#>
မိတ်ဆွေတို့လာရောက်တဲ့အတွက်အထူးကျေးဇူးတင်လျှက်ပါ

လိုအပ်တာရှာပါ

Oct 20, 2013

USB / Memory stick ကို Bootable ဖြစ်အောင်ပြုလုပ်ခြင်း နှင့် Windows Installation ပြုလုပ်ခြင်း



ဒီနည်းလေးကတော့ မိမိ computer မှာ CD/DVD Drive မပါဘဲ Windows တင်ချင်သူများ
Internet မှ ဒေါင်းလုပ်ရရှိလာသော iso file (Windows image file) များမှ Windows install လုပ်လိုသူများအတွက် အရမ်းကို အသုံးဝင်လှပါတယ်
( iso file လေးကို ဖြည် ဒီတိုင်း CD/DVD ထဲ burn ရုံနဲ့ stick ထဲ copy ကူးထည့်ရုံနဲ့) Bootable မဖြစ်လို့ ကွန်ပျူတာက နားမလည်နိုင်ပါ...install လုပ်လို့မရပါ) ကျွန်တော်ကိုယ်တွေ့ပါခင်ဗျာ(ပညာရှင်များအတွက် မရည်ရွယ်ပါ)

လိုအပ်ချက်
၁။ Memory stick 4 Gbs တစ်ချောင်း
၂။ UltraISO For Windows Installation Bootable Maker ဒီမှာ ယူပါ
၃။ Windows image (iso file) (Wins7/8) မိမိကြိုက်နှစ်သက်ရာ Windows သုံးနိုင်ပါတယ်

Bootable USB ပြုလုပ်ရန်   

၁။ မိမိ bootable ပြုလုပ်လိုသော Windows.iso( image) ပေါ်တွင်right click>open with> ultra iso program လေးကို ရွေး၍ click လိုက်ပါ
၂။  Menu Bar မှ Bootable>write disk image ကို click လိုက်ပါ
၃။ write disk image ဘောက်တွင်အောက်ကအတိုင်းရွေးပေးလိုက်ပါ
    Disk drive: USB ၏ letter( E/G စသဖြင့်)
    Write Method: USB-HDD+
၎။ Format> Write ကို တစ်ဆင့်ချင်း click နှိပ်သွားပါ
percentage % ပြပါလိမ့်မည်....ပြီးပါက
Windows installation ပြုလုပ်နိုင်သော USB တစ်ချောင်းမိတ်ဆွေ ပိုင်ဆိုင်ပါပြီ
  
Windows installation ပြုလုပ်ခြင်း
၁။ BIOS တွင် Boot option မှာ first boot device ကို မိမိ၏ USB ကိုရွေးလိုက်ပါ
၂။ F10 key ကို နှိပ် save ပြီး computer ကို ဆက် Run လိုက်ပါ
၃။ Windows installation ဆောင်ရွက်နေမှုကို မြင်တွေ့ရပါလိမ့်မည်။
၎။ ၁၀ မိနစ်ခန့်ကြာပြီးနောက် Windows file များအား copy ကူးသည့်အဆင့်ပြီးဆုံးကာ restart ကျပါမည်
restart ကျစဉ် Black screen ပေါ်လာတာနဲ့ Boot option ကို ၀င်ပြီး first boot device ကိုHard disk (HDD) ကို ပြန်ပြောင်းပေးရပါမည်။
အရေးကြီးပါသည်  ...မပြောင်းပါက တစ်ဖန် တစ်ကပြန်စပါလိမ့်မည်....
 ၅။ Boot device ကို HDD သို့ပြောင်းပြီးပါက F10 နှိပ်ကာ save လုပ်၍ ထွက်ပြီး ဆက်လက် run လိုက်ပါက windows installation အဆင့်ပြီးဆုံးပါပြီ

2 comments:

  1. Memory stick 8GB နဲ့​ရော မရနိုင်​ဘူးလားဗျ

    ReplyDelete
  2. Memory stick 8GB နဲ့​ရော မရနိုင်​ဘူးလားဗျ

    ReplyDelete

Related Posts Plugin for WordPress, Blogger...

နည်းပညာတွေကိုမျှဝေခံစားချင်ရင်Member ၀င်ခဲ့ပါ

မိတ်ဆွေတိုရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာများနဲ့ပတ်သတ်ပြီး website တွင် ကြော်ငှာများထည့်ချင်ပါက cbox မှာ မိတ်ဆွေတိုရဲ့ email လိပ်စာထည့်ပြီး ကြော်ငှာထည့်ချင်တဲ့အကြောင်းကိုရေးထားခဲ့ပါ....

Popular Posts

Blog Archive

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည့်နည်းလမ်းလေးပါ...... မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ