လိုအပ်တာရှာပါ
Sep 23, 2013
iOS 7 နှင့် အဆင်ပြေစွာ နေထိုင်နည်း
iOS 7 ကို Jailbreak လုပ်လို့မရသေးတဲ့ အတွက် အဓိက အနေနဲ့ မြန်မာစာကို ရေးလို့ ဖတ်လို့ မရသေးတဲ့ အခက်အခဲ ရှိနေပါတယ်။ ဒါ့အပြင် သုံးနေကျ cracked App တွေကိုလည်း စွန့်လွှတ်လိုက်ကြရတဲ့ အတွက် Jailbreaker တော်တော်များများက iOS 7 ကို သုံးချင်ကြသော်လည်း update လုပ်ဖို့ကို ဝေခွဲမရ ဖြစ်နေတတ်ပါတယ်။
ဒါပေမယ့် ဒါဟာ အရမ်းကြီး ဒွိဟဖြစ်ရမယ့် ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး Jailbreak မရသေးခင် အထိ iOS 7 ကို App အချို့နဲ့ အကောင်းဆုံး အသုံးပြုနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။
ပထမဦးစွာ မြန်မာစာ အတွက်ဆိုရင်တော့ "Mogok Browser" "iMyanmar Pad" "Myanmar Browser Lite" "LikeBook" "MM News" "Sar" တို့ကို အသုံးပြုနိုင်ပါတယ်။
"Mogok" ကတော့ Free ရရှိနိုင်ပြီး စာရေးနိုင် ဖတ်နိုင်ပါတယ် Pro version ဆိုရင်တော့ ကြေငြာ banner တွေ အနှောက်ယှက်က ကင်းပါလိမ့်မယ်။ ဒါပေမယ့် "Mogok" မှာ မြန်မာစာရေးနေရင်းနဲ့ App က ပိတ်သွားတဲ့ ပြဿနာ ရှိနေပါတယ်။ သိပ်တော့ အဆင်မပြေလှပါ။
"iMyanmar Pad" နှင့် "Myanmar Browser Lite" ကတော့ မြန်မာစာ ဖတ်ရုံသာ ဖတ်နိုင်ပါလိမ့်မယ် Free version ဖြစ်ပါတယ်။
"MM News" မှာတော့ Hot ဖြစ်တဲ့ website, blog တွေကို RSS feed အနေနှင့် စုစည်းပေးထားပြီး မြန်မာလို ကောင်းစွာ ဖတ်ရှုနိုင်ပါတယ်။ (ကျွန်တော်ရဲ့ Blog ကိုလည်း အဲဒီထဲမှာ ဖတ်ရှုနိုင်ပါလိမ့်မယ်)။
"LikeBook" ကတော့ Facebook ကို မြန်မာလိုသုံးပြီး ရေးနိုင်ဖတ်နိုင်ဖို့ အထူးပြုလုပ်ထားတာ ဖြစ်ပြီး $2.99 နဲ့ Paid App ဖြစ်ပါတယ်။ "Mogok" App ရေးတဲ့ Mobidom က ထုတ်ထားတာဖြစ်ပြီး Facebook မှာ Post, comment တွေ ရေးရာမှာ "Mogok" ထက် ပိုမိုအဆင်ပြေတာကို တွေ့ရပါတယ်။ လောလောဆယ်တော့ ကျွန်တော် အကြိုက်တွေ့နေပါတယ်။
သို့သော်လည်း Myanmar keyboard မှာ "Enter" နှိပ်တဲ့ အခါမှာတော့ App ပိတ်သွားတတ်ပါတယ်။ ဒီတော့ Enter နှိပ်စရာရှိရင် English keyboard ပြောင်းသုံးရင်တော့ အဆင်ပြေပါတယ်။ အခြား ပြဿနာတော့ မတွေ့ရသေးပါဘူး။
"Sar" App ကတော့ မြန်မာလို note တွေ ရေးတဲ့ သူတွေအတွက် အလွန်အဆင်ပြေတဲ့ App တစ်ခု ဖြစ်ပြီး ကျွန်တော် ကိုယ်တိုင် အလုပ်ထဲမှာ လမ်းမှာ Blog အတွက် ရေးစရာရှိရင် အမြဲသုံးရတဲ့ App တစ်ခုပါ။
Device, iCloud နှစ်မျိုးလုံးမှာ Save လုပ်နိုင်ပြီး Share, Air print feature တို့ပါဝင်ပါတယ်။ $1.99 နဲ့ရောင်းချတဲ့ "Paid App" ဖြစ်ပါတယ်။
အခြား ကျွန်တော် နှစ်သက်တဲ့ Myanmar App တွေကတော့
အဘိဓါန် အနေနဲ့ iAbidan, Ornagai, ShweYoe
Online Radio အနေနဲ့ 7OnlineRadio, SNC Online Radio (CityFM), MYMC Radio, Dhamma Radio
စာစောင် အနေနဲ့ voice Weekly, HotNews Journal, 7Day News Journal တို့ ဖြစ်ပါတယ်။
ဒါတွေကတော့ မြန်မာစာ ကိစ္စကို ယာယီဖြေရှင်းပေးနိုင်မယ့် App တွေပဲ ဖြစ်ပါတယ်။
********************************
Cracked App တွေကို သွင်းမရတော့လို့ စိတ်ညစ်သွားတဲ့ မိတ်ဆွေများကို လုံးဝ စိတ်မညစ်ဖို့ ပြောပါရစေ.. Jailbreak မလုပ်ထားတဲ့ iDevice တွေမှာ Cracked App တွေကို ဆက်ပြီးသုံးလို့ ရအောင် ဒီလို လုပ်လို့ရပါသေးတယ်..
ပထမ လုပ်ငန်းစဉ်
**Downloads**
>> iFile
>> Tongbu for iPhone
>> Tongbu for iPad
အဆင့် ၁)
ပထမဦးစွာ "iFile" ကို PC မှာ install လုပ်ပြီး Run ပါ။
အဆင့် ၂)
iDevice ကို PC နှင့် ချိပ်ဆက်ပါ၊ iTunes တက်လာပါက ပိတ်ပစ်ပါ။
အဆင့် ၃)
iFunBox ၏ "iFunBox Classic" tab သို့သွားပါ။ အောက်ပါပုံအတိုင်း တွေ့ရပါမည်။
ထို့နောက် "Install App" button ကို နှိပ်ပြီး အထက်တွင် download လုပ်ခဲ့သော "Tongbu" file ကို ရွေးပေးလိုက်ပါ။
အဆင့် ၄)
Install လုပ်ပြီးပါက သင်၏ iDevice တွင် "Tongbu" icon လေးကို တွေ့ရပါမည်။ Update လုပ်ခိုင်းပါက update လုပ်ပါ။
အဆင့် ၅)
"Tongbu" App တွင် မိမိလိုချင်သော App ကို "Search" မှာ ရိုက်၍ ရှာယူနိုင်ပြီး "Manage" တွင် Download status တို့ကို တွေ့မြင်နိုင်ပါမည်။
အဆင့် ၆)
Download လုပ်ပြီးသား App ကို Install လုပ်ပြီးသော အခါ App ကို ဖွင့်လိုက်တဲ့ အချိန်မှာ Apple ID နှင့် password ကို တောင်းပါလိမ့်မည်။
App ကို ပြန်ပိတ်လိုက်ပြီး (ဒုတိယ လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ပါ)
***************************
ဒုတိယ လုပ်ငန်းစဉ်
**Download**
>> iClover for (Windows / Mac)
အဆင့် ၁)
"iClover" ကို PC မှာ Install လုပ်ပြီး။ Run ပါ။
အဆင့် ၂)
iDevice ကို PC နှင့် ချိပ်ဆက်ပါ။ အောက်ပါပုံအတိုင်း တွေ့ရပါမည်။
အဆင့် ၃)
"Genuine App" button ကို နှိပ်ပါ။ အောက်ပါပုံအတိုင်း "Start" ကို နှိပ်ပါ။
အဆင့် ၄)
"Complete" နှိပ်ပါ။ App Genuine လုပ်ခြင်း အောင်မြင်စွာ ပြီးဆုံးပါပြီ။
ခုနက Apple ID တောင်းနေသော App ကို ပြန်ဖွင့်ပါ။ ဘာမှ မလိုတော့ပဲ App ကို အသုံးပြုနိုင်ပါပြီ..
ယခုလို App Genuine ဖြစ်သွားပြီဆိုရင်တော့ နောက်ထပ် မည်သည့် App ကို မဆို Install လုပ်ပြီးတာနှင့် တိုက်ရိုက်ချောမွေ့စွာ အသုံးပြုနိုင်သွားပါပြီ..
အခုဆိုရင် iOS 7 မှာ Jailbreak မရသေးသော်လည်း အတိုင်းအတာ တစ်ခုအထိတော့ အဆင်ပြေပြေ iDevice ကို သုံးနိုင်သွားပါပြီ။
Subscribe to:
Post Comments (Atom)
နည်းပညာတွေကိုမျှဝေခံစားချင်ရင်Member ၀င်ခဲ့ပါ
မိတ်ဆွေတိုရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာများနဲ့ပတ်သတ်ပြီး
website တွင် ကြော်ငှာများထည့်ချင်ပါက
cbox မှာ မိတ်ဆွေတိုရဲ့ email လိပ်စာထည့်ပြီး
ကြော်ငှာထည့်ချင်တဲ့အကြောင်းကိုရေးထားခဲ့ပါ....
Popular Posts
-
နိုင်ငံခြား ဇာတ်လမ်းတွေကို မြန်မာစာတန်းထိုး လုပ်ဖို့အတွက် နည်းလမ်းတွေ ၃ ၊ ၄ မျိုးလောက်ရှိပါတယ်။ (ကာရာအိုကေ စာတန်းထိုးမဟုတ်ပါ)။ Adobe P...
-
zawgyi one for windows 7 and 8 - 64 bit ဘော်ဒါတွေတောင်းထားတဲ့အတွက်တင်ပေးလိုက်ပါတယ်
-
မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုနိုင်သူအရေအတွက်မှာ နည်းပါးလျက်ပင်ရှိသေးပြီး၊ အင်တာနက် သုံးစွဲသူဦးရေမှာ စုစုပေါင်းလူ...
-
ကျနော်လည်း မအားတာနဲ့စာမရေးနိုင်တာလည်းကြာပီ အခု့တော့ အသုံးဝင်တာလေးတခု့ ပေးခြင်ပါတယ် အသုံးပြု့ဖို့ လိုအပ်မယ့် ညီအကိုတွေ ဘော်ဒါတွေအတွက်ပါ ...
-
ဘိုတာတယောက်လာထောင်းထားလိုတငပေးလိုပ်ပါတယ် အခုတလော Facebook မှာ Page လုပ်သူတွေ တအားများလာတာတွေ့ တယ် မလုပ်တတ်သေးသူတွေ ရှိနေလို့ြ...
-
IDM ပရိတ်သတ်များအတွက် IDM 6.19. Build 3 လေးကိုမိတ်ဆက်ပေးလိုက်ပါတယ် အသစ်ထွက်တိုင်းထပ်တင်ပေးပါမယ် အခုဆိုရင် Build 6 ထွက်နေပါပြ...
-
ဒီTeamViewer ကတော့ Andriod ဖုန်းတွေအတွက်ပါ။ သူ့ရဲ့ လုပ်ဆောင်ချက်တွေ တဖက်က ဖုန်းကနေ ကို့ဖုန်း သိုမှမဟုတ် ကွန်ပြူတာ...
-
All in oneHuawei root ဖြစ်ပါတယ်.. Huawei တွေ အားလုံး Root နိုင်ဖို့ ဒေါင်းယူထားသင့်ပါတယ်.. အဆင်ပြေပါစေ.. Download : 80.76 MB ...
-
Ashampoo Photo Commander အသုံးပြုတဲ့သူများအတွက်Updateလေးတင်ပေးလိုက်ပါတယ် ဒီဆော့ဝဲလ်လေးက ဓါတ်ပုံတွေပြင်ဆင်တဲ့နေရာမှာPhotoshop လိုဘဲ...
-
DJ ပွတ်ချင်တဲ့သူငယ်ချင်းတွေအတွက် စက်ဝယ်စရာမလိုပဲ iPhone ရှိယုံနဲ့ Sound Box တွဲပြီး ပွတ်နိုင်ပါ...
Blog Archive
-
▼
2013
(238)
-
▼
September
(65)
- ကဗျာလေးတွေခံစားဖို
- Talking SMS and Caller ID (.apk) ဖုန်းဝင်လာရင် အမည...
- အိမ်မက်မက်တဲ့အခါ ဘာလဲပြန်ကြည့်ချင်ရင် ဒီ ဆော့ဝဲလေး...
- Download -အိမ်မက်ကျမ်း-1.apk
- RootGenius or Rooter
- Labels: Windows 8 နှင့်ဆိုင်သော Windows 8 မှာ Sys...
- Mafon (သို့) Android ကက်ဆက်လေး 5MB
- computer မြန်မာစာ ပြဿနာများ ဖြေရှင်းနည်း
- Y511 phone myanmar font installer for pc လေးပါ
- PC မှာ Tv လိုင်း ၁၃၀၀ ကျော်ကိုကြည့်ချင်တဲ့သူအတွက်
- ချစ်သူများအတွက် အမှတ်တရကဗျာများ
- ချစ်သူများဖတ်ဖို ကဗျာလေးတွေ
- ချစ်သူများအတွက် ကဗျာများ
- ချစ်တယ်”လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့။ မျှော...
- Web Proxy မြင့်ကျော်ပြီး ဂျီမေးလ် အကောင့်အသစ်အခမဲ့...
- ဒီဇိုင်းသမားတွေ ကြိုက်နေတဲ့ Google Sketchup Pro 20...
- Windows Doctor 2.7.5 with Activator တခုပါ
- အခြေခံ ကွန်ပျူတာ Virus များရှင်းလင်းခြင်း
- Adobe Photoshop CS6 အသုံးပြုနည်း စာအုပ် နှင့် ဆောဝဲ
- Toy Defense 2 HD v1.5 ( iPad ဂိမ်းလေးပါ)
- iPad 1.6G ဖုန်းတွေမှာ လေယာဉ်မောင်ချင်သူတွေအတွက် (a...
- Facebook Account ဖောက်နည်း စာအုပ်လေးပါနော်
- Mobogenie | Android app Downloader လေးတခုပါ
- ဘလော့မှာ Table Of Contents ( Site Map ) အလွယ်ထည့်နည်း
- internet ထဲ့က ငွေရှာသည့်နည်းလမ်းတခု
- ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ (၅)ဦး
- Android ဖုန်းအတွက် ကားနဲ့ လည်းတိုက် သေနပ်လည်းပစ်ရတ...
- Android ဖုန်းမှာဆော့ဖို့  သရဲတွေကို ကားနဲ့ တိုက်ရမ...
- facebook account ဖွင့်ရင်းနဲ့ gmail account တခုရယူ...
- Browser မှာပဲဖြစ်ဖြစ် Software တင်ရာမှာဖြစ်ဖြစ် Ja...
- format factory 2.20 လေးပါ
- ဖုန်းထဲက Virus နှင့် Cleaner အတွက်အသစ်လေးပါ..AVG_M...
- (AndroMedia Video Editor apk) Android phone တွေပေါ်...
- android phone မှာ TeamViewer သုံးချင်သူတွေအတွက်ပါ
- phone Model ပေါင်း ၁၀၀၀၀ ကျော် Android 4.3 ထိ Root...
- ကာလာစုံ ၊ ဒီဇိုင်းစုံ Frozen Keyboard apk For Andr...
- CloneDVD 7 Ultimate 7.0.0.10 For Pc (50MB) လေးပါ
- iOS 7 နှင့် အဆင်ပြေစွာ နေထိုင်နည်း
- Huawei Y320-U01 အတွက်မြန်မာစာဖောင့်
- Blog တစ်ခု တည်ဆောက်ခြင်းအကြောင်း
- Android APK တွေကိုယ်တိုင်လုပ်တဲ့ ဆော့ဝဲလ်တွေပါ
- Samsung Gingerbread တွေအတွက် Universal GB Root ဖော...
- Y310-5000 ကို Recovery ကနေ Root ဖောက်နည်းလေးပါ
- ဘလော့ရဲ့အလှဆင်တဲ့Lavalamp Menu လေးနော်
- ဘလော့ ခေါင်းစဉ် ထည့်နည်း နှင့် လင့်ချိတ်နည်းအပြည့်စုံ
- latop ပြုပြုခြင်းဆိုင်ရာမြန်မာလိုစာအုပ်လေးပါ
- Published with Blogger-droid v2.0.10
- portable ပြုလုပ်နည်း (portable ဆိုသည်မှာ install...
- Computer သမားတွေအတွက်အသုံးပြုဖို WHIZOO လိုခေါ်တဲ့ ...
- anddroid phone ထဲ့က video နှင့် mp3 တွေကိုဒေါင်းချ...
- android phone myanmar keyboard and zawgyi font apk...
- Facebook မှာ password မေ့သွားခဲ့ရင် ဒီလိုလုပ်ပါ
- Android ကို root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ
- internet download manager ( အမြဲတမ်းသုံးလိုရပါတယ်)
- android phone myanmar online radio apk လေးပါ
- Winrar for windows 32,64-bit (computer တွေအတွက်မရှ...
- Android cache cleaner apk ( android ရှင်းလင်းရေး)
- LINE: Free Calls & Messages APK လေးပါ
- Android phone bangbang racing apk ကားပြိုင်ဂိမ်းအလ...
- Team Viewer နောက်ဆုံးထွက်လေးပါ
- Microsoft Security Essentials အကောင်းဆုံး ကွန်ပျူတ...
- v root လေးပါ
- free download manager
- zawgyi one for windows 7,8 - 64 bit
- Android phone booster apk
-
▼
September
(65)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည့်နည်းလမ်းလေးပါ...... မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ
No comments:
Post a Comment