#>
မိတ်ဆွေတို့လာရောက်တဲ့အတွက်အထူးကျေးဇူးတင်လျှက်ပါ

လိုအပ်တာရှာပါ

Sep 24, 2013

ကာလာစုံ ၊ ဒီဇိုင်းစုံ Frozen Keyboard apk For Android တခုပါ



အကိုတစ်ယောက်က Frozen Keyboard ဘာအရောင်တွေရှိသေးလဲဆိုတာနဲ့ 
ကျွန်တော့်မှာ ရှိသမျှ Frozen တွေအကုန်တင်ပေးလိုက်ပါတယ်။ကဲ........
Color စုံ၊ဒီဇိုင်း စုံ Frozen Keyboard တွေ ကိုယ့်စိတ်ကြိုက် အောက်ကလိပ်စာမှာ ရယူနိုင်ပါတယ်။အဆင်ပြေပါစေ။

Download

Deep Blue Frozen Keyboard
Copy Link  <OR> Zippyshare

Sep 23, 2013

CloneDVD 7 Ultimate 7.0.0.10 For Pc (50MB) လေးပါ

CloneDVD 7 Ultimate အပ်ဒိတ်လေးတွေလို့ပြန်မျှဝေပေးလိုက်ပါတယ်
CloneDVDဆိုရင်တော်တော်များမျာရင်းနှီးပြီးသားပါ...လုပ်ဆောင်ချက်တွေ
ကလည်းတော်တော်စုံလို့လူကြိုက်များတဲ့ဆော့ဝဲလ်လဲဖြစ်ပါတယ်
သူ့ရဲ့လုပ်ဆောင်ချက်ကိုသိသလောက်ပြောရမယ်ဆိုရင်တော့
 DVD အခွေထဲကကိုယ်ကြိုက်တဲ့ သီချင်းတွေ ဗီဒီယိုတွေကိုမိမိတို့စက်ထဲ
ကော်ဖီကူးပေးနိုင်တယ်။ ခွေကူးလို့လည်းရတယ်။ DVD အခွေထဲက ကိုယ်ကြိုက်တဲ့ 
ဇာတ်ကားတွေကို ရွှေးပြီး ဖုန်းအတွက် ဖိုင်အမျိုးမျိုးပြောင်းလဲနိုင်
တယ် . ... မြန်မာစာတန်းထိုး ဇတ်ကားတွေကလည်း အဆင်ပြေပါတယ် အချို့ဆောစ့်ဝဲလ်တွေဆို အဆင်မပြေပါဘူး  ....
ဒါ့အပြင်မိမိတို့စက်ထဲမှာရှိတဲ့ဗီဒီယိုတွေကိုMB နည်းနည်းနဲ့ရုပ်ထွက်
ကောင်းအောင် format မျိုးစုံပြောင်းလဲနိုင်တယ် ။ slideshow လည်းလုပ်နိုင်ပါတယ်
ပြီးတော့ youtube ကဗီဒီယိုတွေကိုလည်းdownload လုပ်နိုင်ပါတယ်
 လုပ်ဆောင်ချက်တွေတော်တော်စုံလို့ဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေးပါဘဲဗျာ
အမလေးမောသွားပြီဗျ သိတာတော့ကုန်ပြီ ဒီထက်သိချင်သေးရင်
http://www.clonedvd.net/ ဒီမှာဝင်လေ့လာပြီး အသုံးပြုမယ်ဆိုရင်
အောက်ကလိပ်စာမှာရယူနိုင်ပါတယ်ခင်ဗျာ
လိုင်စင်အတွက်က crack ဖိုင်ကိုအသုံးပြုရပါမယ်
Download>>>mirrorcreator(or)zippyshare

iOS 7 နှင့် အဆင်ပြေစွာ နေထိုင်နည်း


iOS 7 ကို Jailbreak လုပ်လို့မရသေးတဲ့ အတွက် အဓိက အနေနဲ့ မြန်မာစာကို ရေးလို့ ဖတ်လို့ မရသေးတဲ့ အခက်အခဲ ရှိနေပါတယ်။ ဒါ့အပြင် သုံးနေကျ cracked App တွေကိုလည်း စွန့်လွှတ်လိုက်ကြရတဲ့ အတွက် Jailbreaker တော်တော်များများက iOS 7 ကို သုံးချင်ကြသော်လည်း update လုပ်ဖို့ကို ဝေခွဲမရ ဖြစ်နေတတ်ပါတယ်။

ဒါပေမယ့် ဒါဟာ အရမ်းကြီး ဒွိဟဖြစ်ရမယ့် ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး Jailbreak မရသေးခင် အထိ iOS 7 ကို App အချို့နဲ့ အကောင်းဆုံး အသုံးပြုနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။

ပထမဦးစွာ မြန်မာစာ အတွက်ဆိုရင်တော့ "Mogok Browser" "iMyanmar Pad" "Myanmar Browser Lite" "LikeBook" "MM News" "Sar" တို့ကို အသုံးပြုနိုင်ပါတယ်။

"Mogok" ကတော့ Free ရရှိနိုင်ပြီး စာရေးနိုင် ဖတ်နိုင်ပါတယ် Pro version ဆိုရင်တော့ ကြေငြာ banner တွေ အနှောက်ယှက်က ကင်းပါလိမ့်မယ်။ ဒါပေမယ့် "Mogok" မှာ မြန်မာစာရေးနေရင်းနဲ့ App က ပိတ်သွားတဲ့ ပြဿနာ ရှိနေပါတယ်။ သိပ်တော့ အဆင်မပြေလှပါ။

"iMyanmar Pad" နှင့် "Myanmar Browser Lite" ကတော့ မြန်မာစာ ဖတ်ရုံသာ ဖတ်နိုင်ပါလိမ့်မယ် Free version ဖြစ်ပါတယ်။

"MM News" မှာတော့ Hot ဖြစ်တဲ့ website, blog တွေကို RSS feed အနေနှင့် စုစည်းပေးထားပြီး မြန်မာလို ကောင်းစွာ ဖတ်ရှုနိုင်ပါတယ်။ (ကျွန်တော်ရဲ့ Blog ကိုလည်း အဲဒီထဲမှာ ဖတ်ရှုနိုင်ပါလိမ့်မယ်)။

"LikeBook" ကတော့ Facebook ကို မြန်မာလိုသုံးပြီး ရေးနိုင်ဖတ်နိုင်ဖို့ အထူးပြုလုပ်ထားတာ ဖြစ်ပြီး $2.99 နဲ့ Paid App ဖြစ်ပါတယ်။ "Mogok" App ရေးတဲ့ Mobidom က ထုတ်ထားတာဖြစ်ပြီး Facebook မှာ Post, comment တွေ ရေးရာမှာ "Mogok" ထက် ပိုမိုအဆင်ပြေတာကို တွေ့ရပါတယ်။ လောလောဆယ်တော့ ကျွန်တော် အကြိုက်တွေ့နေပါတယ်။
သို့သော်လည်း Myanmar keyboard မှာ "Enter" နှိပ်တဲ့ အခါမှာတော့ App ပိတ်သွားတတ်ပါတယ်။ ဒီတော့ Enter နှိပ်စရာရှိရင် English keyboard ပြောင်းသုံးရင်တော့ အဆင်ပြေပါတယ်။ အခြား ပြဿနာတော့ မတွေ့ရသေးပါဘူး။

"Sar" App ကတော့ မြန်မာလို note တွေ ရေးတဲ့ သူတွေအတွက် အလွန်အဆင်ပြေတဲ့ App တစ်ခု ဖြစ်ပြီး ကျွန်တော် ကိုယ်တိုင် အလုပ်ထဲမှာ လမ်းမှာ Blog အတွက် ရေးစရာရှိရင် အမြဲသုံးရတဲ့ App တစ်ခုပါ။
Device, iCloud နှစ်မျိုးလုံးမှာ Save လုပ်နိုင်ပြီး Share, Air print feature တို့ပါဝင်ပါတယ်။ $1.99 နဲ့ရောင်းချတဲ့ "Paid App" ဖြစ်ပါတယ်။

အခြား ကျွန်တော် နှစ်သက်တဲ့ Myanmar App တွေကတော့

အဘိဓါန် အနေနဲ့ iAbidan, Ornagai, ShweYoe
Online Radio အနေနဲ့ 7OnlineRadio, SNC Online Radio (CityFM), MYMC Radio, Dhamma Radio
စာစောင် အနေနဲ့ voice Weekly, HotNews Journal, 7Day News Journal တို့ ဖြစ်ပါတယ်။

ဒါတွေကတော့ မြန်မာစာ ကိစ္စကို ယာယီဖြေရှင်းပေးနိုင်မယ့် App တွေပဲ ဖြစ်ပါတယ်။

********************************

Cracked App တွေကို သွင်းမရတော့လို့ စိတ်ညစ်သွားတဲ့ မိတ်ဆွေများကို လုံးဝ စိတ်မညစ်ဖို့ ပြောပါရစေ.. Jailbreak မလုပ်ထားတဲ့ iDevice တွေမှာ Cracked App တွေကို ဆက်ပြီးသုံးလို့ ရအောင် ဒီလို လုပ်လို့ရပါသေးတယ်..

ပထမ လုပ်ငန်းစဉ်

**Downloads**
>> iFile
>> Tongbu for iPhone
>> Tongbu for iPad


အဆင့် ၁)
ပထမဦးစွာ "iFile" ကို PC မှာ install လုပ်ပြီး Run ပါ။

အဆင့် ၂)
iDevice ကို PC နှင့် ချိပ်ဆက်ပါ၊ iTunes တက်လာပါက ပိတ်ပစ်ပါ။

အဆင့် ၃)
iFunBox ၏ "iFunBox Classic" tab သို့သွားပါ။ အောက်ပါပုံအတိုင်း တွေ့ရပါမည်။



ထို့နောက် "Install App" button ကို နှိပ်ပြီး အထက်တွင် download လုပ်ခဲ့သော "Tongbu" file ကို ရွေးပေးလိုက်ပါ။

အဆင့် ၄)
Install လုပ်ပြီးပါက သင်၏ iDevice တွင် "Tongbu" icon လေးကို တွေ့ရပါမည်။ Update လုပ်ခိုင်းပါက update လုပ်ပါ။



အဆင့် ၅)
"Tongbu" App တွင် မိမိလိုချင်သော App ကို "Search" မှာ ရိုက်၍ ရှာယူနိုင်ပြီး "Manage" တွင် Download status တို့ကို တွေ့မြင်နိုင်ပါမည်။

အဆင့် ၆)
Download လုပ်ပြီးသား App ကို Install လုပ်ပြီးသော အခါ App ကို ဖွင့်လိုက်တဲ့ အချိန်မှာ Apple ID နှင့် password ကို တောင်းပါလိမ့်မည်။


App ကို ပြန်ပိတ်လိုက်ပြီး (ဒုတိယ လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ပါ)

***************************

ဒုတိယ လုပ်ငန်းစဉ်

**Download**
>> iClover for (Windows / Mac)

အဆင့် ၁)
"iClover" ကို PC မှာ Install လုပ်ပြီး။ Run ပါ။

အဆင့် ၂)
iDevice ကို PC နှင့် ချိပ်ဆက်ပါ။ အောက်ပါပုံအတိုင်း တွေ့ရပါမည်။


အဆင့် ၃)
"Genuine App" button ကို နှိပ်ပါ။ အောက်ပါပုံအတိုင်း "Start" ကို နှိပ်ပါ။


အဆင့် ၄)
"Complete" နှိပ်ပါ။ App Genuine လုပ်ခြင်း အောင်မြင်စွာ ပြီးဆုံးပါပြီ။


ခုနက Apple ID တောင်းနေသော App ကို ပြန်ဖွင့်ပါ။ ဘာမှ မလိုတော့ပဲ App ကို အသုံးပြုနိုင်ပါပြီ..

ယခုလို App Genuine ဖြစ်သွားပြီဆိုရင်တော့ နောက်ထပ် မည်သည့် App ကို မဆို Install လုပ်ပြီးတာနှင့် တိုက်ရိုက်ချောမွေ့စွာ အသုံးပြုနိုင်သွားပါပြီ..

အခုဆိုရင် iOS 7 မှာ Jailbreak မရသေးသော်လည်း အတိုင်းအတာ တစ်ခုအထိတော့ အဆင်ပြေပြေ iDevice ကို သုံးနိုင်သွားပါပြီ။

Huawei Y320-U01 အတွက်မြန်မာစာဖောင့်

Y320-U01 ကို မြန်မာဖောင့်ထည့်တာ တိုင်ပတ်နေလို့ လိုက်ရှာရင်း ဒီပို့စ်ကို mm-mpxteam.net မှာ eaitmatsoe ရေးထားတတွေ့လို့ မူရင်းအတိုင်း ပြန်လည် မျှဝေလိုက်ပါတယ်..
------
Huawei Y320-U01 အတွက်မြန်မာစာဖောင့်ထည့်ပုံထည့်နည်းလေးပါ။ကျနော်အခုမှ့စမ်းပြီးထည့်ကြည့်ထားတာပါ အဆင်ပြေပါတယ်။ကျနော်က အခုမှ့စပြီး Post တင်တာဆိုတော့လိုအပ်တာတွေရှိရင်လဲခွင့်လွှတ်
ပေးကျပါခင်ဗျာ။
အခုဝင်လာခဲ့တယ် Huawei Y320တွေမှာ T/U/C ဆိုပြီးရှိကျတယ်။အဲ့အထဲမှာမှ T ကမြန်မာကီးဘုတ်ထည့်သုံးရင်အဆင်ပြေပါတယ်။ဒါပေမဲ့ Uကတော့ အဆင်မပြေဘူးဗျ။ကျနော်လဲစမ်းရင်းနဲ့မှ့သွားတွေ့တာ။
သူက ကျနော်ပုံမှာပြထားတဲ့အတိုင်း Geometric Shapes မှာ ၀လုံးတွေနဲ့ဖမ်းထားတော့ကျနော်တဲ့အခါ ၀လုံးတွေနဲ့အဆင်မပြေဖြစ်လာတာပဲ။

 
အဲ့ဒီတော့ကျနော်တို့မြန်မာစာကိုဘယ်လိုချိန်းချိန်းအဆင်ပြေမှာမဟုတ်ဘူးလေ။ကျနော်တို့က Default Font တွေကိုပဲချိန်းနေတာကို။အခုကျနော်လုပ်တဲ့နည်းက DroidSansFallback ကိုမချိန်းပဲနဲ့ DroidSansThai ကိုချိန်လိုက်တာပါ။လိုအပ်တဲ့ ဆောဖ်ဝဲလ်တွေကိုတော့အောက်မှာဒေါင်းလိုက်ပါ။လိုအပ်တာတွေက Fontschanger နဲ့ Busybox တွေပါပဲ။
http://www.mediafire.com/download/g9ipqv8wznbod6v/busybox.apk              Busybox အတွက်ပါ။
http://www.mediafire.com/?h1n5fmdmv8abym1                                           Fonts Changer နောက်ဆုံးထွက်ပါ။မြန်မာဖောင့် Changer မဟုတ်ပါ။
ပြီးရင် မိမိဖုန်းကို Vroot နဲ့ Root လုပ်လိုက်ပါ။ထို့နောက် ပေါ်ကဒေါင်းထားတဲ့ဖိုင်တွေကိုသွင်းလိုက်ပါ။
ပြီးရင် မိမိဖုန်းမှာသွင်းထားတဲ့ busybox ကိုဖွင့်လိုက်ပါ။ပြီးရင် install လုပ်ပေးပါ။
လုပ်ပြီးပါက Busybox မှ့ထွက်ပြီး FontsChanger ကိုဖွင့်လိုက်ပါ။ Refresh ပြီးတဲ့အထိစောင့်ပေးပါ။ထို့နောက် FontsChanger မှ့ထွက်ပြီးဖုန်းကိုကွန်ပြူတာနဲ့ချိတ်လိုက်ပါ။တကယ်လိုမိမိစက်မှာ Root Explorer
ရှိပါက Sdcard ထဲမှာသွားပြီး .fontschanger ဆိုတဲ့ Folder လေးထဲသွားပါ။ထိုအထဲသို့ Zawgyi သို့မဟုတ် Sanpya မိမိကြိုက်နှစ်သက်ရာဖောင့်ကို Copy လုပ်ပြီးထည့်လိုက်ပါ။တကယ်လို့ မိမိဖုန်းမှာ Root Explorer မရှိပါက ကွန်ပြူတာနဲ့ချိတ်ပြီးထည့်လိုက်ပါ။ပြီးရင်ဖုန်းထဲက Fontschanger လေးကိုပြန်ဖွင့်လိုက်ပါ။ ထို့နောက် Menu key ကိုနှိပ်ပြီး Advance ကိုရွေးပေးပါ။
ထို့နောက် DroidSansThai.ttf ကိုရှာပြီး ဖိထားလိုက်ပြီးSet ကိုရွေးလိုက်ပါ။ထို့နောက်ပေါ်လာသည့်အထဲမှ့မိမိထည့်ထားသောဖောင့်ကိုရွေးပေးပါ။
ကျနော်ကတော့ Sanpya သုံးထားတဲ့အတွက် Sanpya ကိုရွေးပေးပါမည်။
ထို့နောက် apply ကိုနှိပ်လိုက်ပါ။ ပြီးလျှင် Reboot Now ကိုထပ်ရွေးပေးပါ။ထို့နောက်ဖုန်းပြန်တက်လာပါက Forzenkeyboard နဲ့ပဲဖြစ်ဖြစ်အဆင်ပြေတဲ့မြန်မာကီးဘုတ်ထည့်သုံးလို့ရပါပြီ။
အော်မေ့တော့မလို့ဗျ Myanmar Fonts လိုချင်တဲ့သူများအောက်မှာဒေါင်းနိုင်ပါတယ်။
http://www.mediafire.com/?bshoq4pv8b5gml6

မြန်မာကီးဘုတ်နဲ့ Font တွေကို အောက်ကလင့်မှာလည်း ရယူနိုင်ပါတယ်..
http://goo.gl/4rJLkk


အဆင်ပြေပါစေ..   
                                လှသိန်း

Sep 22, 2013

Blog တစ်ခု တည်ဆောက်ခြင်းအကြောင်း


ဒီခေတ်မှာ Internet ကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အသုံးချကြပါတယ်.. တစ်ချို့ကျတော့လည်း ရည်ရွယ်ချက်မရှိဘဲ Internet မှာ အချိန်တွေနဲ့ ပိုက်ဆံတွေကို အလကား ဖြုန်းတီးပစ်နေတာကို နှမြောစရာ ကောင်းလောက်အောင် ဖြုန်းတီးပစ်နေတာ တွေ့ရပါတယ်.. မိတ်ဆွေများထဲက Internet ကို အကျိုးရှိရှိ အသုံးချဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် အသုံးပြုရကျိုး နပ်ပါလိမ့်မယ်.. Internet ဆိုတာ ဗဟုသုဟင်းလေးအိုးကြီးပါ.. အဲဒီထဲကမှ မကောင်းတဲ့ ဗဟုတ၊ ကောင်းတဲ့ ဗဟုသုတ ကွဲပြားတာနောက်ကိုလိုက်ရင်း သုံးပြုသူဟာလည်း ကောင်းသူ၊ ဆိုးသူ ဖြစ်လာတာပါပဲ.. ကျွန်တော့်ဆီကို လာရောက်မိတ်ဆက်သူတွေထဲမှာ အင်တာနက်ကို စတင်သုံးစွဲရင်း ကိုယ်မှတ်ထားတာလေးတွေကို Blog တစ်ခုလုပ်ပြီး မှတ်တမ်းတင်ဖို့ ရည်ရွယ်ချက် ရှိသူတွေ တော်တော်များပါတယ်.. ပြီးတော့ Blog သင်ခန်းစာတွေ တင်ပေးဖို့ တောင်းဆိုလာတဲ့သူ အများကြီးဖြစ်လာလို့ ဒီသင်ခန်းစာကို ကျွန်တော် ဒီနေ့ စတင်ပြီး မျှဝေမှာဖြစ်ပါတယ်.. ကျွန်တော် လေ့လာမိသမျထဲက မှတ်မိသမျ၊ မှတ်သားထားသမျကို မျှဝေမှာဖြစ်တဲ့အတွက် ပြီးပြည့်စုံမှာတော့ မဟုတ်ပါဘူး.. ဒါပေမယ့် အခြေခံသဘောတရားကနေ ခု ကျွန်တော့်လို ဘလော့လေး တစ်ခုဖြစ်လာဖို့အတွက်တော့ အစကနေ အဆုံးထိ ရေးသားသွားမှာဖြစ်ပါတယ်.. လိုအပ်ချက်တွေရှိခဲ့ရင် Comment မှာ အပြုသဘောဆောင်တဲ့ မှတ်ချက်၊ ဖြည့်စွက်ချက်၊ လိုအပ်ချက်တွေကို ရေးသားပေးစေချင်ပါတယ်..

Domain Name and Hosting
Blog အကြောင်း မပြောခင်.. Domain Name နဲ့ Hosting အကြောင်း ပြောချင်ပါတယ်.. အွန်လိုင်းမှာ ကျွန်တော်တို့ နေ့စဉ် မြင်တွေ့၊ ဖတ်ရှုနေရတဲ့ စာမျက်နှာတွေ၊ ဖိုင်တွေဟာ Server လို့ခေါ်တဲ့ သိုလှောင်ရေး ပစ္စည်းတစ်ခုမှာ ထည့်ထားတာဖြစ်ပါတယ်.. ဒါကို စနစ်တကျ ဝင်ရောက်ကြည့်ရှုဖို့ လိပ်စာလိုပါတယ်.. အဲဒီလိပ်စာဟာ Domain Name ဖြစ်ပြီး ဖိုင်တွေထည့်ထားတဲ့ နေရာကတော့ Hosting ဖြစ်ပါတယ်..
Domain မှာ Custom Domain နဲ့ Free Domain ဆိုပြီးနှစ်မျိုးရှိပါတယ်..
Custom Domain ကိုသီးခြားဝယ်ယူရပြီး Hosting ကိုလည်း သီးခြားဝယ်ယူရပါတယ်.. Hosting မှာ တင်သမျှ ဖိုင်တွေကို ဝင်ကြည့်ဖို့အတွက် လိပ်စာကို ကျွန်တော်တို့ ဝယ်ထားတဲ့ Custom Domain နဲ့ချိတ်ဆက်လိုက်တဲ့အခါ Blog ဒါမှမဟုတ် Website တစ်ခု ဖြစ်လာပါတယ်.. ဒီလို Custom Domain and Paid Hosting တွေကတော့ ကိုယ့် Page, Code, Design တွေကို စိတ်ကြိုက်ပြင်ဆင်ခွင့်ရပါတယ်.. သိုလှောင်မှုပမာဏ ( Storage ) နဲ့ ကြည့်ရှုနှုန်းကန့်သတ်ချက် ( Bandwidth ) ကို စိတ်ကြိုက်ဝယ်ယူခွင့်ရတဲ့အတွက် ပမာဏကြီးတဲ့ website, ပမာဏ သေးတဲ့ website ရယ်လို့ ကွဲပြားပါတယ်.. တစ်ချို့ဆိုဒ်တွေကို ဝင်ကြည့်တဲ့အခါ၊ သို့မဟုတ်. ဖိုင်တွေကို Download လုပ်တဲ့အခါ Out of Bandwidth, Temporary Disable because out of Bandwidth ဆိုပြီးတွေ့ရတာဟာ ကြည့်ရှုနှုန်း ကန့်သတ်ချက် နည်းနည်းနဲ့ ဝယ်ထားတဲ့ Hosting ကြောင့်ဖြစ်ပါတယ်..

Free Domain and Hosting
Free Domain and Hosting တွေကတော့ Domain Name ကို ကိုယ်လိုချင်သလို ရမှာမဟုတ်ပါဘူး.. ဆိုလိုတာက Custom Domain လို .com, .org, .net, .com.mm တို့လို ရမှာမဟုတ်ပါဘူး.. Free ပေးတဲ့ ကုမ္ပဏီက သတ်မှတ်ပေးထားတဲ့ extension တွေကို သာ ရမှာဖြစ်ပါတယ်.. ဥပမာ. name.blogspot.com, name.wordpress.com, name.wall.fm တို့ပဲဖြစ်ပါတယ်.. Host ကျတော့ သီးခြားဝယ်စရာမလိုပါဘူး.. ဒီမှာပဲ. domain Name ရော Host ရော free ပေးပါတယ်.. ဒါပေမယ့် ကိုယ်လိုချင်တဲ့ အမြန်နှုန်း၊ သိုလှောင်မှုမာဏကိုတော့ ရမှာမဟုတ်ပါဘူး.. ပေးသလောက်ပေါ့..

Hosting မှာ နှစ်မျိုးရှိပါတယ်.. ပထမတစ်မျိုးက webpage တွေရေးဖို့ Host ဖြစ်ပြီး နောက်တစ်မျိုးကတော့ ဖိုင်ဆိုဒ်ပမာဏ များများကို သိုလှောင်ဖို့ Hosting တို့ဖြစ်ပါတယ်.. Custom Hosting တွေကတော့ webpage လည်း ရေးနိုင်မယ်. File တွေလည်း တင်နိုင်မယ်.. သူဝယ်ထားတဲ့ Storage တွေအလိုက်ပေါ့.. Free ရတဲ့ Domain and Hosting တွေမှာတော့ webpage တွေ ရေးခွင့်သာပေးပြီး ဖိုင်တွေကိုတော့ တင်ခွင့်ပေးမထားပါဘူး.. ဒါကြောင့် ဖိုင်တင်တဲ့ Hosting ကိုသီးခြားထားပြီး တင်ရပါတယ်.. အဲဒီထဲက ဖိုင်ရှိရာနေရာ(Link) ကိုတော့ webpage မှာ ထည့်ညွှန်းကြရပါတယ်.. ဖိုင်တင်တဲ့ Hosting အကြောင်း ကို (Uploading Files ) ဆိုတဲ့အခန်းမှာ အကျယ်ရှင်းပြပါမယ်.. ခုတော့ Blog အကြောင်းလေး ဆက်ကြဦးစို့...

Blog..
Blog ဆိုတာ နေ့စဉ်မြင်သမျ ကြားသမျ တွေကို စုစည်းဖေါ်ပြထားတဲ့ Journal လေးတစ်စောင် ဖြစ်တယ်လို့ မှတ်သားရပါတယ်.. website နဲ့ မတူ၊ သူ့မှာ လုပ်ပိုင်ခွင့်နဲ့ လုပ်နိုင်တာ ကန့်သတ်ချက်တွေ ရှိနေပါတယ်.. Blog တွေအများကြီးရှိပါတယ်.. ကုမ္ပဏီတွေအလိုက် သူ့အမျိုးအစားနဲ့သူ တွေ့မြင်ရပါတယ်.. ထင်ရှားတဲ့ Blog တွေထဲက အချို့ကတော့-
1. Blogger
2. WordPress
3. Blog.com
4. Wall.fm စတဲ့ ဆိုဒ်တွေပဲဖြစ်ကြပါတယ်..

Blogger
Google ကုမ္ပဏီက တည်ထောင်ထားတာဖြစ်ပြီး အလကား Free ပေးတဲ့ Blog ထဲမှာ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်.. Storage ကန့်သတ်မထားဘူး.. Bandwidth ကန့်သတ်မထားဘူး.. သုံးထားတဲ့ ကုဒ်တွေအချို့ကိုလည်း ပြင်ဆင်ခွင့်ပေးထားပါတယ်.. သူကတော့ www.blogger.com ပဲဖြစ်ပါတယ်.. Free Domain and Hosting ဖြစ်ပြီး Domain ရဲ့ extension name ကတော့ name.blogspot.com ပဲဖြစ်ပါတယ်.. .blogspot.com ကို ပြင်ဆင်ခွင့်မပေးပါဘူး.. ရှေ့က နာမည်ကိုသာ ထပ်တူမရှိရင် ပြင်ဆင်ခွင့်ပေးပါတယ်..

Creating Blogger Blog.
Blogger မှာ Blog တစ်ခု လုပ်ဖို့အတွက် ဘာလိုအပ်သလဲ ? ...
gmail တစ်ခုသာလိုအပ်မှာဖြစ်ပါတယ်.. Gmail အကောင့်တစ်ခု ဘယ်လိုလုပ်ရသလဲ ဆိုတော့ မရှင်းပြတော့ပါဘူး.. Blog တစ်ခု စတင်တည်ထောင်ဖို့ပဲ ဆက်သွားရအောင်..
ပထမဆုံး အောက်ကလင့်မှာ pdf ဖိုင်တစ်ဖိုင်ကို ဒေါင်းပြီး ဖတ်ကြည့်ပါ..  ဒီစာအုပ်နဲ့ပဲ ပထမဆုံး Blog ကို တည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာမှ အဆင့်မြှင့်တင်လာတာဖြစ်ပါတယ်.. အဲဒီစာအုပ်ကို ဒေါင်းပြီးဖတ်၊ ဖတ်ပြီး ဘလော့တစ်ခု စတင်တည်ထောင်ထားလိုက်ပါ.. နောက်အခန်းတွေမှာ ဒီစာအုပ်ရဲ့ နောက်ဆက်တွဲ အကြောင်းအရာတွေကို ပြောပြ မျှဝေသွားမှဖြစ်ပါတယ်ခင်ဗျာ..

www.maungpauk.org မောင်ပေါက်ဆိုဒ်မှ ပြန်လေ ကောက်နုတ်တင်ပြလိုက်ပါသည်.....
                                                                                                                                         လှသိန်း


Android APK တွေကိုယ်တိုင်လုပ်တဲ့ ဆော့ဝဲလ်တွေပါ

အရင်ဆုံး ဘလော့ကာအာကာမိုးနိုင် ကို Credit ပေးပါတယ်ဗျာ ...

အာကာမိုးနိုင် ဘလော့မှ မူရင်းအတိုင်းပြန်လည်မျှဝေသည်

မင်္ဂလာပါမိတ်ဆွေများခင်ဗျာကျနော်လည်းပို့စ်မတင်ဖြစ်တာလည်းကြာနေပြီ
ဒီတစ်ခါတော့မိမိတို့သုံးနေတဲ့ Android ဖုန်းမှာထည့်ဖို့
Android APK တွေကိုကိုယ်တိုင်လုပ်လို့ရမဲ့ဆော့ဝဲလ်တွေပါ အများကြီးပဲဗျာ
အစုံပဲမိမိကြိုက်တာဒေါင်းပြီးကလိနိုင်ကြောင်းပါ ကျနော်ကလိတာတော့
မိုက်တယ်ဗျ ကျနော် Patch ဖိုင်ရှာပြီးပြန်တင်ပေးထားပါတယ်
patch ဖိုင်ကတော့တစ်ခုထဲပါအားလုံးကို Patch ချိုးလို့ရပါတယ်
အောက်မှာပေးထားပါတယ် ဆော့ဝဲလ်တွေကိုမူရင်းဆိုဒ်မှာဒေါင်းပြီး
patch ဖိုင်ကိုဒီမှာဒေါင်းယူလည်းရပါတယ် ဟိုအောက်မှာလည်း
ဆော့ဝဲလ်တစ်ချင်းစီကို patch ဖိုင်ပြန်ထည့်ပေးပြီးတင်ပေးထားပါတယ်
ဖိုင်ဆိုဒ်လည်းမကြီးပါဘူး ကြုံတုန်းရတုန်းလေးဆွဲထားကြနော် ဖုန်းတွေခေတ်စားလာတော့
ကိုယ်တို့လည်းကိုယ့်နာမည်လေးနဲ့ ဖုန်းဆော့ဝဲလ်တွေလုပ်လုပ်လို့ရတာပေါ့
ဒီနေရာလေး မှာလည်းဒေါင်းယူနိုင်ပါတယ်
Patch ဖိုင်ကိုအောက်မှာကြိုက်ရာကဒေါင်းယူနိုင်ပါတယ်
patch မချိုးတက်သူများဟို...အောက်ဆုံးမှာကြည့်လိုက်ပါ

****************************************************************
ဒီအောက်မှာပေးထားတာတွေက ဆော့ဝဲလ်တစ်ခုချင်းစီကို patch ဖိုင်နဲ့တွဲပြီးပြန်တင်ပေးထားတာပါ
အောက်မှာဒေါင်းလည်းရပါတယ်အပေါ်မှဒေါင်းလည်းရပါတယ်ကြိုက်ရာကဒေါင်းနိုင်ပါတယ်



ဒီနေရာလေး မှာလေ့လာပြီးကြိုက်ရင်အောက်မှာဒေါင်းယူနိုင်ပါတယ်
 *****************************************************



ဒီနေရာလေး  မှာလေ့လာပြီးကြိုက်ရင်အောက်မှာဒေါင်းယူနိုင်ပါတယ်
************************************************************
ဒီနေရာလေးမှာလေ့လာပြီးကြိုက်ရင်အောက်မှာဒေါင်းယူနိုင်ပါတယ်
ဗားရှင်း၂မျိုးပါ


************************************************************
ဒီနေရာလေး  မှာလေ့လာပြီးကြိုက်ရင်အောက်မှာဒေါင်းယူနိုင်ပါတယ်


*******************************************************************
ဒီနေရာလေး မှာလေ့လာပြီးကြိုက်ရင်အောက်မှာဒေါင်းယူနိုင်ပါတယ်


*****************************************************************
 ဒီနေရာလေးမှာလေ့လာပြီးကြိုက်ရင်အောက်မှာဒေါင်းယူနိုင်ပါတယ်


******************************************************************
ဒီနေရာလေး  မှာလေ့လာပြီးကြိုက်ရင်အောက်မှာဒေါင်းယူနိုင်ပါတယ်


*********************************************************


ဒီနေရာလေး  မှာလေ့လာပြီးကြိုက်ရင်အောက်မှာဒေါင်းယူနိုင်ပါတယ်
*********************************************************
ဒီနေရာလေး  မှာလေ့လာပြီးကြိုက်ရင်အောက်မှာဒေါင်းယူနိုင်ပါတယ်


*********************************************************
ဒီနေရာလေး  မှာလေ့လာပြီးကြိုက်ရင်အောက်မှာဒေါင်းယူနိုင်ပါတယ်


 *************************************************************
ဒီနေရာလေး  မှာလေ့လာပြီးကြိုက်ရင်အောက်မှာဒေါင်းယူနိုင်ပါတယ်
******************************************
Patch မချိုးတက်သူများအောက်ကပုံအတိုင်းလိုက်လုပ်လိုက်ပါ
Free အသုံးပြုနိုင်ရန် Patch ချိုးရပါတယ်



အားလုံအဆင်ပြေကြပါစေ..
                                                               လှသိန်း

Samsung Gingerbread တွေအတွက် Universal GB Root ဖောက်နည်း


ခုတစ်ရက်နှစ်ရက်မှာ Root Tool လေးတွေတင်ဖြစ်ပါတယ်.. မိတ်ဆွေများအတွက် အကျိုးတစ်ခုခု ရလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်.. ဒါပေမယ့် Comment တွေက သိပ်အားရစရာ စကားလုံးတွေ မတွေ့ရဘူး.. ကျွန်တော်တင်ပေးတဲ့ Root Tool  က မိတ်ဆွေတို့အတွက် ဖျက်ဆီးရေး ပရိုဂရမ် တစ်ခု မဟုတ်တာတော့ သေချာပါတယ်..

ဒီတစ်ခါ Samsung တွေထဲက Gingerbread ( Android OS v 2.3.3-2.3.7+) တွေအတွက် သီးသန့် Universal Root Tool တစ်ခုကို မျှဝေပေးချင်ပါတယ်.. သိပြီးသား၊ သုံးဖူးပြီးသားလူတွေအတွက်တော့ ဖတ်စရာမလိုလောက်ပါဘူး.. ဒါပေမယ့် လိုအပ်နေသူတွေအတွက်ကတော့ အကျိုးရှိစေမှာပါ..
Root လုပ်နိုင်တဲ့ SAMSUNG စာရင်းကတော့-

SAMSUNG GALAXY MODELS: GT-S5570, GT-S5570B, GT-S5570I, GT-S5570L, GT-S5571, GT-S5578 (Chinese Mini), GT-S5660, GT-S5660M, GT-S5660L, GT-S5660V, SHW-M290K (Korean Gio), GT-S5670, GT-S5670B, GT-S5670L, GT-S5830, GT-S5830B, GT-S5830C, GT-S5830D, GT-S5830F(La Fleur), GT-S5830i, GT-S5830L, GT-S5830M, GT-S5830T, GT-S5830V, GT-S5830Z, GT-S5839i, GT-S6802, GT-B5330, GT-B7510, GT-B7510B, GT-B7510L, GT-B7800, GT-B5510, GT-B5510B, GT-B5510L, GT-B5512, GT-B5512B, GT-S6102, GT-S6102B, GT-S5300, GT-S5300B, GT-S5302, GT-S5360, GT-S5360B, GT-S5360L, GT-S5360T, GT-S5363, GT-S5369, GT-S5690, GT-S5690i(new), GT-S5690L, GT-S5690M, GT-S5690R(new), GT-I8150, GT-I8150B, GT-I5510, GT-I5510B, GT-I5510L, GT-I5510M, GT-I5510T, SCH-i509, SGH-T499, SGH-T499Y(new), SGH-T499V(new), SGH-T499W(new), SGH-T589, SGH-T589R, SGH-T589W(new), SGH-I827, SGH-I837, SGH-I857. တွေပဲဖြစ်ပါတယ်..

လုပ်နည်းကတော့
1. မိမိဖုန်းမှာ Settings -> Applications -> Unknown sources ကိုသွားပြီး Unknown sources ကို အမှန်ခြစ် ထားရပါမယ်..
2. ဒေါင်းလို့ရလာတဲ့ universal gb root v25 by maungpauk.zip ဆိုတဲ့ ဖိုင်ကို မဖြည်ဘဲ ဖုန်းရဲ့ SD Card ထဲကို ထည့်လိုက်ရပါမယ်.. ထည့်တာကတော့ ဘယ်လိုနည်းနဲ့ပဲထည့်ထည့်ပေါ့.. ဖုန်းထဲက SD Card ထဲမှာ universal gb root v25 by maungpauk.zip လေးရောက်သွားဖို့ပါပဲ..
3. ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ထားရင် ဖြုတ်လိုက်ပါ.. ပြီးရင် Power ပိတ်ပြီး Vol up + Home + Power တွဲနှိပ်ကာ Recovery Mode ကို ၀င်လိုက်ပါ..
4. Recovery Mode မှာ ဖုန်းပေါ်က Volume- နဲ့ Volume + ခလုပ်တွေကိုသုံးပြီး  Apply update from SD card ကိုရောက်အောင်ရွှေ့ပါ.. ရောက်ရင် Home Button ကိုတစ်ချက်ဖိပြီးဝင်လိုက်ပါ.. SD Card ထဲကိုမြင်ရပါမယ်..

ခုနကလိုပဲရွှေ့ပြီး universal gb root v25 by maungpauk.zip ကိုရောက်အောင်သွားပါ.. ပြီးရင် Home Button ကိုထပ်နှိပ်လိုက်ပါ... သူ Root နေပါပြီ..
5. ခဏကြာရင် Install from SD Card Complete ဆိုပြီး အောင်မြင်ကြောင်း စာလေး မြင်ရပါမယ်..
Reboot system Now ကိုရွေ့ပြီး Home တစ်ချက်နှိပ်လိုက်ပါ..

ဖုန်းက Reboot ကျသွားပြီးပြန်တက်လာရင် App List ထဲမှာ SuperSU ကိုရှာပါ.. တွေ့ရင် ပေါက်သွားပြီ....
လိုအပ်တဲ့ဖိုင်ကိုအောက်မှာယူလိုက်ပါ.....
.


Download Here !

Y310-5000 ကို Recovery ကနေ Root ဖောက်နည်းလေးပါ


Y310-5000 ကို Root လုပ်လိုက်ရင် Touch သေသွားတာတို့ လိုင်းမမိတာတွေဖြစ်တက်ပါတယ်..
ဒီ Error ကိုဖြေရှင်းဖို့ကတော့ အရင်ဆုံး Firmware ပြန်တင်လိုက်ပါ။
ပြီးသွားမှဒီနည်းနဲ့ ပြန်ပြီး Root ဖောက်ပါအဆင်ပြေပါလိမ့်မယ်..
ကဲ Root လုပ်နည်းကို အရင်ကြည့်ရအောင်
ကဲဒီဖိုင်လေးတွေကို အရင်ဒေါင်းလိုက်ပါ…
Research Download and Driver
Y310-5000 Recovery Pac
Root.zip

ပြီးသွားရင်တော့ Research Download and Driver ကို rar ဖြည့်လိုက်ပါ…
Driver မပါရင် Driver ထည့်လိုက်ပါ…
Research Download ထဲ က Bin Folder ထဲကို သွားလိုက်ပါ..
ResearchDownload.exe ကိုတွေ့ပါလိမ့်မယ်.. Run လိုက်ပါ..
ပြီးသွားရင်တော့ ဒေါင့် စွန်းက Load Packet မှာ Y310 Recovery.pac ကို ရွေးပေးလိုက်ပါ…

ကဲဒါဆိုရင်တော့ ဖုန်းကို ပါဝါပိတ်လိုက်ပါ
Battery ဖြုတ်လိုက်ပြီး
ပြန်တက်လိုက်ပါ…
Research.exe မှာ Play ပုံလေးတွေ့ပါလိမ့်မယ်…
နှိပ်လိုက်ပါ….
ဖုန်းကို Volume Down လေးဖိနှိပ်ပြီးကြိုးထိုးလိုက်ပါ..
Pass ပြသွားပါလိမ့်မယ်..
ပြီးသွားရင်တော့ ဖုန်းကို Volume Down + Power ဖိနှိပ်လိုက်ပြီး Recovery Mode ၀င်လိုက်ပါ။
ပေးထားတဲ့ Zip ကို Flash လိုက်ရင်ရပါပြီ။
အဆင်ပြေပါစေ။

ဘလော့ရဲ့အလှဆင်တဲ့Lavalamp Menu လေးနော်


မိတ်ဆွေတို့ အတွက် လာပြီနော်  Fancy CSS3 & jQuery Lavalamp Menu  ဆိုတဲ့ စတိုင်းအလန်းစားလေးတွေပါ..မိမိတို့ဘလော့မှာ စိတ်တိုင်းကျ  တည်ဆောက်လို့ ရပါပြီဗျာ...
သိပ်လှတဲ့ Menu လေးတွေလို့တော့  လက်ခံကြမှာပါနော်.. စမ်းသတ်ကြည့်လိုက်ပါ... မိမိရဲ့
ဘေလာ့ဆိုဒ်လေး စပါယ်ရှယ်..ဂွမ်းသွားးမယ်...ေိေိ....
လုပ်နည်းနဲ့တစ်ကွ လိုအ်ပတဲ့ကုဒ်တွေကို ရှင်းပြထားပါတယ်...

အဆင့်  (၁)   အနေနဲ့  ကြည့်လိုက်ပါနော်...
►1-  Blogger Singin ၀င်လိုက်ပါ။
►2-  DASHBOARD ကိုသွားလိုက်ပါ။
►3-  LAYOUT    ကိုကလစ်ပါ..။
►4-  EDIT HTML  ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  EXPAND WIDGET TEMPLATES ကိုအမှန်ခြစ်ပေးဖို့မမေ့ပါနဲ့နော်...။
►6-  Ctrl+F အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

         ]]></b:skin>       ရှာပါ  တွေ့တာနဲ့ အပေါ်မှာ ကပ်ပြီးး ပေးထားသော အောက်က ကုဒ်တွေကို ထည့်ပါ။

/*LAVALAMP MENU BY http://www.mrthangming.blogspot.com/ START*/

.lavalamp {
    position: relative;
    border: 1px solid #d6d6d6;
    background: #fff;
    padding: 15px;
    -webkit-box-shadow: 0 3px 6px rgba(0,0,0,.25);
 -moz-box-shadow: 0 3px 6px rgba(0,0,0,.25);
    border-radius : 10px;
    -moz-border-radius : 10px;
    -webkit-border-radius : 10px;
    background : -webkit-gradient(linear, left top, left bottom, from(rgb(240,240,240)), to(rgb(204,204,204)));
    background : -moz-gradient(linear, left top, left bottom, from(rgb(240,240,240)), to(rgb(204,204,204)));
 height: 18px;
        font-family: calibri;
}

.magenta {
 background : rgb(190,64,120);
 background : -webkit-gradient(linear, left top, left bottom, from(rgb(190,64,120)), to(rgb(177,24,91)));
 background : -moz-gradient(linear, left top, left bottom, from(rgb(190,64,120)), to(rgb(177,24,91)));
 border: 1px solid #841144;

}

.cyan {
 background : rgb(64,181,197);
 background : -webkit-gradient(linear, left top, left bottom, from(rgb(64,181,197)), to(rgb(7,165,187)));
 background : -moz-gradient(linear, left top, left bottom, from(rgb(64,181,197)), to(rgb(7,165,187)));
 border: 1px solid #2f8893;

}

.yellow {
 background : rgb(255,199,79);
 background : -webkit-gradient(linear, left top, left bottom, from(rgb(255,199,79)), to(rgb(255,188,43)));
 background : -moz-gradient(linear, left top, left bottom, from(rgb(255,199,79)), to(rgb(255,188,43)));
 border: 1px solid #c08c1f;

}

.orange {
 background : rgb(255,133,64);
 background : -webkit-gradient(linear, left top, left bottom, from(rgb(255,133,64)), to(rgb(255,107,24)));
 background : -moz-gradient(linear, left top, left bottom, from(rgb(255,133,64)), to(rgb(255,107,24)));
 border: 1px solid #c04f11;

}

.dark {
 background : rgb(89,89,89);
 background : -webkit-gradient(linear, left top, left bottom, from(rgb(89,89,89)), to(rgb(54,54,54)));
 background : -moz-gradient(linear, left top, left bottom, from(rgb(89,89,89)), to(rgb(54,54,54)));
 border: 1px solid #272727;

}

.magenta li a , .cyan li a, .yellow li a , .orange li a, .dark li a{
 color: #fff;
 text-shadow: 0 -1px 0 rgba(0,0,0,.40);

}

.lavalamp a {
    text-decoration: none;
    color: #262626;
    line-height: 20px;
}

.lavalamp ul {
    margin: 0;
    padding: 0;
    z-index: 300;
    position: absolute;
}

.lavalamp ul li {
    list-style: none;
    float:left;

    text-align: center;
    }

.lavalamp ul li a {
    padding: 0 20px;
    text-align: center;
    }

.floatr {
    position: absolute;
    top: 10px;
    z-index: 50;
    width: 70px;
    height: 30px;
    border-radius : 8px;
    -moz-border-radius : 8px;
    -webkit-border-radius : 8px;
    background : rgba(0,0,0,.20);
    -webkit-transition: all .4s ease-in-out;
    -moz-transition: all .4s ease-in-out;
}

/*LAVALAMP MENU BY http://www.mrthangming.blogspot.com/ END*/

 အဆင့်   (၂)  အနေနဲ့ ဆက်ကြည့်ကြပါနော်.... အပေါ်ကလိုဘဲ  html ထဲမှာပေါ့နော်...
                   </hrad> ဆိုတာလေးကို ထပ်ရှာပါ..တွေ့တာနဲ့ သူ့အောက်မှာ ကပ်ပြီးး ပေးထားတဲ့ အောက်ကကုဒ်ကို ထည့်ပေးလိုက်ပါ။
<script src="http://yourjavascript.com/2832232611/CSS3-Mrthangming.js" type="text/javascript"></script>

အဆင့်   (၃)    ကတော့ နောက်ဆုံးလုပ်ဆောင်ချက်ပါ.... သေခြာ ကြည့်နော်..

   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

<div class="lavalamp dark">
 <ul>
  <li class="active"><a href="http://aungsanmks.blogspot.com/">Home</a></li>
  <li><a href="http://aungsanmks.blogspot.com/">တရားတော်</a></li>
  <li><a href="http://aungsanmks.blogspot.com/">ကဗျာ</a></li>
  <li><a href="http://aungsanmks.blogspot.com/">ဗဟုသုတ</a></li>
  <li><a href="http://aungsanmks.blogspot.com/">ဆောင်းပါး</a></li>
  <li><a href="http://aungsanmks.blogspot.com/"> ဆော့ဝဲလ်</a></li>
  <li><a href="http://aungsanmks.blogspot.com/">ဘလော့ပညာ</a></li>
  <li><<a href="http://aungsanmks.blogspot.com/">ကျန်းမာရေး</a></li>
 </ul>
 <div class="floatr"></div>
</div>

မှတ်ချက်   ။      ။ http://aungsanmks.blogspot.com/ သည်နေရာတွေမှာ မိမိတို့      ဘလော့လင့်တွေ ထည့်ပေးပါ...
                         <div class="lavalamp dark">   နေရာမှာ  dark ဆိုတာနေရာကို မိမိတို့ နှစ်သက်ရာ ကာလာ ပြောင်းပေးနိုင်ပါတယ်.. ဥပမာ.. red/blue/green စသဖြင့်ပေါ့..
ကဲ လုပ်ကြည့်ပါနော်
                 
ရခိုင်ဗျာလ( it-နည်းပညာမှတ်စုများ) နည်းပညာဆိုဒ်ကို အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

ဘလော့ ခေါင်းစဉ် ထည့်နည်း နှင့် လင့်ချိတ်နည်းအပြည့်စုံ

သည်နည်းလေးကေတာ့ ဘလော့ကာရဲ့ မူရင်းတက်ပလက်တွေ အတွက် ပိုအသုံးးဝင်ပါတယ်..
ဘာကြောင့်လဲ ဆိုတော့  မူရင်းတွေမှာ Tab Menu ဆိုတဲ့ ခေါင်းစဉ်တွေ မပါတတ်လို့ပါ.. ချိန်းထားတဲ့ တက်ပလ်ကတွေကတော့ အော်တိုပါတတတ်ပါတယ်..
သည်နည်းလေးကေတာ့  ထည့်ရတာ လွယ်ကူသလို... လင့်ချိတ်တဲ့ နေရာမှာလည်း အရမ်းရိုးရှင်းလွန်းလှပါတယ်..ကဲစကြမယ်နော်  ပုံလေးတွေ နဲ့ ရှင်းပြပါ့မယ်...

တောင်းဆိုသူးကတော့
 နည်းပညာထားဝယ်မြေhttp://www.mgnyiko.blogspot.com/ ကပါခင်ဗျားကျနော်ဝက်ဆိုဒ်မှာ HOME တခုတဲဖြစ်နေလို့ပါ..ပြောပြပါလားဗျ..နည်းပညာ ဘလော့ စာမျက်နှာ သီချင်း ဒီလိုလေးလုပ်ချင်တာ.


   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Page Elements
   ►4.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►5.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►6.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ


<style> #navcontainer { /* none needed */ } ul#navlist { margin: 0; padding: 0; list-style-type: none; white-space: nowrap; } ul#navlist li { float: left; font-family: verdana, arial, sans-serif; font-size: 9px; font-weight: bold; margin: 0; padding: 5px 0 4px 0; background-color: #555; border-top: 1px solid #e0ede9; border-bottom: 1px solid #e0ede9; } #navlist a, #navlist a:link { margin: 0; padding: 5px 9px 4px 9px; color: #fff; border-right: 1px solid #d1e3db; text-decoration: none; } ul#navlist li#active { color: #95bbae; background-color: #d1e3db; } #navlist a:hover { color: #fff; background-color: #FE9C54; } </style> <div id="navcontainer"> <ul id="navlist"> <li><a href="မိမိဘလော့လိပ်စာ"><span>မူလစာမျက်နှာ</span></a></li>
<li><a href="မိမိဘလော့လိပ်စာ"><span>ဘာသာရေး</span></a></li>
<li><a href="မိမိဘလော့လိပ်စာ"><span>နည်းပညာ</span></a></li>
<li><a href="မိမိဘလော့လိပ်စာ"><span>ဗဟုသုတ</span></a></li>
<li><a href="မိမိဘလော့လိပ်စာ"><span>ကဗျာ</span></a></li>
<li><a href="မိမိဘလော့လိပ်စာ"><span>ဟာသ</span></a></li>
<li><a href="မိမိဘလော့လိပ်စာ"><span>ဆော့ဝဲလ်</span></a></li>
<li><a  href="မိမိဘလော့လိပ်စာ"><span>ဆက်သွယ်ရန်</span></a></li>

<li></li></ul></div>

မိမိဘလော့လိပ်စာနေရာမှာ မိတ်ဆွေတို့ ဘလော့ URL ထည့်ပေးလိုက်ပါ။
နောက်က ခေါင်းစဉ်တွေတော့ စိတ်ကြိုက် ရေးနိုင်ပါတယ်.....
မိမိတို့ ဘလော့ ထိပ်ဆုံး မှာ ထားပေးလိုက်ပါ ခေါင်းစဉ်တွေ မြင်တွေ့နေရပါပြီနော်....


လင့်ချိတ်နည်းးး အသေးစိတ်။         ။

ကဲလင့်ချိတ်ကြမယ်ဗျာ... အရမ်းလွယ်ကူပါတယ်.. ပထမဆုံးပြောခြင်တာက..
အထက်က နည်းလမ်းအရ  ပြုလုပ်ထားတဲ့  ခေါင်းစဉ် ဘောက်လေးကို ဖွင့်ထားလိုက်ပါ။
နောက် မိမိတို့ ဘလော့စာမျက်နှာကိုလဲ ဖွင့်ထားပေးရမယ်....
ဘာလဲဆိုတော့  အဲနှစ်ခု ယှဉ်ပြီး ဖွင့်ထားလိုက်ပါ... ဒါမှ ...လင့်ချိတ်တဲ့အခါ လွယ်ကူမှာမို့ပါ။
ပုံလေးကြည့်လိုက် ရှင်းမယ်..


အဆင့် (၁)  ။               ။  ခေါင်းစဉ် ဇယားလေးနဲ့  ဘလော့ နှစ်ခု ယှဉ်ဖွင့်မယ်။
အဆင့် (၂)  ။               ။  ဘလော့ပေါ်က ခေါင်းစဉ်တွေကို တစ်ခုချင်းစီ ချိတ်ကြမယ်..။
အဆင့် (၃)  ။               ။  ခေါင်းစဉ်ပေါ် မောက်တင် ညာကလစ် ပေးပါ။
အဆင့် (၄)  ။               ။  အဲထဲက copy link location ကိုကလစ်ပြီးကော်ပီယူလိုက်ပါ။
                                     (ကလစ်တာနဲ့ ကော်ပီပြီးသားပါ)
အဆင့် (၅)  ။               ။  ဘယ်ဘက်က ခေါင်းစဉ်ဇယား ထဲက မိမိဘလော့ချပ်စာ ဆိုတဲ့နေရာမှာ
                                    အထက်က ကော်ပီယူလာတာကို  Psat  ချပေးလိုက်ပါ။
အဆင့် (၆)  ။               ။ ခေါင်းစဉ်တစ်ခု လင့်ချိတ်ခြင်းအောင်မြင်ပါပြီ။

မှတ်ချက် ။              ။ ကျန်ခေါင်းစဉ်များကိုလည်း အဲနည်းအတိုင်း ချိတ်သွားလိုက်နိုင်ပါပြီ ။  ။
                            သတိပေးခြင်တာကတော့  ခေါင်းစဉ်တွေကို တကြိမ်တည်း အပြီးချိတ်နိုင်တာ
ပိုကောင်းပါတယ်... ခဏခဏ၀င်ရင် မှားတတ်လို့ပါ... အဲအတွက် မိမိတို့ ဘလော့ပေါ်မှာ လိုခြင်တဲ့
ခေါင်းစဉ်တွေအတိုင်း အဦးဆုံး ပို့စ်တစ်ခုဆီတော့  တင်ထားသင့်ပါတယ်.. ဒါမှ တကြိမ် တခါတည်းနဲ့  အိုကေမယ်.... ကဲ သည်လောက်ဆို ရှင်းပါပြီနော်... ဒါမှ မရှင်ပါက
အော်ခဲ့ပါအုံးးနော်....

သိထားဖို့ကတော့ သည်နည်းလမ်းက.. ဘလော့ရဲ့ Layout..Java/Script ကနေထည့်တဲ့ ခေါင်းစဉ်တွေအတွက်...ထည့်နည်း ချိတ်နည်းပါ.... ဘလော့တက်ပလက်က အော်တိုပါလာသော
ခေါင်းစဉ် တွေအတွက်   လင့်ချိတ်နည်းကို     သည်နေရာလေးမှာ   ဆက်လက်လေ့လာလိုက်ပါ။

တုန့်ပြန်မှုအနေနဲ့ fb like ခဲ့ပါ  မန်ဘာဝင် အားပေးပါ လို့ တောင်းဆိုပွရစေ....။
                              အားလုံးကိုကျေးဇူးတင်လျှက်ပါ...
                                                                                       လှသိန်း
Related Posts Plugin for WordPress, Blogger...

နည်းပညာတွေကိုမျှဝေခံစားချင်ရင်Member ၀င်ခဲ့ပါ

မိတ်ဆွေတိုရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာများနဲ့ပတ်သတ်ပြီး website တွင် ကြော်ငှာများထည့်ချင်ပါက cbox မှာ မိတ်ဆွေတိုရဲ့ email လိပ်စာထည့်ပြီး ကြော်ငှာထည့်ချင်တဲ့အကြောင်းကိုရေးထားခဲ့ပါ....

Popular Posts

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည့်နည်းလမ်းလေးပါ...... မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ