Oct 10, 2013

ကွန်ပျူတာ ဟာ့ဒ်ဝဲ (Hardware) အကြောင်းသိကောင်းစရာ

CH1_img3
ကွန်ပျူတာ hardware
ကွန်ပျူတာတွင်းမှာ တွေ့မြင်ရမယ့် အပိုင်းတွေကတော့…
• ဗဟို စီမံဆောင်ရွက်ရေး ဌာန (Central Processing Unit – CPU)
ကွန်ပျူတာ နောက်ကွယ်မှ ဦးနှောက် ဖြစ်ပါတယ်။ CPU က ပရိုဂရမ်များကို လည်ပတ်စေတဲ့ တွက်ချက်မှုများနဲ့ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ပေးပါတယ်။ CPU မြန်လေလေ၊ ကွန်ပျူတာရဲ့ လုပ်ဆောင်ချက်ဟာလည်း ပိုမြန်တယ်။
• ကျပန်း ၀င်ရောက်မှု မှတ်ဉာဏ် (Random Access Memory – RAM)
RAM ကို ကွန်ပျူတာရဲ့ “မှတ်ဉာဏ်” အဖြစ် နားလည်နိုင်တယ်။ RAM က ကွန်ပျူတာမှာ သုံးစွဲနေတဲ့ ပရိုဂရမ်များနဲ့ လုပ်ငန်းသုံးများက အမြန် လိုအပ်တဲ့ အချက်အလက်ကို သိုလှောင်ပေးထားတဲ့ နေရာတခု ဖြစ်ပါတယ်။ ကွန်ပျူတာမှာ မှတ်ဉာဏ်ပိုများလေလေ လုပ်ငန်းသုံး ကိရိယာများ သုံးစွဲတဲ့အခါမှာ မနှေးကွေးစေပဲ ပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။
• Hard Disk Drive (HDD)
သင့်ရဲ့ အဓိက အချက်အလက် အားလုံး၊ ကွန်ပျူတာ လည်ပတ်ရေး စနစ်တွေ အပါအ၀င်၊ ဆော့ဗ်ဝဲ ပရိုဂရမ်များနဲ့ ကိုယ်ပိုင် ဖိုင်များကို ကွန်ပျူတာရဲ့HDD မှာ သိုလှောင် ပေးထားပါတယ်။ ပုံမှန် HDD တလုံးဟာ သင့်ရဲ့ လက်အရွယ်ထက် အနည်းငယ် ပိုကြီးပေမယ့် အချက်အလက်ပေါင်း ၁၀၀ GB ကျော် သိုလှောင်ထားနိုင်ပါတယ်။ Hard Disk ပိုကြီးလေ အချက်အလက်များ ပိုထည့်နိုင်လေ ဖြစ်ပါတယ်။
• ဗွီဒီယို ကဒ် (Video Card)
ဗွီဒီယို ကဒ်က CPU ကို အလုပ်လုပ်စေပြီး ကွန်ပျူတာ ဖန်သားပြင်တွင် ရုပ်ပုံများ ပေါ်လာစေရန် အကူအညီပေးပါတယ်။ ကွန်ပျူတာ အများစုမှာ နေ့စဉ်သုံးရန်အတွက် အသင့် တပ်ဆင်ထားတဲ့ ဗွီဒီယို ကဒ်များ ပါရှိပါတယ်။
• အသံ ကဒ် (Sound Card)
ဗွီဒီယိုကဒ် တခုနဲ့ ဆင်တူတဲ့ အသံကဒ်က CPU ကို အသံ ထွက်ပေါ်စေဖို့ ကူညီပေးတယ်။ အသံကဒ် အများစုမှာ စပီကာများ တပ်ဆင်နိုင်တဲ့ ပလပ်ပေါက်များ ပါရှိပြီး တေးဂီတကို ဖွင့်နိုင်၊ ဗွီဒီယိုများကို ကြည့်နိုင်ဖို့ (သို့) အသံနဲ့ စကားပြော (chat) လုပ်နိုင်ဖို့အတွက် ပလပ်ပေါက် တခုစီ ပါရှိပါတယ်။ ဗွီဒီယိုကဒ်များနဲ့အတူ၊ ကွန်ပျူတာ အများစုမှာ တပ်ဆင်ပြီးသား အသံကဒ်များ ပါရှိတယ်။ သင်ဟာ သင့်လုပ်ငန်းအတွက် အရည်အသွေး ပိုမြင့်တဲ့ အသံကို လိုအပ်မှသာ သီးခြား ဝယ်ယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
• Motherboard
အရာအားလုံးဟာ Motherboard မှတဆင့် ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ၄င်းဟာ လျှပ်စစ် ပတ်လမ်း ဘုတ်ပြားတချပ်လို ကွန်ပျူတာရဲ့အစိတ်အပိုင်း အမျိုးမျိုးကို ထို Motherboard ပေါ်မှာပဲ အတူတကွ ချိတ်ဆက်ပေးထားပါတယ်။
• Optical Drive
စီဒီများနဲ့ ဒီဗွီဒီများကို ဖွင့်နိုင်ဖို့နဲ့ တချပ်နဲ့တချပ် အခွေကူးယူဖို့နိုင် ဖြစ်ပါတယ်။ ဒါတွေဟာ အထူးသဖြင့် လက်ဆွဲ ကွန်ပျူတာများမှာ ထည့်သွင်းမှု ပိုမို နည်းပါးလာတယ်။
အကယ်၍ ကွန်ပျူတာကို သင်ဖွင့်ထားရင် သင်တွေ့ရမဲ့အရာ ဖြစ်တယ်။
[ရုပ်ပုံ] ကွန်ပျူတာတလုံးရဲ့အတွင်းပိုင်း
သင့်ကွန်ပျူတာ လုပ်ဆောင်ပုံကို ပိုမို လေ့လာဖို့-
လုပ်ငန်း လည်ပတ်ပုံ – PC များ အလုပ်လုပ်ပုံ – http://www.howstuffworks.com/pc.htm
Operating systems (ကွန်ပျူတာ လည်ပတ်ရေးစနစ်)
ကွန်ပျူတာ လည်ပတ်ရေးစနစ် (OS) ဟာ ကွန်ပျူတာတလုံးရဲ့ မရှိမဖြစ် အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ကွန်ပျူတာ hardware ရဲ့ အခြေခံ အကျဆုံး လည်ပတ်မှုတွေကို (OS) က ထိန်းချုပ်ပေးပါတယ်။ ၄င်းက မှတ်ဉာဏ်ကို ခွဲဝေ သတ်မှတ်ပေးတဲ့ လုပ်ငန်းများကို ဆောင်ရွက်ပေးပြီး သင်သုံးစွဲတဲ့ လုပ်ငန်းသုံးများအတွက် ကြားခံအဖြစ် လုပ်ဆောင်ပေးပါတယ်။ ကွန်ပျူတာတလုံးမှာ ကွန်ပျူတာ လည်ပတ်ရေးစနစ် (OS) တခု အသုံးမပြုပဲ မည်သည့် လုပ်ငန်းသုံး ဆော့ဗ်ဝဲများမှ လည်ပတ်နိုင်မှာ မဟုတ်သလို ကွန်ပျူတာရဲ့ hardware ဟာလည်း နဂိုမူလအတိုင်း အသုံးမကျ ဖြစ်နေပါလိမ့်မယ်။
ကွန်ပျူတာ လည်ပတ်ရေးစနစ် (OS) အများစုဟာ မိုက်ခရိုဆော့ဗ် ဝင်းဒိုး (Microsoft Windows OS)၊ မက် (MacOS) နဲ့၊ လင်းနတ် (Linux) တို့ ဖြစ်ကြတယ်။ များသောအားဖြင့် ကွန်ပျူတာ လည်ပတ်ရေးစနစ် (OS) တိုင်းဟာ မက္ကင်းတော့ (Macintosh) ကွန်ပျူတာ တလုံးမှာသာ သုံးစွဲနိုင်တဲ့ မက် (MacOS) ကလွဲရင် အခြား ကွန်ပျူတာတွေမှာ လိုက်ဖက်ကိုက်ညီမှု ရှိပါတယ်။
အူဘွန်းတူး လင်းနတ် (Ubuntu Linux) လူကြိုက်များလာပေမယ့် ကွန်ပျူတာကို ဝယ်ယူတဲ့အခါ ဖြစ်နိုင်တာက ဝင်းဒိုးကိုပဲ ကွန်ပျူတာ လည်ပတ်ရေးစနစ် (OS) အဖြစ် တပ်ဆင်ထားပေးမှာ ဖြစ်တယ်။ သင့်ကွန်ပျူတာဟာ ဘယ် ကွန်ပျူတာ လည်ပတ်ရေးစနစ်ကို သုံးစွဲနေသလဲဆိုတာ သိရှိနိုင်ထားရန်နှင့် သင်သုံးစွဲဖို့ လိုအပ်တဲ့ ပရိုဂရမ်များဟာ လိုက်ဖက်ကိုက်ညီမှု ရှိ မရှိဆိုတာကို သေချာနေစေဖို့ ဖြစ်တယ်။ အကယ်၍ သင်ဟာ ကွန်ပျူတာ တလုံးကို ကွန်ရက် ရှာဖွေဖို့၊ အီးမေးလ်နဲ့ စာတမ်းတွေ ဖန်တီးဖို့ပဲဆိုရင်၊ သင် အရမ်း စိတ်ပူစရာ မလိုအပ်ဘူး၊ ဘာကြောင့်လဲ ဆိုတော့ ကွန်ပျူတာ လည်ပတ်ရေးစနစ် (OS) အားလုံးဟာ ဒီအရာများကို ဆောင်ရွက်နိုင်စေမယ့် ပရိုဂရမ်များ ပါရှိတဲ့အတွက် ဖြစ်ပါတယ်။ သို့သော် သင်နှစ်သက်တဲ့ လုပ်ငန်းသုံးတွေ ရှိနေရင်၊ သင့်ကွန်ပျူတာထဲက ကွန်ပျူတာ လည်ပတ်ရေးစနစ် (OS)ပေါ်မှာ လည်ပတ်နေစေပါ။
ကွန်ပျူတာ လည်ပတ်ရေးစနစ်ရဲ့အခြား အကြောင်းအချက်ကတော့ ပြုပြင်မွမ်းမံချက်(update)များ ဖြစ်တယ်။ ကွန်ပျူတာ လည်ပတ်ရေးစနစ်ထဲက အချို့ဆော့ဗ်ဝဲမှာ မရှာဖွေနိုင်တဲ့ ချို့ယွင်းချက်များ ပါရှိနေခြင်းဟာ မမျှော်လင့်နိုင်တဲ့ အကြောင်းအရာဖြစ်ပြီး၊ အဲဒီ ချို့ယွင်းချက်များကတဆင့် ကွန်ပျူတာရဲ့လုံခြုံရေးကို လျှော့ရဲစေနိုင်ပါတယ်။ ဆော့ဗ်ဝဲ တည်ဆောက်သူများက အဲဒီ ချို့ယွင်းချက်များကို ဆက်ပြီး ရှာဖွေနေကြရာ၊ ဖြေရှင်းနိုင်မယ့် ပြုပြင်မွမ်းမံချက်များကို ထုတ်ကြပါတယ်။ ဒါကြောင့် သင့် ကွန်ပျူတာမှာ ဆော့ဗ်ဝဲ အားလုံးကို ကွန်ပျူတာ လည်ပတ်ရေးစနစ် အပါအဝင်၊ မကြာခဏ ပြုပြင်မွမ်းမံဖို့ လိုအပ်တယ်။ ဝင်းဒိုးဟာ သူ့အလိုအလျှောက် ပြုပြင်မွမ်းမံမှု မပြုဘူး ဆိုရင် Start menu ကို နှိပ်၊ All programmes ကို ရွေးပြီး Windows Update ကို နှိပ်နိုင်တယ်။
သင့်ရဲ့ကွန်ပျူတာ လည်ပတ်ရေးစနစ်ရဲ့ မူအဆင့်သစ် (new version) တခုဆီ တကယ့် အဆင့်မြှင့်တင်မှု တခု ပြုလုပ်ဖို့ လိုအပ်ရင်၊ စိတ်ထဲမှာ မှတ်သားထားရမယ့် အရာ နှစ်ခု ရှိပါတယ်။
မူအဆင့်သစ်(new version)နဲ့ သင့်ကွန်ပျူတာထဲမှာ တပ်ဆင်ထားတဲ့ ဆော့ဗ်ဝဲဟာ လိုက်ဖက်ကိုက်ညီမှု ရှိမလား။ ဆော့ဗ်ဝဲ တည်ဆောက်သူ အများစုက သင့်ရဲ့ကွန်ပျူတာ လည်ပတ်ရေးစနစ်ရဲ့ မူအဆင့်သစ်(new version)နဲ့ လိုက်ဖက်ကိုက်ညီမယ့် သူတို့ရဲ့ဆော့ဗ်ဝဲ မူအဆင့်သစ်များကို ထုတ်ကြပါလိမ့်မယ်။ ဒါပေမယ့် တခါတလေ သူတို့ဟာ မူအဆင့်သစ်(new version)ကို မထုတ်မီအထိ အဆင်သင့် မဖြစ်ကြပါဘူး။
သင့်ကွန်ပျူတာက စက်ရဲ့အဆင့်မြင့်ဖို့ လိုအပ်ချက်များကို ပြည့်မီနေမလား။ မူအဆင့်သစ် တိုင်းက hardware ပိုပြီး ကြီးမားတဲ့ စွမ်းရည်များ လိုအပ်ပြီး နောက်ဆုံးထွက်ရှိထားတဲ့ အစိတ်အပိုင်းများအတွက် အခွင့်အလမ်းကို ရယူဖို့  ပုံစံထုတ်ကြပါလိမ့်မယ်။ ပြုပြင်မွမ်းမံချက်အတွက် စက်ရဲ့ လိုအပ်ချက်များကို အမြဲ စစ်ဆေးပြီး တကယ်လို့ သင့်ကွန်ပျူတာက အဲဒီ တောင်းဆိုချက်များနဲ့ မကိုက်ညီဘူး ဆိုရင်တော့၊ သင့်ရဲ့ ကွန်ပျူတာကို မမွမ်းမံပါနဲ့။ နောက်ပြီး သတိရနေဖို့က နောက်ဆုံးထွက် မူအဆင့်ဟာ အမြဲတမ်း အကောင်းဆုံး မဟုတ်ဘူး ဆိုတာပါပဲ။

No comments:

Post a Comment