#>
မိတ်ဆွေတို့လာရောက်တဲ့အတွက်အထူးကျေးဇူးတင်လျှက်ပါ

လိုအပ်တာရှာပါ

Jan 7, 2014

ACDSee 17.0 Build 41 Full Version ( ဓာတ်ပုံတွေကို စိတ်ကြိုက် ပြုပြင်နိုင်တဲ့ ACDSee Pro )


 ဓာတ်ပုံတွေကို စိတ်ကြိုက် ပြုပြင်နိုင်တဲ့ ACDSee Pro ဆိုတဲ့ Photo Editing & Management ဆော့ဖ်ဝဲ လေးပါ... အရင်ကတင်ထားတာ Link သေနေပြီပြောလာလို့ နောက်ဆုံး Version ကို ထပ်တင်ပေးလိုက်ပါတယ်...။

Photo Editing & Management.ACDSee Pro 7 & 17. Packed with everything

you need to manage, perfect, and present your images
No other photo softwaresaves you so much time.Enjoy the freedom. Complete photo editing/photo and digital asset management (DAM) software solutions for professional and home users.
OR

Huawei G730 MM font APK လေးပါ


 
Huawei G730 အတွက် မြန်မာဖောင့်ကို APK အနေနဲ့ Mpx မှ ကိုရဲလင်းအောင် မှ တီထွင်ပေးထားတာ ဖြစ်ပါတယ်ခင်ဗျာ
One Click APK ဖြစ်တဲ့ အတွက် သုံးရတာ အရမ်းအဆင်ပြေလွန်းပါတယ်
ဆိုင်သမားများ ဆောင်ထားသင့်တဲ့ Tool လေးဆိုရင် မမှားပါဘူး
G730 အတွက် ပြုလုပ်ပေးထားတာ ဖြစ်တဲ့အတွက် တခြားဖုန်း မော်ဒယ်
မှာ စမ်းလို့ အဆင်မပြေရင် တာဝန်ယူမည် မဟုတ်ပါ








Download Here >> http://d-h.st/Sjf <<

Refer >> Ko Ye Lin Aung

Jan 6, 2014

idoo Video Editor Pro 2.4.0 serial - 12.70 MB လေးပါ

ကျွန်တော်အခု idoo Video Editor လေးအကြောင်းပြောပြချင်ပါတယ်။ သူလည်း တည်းဖြတ်တဲ့နေရာမှာ
professional အဆင့်လို့တော့ပြောတာပဲ ။ video နဲ့ audio တွေကိုလည်း formats လုပ်ပေးနိုင်တာတော်
တော်များတယ်။ files formats အတွက်လည်း iPhone, Sumsung or any other smartphone, tablet PC, game devices, HD video, network video အစရှိသဖြင့်ပေါ့။ "Effect" function ပိုင်းမှာလည်း
တော်တော်စုံတယ်။  Video နဲ့ Audio တွေကို Cut, Split, and Join လိုသလိုလုပ်ဆောင်နိုင်တယ်။
Audio တွေကိုလည်း လွယ်ကူမြန်ဆန်စွာ audio/mp3 file အဖြစ်ပြောင်းပေးနိုင်တယ်။


Crop & Effect & Rotate video အပိုင်းမှာဆိုရင်လည်း  black bars တွေကအစ remove လုပ်ပေးနိုင်တယ်။

Effect Video ပိုင်းမှာဆိုရင်လည်း brightness, contrast and saturation တို့ကို
မိမိလိုသလို clearer, fullerတွေလုပ်ပေးလို့ရတယ်။

Rotate video အပိုင်းမှာဆိုရင်လည်း (90/180/270 degrees) ကြိုက်သလို ချိန်လို့ရတယ်။

Add subtitles, watermark နဲ့ capture video အပိုင်းမှာဆိုရင်လည်း  Watermark အတွက် texts လား images လား မိမိကြိုက်သလိုထည့်နိုင်တယ်။ subtitle အတွက်လည်း set special effect တွေပါဝင်ပြီးသား
ပဲ ။ မိမိပြုလုပ်ပြီးသားကို လိုသလိုပြန်လည်ပြင်ဆင်နိုင်အောင် Preview ပြန်ကြည့်နိုင်တယ်။ ပြီးတော့
screenshot လည်းလုပ်ပေးနိုင်ပါတယ်။


Windows အားလုံးအသုံးပြုနိုင်ပါတယ်။ဖိုင်ဆိုဒ်ကလည်း 12MB ပဲရှိပါတယ်။ အထဲ Serial ကီးလေးထည့်ပေးထားတဲ့အတွက် Full အဖြစ်အသုံးပြုနိုင်မှာပါ။

idoo Video Editor is a professional video editing software with clear interface and user-friendly operation. Its powerful and comprehensive function would bring you high-quality and efficient work experience, as well as perfect audio-visual enjoyment. This software supports most video and audio formats, and possesses powerful conversion function. It can convert your video and audio into any media formats which fit your need, such as files formats for iPhone, Sumsung or any other smartphone, tablet PC, game devices, HD video, network video etc.. The "Effect" function will make your video more vivid.
Cut, Split, and Join Video or Audio
- Video Cutter : Make a small video clip from your favorite movie, it help you cutting video into new piece.
- Video Splitter :Easily and exactly split the video into same several parts as you need. You can split it by size and duration.
- Video Joinner :Link any video clips to get a whole movie, then you can playback and share with other without one by one.
- Audio Cutter, Splitter & Joiner :Easy to cut split and join any audio/mp3 file as you wish.

Crop & Effect & Rotate video
- Crop Video : Crop video, remove black bars without disturbing and convert video to desired video formats in one step.
- Effect Video: Add special effects to video by adjusting the brightness, contrast and saturation, which make your video clearer, fuller and more beautiful.
- Rotate video: Rotate your video picture by any angles (90/180/270 degrees). Especially for camera recorded video.

Add subtitles, watermark or capture video
- Add watermark to video: Watermark your video with any texts and images, so that you can get your unique video and not worry about be pirated.
- Add subtitle to video :It is hard to watch foreign video without subtitles. This feature will help you add subtitles to video easily and set special effect.
- Preview and capture pictures : Preview the video and audio changes you made to make sure if it is your desire result. Moreover, you can get screenshot you like.

 download

ဘလော့ကာညီအကိုတို့တွက် EximiousSoft Banner Maker 5.23 For Pc

ဒီ ဆော့ဝဲလေးကတော့ ကျွန်တော်တို့လိုဘလော့ပိုင်ရှင်တွေအတွက် တကယ့်ကိုလိုအပ်တဲ့
ဆော့ဝဲလေးပါဘဲ.....မိမိတို့ဘလော့ကိုအလှဆင်ချင်တဲ့သူများအတွက်3D effect ဒီဇိုင်း
 တွေကိုသုံးပြီးGIF, JPG and PNG formats.တွေနဲ့ဒီဇိုင်းမျိုးစုံလုပ်ပေးနိုင်တဲ့ဆော့ဝဲလေးဖြစ်ပါတယ်
ကျွန်တော် အစမ်းလုပ်ကြည့်တာ တော်တော်အဆင်ပြေပါတယ် လုပ်ရတာလဲလွယ်ကူပါတယ်
ဒီဇိုင်းတွေလဲအစုံပါပါတယ် အောက်မှာကျွန်တော်စမ်းလုပ်ထားတဲ့ဒီဇိုင်းပုံလေးကြည့်ကြည့်ပါ
အေ့ထက်မိုက်တဲ့ ဒီဇိုင်းတွေအများကြီးထွင်လို့ရပါတယ်နော် ဘလော့ကာညီအကိုတွေအတွက်
တကယ့်ကိုလိုအပ်မယ်ထင်ပါတယ် မသုံးဘူးသေးတဲ့သူများသုံးစမ်းကြည့်ပါ
လုပ်ရတာလဲလွယ်ကူပါတယ် full versionဖြစ်ဖို့ crack ဖိုင်ထည့်ပေးလိုက်ပါတယ်
အားလုံးအဆင်ပြေပါတယ်
လိုအပ်တဲ့သူများအောက်ကလိပ်စာမှာရယူနိုင်ပါပြီ
 
EximiousSoft Banner Maker is a powerful software for ceating banner ads, web buttons, headers and web graphics. It supports layer compose. Raster images or vector shapes are allowed to be added and edited. Many preseted rich gradient style and background images and patterns can be used to fill shape or text objects. What’s more: bevel, shadow is provided to made impressive ads with high 3D effect so easily. It support GIF, JPG and PNG formats.

Features:
• Supports strongly layer compose
• Allow import raster images or vector shapes and rich texts
• Shape objects can filled by rich gradient style, images or patterns
• Each object can be painted with bevel, shadow, texture features, By which it looks with high 3D vision
• Support animated GIF images
• Build an animation with provided effects in one step
• Export web graphics as JPG, GIF, PGN file format, preview the result in web browser directly
• Preset many gradient styles, filled images, textures and patterns
• Has good interface and edit visually and easily
• Frames in the animation can be added or removed or viewed
• Undo or redo anytime

Home Page: www.eximioussoft.com
Download>>>ဘလော့ကာညီအကိုတို့တွက် EximiousSoft Banner Maker 5.23

Download>>>ဘလော့ကာညီအကိုတို့တွက် EximiousSoft Banner Maker 5.23

Download>>>ဘလော့ကာညီအကိုတို့တွက် EximiousSoft Banner Maker 5.23

Jan 5, 2014

နောက်ဆုံးထွက် English Movie ပေါင်းစုံကို Online မှတစ်ဆင့် Subtitle နှင့် Stream ကြည့်နိုင်မယ့် Website များကိုတင်ပေးလိုက်ပါတယ်



1. http://www.tubeplus.me/browse/movies/
2. http://www.movie2k.to/tvshows_featured.php
3. http://movie25.com/

Subtitle နဲ့ပါကြည့်ချင်တဲ့သူများအဖို့ Subtitle များကို အောက်က website မှာ Download ပြုလုပ်နိုင်ပါတယ်။ Download လုပ်ပြီးတာနဲ့ အဲ့ဒီ subtitle file name ကို ကိုယ့်ရဲ့ video file name နဲ့အတူတူ နာမည်ပေးပြီး folder တစ်ခုထဲမှာသာပေါင်းထည့်လိုက်ပါ။ ပြီးတာနဲ့ Video File ကိုစဖွင့်လိုက်တာနဲ့ Subtitle နဲ့ပါတက်လာပါလိမ့်မယ်...။

Subtitle Download Site:
http://subscene.com/

ကျေးဇူးတင်ပါတယ်...

နိုင်ငံခြားဇာတ်လမ်းတွေကို မြန်မာစာတန်း အမြန်ထိုးနည်း

နိုင်ငံခြား ဇာတ်လမ်းတွေကို မြန်မာစာတန်းထိုး လုပ်ဖို့အတွက် နည်းလမ်းတွေ ၃ ၊ ၄ မျိုးလောက်ရှိပါတယ်။ (ကာရာအိုကေ စာတန်းထိုးမဟုတ်ပါ)။ Adobe PhotoShop ထဲမှာ စာတန်းတွေလုပ် ပြီးတော့ အဲဒါတွေကို Adobe Premier ထဲထည့် TimeLine နဲ့လိုက်ညှိ စိတ်ရှည်ရှည်နဲ့လုပ်ရပါတယ်။ အခု ကျွန်တော် ပြောပြမယ့် နည်းလမ်းကတော့ တော်တော်လေးမြန်ပါတယ်။ ဘာသာပြန်ကျွမ်းကျင်တဲ့သူတွေ (သို့) ဘာသာပြန်ပြီးသားဖိုင်တွေသာ ရှိရင် ဟောတခွေ၊ ဟောတခွေ နဲ့ကို လုပ်လို့ရပါတယ်။

 
Type of Subtitle
စာတန်းထိုး လို့ ဆိုရာမှာ Hardsub နဲ့ Softsub ဆိုပြီး ၂ မျိုးရှိပါတယ်။ Hardsub ဆိုတာ ဇာတ်ကား တနည်းအားဖြင့် Video file ထဲမှာ တခါတည်း စာတန်းထိုး တွဲပါတာမျိုးပါ။ Softsub ဆိုတာ Video file က ဘာစာတန်းထိုးမှ မပါ ပါဘူး။ စာတန်းထိုးဖိုင်ကို(srt file) သပ်သပ် ပြန်လုပ်ပြီးတော့ Video file နဲ့ ပြန်ပေါင်းကြည့်တာပါ။ ဥပမာ Iron man 2 ဇာတ်လမ်းဆိုကြပါစို့။ အဲဒါကို English srt နဲ့ ပေါင်းကြည့်ရင် English စာတန်းထိုးဖြစ်သွားရော ၊ Indonesian srt နဲ့ပေါင်းကြည့်ရင် Indonesian စာတန်းထိုးဖြစ်သွားရော ။

How to use softsub?
Softsub တွေကို အလုပ်လုပ်ဖို့အတွက် VobSub လို Software မျိုးတွေသွင်းပြီး Windows Media Player နဲ့ တွဲကြည့်လို့ရသလို ၊ VLC Player ဆိုရင် ဘာမှ ကို သွင်းစရာမလိုပဲ နဲ့ softsub တွေ အလုပ်လုပ်ပါတယ်။ တခု သတိထားရမှာက video file နဲ့ subtitle file တို့က တူညီတဲ့ ဖိုင်နာမည် ရှိရမှာ ဖြစ်ပြီး ၊ တူညီတဲ့ လမ်းကြောင်းအောက်မှာ ရှိရပါမယ်။ ဥပမာ c:\ironman2.avi ဆိုတဲ့ ဇာတ်ကားရှိရင်၊ subtitle ဖိုင်ကို c:\ အောက်မှာ ပဲ c:\ironman2.srt ဆိုပြီးထားရပါမယ်။

Subtitle တွေကို ဘယ်မှာ ရှာရမလဲ??
Subtitle တွေကို ပေးတဲ့ site တွေ တော်တော်များများရှိပါတယ်။ ဒီနေ့လို ဇာတ်လမ်းအသစ်ထွက်ပြီဆိုတာနဲ့ နောက် ၂ ရက်လောက်ဆို english subtitle တွေ ထွက်လာပါပြီ။ ကိုယ့်မှာ ရှိတဲ့ video file နဲ့ timeline ကိုက်ညီတဲ့ subtitle တွေကို ရှာတတ်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ရင် စာတန်းထိုးက စောနေတာမျိုးတို့ ၊ နောက်ကျနေတာမျိုးလို့ ဖြစ်တတ်ပါတယ်။ များသောအားဖြင့်တော့ video file name နဲ့ တူတဲ့ subtitle တွေကိုသာ ရှာတာ အကောင်းဆုံးပါ။ ဥပမာ ironman2_dvdrip_SAINTS.avi ဆိုရင် စာတန်းထိုးကလည်း ironman2_dvdrip_SAINTS.srt အဲဒီလိုပေးကြတာများပါတယ်။
http://subscene.com/
http://www.opensubtitles.org/
http://www.divxsubtitles.net/
http://www.mysubtitles.org/
http://www.allsubs.org/
http://www.tvsubtitles.net/

မြန်မာစာတန်းထိုးပြောင်းကြမယ်
video file လည်းရပြီ ၊ သူနဲ့ ကိုက်တဲ့ english subtitle လည်းရပြီ ဆိုပါစို့။ ဒီအဆင့်ရောက်ရင် မြန်မာလို ပြန်ပြောင်းဖို့က အရမ်းလွယ်သွားပါပြီ။ srt စာတန်းထိုးဖိုင်ကို notepad နဲ့ဖွင့်လိုက်ပါ။ ပြီးတော့ အင်္ဂလိပ်လို ရိုက်ထားတဲ့နေရာတွေမှာ ဘာသာပြန်သမားက မြန်မာလိုပြန်ပြီးရိုက်လိုက်ရုံပါပဲ။ တခု သတိထားရမှာက အပေါ်က timeline တွေကို မပြင်လိုက်ဖို့လိုပါတယ်။ timeline မှားသွားရင်တော့ စာတန်းထိုး စောတာတွေ ၊ နောက်ကျတာတွေ ဖြစ်ကုန်မှာပါ။ နောက်တခု အရေးကြီးတာ ကျန်သေးတယ်။ file ကို save လုပ်တဲ့နေရာမှာ save as နဲ့ လုပ်ပါ။ Encoding မှာ Unicode လို့ ရွေးဖို့လိုအပ်ပါတယ်။ Default က ANSI ပါ။ အဲဒါနဲ့သိမ်းမိရင်တော့ ရိုက်ထားသမျှ စာတွေ အကုန်ပြန်ရိုက်ဖို့သာ ပြင်ပေတော့။

Produce DVD,VCD or Hardsub
မြန်မာလို့ အကုန်ပြန်ပြင်ရိုက်ပြီးပြီဆိုရင်တော့ Xilisoft video converter ultimate 6.x ဒါမှမဟုတ် Power Director စတဲ့ software တွေနဲ့ Video file နဲ့ မြန်မာစာတန်းထိုး srt ဖိုင်ကို ကိုယ့်စိတ်ကြိုက် VCD,DVD ထုတ်လို့ရပါပြီ။

Jan 4, 2014

PictureFrame Wizard (ဓာတ်ပုံတွေကို ဘောင်လှလှ ဒီဇိုင်းလှလှ အလွယ်ပြုလုပ်ပေးမယ့်ဆော့ဝဲလေးပါ)


ဓါတ်ပုံ ၀ါသနာရှင်တွေအတွက် အသုံးဝင်မယ်လို့ ကျနော်ထင်ပါတယ် ။။ ကိုရိုက်ထားတဲ့ ဓါတ်ပုံတွေကို ဘောင်လှလှလေး တွေနဲ့ ခတ်ချင်တဲ့ သူတွေ ဓါတ်ပုံ ကို ထွင်ချင်တဲ့ သူတွေ ပေါ့ဒီ ဆော့ဝဲးလေးက ကူညီပေးနိုင်ပါတယ် ။။
ကြိုက်တယ်ဆိုရင် ဒေါင်နိုင်ပါပြီး ။။။

RAR Extract Password - www.nyanmon.com

Jan 3, 2014

အင်တာနက် Connection ကိုမြှင့်တင်ပေးမဲ့ Fast Speed Internet ( for Android ) လေးပါ

 
အားလုံးပဲမင်္ဂလာပါခင်ဗျာ.
အခု အင်တာနက်ကိုစွဲစွဲမြဲမြဲသုံးတတ်တဲ့မိတ်ဆွေများအတွက်
အသုံးဝင်မဲ့ဆော့ဖ်ဝဲလေးကိုတင်ပေးလိုက်ပါတယ်နော်.
facebook , youtube အစရှိတဲ့ site တွေကိုလဲ speed
မြန်မြန်နဲ့သုံးလို့ရအောင်ကူညီပေးနိုင်တဲ့ ကောင်လေးပါ.
မြန်မာနိုင်ငံအင်တာနက်လိုင်းနဲ့ဆိုရင်တော့ဒီကောင်လေးက
ကူညီပေးပါလိမ့်မယ်နော်. ကဲ.. အောက်မှာဒေါင်းယူနိုင်ပါတယ်..

Jan 2, 2014

ကာရာအိုကေ စာတန်းထိုးနည်းကို Sony Vega Pro 12 နဲ့ ပြုလုပ်နည်း

            ကာရာအိုကေစာတန်းထိုးနည်းကို တော်တော်များများပြုလုပ်ဖို့စိတ်ဝင်စားကြတယ်။ အခုခေတ်အနေအထားနဲ့ဆိုအသက်မွေးဝမ်းကြောင်းအားဖြင့်အသုံးတည့်တယ်လို့လည်းဆိုရမယ်။
အရင်က adobe aftereffect နဲ့ ကရာအိုကေစာတန်းထိုးနည်းပို့စ်တင်ခဲ့ပြီးသားဖြစ်ပါသည်။

            သို့သော်အတော်လက်ဝင်ပါတယ်။ အချိန်လည်းတော်တော်ပေးရတယ်။ ဆိုတော့ အခုတင်ပြ
မယ့် Sony Vega Pro 12 နဲ့ကရာအိုကစာတန်းထိုးနည်းသည် ပိုပြီးတော့အဆင်ပြေပါလိ့မ်မည်။ အချိန်လည်းသိပ်မကုန်လူလည်းသိပ်မပန်းလောက်တော့ဘူး။
          
             ကျနော်အတတ်နိုင်ဆုံး ပုံ screen shot နဲ့တွဲပြီးရေးပြထားပါတယ်။
ဒါကလဲ မိမိမှာedit အပိုင်းအခြေခံလေးတွေရှိထားတယ်ဆိုပိုပြီး အဆင်နိုင်တယ်။ edit အပိုင်းအခြေခံမရှိထားဘူးဆိုလျှင်နည်းနည်းတော့ခက်ခဲမှာအမှန်ပင်။

            သို့သော် လိုချင်မှု အားထုတ်မှုသည်သာပဓာနဖြစ်ပါသည်။ ထပ်ခါတလဲကြိုးစားကြည့်
မည်ဆိုလျှင် ကရာအိုကေစာတန်းထိုးနည်းကို ဒီ Sony Vega Pro 12 နဲ့မခက်ခဲကြောင်းကို သဘောပေါက်လာပါလိမ့်မည်။


Sony Vega Pro 12 နဲ့ ကရာအိုကေစာတန်းထိုးနည်း

၁။ ထုံးစံအတိုင်း Sony Vega Pro 12 ကိုဖွင့်လိုက်ပါ။ (အင်စတောထည့်သွင်းနည်းတွေကို ကျနော့်ဆိုက်မှာတင်ထားပြီး
သားဖြစ်သည်။) ဖွင့်ပြီလျှင် အောက်ပါအတိုင်း Main Screen မြင်ရမှာဖြစ်ပါသည်။

၂။ Menu က File ကိုနှိပ်ပြီး Properties ဆက်ကိုနှိပ်ပါ။ အောက်က ပုံအတိုင်း Template အကွက်တွင် မိမိစိတ်ကြိုက်
ဗွီဒီယိုTemplateကိုရွေးချယ်ပါ။ ကျနော်ကတော့ NTSC DV ကိုပဲရွေးလိုက်တယ်။ ကျန်တဲ့အကွက်တွေကို ခဏထားပြီးOK ကိုသာနှိပ်လိုက်ပါ။

၃။ Menu က View ကိုနှိပ်ပြီး Project Media ကိုနှိပ်ယူထားလိုက်ပါ။ (Main Screen ပေါ်က Project Media ကိုနှိပ်ယူထားလည်းအတူတူပင်)
 
၎။ Menu က File ကိုနှိပ်ပြီး import > Media နှိပ်ပါ ။ ထိုက်နောက် မိမိတည်းဖြတ်မည့်ဗွီဒီယိုဖိုင်၊ သီချင်းတွေကိုရွေးချယ်ပြီး Open ကိုနှိပ်ပါ။
 
၅။ Project Media တွင်ရောက်ရှိနေသောဗွီဒီယိုဖိုင်များအနက် မိမိတည်းဖြတ်မည့်ဗွီဒီိယိုဖိုင်ကို မောက်စ်နဲ့ဖိပြီး TmieLine သို့ Draft စွဲထည့်လိုက်ပါ။

၆။ TmieLine မှာရှိတဲ့ဗွီဒီယိုဖိုင်ကို ဗွီဒီယိုနဲ့ အသံနှစ်လိုင်းတွေ့ရမှာဖြစ်ပါသည်။ Audio မှာ Stereo ရွေးချယ်ထားရင်
အသံက နှစ်လိုင်းတွေ့ရမယ်။ Audio မှာ Single 1 လို့ရွေးထားရင် အသံတစ်လိုင်းပဲတွေ့ရမယ်။ အဲဒါတော့သတိထား
နိုင်ဖို့ပါ။ အဲဒီဗွီဒီယိုနဲ့အသံဖိုင်ကို ခွဲထုတ်စေချင်လျှင် ၎င်းအသံဖိုင်နှစ်ခုစလုံးကို select ပေးပါ။ ပြီးတော့ အသံဖိုင်တည့်
တည့်ကို Right Click ထောက်ပြီး Group > Clear {Ctrl + U} ကိုနှိပ်။ ထိုနောက် ကီးဘုတ်ပေါ်က Delete ကိုနှိပ်လိုက်ရင် အသံဖိုင်နှစ်ခုစလုံးပျက်သွားပါလိမ့်မယ်။
 
၇။ ဒီအဆင့်မှာ မိမိကရာအိုကေတည်းဖြတ်မည့် သီချင်းအသံဖိုင်ကို ခုဏကဖျက်လိုက်တဲ့အသံဖိုင်နေရာမှာစွဲထည့်လိုက်ပါ။
မလိုအပ်တဲ့အသံဖိုင်အပိုင်းတွေကိုဖြတ်ချင်တယ်ဆိုလျှင် ဖြတ်ထုတ်ချင်တဲ့အပိုင်းတွေကိုရွေးပါ။ ပြီးတော့ ကီးဘုတ်ပေါ်က S ကိုနှိပ် ထိုနောက် ကီးဘုတ်ပေါ်က Delete ကိုနှိပ်လိုက်ရင် မိမိဖျက်ချင်တဲ့ဖိုင်တွေပျက်သွားပါလိ့မ့်မယ်။

 ၈။ ကရာအိုကေစာတန်းတည်းဖြတ်ဖို့အတွက် လက်ရှိဗွီဒီယို track မှာ Right Click ထောက်ပြီး Insert Video Track ကို
နှိပ်ပါ။ ( Video Track နှစ်ခုထပ်ယူပါ )

၉။ ထိုနောက် စာသားများရယူဖို့အတွက် Menu က View > Media Generators ကိုနှိပ်။

၁၀။ အောက်ပါပုံအတိုင်း Media Generators ဘောက်စ်ပေါ်လာမည်။ ထိုတွင် Title & Text ကိုရွေးပြီး Simple Text(Default) ကိုမောက်စ်နဲ့ဖိ ဒရက်ဖ်တ်စွဲပြီး ခုဏအသစ်ယူထားတဲ့ Video Track နှစ်ခုတည်းက အောက်ကအကွက်တွင်စွဲထည့်လိုက်ပါ။ ၎င်းစာသားကိုလည်း မိမိတည်းဖြတ်မည့်သီချင်းစာသားနဲ့ချိန်းပြီးရိုက်ထည့်ပါ။ ဖေါင့်အရွယ်အစားကိုလည်း
၂၅ လောက်ထားပါ။ ဒီနေရာမှာ ကျနော်ကတော့ ကိုညီမင်းခိုင်ရဲ့( နွယ်နီ ) သီချင်းစာသားက
"ငယ်ရွယ်စဉ်ဆုံလာခဲ့ကြ" ဆိုတဲ့သီချင်းနဲ့ စာသားကိုနမူနာအ
ဖြစ်တင်ပြသွားမယ်။

၁၁။ ဒီအဆင့်မှာ စာသားတွေကိုစတင်တည်းဖြတ်နိုင်ဖို့အတွက် Timeline အောက်က Play Bottom ကို ကလစ်နှိပ်ပြီး
သီချင်းကိုနားထောင်ကြည့်ပါ။ "ငယ်ရွယ်စဉ်ဆုံလာခဲ့ကြ" ဆိုတဲ့ သီချင်းကိုကြားရမှာဖြစ်ပါတယ်။ ၎င်းသီချင်းနဲ့
စားသားတို့ကို နားထောင်ပြီး "ငယ်" ဆိုတဲ့အစကကိုကြားတာနဲ့ သီချင်းကိုရပ်ပြီး Time Indicator အတိုင်ကလေးကို
၎င်း"ငယ်"တည့်တည့်မှာထားပါ။ အပေါ်ကရိုက်ထားတဲ့စာသားဖိုင်ကို မောက်စ်နဲ့ဖိစွဲပြီး "ငယ်" သီချင်းအစတည့်တည့်မှာ
ထားပါ။ ပြီးတော့ပြန်ပြီး Play လုပ်ပါ။" ကြ" ကိုကြားတာနဲ့ သီချင်းကိုရပ်ထားပါ။ ခုဏကစာသားဖိုင်ကို ရှည်လျှင်" ကြ"
အထိမောက်စ်နဲ့ပြန်စွဲယူပါ။ စာဖိုင်တိုလျှင်လည်း" ကြ"အထိပြန်စွဲဆန့်ပါ။ (အာက်ကပုံမှာပါတဲ့ Time Indicator အတိုင်ကလေးကိုဂရုတစိုက် လုပ်ဆောင်ရမည်ဖြစ်သည်။ )

၁၂။ အထက်ပါစာသားဖိုင်ကို စိတ်ကြိုက်ပြင်ဆင်ပြီးလျှင် ၎င်းကိုကော်ပီပွားယူဖို့ စာသားဖိုင်တည့်တည့်ကို Right ClickCopy ပြီးလျှင် Time Indicator ကို ၎င်းစာသားဖိုင်အစတည့်တည့်မှာထားပြီး အပေါ် Video Track မှာ Right Click Paste ကိုနှိပ်ပါ။ အောက်ပါပုံများအတိုင်းအဆင့်ဆင့်ကြည့်ပြီးလိုက်လုပ်ပါ။


၁၃။ ဒီအဆင့်မှာ စာသားဖိုင်နှစ်ခုရှိတဲ့အနက် အပေါ်ထရက်က စာသားဖိုင်ကို ကာလာအရောင်ထားရမှာဖြစ်ပါတယ်။ ဆိုတော့ စာသားဖိုင်မှာပါတဲ့ generated media ဆိုတာကိုနှိပ်ပြီး Colour အကွက်တွင် အနီရောင် သို့မဟုတ် စိတ်ကြိုက်အ ရောင်ကိုရွေးပါ။

၁၄။ ဒီအဆင့်မှာ အရောင်ချယ်ထားတဲ့စာသားဖိုင်ကို အရောင်ပြေးအောင်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Timeline တွင် ခုဏ
က အရောင်ချယ်ထားသောစာဖိုင်ထဲမှာ Event FX ကိုနှိပ်ပြီး ထိုနောက်ပေါ်လာသောဘောက်စ်တွင် Sony Cookie Cutter
ကိုနှိပ်ပြီး OK ပေးပါ။


၁၅။ Timeline က Time Indicator ကို စာသားဖိုင်ရဲ့အဆုံးနားလေးမှာထားပါ။ ထိုနောက် Sony Cookie Cutter ဘောက်စ် ပေါ်လာတဲ့အခါshape အကွက်တွင် square ကိုရွေးပြီး အောက်က Size ၏အဆုံးအကွက်ကလေးကိုတစ်ချက်နှိပ်ပါ။

၁၆။ တစ်ဆက်တည်းမှာပဲ Sony Cookie Cutter ဘောက်စ်၏ ညာဖက် scroll bar ကို အောက်ဖက်နည်းနည်းစွဲချပြီး
Size ကိုတွေ့လျှင် ၎င်း၏အတုံးကလေးကို မောက်စ်နဲ့ Time Indicator ဖက်သို့စွဲတင်ပါ။ နောက်ပြီး Display screen
စာသားကိုသတိထားကြည့်ပြီး အရောင်ကို မိမိလိုချင်တဲ့စသားေ၇ာက်သည့်အထိစွဲတင်ပါ။ သီချင်းကိုပြန်နားထောင်ကြည့်ပါ။ အရောင်ကရှေ့ပြေးပြီး သီချင်းကနောက်ကျနေလျှင် ၎င်းသီချင်းတည့်တည့်မှာ Time Indicator ကိုရပ်ထားပြီး ခုဏ
Size ကအတုံးကို အနောက်ဖက်ပြန်စွဲပါ။ အလားတူ သီချင်းကအရင်သွားပြီး အရောင်ပြေးတာနောက်ကျနေလျှင် အရင်သွားတဲ့သီချင်းတည့်တည့်မှာ Time Indicator ကိုရပ်ပြီး Size ကအတုံးကလေးကို Time Indicator ရပ်ထားတဲ့နေရာ
အထိစွဲတင်ပါ။ ဒါဆိုအရောင်ပြေးတာ သီချင်းနဲ့ကိုက်ညီသွားပါလိမ့်မည်။

၁၇။ အားလုံးပြီးလျှင် Render လုပ်ဖို့အတွက်နည်းနည်းပြင်ရအုန်းမယ်။ အောက်ပါပုံအတိုင်း Project Video Properties ကိုနှိပ်ပါ။ ဘောက်စ်ပေါ်လာလျှင် Template အကွက်တွင် NTSC DV ကိုရွေးပါ။ Field Folder အကွက်တွင် None Progressive scan ကိုရွေးပါ။ Full Resolution Rendering အကွက်တွင် Best ကိုရွေးပြီး OK

၁၈။ ပြီးတော့ Timeline တွင်လည်း Loop Reign ကို မိမိ ပရောဂျက်ဖိုင်ရဲ့ အစ၊ အဆုံးပေးထားပါ။

 ၁၉။ ဒါတော့ ဗွီဒီယိုဖိုင်ဖြစ်လာဖို့ နောက်ဆုံး Render လုပ်ရမည့်အဆင့်ပါ။ File> Render As ကိုနှိပ်ပါ။

Render As ပေါ်လာလျှင် Name ကို နာမည်ပေးပါ။ Output Format တွင် မိမိစိတ်ကြိုက်ရွေးပါ။ ကျနော်အနေနဲ့ NTSC DV ကိုရွေးပါ။ ထိုနောက် Customize Template ကိုရွေးပြီး Template တွင် NTSC DV ကိုရွေးပါ။ အောက် ခြေက Project ကိုရွေးပြီး video rendering quality တွင် best ကိုရွေးပါ။ OK ကိုနှိပ်လိုက်တာနဲ့ Render လုပ် နေတာတွေ့ရမှာဖြစ်ပါတယ်။ ဗွီဒီယိုအချိန်ကြာတာကိုမူတည်ပြီး Render လုပ်သွားမှာဖြစ်ပါသည်။
 
ပြီးပါပြီ
အားလုံးကျေးဇူးတင်လျှက်ပါ......
                                 လှသိန်း

ဖုန်း Service သမားများအတွက် Android World MultiTool လေးပါ

     
          Androids ဖုန်းအမျိုးအစားတွေတောတောများများအတွက်အသုံးဝင်မယ်လို့တော့ထင်ပါတယ်။
တစ်ကယ်ပဲလန်းတာဗျာ..ကျနော်တော့စမ်းပြီးကလိကြည့်နေတယ်
ဖုန်း Service လုပ်နေတဲ့သူငယ်ချင်းများရှိရင် စမ်းပြီးသုံးကြည့်နိုင်ပါတယ်။
မရှိသေးတဲ့ သူငယ်ချင်းများနဲ့ လိုချင်တဲ့သူငယ်ချင်းများရှိရင် အောက်မှာဒေါင်းဖို့လင့် ပေးထားပါတယ်။
အဆင်မပြေရင်ပြောခဲ့ပါနော်။

                                                     Download
                                                                                   
Related Posts Plugin for WordPress, Blogger...

နည်းပညာတွေကိုမျှဝေခံစားချင်ရင်Member ၀င်ခဲ့ပါ

မိတ်ဆွေတိုရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာများနဲ့ပတ်သတ်ပြီး website တွင် ကြော်ငှာများထည့်ချင်ပါက cbox မှာ မိတ်ဆွေတိုရဲ့ email လိပ်စာထည့်ပြီး ကြော်ငှာထည့်ချင်တဲ့အကြောင်းကိုရေးထားခဲ့ပါ....

Popular Posts

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည့်နည်းလမ်းလေးပါ...... မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ