#>
မိတ်ဆွေတို့လာရောက်တဲ့အတွက်အထူးကျေးဇူးတင်လျှက်ပါ

လိုအပ်တာရှာပါ

Sep 30, 2013

ကဗျာလေးတွေခံစားဖို

 ခဏ
အဝေးဆုံးကို သွားချင်လို့
အနီးဆုံးကို ကျောခိုင်းတယ်
ဟိုတစ်ဘက်ကမ်းက
တရားဒေသနာကို
နာဖို့အတွက်
ဒီဘက်ကမ်းက
ငြိမ်းချမ်းခြင်း တချို့ ကို
လျစ်လျူရှုတယ်
အင်း .... လူဖြစ်ရတာ
မီးခြစ်ထိုင်ခြစ်ရတာလောက်
ရင်ခုန်စရာ မကောင်းဘူး


 ကြယ်ရူး

ဘဝကိုဒေါင်လိုက်လဲ မစိုက်ပျိုးခဲ့ဘူးပါ
မနက်ဖြန် အတွက် ကိုယ့် စိတ်ကိုလဲ မသတ်ဖြတ်ခဲ့ဘူးပါ
အချစ်ဆိုတာလဲ ဖမ်းလို့ ကောင်းတဲ့ တိမ်တိုက်သာဖြစ်ခဲ့ပါတယ်။

ဘဏ်ကဒ်နဲ့ အကြွေးဝယ် ကဒ်မရှိပါ
မော်တော်ကားနဲ့ ကွန်ဒိုမရှိပါ
မိသားစုဆိုတာလဲ နတ်သမီး ပုံပြင်ဆန်တဲ့ အိပ်မက်တစ်ခုသာ။

ရမ္မက်သက်သက်အတွက် ဘယ်အခါမှ လဲ မနမ်းခဲ့ဘူးပါ
မိုးပျံ ဥယာဉ်တွေ အတွက်လဲ အပြာရောင်စာရွက်မရှိခဲ့ပါ
ဘဝ ကို ခပ်မျှင်းမျှင်း ကုန်လွန်စေချင်တာပဲ ရှိပါတယ်။

ဆုတောင်းပြည့်ရအောင်လည်းဘယ်လိုဆုမှ မတောင်းခဲ့ဘူးပါ
ရင်ဘတ်ကိုရပ် မရတာကလွဲလို့ ဘယ်လို နိုးဆွမှုမျိုးကိုမှလဲ မဖန်တီးတတ်ခဲ့ပါ
ကိုယ်သေရင် မျက်ရည်တစ်စက် တလေမှ မထားခဲ့ ချင်တာလဲ အတ္တတစ်ခုသာ။

ညစာစားပွဲ အတွက် ဝတ်စုံကောင်းကောင်း တစ်စုံ မရှိပါ
လက်ထပ်ပွဲ တစ်ခုကျင်းပဖို့ မဟာမိတ်လည်း မရှိပါ
ခဏလောက်တော့ အထီးကျန်ဘဝ က လွတ်မြောက်ချင်မိပါတယ်။

ကိုယ်တိုင် ထိုးကျွေးခဲရတဲ့ကျားကွက်တွေ ဆိုတာလဲ သမိုင်းမဟုတ်ပါ
တိုးတိုးတိတ်တိတ်ချောင်ပိတ် ငိုတတ်နေတာလဲ စိတ္တဇ ပန်ချီကား မဟုတ်ပါ
ကိုယ့်အနာဂတ်ကို ကိုယ်တိုင် လဲပြိုစေတယ် ဆိုတာလဲ သူမ ပျော်ရွှင်မှုကို မခိုးယူရက်ခြင်းသာ။

ကိုယ်တိုင် လက်နဲ့ ထွင်းတဲ့ သဂြိုင်းကဗျည်းစာကလဲ တစိတ်တော့ နူးညံ့လွန်းပါတယ်။

Talking SMS and Caller ID (.apk) ဖုန်းဝင်လာရင် အမည်ကို အသံနဲ့ဖေါ်ပေးပါတယ်

                   ဒီတစ်ခါမိတ်ဆွေများအတွက် မိမိဆီကိုဖုန်းဝင်
လာရင် အသံထွက်ပေးတဲ့ဆော့ဖ်ဝဲလေးကို
သုံးလို့ရအောင်တင်ပေးလိုက်ပါတယ် ။ Talking SMS and
Caller ID ပါ ။ ဒီကောင်လေးက Ringtone ထဲကနေ
Caller နာမည်ကို ခေါ်ပေးနိုင်သလို ။
           Ringtone ကို
Silent လုပ်ထားပီး သူ့ကြည်းလည်း အသံထွက်ခိုင်းလို့ရပါတယ် ။
နောက် ၁ ခုက SMS ဝင်လာရင်ပါ အသံထွက်ပီး
ဖတ်ခိုင်းလို့ရပါတယ် ။ ဒီတော့ ဖုန်း Display
ကြည့်စရာမလိုပဲ တချို့အရာတွေသိနိုင်တာပေါ့ဗျာ ။

                    ဒါက Eng ပဲ အလုပ်လုပ်မှာနော် ။ မြန်မာလို မှတ်ထားတာ
ပို့ထားတာကို တော့ ဖတ်ပေးနိုင်မှာ မဟုတ်လောက်ဘူး ။
လိုချင်တယ်ဆိုရင်တော့ အောက်မှာ
ဒေါင်းသွားနိုင်ပါတယ်.....
                                     
                                                         

အိမ်မက်မက်တဲ့အခါ ဘာလဲပြန်ကြည့်ချင်ရင် ဒီ ဆော့ဝဲလေးကို ဖုန်းထဲထည့်ထားပါ



Download -အိမ်မက်ကျမ်း-1.apk


Download -အိမ်မက်ကျမ်း-1.apk

RootGenius or Rooter


        RootGenius ဟာ  ခုနောက်ဆုံးထွက် Huawei P6 ကိုတော့ ကောင်းကောင်း Root နိုင်ပါတယ်.. Eroot နဲ့မရတဲ့ P6 ကို ဒီကောင်နဲ့ Root ပါ..  လက်တွေ့ပါ.. ပြီးတော့ Nexus တွေအပါအဝင် Model ပေါင်း 300 ကျော်ကို လောက်ကို ကောင်း ကောင့်း Root ပေးနိုင်ပါတယ်.. Android 4.2.2 ထိ Support ပေးထားတဲ့
Root လုပ်နည်းက လွယ်ကူပါတယ်..

ဖုန်းမှာ USB Debugging နဲ့ Unknown Source ကို အမှန်ခြစ်ပါ..

  •  ဘာကြောင့် USB Debugging ကို Enable လုပ်ရတာလဲ၊ ဘယ်လိုလုပ်ရမလဲ မေးကြလွန်းလို့ပါ.. ဒီပို့စ်ပါ အကြောင်းအရာတွေဟာ သီးခြားစီ ရေးထားပြီးသားဖြစ်ပါတယ်..
    ဖုန်းမှာ USB Debugging ကို Enable လုပ်တယ်ဆိုတာ ဖုန်းရဲ့ System နဲ့ ကွန်ပျူတာရဲ့ System နဲ့ အချိတ်အဆက်ရဖို့ပဲဖြစ်ပါတယ်.. ဖုန်းကို ကွန်ပျူတာမှာ USB ကြိုးကတစ်ဆင့် ချိတ်ဆက်လိုက်ပေမယ့် ကွန်ပျူတာက ဖုန်းကို ဝင်ရောက်ပြီး ဖုန်းရဲ့ System ကို ချိတ်ဆက်လို့မရသေးပါဘူး.. USB Debugging ကို Enable လုပ်ပြီးမှသာ ရမှာဖြစ်ပါတယ်..
  •  
  •  ဒါတောင်မှ ကွန်ပျူတာမှာ ဖုန်းနဲ့ပတ်သက်တဲ့ Driver ကို မှန်ကန်အောင်သွင်းထားပြီးမှရမှာဖြစ်ပါတယ်.. ပထမဆုံးကွန်ပျူတာမှာ သက်ဆိုင်ရာ ဖုန်းအမျိုးအစားတွေရဲ့ Driver ကို မှန်ကန်အောင် Install လုပ်ထားဖို့လိုပါမယ်.. မရှိရင် အောက်ကလင့်မှာ ဒေါင်းပါ..
    ပြီးရင်တော့ USB Debugging ကို Enable လုပ်တာလေးတွေကြည့်ရအောင်.
    1. မိမိဖုန်းဟာ Android Version 2.3 နဲ့ အောက်ဆိုရင်တော့ Setting ကိုနှိပ်ပါ. Application ကိုနှိပ်ပါ. Development ကိုနှိပ်ပါ. USB Debugging ကို အမှန်ခြစ်ပေးပါ.. ဒါဆိုရပါပြီ.. ဒါကို နားလည်လွယ်အောင် Setting>Application>Development>USB Debugging ကို အမှန်ခြစ်ပါ ဆိုပြီးရေးလေ့ရှိပါတယ်..

    2. မိမိဖုန်းဟာ Android Version 3.0 ကနေ 4.1 အတွင်းဖြစ်ခဲ့မယ်ဆိုရင် Setting > Developer Option > USB Debugging ကို အမှန်ခြစ်ပေးပါ...


    3. မိမိရဲ့ဖုန်းဟာ Android Version 4.2 နဲ့အထက်ဖြစ်ခဲ့မယ်ဆိုရင် အပေါ်က ဗားရှင်းတွေမှာလို Development ကို အလွယ်တကူ ရှာလို့ရတော့မှာ မဟုတ်ပါဘူး.. USB Debugging ဟာ Development ဆိုတဲ့ Function အောက်မှာရှိတာဖြစ်တဲ့အတွက် Development ဆိုတာကို အရင်ပေါ်အောင်လုပ်ရမှာဖြစ်ပါတယ်..
    ဖုန်းရဲ့ Setting ကိုနှိပ်လိုက်ပြီး About Phone ကိုနှိပ်ပေးပါ.. Build Number ဆိုတာကိုရှာပါပြီးရင် အဲဒီ Build Number ဆိုတာကို ဆက်တိုက်နှိပ်ပေးလိုက်ပါ.. " You are now a developer! " သို့မဟုတ် " You are under developer mode" ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်.. တစ်ချို့က (၇)ကြိမ်လို့ပြောကြပေမယ့် (၅)ကြိမ်လောက်ဆို You are now a developer! ပေါ်ပါတယ်.. တစ်ချို့က ၉ ကြိမ်လောက်မှ ပေါ်ပါတယ်.. You are now a developer! မပေါ်မချင်း ဆက်တိုက်နှိပ်ပေးရမှာဖြစ်ပါတယ်.. ဖိထားဖို့ပြောတာ မဟုတ်ဘူးနှော်.. You are now a developer! ဆိုတာပေါ်လာရင်တော့ Back Key နဲ့ပြန်ထွက်လိုက်ရင် Developer Option ကို တွေ့ရမှာဖြစ်ပါတယ်.. အဲဒါကို တစ်ချက်နှိပ်ပြီး USB Debugging ကို အမှန်ခြစ်ပေးရမှာဖြစ်ပါတယ်..
4. ဖုန်းကို USB ကြိုးသုံးပြီး ကွန်ပျူတာနဲ့ ချိန်ပါ..
5. RootGenius or Rooter  ကို Run ပါ.. Root ကိုနှိပ်ပါ.. ဒီလောက်ဆိုရင်နားလည်လိမ့်မယ်လိုထင်ပါတယ်..။



Labels: Windows 8 နှင့်ဆိုင်သော Windows 8 မှာ System Image ပြုလုပ်အသုံးပြုခြင်း။ clip_image002 Windows 8 မှာ System Recovery ပြုလုပ်ဖို့  Refresh & Reset ဆိုတဲ့ Feature အသစ်ပါရှိလာပါတယ်။ သင့်ကွန်ပြူတာအလုပ်ကောင်းကောင်းမလုပ်တဲ့အချိန်မှာ Refresh & Reset ကအသုံးဝင်ပါတယ်။Refresh & Reset နဲ့ ပတ်သက်ပြီး Custom Refresh Image ပြုလုပ်နည်းကိုလည်းရေးပေးထားပါတယ်။ Windows 7 ကစပြီး ပါရှိလာတဲ့ System Image ကိုလည်း Windows 8 မှာသုံးလို့ ရပါတယ်။Windows 8 မှာတော့ System Image ပြုလုပ်ဖို့ Windows 7 နဲ့ အနည်းငယ်ကွာခြားသွားပါတယ်။ Search box ကနေ Recovery လို့ ရိုက်ပြီး Settings ကိုနှိပ်ပါ။Windows 7 File Recovery ကိုနှိပ်ပါ။ clip_image004 ဘယ်ဘက်က Create a system image ကိုနှိပ်ပါ။ clip_image006 System Image ကိုသိမ်းမယ့်နေရာကိုရွေးပေးပါ။ External Storage, DVD or Local Storage စသဖြင့် ရွေးချယ်နိုင်ပါတယ်။ clip_image008 Backup Settings ကို Confirm လုပ်ပေးပြီး Start Backup button ကိုနှိပ်ပါ။ဒါဆိုရင် System Image တစ်ခုကို ပြုလုပ်ပြီးပါပြီ။ clip_image010 System Image ကို Restore လုပ်ချင်ရင် Advanced Startup Options ထဲက System Image Recovery ကိုအသုံးပြုရမှာပါ။

Source: http://www.aungkyaw.net/2013/09/windows-8-system-image.html
www.aungkyaw.net မှ ပြန်လည်မျှဝေသည်

Mafon (သို့) Android ကက်ဆက်လေး 5MB

ကက်ဆက်တိတ်ခွေ Player ပုံစံမျိုး အသေးစိတ် ဖန်တီးထားတဲ့ Music Player အလန်းလေးပါ။ Mafon ဟာ တစ်ချိန်က ဆိုဗီယက်နိုင်ငံက ထုတ်လုပ်ခဲ့တဲ့ ကက်ဆက် တစ်မျိုးပါ။ music player ရဲ့ function တွေကို ကက်ဆက်မှာပါတဲ့ ခလုတ်ပုံစံလုပ်ထားပြီး အသံအတိုးချဲ့ ဘား၊ screen အလင်း အမှောင် control စတာတွေကို ခေတ်ဟောင်း ကက်ဆက်စတိုင်အဖြစ် စိတ်ကူးလှပစွာ ထည့်သွင်းထားပါတယ်။ ကိုယ့်စိတ်ကြိုက်သီချင်ေးတွကို Playlist အနေဖြင့် ထည့်ထားလို့ရပါတယ်။ 
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Download>>>>mirrorcreator (or)zippyshare  (or)copy.com/
ပျော်ရွှင်စရာ Android ကမ္ဘာမှကူးယူဖော်ပြခြင်းဖြစ်ပါတယ်

 

computer မြန်မာစာ ပြဿနာများ ဖြေရှင်းနည်း



ဒီနေ့ သူငယ်ချင်း တစ်ယောက်က Zawgyi font  လဲ ထည့်ပြီးပြီ
ဖတ်လိုလည်းရပါတယ် ရေးလိုမရဘူးလိုပြောပြီး အကူအညီတောင်းလာလို တင်ပေးလိုက်ပါတယ်.


ဒီပြဿနာလေးကတော့ Window 7 x32bit မှာ မဖြစ်တာနည်းပါတယ်  window 7x64bit မှာဆိုရင်တော့ဖြစ်တတ်ပါတယ်..
Zawgyi Font / Zawgyi Keyboard က Window 7 x32bit အတွက်ဆိုရင် Click နှစ်ချက် သုံးချက်လောက် နှိပ်ပေးရုံနဲ့တင်အဆင်ပြေသွားပါတယ်... x64bit အတွက်ကတော့ နည်းနည်းခတ်ပါတယ်  
 ဒါ့ကြောင့် မဖြစ်တာနည်းတယ်လိုပြောတာပါ)

အရင်ဆုံး မိမိ ကွန်ပျူတာ ဟာ 32-bit လား ၊ 64-bit -လားအယင်ကြည့်ပါ မကြည့်တတ်ရင် အောက်မှာပုံကို
ကြည့်လိုက်ပါ

မိမိ ကွန်ပျူတာ 64 နှင့် 32 ကဘာအမျိုးအာစားဆိုတာကို ခွဲ သိပြီးဆိုရင်တော့
အောက်မှာလိုအပ်တဲ့ဒေါင်းလိုက်ပါ

  Zawgyi Font x32bit အတွက်  ဒီမှာ ဒေါင်းယူပါ
Zawgyi Font x64bit အတွက် ဒီမှာ ဒေါင်းယူပါ ..။


                 ပထမ Link ဖြစ်တဲ့ Zawgyi Font x32bit ထဲမှာ 64bit အတွက်ရော တစ်ခါထဲ ထည့်ပေးထားပါတယ် ... Window 32bit အတွက်ဆိုရင် Rar ဖိုင်လ်ထဲမှာပါတဲ့  Zawgyi Font For 32bit.EXE ကို right Click နဲ့ ဖွင့်ပြီး Install လုပ်ပေးလိုက်ရင် ရေး/ဖတ် လို့ရသွားပါပြီ...  

                      Window 64-bit အတွက်ဆိုရင်တော့ Zawgyi Font For 32bit.EXE ကို စောစောကအတိုင်း Install လုပ်ပါ .. ပြီးရင် Zawgyi Font For 64bit ဖိုလ်ဒါကို ဖွင့်ပါ .... အထဲက 64bit အတွက် Double Click နဲ့ Run ပေးလိုက်ပါ.exe  ဆိုတဲ့ exe ဖိုင်လ်လေးကို right Click နဲ့ ဖွင့်ပြီး Run ပေးလိုက်ရင် ရေး/ဖတ် လို့ရသွားမှာပါ ... တကယ်လို့  ရေး/ဖတ် မရသေးဘူးဆိုရင် စက်ကို (ပိတ်ပြီးပြန်ဖွင့်လိုက်ပါ) Restart ချပေးလိုက်ပါ ပွင့်လာရင်အဆင်ပြေပါပြီ...။



နောက်ဖြစ်တတ်တဲ့ Zawgyi ပြဿနာတွေကိုတော့ အောက်မှာ ဆက်ဖတ်ပေးပါ...။

 
ကဲ Zawgyi Font လည်းရှိတယ် မြန်မာစာတွေလည်း ဖတ်လို့ရနေပြီးတော့ ရေးလို့မရဘူးဆိုရင်ဒီအတိုင်းသာလုပ်ပေးလိုက်ပါ.... .အဆင်ပြေသွားပါလိမ့်မယ်..
ပုံလေးတွေနဲ့နားလည်လွယ်အောင်တင်ပေးလိုက်ပါတယ်. .
 
Start > Control Panel ကိုသွားလိုက်ပါ..


ကျန်တာလေးတွေကိုတော့ ပုံလေးတွေအတိုင်းသာ ဆက်လုပ်သွားလိုက်ပါ..။


ပုံမှာပြထားသလို English (United States) -US ကိုရွေးပေးပါ ရွေးပြီးသားဆိုရင် ဒီအဆင့်ကို ကျော်လိုက်ပါ။ Add ကို ဆက်နှိပ်ပါ...


 စောစောက ရွေးထာတဲ့ English (United States) ကို ရှာလိုက်ပါ တွေ့ရင် English (United States) ကို Click နှစ်ချက်နှိပ်ပါ... ပြီးရင် အောက်နားက ကပ်လျှက် Alpha Zawgyi Myanmar Unicode 2008 ရဲ့ရှေ့ကအကွက်လေးမှာ Click တစ်ချက်နှိပ်ပြီး အမှန်ခြစ်လေးတပ်ပေးပြီး OK ကိုနှိပ်လိုက်ပါ..


အပေါ်ကပုံလေးလို  အစိမ်းရောင်နဲ့ ပြထားတဲ့ Alpha Zawgyi Myanmar Unicode 2008 လေးရောက်လာရင် Apply > OK ပေးပြီး ဖွင့်ထားတဲ့ Box တွေအားလုံးပိတ်လိုက်ပါတော့ ... ကွန်ပြူတာရဲ့ Taskbar ကညာဘက်ထောင့်နားလေးမှာ .....


အဲ့ဒီလို Keyboard ပုံလေးပေါ်လာပြီဆိုရင် .... ကွန်ပြူတာ Keyboard ပေါ်က Ctrl + Shift ကိုတပြိုင်ထဲနှိပ်ပြီး မြန်မာလိုနဲ့ + အင်္ဂလိပ်လို ကို တမျိုးစီပြောင်းပြီး  ရေးလို့ရနိုင်ပါပြီ .... ။ 
 
 Website တချိုတလေမှာ တွေမှာ Myanmar 3 Unicode နဲ့ရေးထားလို့ ဖတ်မရဖြစ်နေရင်တော့  ဒါလေးကို  ဒေါင်းယူပြီး 
အောက်မှာလုပ်သလိုလုပ်လိုက်ပါ



Install ကိုနှိပ်ပေးလိုက်ရန်အဆင်ပြေသွားပါပြီ..။
Gtalk မှာ မြန်မာလိုရိုက်လို့ ရေးလို့မရဘူးဆိုရင်



 
Gtalk စ သုံးသူတိုင်း မကြာခဏ ကြုံတွေ့ဖူးကြတဲ့ Error လေးပါ ကျွန်တော်ကိုယ်တိုင်လဲ ကြုံခဲ့ဖူးပါတယ် ... ဒီ Error ကို ဒီလိုလေး ဖြေရှင်းနိုင်ပါတယ် 

Start menu =>> Control panel =>> Internet Option =>> General tab 
အဲ့ဒီအတိုင်း အဆင့်ဆင့် သွားပြီး Font ဆိုတာလေးကို Click ပြီးတော့ Zawgyi _one ကိုပြောင်းပေးပြီး Apply ပြီးရင် OK လိုက်ပါ အဆင်ပြေသွားပါပြီ.... 
အဲဒါမှ အဆင်မပြေဘူးဆိုရင်
Gtalk >> Settings >> Change >> Font မှာ Zawgyi_one ကိုရွေးပေးလိုက်ရင်အဆင်ပြေပါပြီ
( ဆရာကြီးတွေအတွက်တော့မရည်ရွယ်ပါဘူး)
(မသိသေးသူများ နှင့် ကွန်ပျူတာစပြီးကိုင်သူများ အတွက် ရည်ရွယ်ပါသည်)

အားလုံးအဆင်ပြေကြပါစေ...
                                                                                                                               လှသိန်း

အားပေးတဲ့အနေနဲ့ website ရဲ့ ညာဖက်အနားမှာရှိတဲ့ facebook like ကိုတချက်လောက်နိုပ်ခဲ့ပါ......

Sep 29, 2013

Y511 phone myanmar font installer for pc လေးပါ

Y511 မြန်မာစာအမှန်ကန်ဆုံး ဖြစ်အောင်လုပ်ဖိုအတွေက်

ပထမဆုံးသင့်၏ဖုန်းမှာ Root ရှိဖို့လိုပါတယ်         အောက်မှာပေးထားတဲ့ 
huawei Y511 myanmar fonts Installer ကိုသင်ရဲ့ ကွန်ပျူတာမှာအယင်ဒေါင်းပြီး 
 ကလစ်၂ချက်ခေါက်ပြီးEnter နိုပ်လိုက်ပါ.....ဖုန်းက restart ကျပြီးပြန်တက်လာရင်
frozen keyboard myanmar fonts သွင်းပြီးသားဖြစ်သွားပါလိမ့်မည်
 အားလုံးအောင်မြင်ပါစေ............  
                                   

PC မှာ Tv လိုင်း ၁၃၀၀ ကျော်ကိုကြည့်ချင်တဲ့သူအတွက်

လိုချင်သူများအောက်မှယူလိုက်ပါ





ချစ်သူများအတွက် အမှတ်တရကဗျာများ


ထာဝရ

ထာဝရ
ပွင့်လျှင်လည်းနမ်းနွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်းတိမ်းညွတ်တွယ်မက်
သည်တစ်သက်မှာတစ်ပွင့်သာလေ…
စွဲလမ်းနေမည်ဝေေ၀ကြွေကြွေမြတ်နိုး၏…

 






သံယောဇဉ်

သံယောဇဉ်
နှောင်ကြိုးရစ်ငင်
လှုပ်တိုင်းနင်သည်
ရှေ့တိုးလည်းနစ်
နောက်ဆုတ်ခက်မို့
တန့်လည်းအဆိုး
သည်အမျိုးသည်
ရင်၌တည်၏။


အကြီးမားဆုံး ဆုံးရှုံးမှု

အကြီးမားဆုံး ဆုံးရှုံးမှု
နင့်ဒုက္ခတွေကို ငါ့ကိုပြောပြပါ
ဒါပေမယ့်
ငါ့ဒုက္ခတွေကိုတော့နင်မသိချင်ပါနဲ့
နင့်စိတ်ညစ်မှုတွေ ငါ့ကိုပြောပြပါ
ဒါပေမယ့်
ငါ့စိတ်ညစ်မှုတွေကိုတော့ နင်မသိချင်ပါနဲ့
နင့်လိုအပ်ချက်တွေငါ့ကိုပြောပြပါ
ဒါပေမယ့်
ငါ့လိုအပ်မှုတွေကိုတော့နင်မသိချင်ပါနဲ့
နင့်မျက်ရည်တွေ ငါ့ရင်ခွင်မှာငိုကြွေးပါ
ဒါပေမယ့်
ငါ့မျက်ရည်တွေကိုတော့ နင်ဘယ်တော့မှ မတွေ့စေရပါဘူး
နင့်မကျေနပ်ချက်တွေငါ့အပေါ်ပုံချပါ
ဒါပေမယ့်
ငါ့မကျေနပ်ချက်တွေကို နင်မသိစေရပါဘူး
နင့်အတ္တတွေနဲ့ငါ့ကိုရိုက်ချိုးပါ
ဒါပေမယ့်
ငါ့မှာတော့ နင့်အတွက် ဘာအတ္တမှ မရှိပါဘူး
နင့်ဆုံးရှုံးမှုတွေအတွက် ငါဟာ ကွပ်လပ်အဖြည့်ခံပါ
ဒါပေမယ့်
နင်နဲ့ဝေးခြင်းကသာ ငါ့အတွက်အကြီးမားဆုံး ဆုံးရှုံးမှုကြီးပါ
သက်တန့်ချို့............။

ချစ်သူများဖတ်ဖို ကဗျာလေးတွေ











ချစ်သူများအတွက် ကဗျာများ

ချစ်တယ်”လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့။
မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့မရဘူး . . .။
ငါတို့ ဘာဖြစ်လို့ အငြင်းပွားနေကြရတာလဲ၊
(တစ်ယောက်ကိုတစ်ယောက်) နားမလည်တာလည်း မဟုတ်ဘဲနဲ့။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
သံသယဖြစ်နေကြတာလဲ . . .၊
“ယုံကြည်ပါ”လို့ ပြောစရာမလိုလောက်အောင်
ယုံကြည်ထားခဲ့ရဲ့သားနဲ့ . .။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
ဒေါသတွေဖြစ်နေကြတာလဲ . . .၊
တို့နှစ်ယောက်ရဲ့ အချစ်ဟာ
ကျိုးလွယ်ပဲ့လွယ်လည်း မဟုတ်ဘဲနဲ့ကွယ်။
ငါတို့ လုပ်နေကြပုံက
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က
စောင့်ကြည့်အကဲခပ်နေကြပုံမျိုး . . .။
ဒါ စစ်တုရင်ထိုးနေတာလည်း မဟုတ်ဘဲနဲ့ကွယ်။
မင်း ငါ့ကို လွမ်းတဲ့အခါ ပွင့်ပွင့်လင်းလင်းပြောပါ
ငါလွမ်းတာကိုလည်း ပွင့်ပွင့်လင်းလင်းပြောမယ်။
“ချစ်တယ်”ဆိုတဲ့ စကားလုံးကိုမကြာခဏပြောဖို့ မနှမြောစမ်းပါနဲ့။
အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပါပဲ
မင်းက ဘာစကားမှ မပြောပဲ ဖုန်းကိုပိတ်ထားရင်
ဘာမှအသုံးမဝင်တဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့
ဘာထူးတော့မှာလဲ။

  • ချစ်သူအတွက်
 ကိုယ်ကမင်းရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ
မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်
မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်းလေးတော့ဖြစ်ပါရစေ
မင်းဘ၀ရဲ့လမင်းကြီမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါစေ
မင်းဘေး အချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ
မင်းအတွက် တောက်ပတဲ့အလင်း မဖြစ်ချင်နေပါ
မင်းအတွက်ဖရောင်းတိုင်လေးတော့ဖြစ်ပါရစေမင်းရဲ့အချစ်ဦးမဟုတ်ခဲ့ရင်တောင်
မင်းရဲအချစ်ဆုံးတော့ဖြစ်ပါရစေ
ချစ်သူ….မင်းကိုယ့်ကို
ချစ်ရင်ချစ်မယ် မုန်းရင်မုန်းမယ်
သနားရင်သနားမယ်
ရက်စက်ရင်ရက်စက်မယ်
မခန့်မှန်းနိုင်ပေမယ့်
ကိုယ်ကတော့
သစ္စာဆိုရဲပါတယ်
ကိုယ်မင်းကို သိပ်ချစ်တယ်.....။

ချစ်တယ်”လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့။
မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့မရဘူး . . .။
ငါတို့ ဘာဖြစ်လို့ အငြင်းပွားနေကြရတာလဲ၊
(တစ်ယောက်ကိုတစ်ယောက်) နားမလည်တာလည်း မဟုတ်ဘဲနဲ့။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
သံသယဖြစ်နေကြတာလဲ . . .၊
“ယုံကြည်ပါ”လို့ ပြောစရာမလိုလောက်အောင်
ယုံကြည်ထားခဲ့ရဲ့သားနဲ့ . .။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
ဒေါသတွေဖြစ်နေကြတာလဲ . . .၊
တို့နှစ်ယောက်ရဲ့ အချစ်ဟာ
ကျိုးလွယ်ပဲ့လွယ်လည်း မဟုတ်ဘဲနဲ့ကွယ်။
ငါတို့ လုပ်နေကြပုံက
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က
စောင့်ကြည့်အကဲခပ်နေကြပုံမျိုး . . .။
ဒါ စစ်တုရင်ထိုးနေတာလည်း မဟုတ်ဘဲနဲ့ကွယ်။
မင်း ငါ့ကို လွမ်းတဲ့အခါ ပွင့်ပွင့်လင်းလင်းပြောပါ
ငါလွမ်းတာကိုလည်း ပွင့်ပွင့်လင်းလင်းပြောမယ်။
“ချစ်တယ်”ဆိုတဲ့ စကားလုံးကိုမကြာခဏပြောဖို့ မနှမြောစမ်းပါနဲ့။
အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပါပဲ
မင်းက ဘာစကားမှ မပြောပဲ ဖုန်းကိုပိတ်ထားရင်
ဘာမှအသုံးမဝင်တဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့
ဘာထူးတော့မှာလဲ။

  • ချစ်သူအတွက်
 ကိုယ်ကမင်းရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ
မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်
မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်းလေးတော့ဖြစ်ပါရစေ
မင်းဘ၀ရဲ့လမင်းကြီမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါစေ
မင်းဘေး အချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ
မင်းအတွက် တောက်ပတဲ့အလင်း မဖြစ်ချင်နေပါ
မင်းအတွက်ဖရောင်းတိုင်လေးတော့ဖြစ်ပါရစေမင်းရဲ့အချစ်ဦးမဟုတ်ခဲ့ရင်တောင်
မင်းရဲအချစ်ဆုံးတော့ဖြစ်ပါရစေ
ချစ်သူ….မင်းကိုယ့်ကို
ချစ်ရင်ချစ်မယ် မုန်းရင်မုန်းမယ်
သနားရင်သနားမယ်
ရက်စက်ရင်ရက်စက်မယ်
မခန့်မှန်းနိုင်ပေမယ့်
ကိုယ်ကတော့
သစ္စာဆိုရဲပါတယ်
ကိုယ်မင်းကို သိပ်ချစ်တယ်

Web Proxy မြင့်ကျော်ပြီး ဂျီမေးလ် အကောင့်အသစ်အခမဲ့ ဖွင့်နိုင်ပြီ



မေးလ် အကောင့် အသစ်ဖွင့်ရန် အခက်အခဲ တွေ့ကြုံ နေရာမှ ယခုအခါ ကိုင်တိုင်အခမဲ့ အကောင့်သစ် လျှောက်ထားနိုင်တော့မည်ဖြစ်သည်။
ုဆိုင်များကိုအခကြေးငွေ ပေး ဆောင်ရွက်စရာ မလိုတော့ဘဲ ယခုနည်းလမ်းကို အသုံးပြုပါက အကောင့်သစ်ကို လွယ်ကူစွာ ရရှိနိုင်ပါသည်။


အကောင့်သစ်ဖွင့်လိုသူများအနေဖြင့် မေးလ်အကောင့်ကို Web Proxy မှကျော်ပြီးဖွင့်လို့ရနိုင်ပါသည်။ အကောင့်များသည်ယခုအခါ သမရိုးကျဖွင့်ရန်ခက်ခဲ နေသည်မှာ ကာလအတန်ကြာနေခဲ့ပါပြီ။
ယခုကဲ့သို့ Proxy ကျော်ဖွင့် ရာ တွင်Login Name ကို Chat Availability မစစ်ရဘဲ လိုအပ်သည်များကို အားလုံး ဖြည့်စွက် ပြီး နောက်ဆုံး Account လုပ်ရန် နှိပ်လိုက်သည့်အခါ မှာ Login Name မရလျှင်ပြန်ဖြည့် ထည့်ပြီး ပြန်ဖွင့်ရမည်ဖြစ်သည်။

လုပ်ဆောင်ချက်မှာ - ပထမဦးစွာ http://hidemyass.com/ကိုအရင်သွားရမည်ဖြစ်သည်။ ပြီးလျှင် Box ထဲတွင် http://mail.google.com/ဟုရိုက်ထည့်ပြီး Hide My Ass Buttom ကိုနှိပ်ပါ ။ ထိုသို့ နှိပ်လျှင် Access Denied ဟိုပေါ်နေလျှင် Box အောက်နားလေးမှ SSL Security ကို On ထားရသည်။ ထိုကဲ့သို့ ပြုလုပ် ပြီး Gmail Window ကျလာလျှင် Creat an account ကိုကလစ်လိုက်ပြီး ပိုမှန်ဆောင်ရွက်နေကျအတိုင်း ဖြည့်စွက် ပြီး အကောင့်ဖွင့်ရမည်ဖြစ်သည်။

သို့သော် အကောင့်သစ် ဖွင့်ရာတွင် ကော်နက်ရှင် ကောင်းမွန်ရန်လိုအပ်ပြီး ကော်နက်ရှင်နှေးနေလျှင် သုံးလေးခါလောက် ကြိုးစားဖြည့်စွက် ပြီးဖွင့်ရန် F5 ခလုတ်ကို နှိပ်ပေးရမည်ဖြစ်သည်။
အားလုံးအဆင်ပြေကြပါစေ.......။

ဒီဇိုင်းသမားတွေ ကြိုက်နေတဲ့ Google Sketchup Pro 2013 တခုပါ


                    Google Sketchup Pro ကို 3D Design သမားတွေ အကြိုက်တွေ့လာကြပါတယ်..

များသောအားဖြင့် Construction သမားတွေ၊ အင်ဂျင်နီယာတွေ ပိုကြိုက်လာကြတာပါ.. လှပသေသပ်တဲ့

ဒီဇိုင်းတွေ ရေးဆွဲနိုင်တာကြောင့်လည်း နာမည်ကြီးလာပါတယ်.. ခု နောက်ဆုံးဗားရှင်း v13.0.4812

ထွက်လာလို့ တင်ပေးလိုက်ပါတယ်..

အောက်မှာယူလိုက်ပါ

Windows Doctor 2.7.5 with Activator တခုပါ

                ကွန်ပြုတာ သုံးရတာနှေးနေတယ်ဆိုရင် Windows Doctor လေးကို သုံးစမ်းကြည့်လိုက်ပါ။ စက်က ဖလမ်း ဖလမ်းဖြစ်ပြီး အရမ်းကိုမြန်လာပါလိမ့်မယ်။ သူကတော့ CCleaner လိုပဲ အသုံးဝင်ပါတယ်။ တကယ်ကိုကောင်း ပါတယ်။ Cleaner တွေလည်း စုံလင်စွာပါ ပါတယ်။ ကွန်ပြုတာကို Optimizer လုပ်ပေးတဲ့ ဆော့ဝဲတွေထဲမှာ ဒီဆောဝဲလေးကလည်း အရမ်းကိုအသုံးဝင်ပါတယ်။
                 သူ့ရဲ့ ပါဝင်တဲ့ Feature တွေကတော့ History Cleaner, Shortcuts cleaner, Registry Defragger,  System Optimizer, IE Manager, Powerful registry fixer အပြင် Feature စုံလင်စွာ ပါရှိပါတယ်။ ဆောဝဲကို Install ပြီးရင် Activator နဲ့ Full Version ဖြစ်အောင် လုပ်ပါ။ Activator ပါတွဲတင်ပေးထားပါတယ်။
စိတ်ဝင်စားပါက အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။ 
 အားလုံးအဆင်ပြေပါစေ.......။

အခြေခံ ကွန်ပျူတာ Virus များရှင်းလင်းခြင်း

တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချို့ကိုပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။
Virus ရဲ့ အဓိပ္ပါယ်။
အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။ လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။
အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု
Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော virus
Virus ဖယ်ရှားခြင်း။
မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။
Virus Detect မသိခဲ့ရင်
ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process explorer and hijackthis တို့လိုပေါ့။
Checking Running Processes
ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။
System Configuration Utility
RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။

Adobe Photoshop CS6 အသုံးပြုနည်း စာအုပ် နှင့် ဆောဝဲ

Cbox မှာသူငယ်ချင်းတယောက်က Adobe Photoshop CS6 အသုံးပြုနည်း စာအုပ် လိုချင်တယ် ဆိုလို့ တင်ပေးလိုက်ပါတယ်။ တခြား အသုံးလိုတဲ့ သူငယ်ချင်းများ အလွယ်တကူ ယူသုံးရအောင် CS6 ဆောဝဲ နဲ့ စာအုပ်လေးပါ တခါတည်းတင်ပေးလိုက်ပါတယ်။ Adobe Photoshop CS6  ကိုတော့ ဒီလင့်မှာ ဒေါင်းယူ လိုက်ပါ။ စာအုပ်ကိုတော့ အောက်မှာ တင်ပေးထားပါတယ်။
Photoshop လေးနဲ့ ပုံတွေ အလန်းလေးဖြစ်အောင် ဖန်တီးချင်တဲ့ သူငယ်ချင်းများအားလုံး အလွယ် ရယူနိုင်အောင်ဆိုဒ် ပေါ် တင်ပေးလိုက်ပါတယ်။ လက်ရှိကျနော် သုံနေတဲ့ ဆောဝဲလေး လည်းဖြစ်ပါတယ်။ photo ဒီဇိုင်းသမားဆို မရှိမဖြစ်ဆောဝဲလေး ဆို လည်း မမှားပါဘူး။ ကျနော်ကတော့ CS5 ကိုပိုကြိုက် ပါတယ်။ CS5 ကိုတော့ ဒီလင့်မှာ ယူလိုက်ပါ။
U Sann Oo (MIS, Mandalay) ရေးထားတဲ့ Adobe Photoshop CS6 အသုံးပြုနည်း စာအုပ် ကိုတော့ ဒီအောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

Toy Defense 2 HD v1.5 ( iPad ဂိမ်းလေးပါ)

                ကိုယ်စခန်းကို ရန်သူတွေလာတိုက်ခိုက်တာကို   ကာကွယ်တဲ့ဂိမ်းလေးပါ
 
ရန်သူလာတဲ့လမ်းမှာ  စစ်သားတွေ ထားပြီးတော့ကာကွယ်ရပါတယ် 
 
ကောင်းပါတယ် ဆော့ရတာ
 
  အောက်မှာယူလိုက်ပါ.....
 
Download>>>>mirrorcreator(or)zippyshare
 





     ဒေါင်းမရရ ဘူးဆိုရင်အောက်မှာ comment  ပေးခဲ့ပါနော်
Related Posts Plugin for WordPress, Blogger...

နည်းပညာတွေကိုမျှဝေခံစားချင်ရင်Member ၀င်ခဲ့ပါ

မိတ်ဆွေတိုရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာများနဲ့ပတ်သတ်ပြီး website တွင် ကြော်ငှာများထည့်ချင်ပါက cbox မှာ မိတ်ဆွေတိုရဲ့ email လိပ်စာထည့်ပြီး ကြော်ငှာထည့်ချင်တဲ့အကြောင်းကိုရေးထားခဲ့ပါ....

Popular Posts

Blog Archive

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည့်နည်းလမ်းလေးပါ...... မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ