လိုအပ်တာရှာပါ
Sep 26, 2013
ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ (၅)ဦး
မိလိန္ဒပဥှပါဠိတော် (၁၀ဂ)တွင် ဂေါတမဘုရားရှင် သာသနာတော်အတွင်း၌ အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ ငါးဦးရှိကြောင်း ဖော်ပြထား၏။
ထိုငါးဦးမှာ
(၁) စိဉ္စမာဏ
(၂) သုပ္ပဗုဒ္ဓ
(၃) အရှင်ဒေဝဒတ်
(၄) နန္ဒကဘီလူး
(၅) နန္ဒလုလင် တို့ပင် ဖြစ်သည်။
၁။ စိဉ္စမာဏ စိဉ္စမာဏသည် ဘုရားလက်ထက်
တိတ္တိဆရာကြီးများ၏ စေခိုင်းမှုကြောင့် မြတ်စွာဘုရားရှင်အား အမျိုးမျိုး စွပ်စွဲခဲ့သူ ဖြစ်သည်။ စိဉ္စမာဏသည် မြတ်ဗုဒ္ဓအား လူအများ အထင်လွဲမှားစေရန် ရည်ရွယ်၍ ညနေချမ်းလူများ မြင်ရချိန်တွင် ဘုရားကျောင်းတော်အတွင်း ဝင်သွားပြီး မနက်စောစော လူအများကျောင်းကို လာချိန်တွင် ဘုရားကျောင်းတော်မှ ပြန်ထွက်လာဟန် ပြုမူနေထိုင်ခဲ့ပြီး အတော်အတန် ကြသည့်အခါ ရဟန်းဂေါတမနှင့် ကိုယ်ဝန်ရသည့် ပုံစံဖြင့် မိမိဝမ်းဗိုက်တွင် ပြင်ချပ်ချည်ကာ တရားဟောနေသည့် ဘုရားရှင်အား တရားနာပရိတ်သတ်ကြားတွင် စွပ်စွဲလေ၏။
မြတ်ဗုဒ္ဓက မေတ္တာတရားဖြင့်သာ နေတော်မူချိန် နတ်သားလေးယောက်တို့က ကြွက်ယောင်ဖန်းဆင်းပြီး စိဉ္စမာဏ၏ ကိုယ်ဝန်အတုကို ကိုက်ဖြတ်ကာ အမှန်ကို ဖော်ထုတ်ပေးခဲ့သည်။ ထိုအခါမှသာ တရားနာပရိတ်သတ်များလည်း အမြင်ရှင်းကာ ထိုအမျိုးသမီးအား ရိုက်ပုတ်ပြီး ကျောင်းအပြင်သို့ နှင်ထုတ်လိုက်ကြလေသည်။ စိဉ္စမာဏသည် ဘုရားရှင် မျက်ကွယ်သို့ ရောက်သည့်ခဏမှာပင် မြေမျိုခံခဲ့ရလေတော့သည်။ အဝီစိငရဲမှ မီးလျှံများသည် စိဉ္စမာဏအား ရစ်ပတ်၍ အဝီစိငရဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။ ၂။ သုပ္ပဗုဒ္ဓ သုပ္ပဗုဒ္ဓသည် ဘုရားရှင် သိဒ္ဓတ္ထမင်းသား ဘဝက တော်စပ်ခဲ့ရသည့် ယောက္ခမ သကျသာကီဝင် မင်းမျိုးဖြစ်၏။ ဒေဝဒတ်နှင့် ယသော်ဓရာတို့၏ အဖေ၊ သိဒ္ဓတ္ထမင်းသား၏ ဦးရီးတော်လည်း ဖြစ်၏။
သုပ္ပဗုဒ္ဓသည် တူတော်သိဒ္ဓတ္ထမင်းသာ ဘုရားအဖြစ်ကို ရောက်ပြီးနောက်ပိုင်း သမီးတော် ယသော်ဓရာကို ထားခဲ့သည့် အကြောင်း၊ သားတော် ဒေဝဒတ်၏ ရန်သူအရာ၌တည်ခဲ့သည့် အကြောင်း၊ မိမိထက်ငယ်ရွယ်သူ တူတော်မောင် တစ်ယောက်အပေါ် ရိုသေလေးစားမှု မပြုလိုသည့်အကြောင်း စသည့်အကြောင်းများဖြင့် ဘုရားရှင်အပေါ် ရန်ငြိုးထားသူ ဖြစ်သည်။ တစ်နေ့တွင် ဘုရားရှင်ကြွတော်မူရာ လမ်းကိုပိတ်ပင်တားဆီး၊ ဘုရားရှင်တို့၏ ခရီးလမ်းကို နှောက်ယှက်ဖျက်ဆီးသည်ကို အကြောင်းပြု၍ ဘုရားရှင်က ဦးရိးတော်သည် ဤအကုသိုလ်ကြောင့် (၇)ရက်လွန်သည့်အခါ ပြဿဒ်ခြေရင်း လှေခါးရင်းတွင် မြေမျိုခံရမည် ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ ထိုအကြောင်းကို သုပ္ပဗုဒ္ဓ ကြားသိသည့်အခါ မြတ်စွာဘုရားစကား မမှန်အောင်နေပြီး မုသာဝါဒဖြင့် စွပ်စွဲမည်ဟု နှလုံးပိုက်ကာ ဘုံ(၇)ဆင့်ရှိသည့် ပြဿဒ်ထက်ဝယ် နေခဲ့လေ၏။
သို့သော် (၇)ရက်မြောက်သည့်နေ့တွင် ရှင်ဘုရင်၏ မင်္ဂလာစီးတော်မြင်း၏ မြည်ဟီးကာ သောင်းကျန်းနေသည်ကို အကြောင်းပြုပြီး စီးတော်မြင်အား တားဆီးရန် သတိလက်လွတ်ဖြင့် ပြဿဒ်ထက်မှ ဆင်းသက်မိရာက လှေကားခြေရင်းတွင် မြေမျိုကာ အဝီစိငရဲသို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင်တို့၏ စကားတော်သည် လွဲချော်ရိုးထုံးစံမရှိသည့်အလျောက် (၇)ရက်မြောက်လျင် မြေမျိုခံရမည့် သုပ္ပဗုဒ္ဓ္ပသည်လည်း မဖြစ်မနေ အကြောင်းဖန်ကာ မြေမျိုသေဆုံးခဲ့ခြင်း ဖြစ်သည်။
၃။ အရှင်ဒေဝဒတ် ဒေဝဒတ် မြေမျိုခြင်းအကြောင်းကား အတော်များများ သိထားပြီး ဖြစ်၏။
မြတ်ဗုဒ္ဓ၏ ယောက်ဖတော်လည်းဖြစ်၊ ညီကိုတော်လည်း ဖြစ်သည့် ရှင်ဒေဝဒတ်သည် ရဟန်းအဖြစ်ကို ရရှိပြီးနောက် မိမိနောက်မှ ရောက်လာကြသည့် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာနတို့ကို ဘုရားရှင်က အဂ္ဂသာဝက ရာထူးများ ပေးအပ်လိုက်ချိန်မှစ၍ ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့မှုများ တိုးပွားလာခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင်ကို အမျိုးမျိုး အတိုက်အခံပြု ဆန့်ကျင်ဘက်ပြုကာ ဘုရားကို သွေးစိမ်းတည်အေငာ် လုပ်ခြင်း၊ ညီညွတ်နေသည့် သံဃာတော်များ ကွဲပြားသွားအောင် သံဃာသင်းခွဲခြင်း စသည့် ပဉ္စာနန္တရိယကံများအထိ ကျူးလွန်မိခဲ့သည်။
မြတ်ဗုဒ္ဓနှင့် လမ်းခွဲကာ နောက်ပါတပည့်များနှင့် နေပြီးမကြာခင်မှာ ရောဂါစွဲကပ်လာခဲ့သည့် ရှင်ဒေဝဒတ်သည် မိမိ၏အမှားများအပေါ် နောင်တတရားများ ဖြစ်ခဲ့လေ၏။ နောက်ဆုံး ဘဝနိဂုံးမချုပ်ခင် မြတ်စွာဘုရားအား ဖူးမြော်လိုကြောင်း တပည့်များအား တိုးလျိုးတောင်းပန်သဖြင့် တပည့်များက ထမ်းစင်ဖြင့် ဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းတော်သို့ ပို့ဆောင်စဉ် ကျောင်းဘေးနားရှိ ရေကန်နားအရောက် တပည့်များက ထမ်းစင်ကိုချပြီး ရေကန်ဘက်အသွား တပည့်များအလာကို မစောင့်နိုင်ဘဲ ဘုရားကျောင်းတော်ကို မိမိကိုယ်တိုင် အားပြုရုန်းထလျက် ထမ်းစင်ပေါ်မှ အဆင်းမှာပင် မဟာပထဝီမြေကြီး ကွဲအက်ကာ အရှင်လတ်လတ် မြေမျိုခံခဲ့ရခြင်း ဖြစ်သည်။ ၄။ နန္ဒကဘီလူး နန္ဒကဘီလူးသည် သူတော်ကောင်း ဓာတ်ခံအလွန်နည်းပါးသည့် ဘီလူးဖြစ်သည်။ ထို့ကြောင့် သူတော်ကောင်းများ အပေါ်တွင်လည်း မနောကံအပြင် ဝစီကံ၊ ကာယကံတွေနဲ့များဖြင့် ကိုယ်ထိလက်ရောက် ဆော်ကားလေ့ရှိသည်။
တစ်ချို့ဆော်ကားမှု အပိုင်းများသည် လက်တွေ့ပိုင်းမှာ အကျိုးသက်ရောက်မှု မရှိသော်လည်း ပညာရှိသူတော်ကောင်း၊ သီလသမာဓိပညာ အားကောင်းသည့် အရိယာသူတော်ကောင်းများကို ဆော်ကားမိပါက လက်တွေ့ခံရသည်ကို နန္ဒကဘီးလူး သဘောပေါက်သွားခဲ့သည်။ တစ်နေ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဂိဇ္ဈဂုတ်တောင်တွင် တရားအားထုတ်နေစဉ် နန္ဒကဘီလူး ရောက်ရှိလာပြီး တရားအားထုတ်၍ မရအောင် အမျိုးမျိုး နှောက်ယှက်လေသည်။ နောက်ဆုံး မထေရ်မြတ်၏ ဦးခေါင်းတော်ကို ကိုယ်ထိလက်ရောက် ရိုက်ပုတ်သည်အထိ ဆော်ကားနှောက်ယှက်ခဲ့သည်။ ထိုအကုသိုလ် အကျိုးကြောင့် နန္ဒကဘီလူးသည် မြေကြီးကွဲအက်ကာ အဝီစိငရဲမှ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ နန္ဒကဘီလူးသည် လက်တွေ့ဘဝတွင် သူတော်ကောင်းကို စော်ကားမိသဖြင့် အရှင်လတ်လတ် မြေမျိုးခဲ့ရလေသည်။ ၅။ နန္ဒလုလင် နန္ဒလုလင်သည် ရဟန္တာမထေရ်မကို ဆော်ကားမိသဖြင့် အရှင်လတ်လတ်မြေမျို ခံခဲ့ရသူဖြစ်သည်။ သူဆော်ကားခံရသူမှာ ဥပ္ပလဝဏ် ထေရီမဖြစ်သည်။
ဥပ္ပလ၀ဏ်ထေရီမသည် တန်ခိုးကြီးသောအရာ၌ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရီမတစ်ဦး ဖြစ်ပေသည်။ ထေရီမသည် တန်ခိုးကြီးသည်သာမက ဥပဓိသမ္ပတ္တိနှင့်လည်း ပြည့်စုံသဖြင့် ထေရီမဖြစ်သော်လည်း လူယောက်ျားများ၏ စိတ်ဝင်စားမှုကို ခံရသူဖြစ်သည်။ ထိုအထဲတွင် နန္ဒလုလင်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ တစ်နေ့သော် နန္ဒလုလင်သည် လူသူကင်းဆိတ်ချိန်တွင် ထေရီမ၏ ကျောင်းသင်္ခမ်းသို့ ရောက်ရှိလာပြီး ထေရီမအား အဓမ္မပြုကျင့်လေသည်။ ရဟန္တာဖြစ်နေသည့် ထေရီမအား ဆော်ကားမိသဖြင့် ယင်းအကုသိုလ်ကံ အကျိုးကြောင့် နန္ဒလုလင်မှာ မြေကြီးကွဲအက်၍ အရှင်လတ်လတ် မြေမျိုခြင်းကို ခံခဲ့ရပြီး အဝီစိငရဲသို့ ကျရောက်သွားခဲ့လေသည်။
ဤကား ဒိဋ္ဌဓမ္မဝေဒနီယကံ၏ အကျိုးဆက်အဖြစ် လက်ရှိဘဝမှာပင် သူတော်ကောင်းကို ဆော်ကားမိသဖြင့် အရှင်လတ်လတ်မြေမျိုခံခဲ့ရသည့် ပုဂ္ဂိုလ်ငါးဦးအကြောင်း တစေ့တစောင်းပင် ဖြစ်ပါသည်။ ဓမ္မစာပေပရိတ်သတ် တစ်ဦးဖြစ်သည့် ဒကာမ ဒေါ်ယုလှိုင်မိုး၏ တောင်းဆိုချက်ကို အကျဉ်းချုပ်၍ ရေးသားဖော်ပြလိုက်ပါသည်။ အများသူငါ ဗဟုသုတ တိုးစေရန်လည်း တစ်ဆင့်ပြန်လည် မျှဝေလိုက်ပါသည်။
Android ဖုန်းအတွက် ကားနဲ့ လည်းတိုက် သေနပ်လည်းပစ်ရတဲ့ဂိမ်း
Android ဖုန်းမှာဆော့ဖို့  သရဲတွေကို ကားနဲ့ တိုက်ရမယ့် ဂိမ်း
facebook account ဖွင့်ရင်းနဲ့ gmail account တခုရယူနည်းပါ
ဒီပုံအတိုင်း google searsch မှာ facebook sing up လိုရေးပြီး search ကိုနိုပ်လိုက်ပါ
ဒီလိုပေါ်လာမည် အပိုဆုံးကစာတန်းကိုနိုပ်ရင်အောက်မှာပုံအတိုင်းပေါ်လာမည်
first name နေရာမှာ (mgkyaw) သိုမဟုတ်ကြိုက်ရာပေါ့ last name(aye) သိုမဟုတ်ကြိုက်ရာပေါ့
you email ဆိုတဲ့နေရာမှာ mgkyawaye@gmail.com ပေါ့ re-enter Email ဆိုတဲ့နေရာမှာ(you email မှာထည့်ခဲ့တဲ့အတိုင်းပေါ့) mgkyawaye@gmail.com ပေါ့ new password ဆိုတဲ့နေရာမှာ 97198724
သိုမဟုတ် ကြိုက်ရာထည့်လိုက်ပါ Birthday မှာလည်းကြိုက်ရာထည့်လိုက်ပါ female and male တော့
မိန်းမဆိုရင် female ကို အမှတ်ခြစ်ပါ ယောင်္ကျားဆိုရင် male ပေါ့ (ကိုယ်ဟာကို ကျားလား မလားအသေအချာ ကြည့်ပေါ့) စတာပါ....ဟီ..ဟီ.. အားလုံးပြည့်စုံပြီးဆိုရင် singup ကို နိုပ်လိုပ်ပါ့
ဒီလိုပေါ်လာပြီးသိုမဟုတ်အောက်မှာပေါ်အောက်နားလည်းမှာပေါ်သလိုပေါ်ရင်မရသေးလိုပေါ့
သင်လုပ်တာတခုခုမှားလို သိုမဟုတ် အဲဒီနာမည်နဲ့အခြားလူတွေသုံးထားလိုပါ ထပ်ပြီး
first name last name you email အားလုံး နေရာတွေမှာ အခြားမတူတဲ့ name ,email, passwordတွေ
အစားထိုးပြီးလုပ်ကြည့်ပေါ့ မရရင်ထပ်ပြီးပြောင်းထပ်ပြီးအစားထိုးပေါ့ ရပြီဆိုရင်အောက်မှာအတိုင်းပေါ်
လာမှာပါ့
step 1 2 3 4 အထိပေါ့ အောက်မှားပေါ်နေတဲ့အတိုင်း skip this step ကိုပဲနိုပ်ပေးလိုက်ပါပြီးရင်အောက်မှာပေါ်သလိုပေါ်လာမှာပါအပိုမှာပေါ်မှာပေါ်နေတဲ့ go to you email ဆိုတဲ့နေရာကိုနိုပ်ပေးလိုက်ပါ
သင် email ထဲ့ကို facebook conifirm ဆိုတဲ့နာမည်နဲ့ massage တခုရောက်ပြီးရှိလိမ့်မယ့်
ဘာမှရောက်လိုမရှိဘူးဆိုရင် ယခု facebook ထဲ့မှာပေးခဲ့တဲ့ fist name last name အတိုင်း gmail account
လုပ်လိုက်ပါ gmail လုပ်နည်းကို အောက်မှာကြည့်လိုက်ပါ
ပထမဦးဆုံးလုပ်ရမှာက်firefox ဒါမှမဟုတ် internet exploer တခုခုပေါ့ ပြီးရင် www.gmail.com ကိုရိုက်လိုက်ပါ ပြီးရင် Creat an account ကို နှိပ်ပါ ပြီးရင်Name မှာ ဟိုဘယ်ဒီဘက် မျှထည့်ပါ ဥပမာ ဆိုပါစို့ first မှာ mgkyawကိုထည့်ပြီးတော့last မှာ aye ကိုထည့်ပေးပါ့ ပြီးရင် Choose your username မှာ mgkyawaye ကိုထည့်ပေးပါ ပြီးရင် Create a password မှာ ၈ လုံးအထက်ရိုက်ပေးပါ passwordက strong password ဒါမှမဟုတ် good password ဆိုမှအဆင်ပြေမှာပါ ဥပမာပြောရရင် ကဂဏန်းတစ်ခုခုထည့်ပေးပါ့
ကျွန်တော်ကတော့ဒါလေးထည့်ထားပါတယ်
ပြီးမှပြန်ပြောင်းပေါ့ 97198724 Confirm your password မှာလည်း
အပေါ်ကထည့်ပေးတာလေးထည့်ပေးပါြ ပီးရင်birthday ထည့်ပါ ၁၉၉၃ကနေပြီးတော့
၁၉၈၀အထိ အဆင်ပြေပါတယ် ၁၉၉၄ကနေပြီးတော့ ၂၀၁၃အထိအဆင်ပြေမှာမဟုတ်ဘူး gender
မှာ ယောင်္ကျားလား မိန်းမလားတစ်ခုခုရွေးပေးပါ ပြီးရင်+95 ပါပြီးသားပါ နောက်ကနေဖုန်းနံပတ်တွေ
မထည့်ပေးပါနဲ့ ထည့်ပေးရင် code တောင်းလိမ့်မယ်
ပြီးရင် your current email
address မှာ အကောက်ရှိပြီးသား email ကိုထည့်ပေးပါ passwordပြန်ပြောင်းလို့ရတယ် prove you're not arobot
ရဲ့ type the two pieces of text: မှာ ပေးထားတဲ့ဟာလေးမှန်ကန်အောင်ထည့် ပေးပါ
တစ်ခုနဲ့ တစ်ခုခြားမှာ spacebar ခြားပေးပါ ဥပမာအနေနဲ့ရှင်းပေးပါမယ်နော်
ဥပမာ thoseIpnormဆိုပါစို့ thoseနဲ့Ipnorm မှာ space bar ခြားပေးပါ
ဒီလိုရေးပါ those ipnormလိုရေးပါ အကုန်လုံးအသေးရေးပေးပါ သူ့မှာအကြီးပေးလဲ
အသေးဘဲရေးပေးပါ
တကယ်လိုစလုံးတွေဝါးနေပါက မျှားလေးကိုနှိပ်ပေးပါ
ဒီလိုမှမဟုတ်ရင်အစကနေပြန်လုပ်ရမှာပါ
location မှာmyanmar ပါပြီးသားပါ တကယ်လို့မပါရင် ရွေးပေးပါ ပြီးရင်
ပြီးရင်အောက်က box နှစ်ခုမှာ အမှန်ခြစ်ထည့်ပေးပါ ပြီးရင်next step
ကိုနှိပ်ပေးပါ မနှိပ်ခင် အပေါ်ကဟာကိုပြန့်စစ်ပေးပါ ပြီးရင်နှိပ်ပေတော့ဗျာ
ပြီးရင် welcome ဆိုတာလေးပေါ်လာလိမ့်မယ် continue to gmail ကိုနှိပ်လိုက်ပါ
ပြီးရင် gmail ကိုနှိပ်လိုက်ပါ ကဲရပါပြီဗျာ.........
သင် email ထဲ့က inbox ထဲ့မှာ facebook confirm ပါလားကြည့်ပါရောက်လိုရှိလိုတယ်ဆိုရင် အဲဒါကို နိုပ်လာတာနဲ facebook confirm ပေါ်လာပါမယ်အဲဒါကိုနိုပ်လိုက်တာနဲ့ သင့် facebook တန်းပြီး ပွင့်လာပြီဆိုရင် လုပ်တာအောင်မြင်သွားပါပြီ......။ကျေးဇူးတင်လျှက်ပါ.....
လှသိန်း
Browser မှာပဲဖြစ်ဖြစ် Software တင်ရာမှာဖြစ်ဖြစ် Java နဲ့ပတ်သက်တဲ့ Error တက်ရင် ဖြေရှင်းနည်း
ဒါကတော့ Windows PC သုံးနေသူတွေ တစ်ခါတစ်လေ ကြုံရတဲ့ ပြဿနာ တစ်ခုပါ.. ဒါက Java Plug-in Crash ဖြစ်သွားလို့ error တက်တာလို့ ဆိုပါတယ်.. ဖြေရှင်းဖို့နည်းလမ်းနဲ့ ဆော့ဖ်ဝဲ တစ်ချို့ မျှဝေလိုက်ပါတယ်..
1. Internet သုံးတဲ့ Browser ဖွင့်ထားရင် ပိတ်လိုက်ပါ..
2. အရင်က Java ကို Install လုပ်ထားရင် Uninstall လုပ်ပစ်လိုက်ပါ.. ပြီးရင် Microsoft Fix it နဲ့ Run ပြီး Registry ထဲထိ ရှင်းပစ်လိုက်ပါ.. MS Fix it ကို ဒေါင်းပြီး Full Download ရဖို့ Internet တော့လိုမှာဖြစ်ပါတယ်..
3. အောက်ကလင့်မှာ Java နောက်ဆုံးထွက် Offline Installer ကိုဒေါင်းပြီး Install လုပ်ပေးလိုက်ပါ..
PC ကို Restart ချပေးလိုက်ပြီးရင် အဆင်ပြေပါပြီ..
အဆင်ပြေပါစေ..
format factory 2.20 လေးပါ
ဘိုတာတစ်ယောက်ကလာတောင်းထားလို ဘာအတွက်သုံးလဲဆိုတော့
(mp3.mp4.3gp.avi.mpeg)အတွက်ပါပြောင်းလို့  ရတာတွေအများကြီးဘဲ.iso တွေလည်းရပါတယ်
သိပြီးသားသူတွေအတွက်တော့မရည်ရွယ်ပါဘူး..မသိသေးတဲ့သူတွေအတွက်ပါမျှဝေပေးလိုက်တယ်။
လိုချင်ရင်တော့အောက်မှာဒေါင်းလိုက်ပါ။ 32.08MB ရှိတယ်။
Download
ဖုန်းထဲက Virus နှင့် Cleaner အတွက်အသစ်လေးပါ..AVG_Memory_amp_Cache_Cleaner_1_0_51 (.apk) တခု
ဒီတစ်ခါ တကယ်အသစ်လေးပါဗျာ..
Virus တွေနဲ့ ဖုန်းထဲကအမှိုက်တွေ
အကုန်လုံးကိုရှင်းပေးနိုင်တဲ့ကောင်လေးပါ။
အားလုံးလဲ .AVG ဆိုရင်သိပြီးသားပါ...
PC မှာလဲနာမည်ကြီးဆော့ဝဲလ်တစ်ခုပေါ့...
ကဲ..အခု အသစ်တွေ ရဲ့အသစ်တွေကြားမှာ
ဒီအသစ်လေးနဲ့လန်းနိုင်ကြပါစေဗျာ.....
အောက်မှာဒေါင်းယူသွားကြပါဗျာ...
Sep 25, 2013
(AndroMedia Video Editor apk) Android phone တွေပေါ်မှာ နောက်ခံ သီချင်းလေးတွေနဲ့ Video SlideShow လုပ်ချင်သူများအတွက်
Android Device တွေပေါ်မှာပဲ မိမိတို့ ဓာတ်ပုံလေးတွေကို နောက်ခံ
သီချင်းလေးတွေနဲ့ Video SlideShow အဖြစ် ဖန်တီးပေးမဲ့ App လေးပါ...HD (320p
480p 720p) တွေနဲ့ ကြည်လင်စွာ ကြည့်ရှု့နိုင်မှာပါ... စိတ်ဝင်စားရင်
အောက်မှာ ဒေါင်းယူနိုင်ကြပါတယ်...။
Description
android phone မှာ TeamViewer သုံးချင်သူတွေအတွက်ပါ

ဒီTeamViewer ကတော့ Andriod ဖုန်းတွေအတွက်ပါ။ သူ့ရဲ့ လုပ်ဆောင်ချက်တွေ တဖက်က ဖုန်းကနေ ကို့ဖုန်း သိုမှမဟုတ် ကွန်ပြူတာတခုခုဆီကနေ အင်တာနက်လိုင်းရှိရုံလေးနဲ့ ၀င် ပြီး ပြုပြပေး လည်းရ, ၀င်လုပ်လိုလည်း ရ ပါတယ်။
ဆောဝဲကို ဖုန်းမှာ Install ပြီး ကို့ရဲ့ ID လေးပေးရုံနဲ့ တဖက်လူက ကိုယ့်ဆီ ၀င်လာလို့ရပါတယ်။ နမူနာကြည့်လိုက်ပါ ကိုယ့်ရဲ့ဖုန်း တခုခု ဖြစ်လို့ ကိုက မလုပ်တတ်ဘူး နားလည်တဲ့သူကိုအကူညီတောင်းပြီး TeamViewer လေးနဲ့ ၀င်လာပြီး ကို့ဖုန်းလေးကို ပြုပြင်ပေးလို့ရပါတယ်။
ကို့ဖုန်းကနေ သူများဆီသွားတဲ့ TeamViewer ကိုတော့ ဒီလင့်မှာ
ဝင်ယူနိုင်ပါတယ်။ အခုတင်ပေးလိုက်တဲ့ TeamViewer ကိုတော့ အောက်ကလင့်မှာ
ရယူနိုင်ပါပြီ။ Andriod ဖုန်းသုံးသူတိုင်း ရှိထားသင့်တဲ့ App လေးပါ။ Andrid
Version 2.3.3 အထက်မှ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးထွက် လေးကို တင်ပေးလိုက်တာပါ။
စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူလိုက်ပါ......
လုပ်နည်းကို video နဲ့လည်းလုပ်ပြထားပါတယ်
အားလုံးအဆင်ပြေကြပါစေ.....
လှသိန်း
phone Model ပေါင်း ၁၀၀၀၀ ကျော် Android 4.3 ထိ Root နိုင်တဲ့ Perfect Root 1.0.6 လေးပါ

Perfect ROOT is the perfect brush's a versatile tool for Android phones ROOT, ROOT original twin-engine program. And supports Samsung, HTC, Sony, Google a few big brands more than a thousand models a key root , and remove the ROOT and installed automatically with the drive function.
ROOT perfect self-developed twin-engine technology greatly improves the success rate of Brush, the majority Andrews Friends of the machine tool of choice for ROOT privileges
Perfect for root characteristics
A key to root
without any preparation
massive models
support eight brands more than a thousand models Xpress root
highest success rate of
the most stable root tool
Update log
1 optimized version of Android 4.3 ROOT processes.
2 Corrected a bug, fix Samsung, Sony and other brands of supported models root failures.
လိုချင်ရင်အောက်မှာယူလိုက်ပါ အားလုံးအဆင်ပြေကြပါစေဆင်ပြေပါစေ....
Subscribe to:
Posts (Atom)
နည်းပညာတွေကိုမျှဝေခံစားချင်ရင်Member ၀င်ခဲ့ပါ
မိတ်ဆွေတိုရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာများနဲ့ပတ်သတ်ပြီး
website တွင် ကြော်ငှာများထည့်ချင်ပါက
cbox မှာ မိတ်ဆွေတိုရဲ့ email လိပ်စာထည့်ပြီး
ကြော်ငှာထည့်ချင်တဲ့အကြောင်းကိုရေးထားခဲ့ပါ....
Popular Posts
-
သင် CD & DVD ထုတ်ချင်ပါသလား .........? ။အရည်အသွေးပြည့် ဝပြီး အကောင်းဆုံးအရည်အသွေး နဲ့ ပြည့် ဝတဲ့  CD & DVD ထုတ် ချင် တ...
-
Windows screen captures လေးဖြစ်တဲ့ HyperSnap ရဲ့အသစ်ထွက်လာတဲ့ Version ဖြစ်တဲ့ 7.28.00 လေးကို Full လေးဖြစ်အောင် Keygen လေးပါတွဲပြီးတင်ေ...
-
အင်တာနက်သုံးနေတဲ့သူတွေအနေနဲ့ စိတ်အ၀င်စားဆုံးကိစ္စတွေထဲမှာ အင်တာနက် Download Speed ကို ဘယ်လိုမြှင့်ရမယ်ဆိုတဲ့ ကိစ္စဟာ တစ်ခုအပါအ၀င်ပေါ့...
-
သူငယ်ချင်းတယောက်က လာတောင်းထားလို့ တင်ပေးလိုက်တာပါ။ LINE လေးကတော့ Viber လိုပဲ Free Calls & Messages တို့ကိုအဆင်ပြေပြေနဲ...
-
ပိုတိုရှော့အတွက်ကလေးများအတွက်ဘောင်ကလေးတွေကိုအသင့်လုပ်နိုင်အောင်လုပ်ပြီးတင်ပေးလိုက်ပါတယ်ဗျာသူငယ်ချင်းတို့လည်းကြိုက်မယ်လို့မျှော်လင...
-
ဒီနည်းကတော့ သူငယ်ချင်းတစ်ယောက် မေးတာနဲ့ ရှာသုံးကြည့်တာ မဆိုးဘူးနော် ဖုန်းကို ဖွင့်ထားပေမယ့် ဖုန်းထဲမှာရှိတဲ့ဟာတွေကို သူများသုံး...
-
Auslogics Registry Cleaner ဆောလ်ဝဲလေးလာပါပြီဗျာ။ မိမိတို့ ရဲ့ စက်မှာ အမိုက်တွေ..အဲရာ..တွေရှင်းတဲ့နေရာမှာ ရိုးရှင်းပြီး သုံးရလွယ်ကူတဲ့ Ausl...
-
10လပိုင်း 29 ရက်နေမှာ Update ထွက်လာတဲ့ IM+ Pro v6.5.7လေးပါ Facebook, Skype, MSN/Live Messenger, Google Talk, Yahoo!, AIM/iChat, ICQ, J...
-
android phone ထဲ့မှာကားပြိုင်ချင်တဲ့အတွက် ဂိမ်းအလန်းလေးပါ ကားပြိုင်ဂိမ်းကြိုက်တဲ့ သူငယ်ချင်းတွေအတွက် အကြိုက်တွေ့မှာထင်လိုတင်ပေး...
Blog Archive
-
▼
2014
(121)
-
▼
April
(13)
- Android အတွက် စွယ်စုံသုံး - System Tuner Pro v3.0....
- Internet Download Manager 6.19 Build 3 & Crack လေးပါ
- Advanced Download Manager Pro 3.5.2 for android(la...
- Microsoft Office Mobile for Android
- VideoShow Pro – Video Editor V 2.6.1 For Android(L...
- Smart RAM Booster Pro 3.0.1 for android(latest ver...
- DVD Ripper _Version 7.0.2.1 Free Download
- GSM, WCDMA, CDMA, MEC (အင်တာနက် Setting များ)
- အီလက်ထရောနစ် သေနတ်လို သုံးလို့ရမယ့် အိုင်ဖုန်းကာဗာ
- မြန်မာလူငယ်များ ဘလော့ဂ်ရေးသားခြင်းမှ ၀င်ငွေရှာနိုင...
- ရခိုင်(အိုင်တီနန်းတော်) apk လေးပါ
- ရခိုင်(အိုင်တီနန်းတော်) apk လေးပါ
- Facebook v 9.0.0.0.18 for android(latest version) ပါ
-
▼
April
(13)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည့်နည်းလမ်းလေးပါ...... မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ




်







