန်ပြူတာမှာ သုံးနေကျ user account ကို password မထည့်ပဲ log in ဝင်လိုက်ပါ။
အဆင့်(၂) – password မှားနေကြောင်းပြလာပါလိမ့်မယ်။ “Reset password” မပေါ်ပါက Enter ထပ်နှိပ်ပေးပါ။
အဆင့်(၃) – Reset password ပေါ်လာရင် အဲဒီစာကြောင်းနေရာကို နှိပ်ပါ။

အဆင့်(၅) - ကြိုတင်ပြုလုပ်ထားတဲ့ Password reset disk (Floppy (သို့) USB Drive) ကို တပ်ဆပ်ပါ။
အဆင့်(၆) – Password Reset Wizard Welcome screen မှာ “Next” နှိပ်ပေးပါ။
အဆင့်(၇) – password reset disk ပြုလုပ်ထားတဲ့ drive ကို ရွေးချယ်ပြီး “Next” နှိပ်ပါ။
အဆင့်(၈) - ယခုပြောင်းချင်တဲ့ password ကို နှစ်ခါပြန်ရိုက်ထည့်ပေးပြီး “Next” နှိပ်ပါ။
အဆင့်(၉) – Finish ကို နှိပ်ပေးလိုက်ပါ။ wizard box ပိတ်သွားပါလိမ့်မယ်။ ပြောင်းထားတဲ့ password အသစ်နဲ့ log in ဝင်နိုင်ပါပြီ။

အားသာချက် = သီးခြား Software အသုံးပြုစရာ မလိုတဲ့အတွက် အသုံးပြုသူတွေကို ပိုမိုလွယ်ကူစေပါတယ်။
အားနည်းချက် = Floopy (သို့မဟုတ်) USB drive တစ်ခုခုကို အသုံးပြုပြီး ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။

၂။ Ophrcrack အသုံးပြု၍ password ကြည့်ခြင်း


ဒီနည်းကတော့ သုံးထားတဲ့ password ကို ပြန်မြင်ရမှာဖြစ်လို့ အတော်လေးကို အသုံးတည့်ပါတယ်။ တခြားသူရဲ့ ကွန်ပြူတာကို ပိုင်ရှင်မသိအောင် သုံးလို့ရနိုင်တဲ့ နည်းလမ်းလည်း ဖြစ်တာမို့ အသုံးပြုသူတိုင်း ဗဟုသုတ ရှိထားရမယ့် နည်းလမ်း ဖြစ်ပါတယ်။
Software CD Info…
>>Windows password ကို crack လုပ်ပေးပါတယ်။
>>GUI mode (ပုံမြင်ရပြီး Click နှိပ်နိုင်သော စနစ်) ဖြင့် ပြုလုပ်နိုင်သည့် Software
>>Free and open source sofrware (GPL)
>> http://ophcrack.sourceforge.net/

အသုံးပြုနည်း


အဆင့်(၁) - http://ophcrack.sourceforge.net/ မှ Download လုပ်ယူပါ။ (Windows XP နှင့် Vista/7 ဆိုပြီး နှစ်မျိုးခွဲထားပါတယ်)
အဆင့်(၂) - ရရှိလာတဲ့ iso ဖိုင်ကို CD ခွေအလွတ်ဖြင့် burn ပါ။ (Windows 7 မှာ iso ဖိုင်ကို Double click နှိပ်ရင် burner box ပေါ်လာပါတယ်၊ ခွေအလွတ် ထည့်ပြီး burn ရုံပါပဲ။)
အဆင့်(၃) – burn ထားပြီးတဲ့ခွေကို password သိလိုတဲ့ ကွန်ပြူတာမှာ ထည့်ပြီး restart ချပါ။
အဆင့်(၄) – ၎င်း CD ခွေမှ boot ယူပေးပါ။ (Windows တင်တဲ့အခါ Windows CD က Boot ယူသလိုပဲ၊ ယခု CD ခွေမှ boot ယူရမှာဖြစ်ပါတယ်။ Boot Menu ခေါ်ပြီး CD Drive ကို ရွေးပေးခြင်းဖြင့် ယူနိုင်သလို၊ BIOS ထဲ ဝင်ရောက်ပြီး first boot device ကို CD drive ရွေးပေးချင်းဖြင့်လည်း boot ယူနိုင်ပါတယ်။)
အဆင့်(၅) - အောက်ပါအတိုင်း menu ပေါ်လာရင် user တွေအတွက် အသင့်တော်ဆုံးဖြစ်တဲ့ Graphic mode (Auto mode) ကိုရွေးချယ်ပေးပါ။

အဆင့်(၆) - အချိန်အနည်းငယ် စောင့်ပြီး table ထဲမှာ user name နဲ့ Password အားလုံးပေါ်တဲ့အထိ စောင့်ပေးနေရုံပါပဲ။
အဆင့်(၇) - ပေါ်လာတဲ့ username နဲ့ password တွေကို မှတ်ထားပြီး restart ချပါ။
အဆင့်(၈) – CD ကို ထုတ်ထားပြီး ပုံမှန်အတိုင်း ကွန်ပြူတာဖွင့်ကာ password တောင်းလာတဲ့ user အတွက် မှတ်ထားတဲ့ password ထည့်ပေးပြီး log in ဝင်ရုံပဲ ဖြစ်ပါတယ်။

အားသာချက် = အရမ်းလွယ်ကူပြီး Hacking ပြုလုပ်နိုင်သည်အထိ အသုံးဝင်ပါတယ်။
အားနည်းချက် = Software CD အသုံးပြုရမှာဖြစ်ပြီး ဖိုင်ဆိုဒ်ကြီးတဲ့အတွက် ခွေမဆောင်ထားရင် ဒုက္ခများပါတယ်။

၃။ Software အသုံးပြု၍ password reset ပြုလုပ်ခြင်း

Password reset လုပ်တဲ့ software များစွာရှိပါတယ်။ အများစုက freeware ပါ။ Ophrcrack လို ကြည့်လို့ရတဲ့ Software ရှိနေတာ ဘာလို့ reset tool သုံးမှာလဲလို့ မေးစရာရှိပါတယ်။ အဲလို CD မျိုး မိမိနှင့်တကွ အမြဲရှိနေဖို့ မလွယ်ပါဘူး။ လိုတဲ့အချိန်မှ လိုက်ရှာရင်လည်း ကရိကထ များပါတယ်။ ဒါ့ကြောင့် ဖိုင်ဆိုဒ်သေးပြီး အလွယ်တကူ ရှာလို့ရတဲ့ reset tool တွေ တွင်ကျယ်နေတာ ဖြစ်ပါတယ်။ (tools ပေါင်းများစွာ ရှိပါတယ်။ အရေးကြုံလို့ ဘာသုံးရမှန်းမသိရင် အင်တာနက်သုံးပြီး windows password breaker, Windows password remover စသဖြင့် ရေးရှာကြည့်ပါ။ အများကြီးတွေ့တဲ့အထဲကမှ မိမိနဲ့အဆင်ပြေမယ့် တစ်ခုခုကို ရွေးသုံးနိုင်ပါတယ်။) အခု Windows Password Breaker Professional ဆိုတဲ့ Software ကို အသုံးပြုပြီး ရေးသားပါမယ်။

အဆင့်(၁) -http://www.recoverwindowspassword.com/downloads/windows_password_breaker_standard_trial.exe/windows_password_breaker_standard_trial.exe/windows_password_breaker_professional_trial.exe ကိုနှိပ်ပြီး Download လုပ်ယူပါ။
အဆင့်(၂) – CD/DVD (သို့မဟုတ်) USB disk တစ်ခုခုကို ထည့်ပြီး ၎င်း software ဖြင့် “burn” ပါ။

အဆင့်(၃) – “Ophrcrack CD” ကို အသုံးပြုခဲ့သည့် နည်းလမ်းအတိုင်း အသုံးပြုပါ။
အဆင့်(၄) – tools တွေ တစ်ခုနဲ့တစ်ခု အသုံးပြုပုံချင်း ချွတ်စွတ်တော့ မတူကြပါဘူး။ ဒါပေမယ့် နည်းလမ်းချင်းတော့ တူတူပဲ ဖြစ်ပါတယ်။ ဒီ reset tools တွေက file size သေးတာနဲ့အညီ အသုံးပြုရမှာကလည်း CLI (command ရိုက်ထည့်ပြီး အသုံးပြုရမယ့် စနစ်) များသာ ဖြစပါတယ်။ command သုံးရပေမယ့် အလွတ်ရစရာ မလိုပါဘူး။ password reset လုပ်ရန် 1 ကို ရိုက်ပြီး Enter နှိပ်ပါ။ စသဖြင့် ညွှန်ကြားပေးပါတယ်။ စာဖတ်ပြီး လုပ်ရုံပဲ ဖြစ်ပါတယ်။
အဆင့်(၅) – password အသစ် ရိုက်ထည့်ပေးပြီး ကွန်ပြူတာကို restart လုပ်ကာ password အသစ်ဖြင့် log in ဝင်ရုံပဲ ဖြစ်ပါတယ်။

အားသာချက် = file size သေးငယ်ပြီး အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
အားနည်းချက် = Command Line ဖတ်ပြီး လုပ်ဆောင်ရတဲ့အတွက် Beginner တွေကို စိတ်ညစ်စေနိုင်ပါတယ်။

၎။ Windows CD အသုံးပြု၍ password reset ပြုလုပ်ခြင်း


လူတိုင်းလိုလို အဆင်သင့် ရှိနေတတ်ကြတာက Windows CD ဖြစ်ပါတယ်။ Software ရှာတာတွေ၊ Burning လုပ်ရတာတွေ USB memory stick ရှာရတာတွေထက် Windows CD ရှာရတာ ပိုလွယ်ပါတယ်။ ဒါ့ကြောင့် ဘာမှ လိုက်ရှာမနေတော့ပဲ Windows CD နဲ့တင် password reset လုပ်နိုင်တဲ့နည်းက အများဆုံး အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်။ (Windows 7 အသုံးပြုသူတွေအတွက်ပဲ ဒီနည်းက အဆင်ပြေတာဖြစ်ပါတယ်။ တင်ထားတာလည်း Windows 7 ပဲဖြစ်ပြီး၊ သုံးတဲ့ CD ကလည်း Windows 7 DVD ဖြစ်ရပါမယ်။ Ultimate, Home Premium စသဖြင့် version မတူရင်လည်း အသုံးပြုနိုင်ပါတယ်)
အဆင့်(၁) – Windows တင်တဲ့အတိုင်းပဲ Windows CD ထည့်ပြီး၊ CD ကနေ boot ယူပါ။
အဆင့်(၂) – အောက်မှာ ပြထားတဲ့အတိုင်း ပေါ်လာရင် “Repair your computer” ကို နှိပ်ပေးပါ။

အဆင့်(၃) – “Command Prompt” ကို နှိပ်ပေးပါ။

အဆင့်(၄) - ပေါ်လာတဲ့ cmd မှာ အောက်ဖော်ပြပါ command ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။ (original sticky key ကို backup လုပ်ထားလိုက်တာ ဖြစ်ပါတယ်)
copy c:\windows\system32\sethc.exe c:
အဆင့်(၅) - အောက်ပါ command ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။ (cmd file ကို sticky key အဖြစ် နာမည်ပြောင်းပြီး copy ကူးလိုက်တာ ဖြစ်ပါတယ်)
copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe

အဆင့်(၆) – 1 file<s> copied. လို့ ပြလာရင် ကွန်ပြူတာကို restart ချပေးပါ။
အဆင့်(၇) – log on screen ကို ရောက်ရင် Shift key ကို ၅ ခါ နှိပ်ပြီး command prompt ကို ခေါ်ပါ။
အဆင့်(၈) – net user လို့ ရိုက်ပြီး Enter နှိပ်လိုက်ရင် ရှိနေတဲ့ User name တွေ လာပြပါလိမ့်မယ်။
အဆင့်(၉) - အဲဒီအထဲက မိမိ password ပြောင်းလိုတဲ့ user name ကို net user နဲ့ * ကြားမှာ ရိုက်ပါ။ (ယခု ပြထားတဲ့ပုံမှာ “Raaz” ဆိုတဲ့ user name ကို သုံးပြမှာ ဖြစ်ပါတယ်။ ) net user raaz *
အဆင့်(၁၀) – Type a password for the user: ဆိုတဲ့ စာတမ်း ပေါ်လာပြီး password အသစ်တောင်းမှာ ဖြစ်ပါတယ်။ မိမိပြောင်းလိုတဲ့ password ကိုရေးပြီး Enter နှိပ်ပါ။ နောက်တစ်ကြိမ် password ထပ်တောင်းပါလိမ့်မယ်။ confirm ဖြစ်အောင် ၎င်း password အသစ်ကို နှစ်ကြိမ် ရိုက်ပေးရမှာဖြစ်ပါတယ်။

အဆင့်(၁၁) – command completed successfully ဆိုပြီး ပြလာရင်တော့ restart ချပြီး password အသစ်နဲ့ log in ဝင်ရုံပါပဲ။

အားသာချက် = CD နဲ့ Software မရှာရတဲ့အတွက် အလုပ်ရှုပ် သက်သာပါတယ်။
အားနည်းချက် = အနည်းဆုံးတော့ Windows CD ရှိရမှာဖြစ်ပြီး၊ Command မှတ်မိဖို့လည်း လိုပါတယ်။

Credit :
သံလုံငယ် - ThanLonNge
Related Posts Plugin for WordPress, Blogger...

နည်းပညာတွေကိုမျှဝေခံစားချင်ရင်Member ၀င်ခဲ့ပါ

မိတ်ဆွေတိုရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာများနဲ့ပတ်သတ်ပြီး website တွင် ကြော်ငှာများထည့်ချင်ပါက cbox မှာ မိတ်ဆွေတိုရဲ့ email လိပ်စာထည့်ပြီး ကြော်ငှာထည့်ချင်တဲ့အကြောင်းကိုရေးထားခဲ့ပါ....

Popular Posts

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည့်နည်းလမ်းလေးပါ...... မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ