Dec 31, 2013

Fake Serial လုံးဝ မဖြစ်တဲ့ 29, 11, 2013 နေ့ထွက် Internet Download Manager V 6.18 Build 8 Full

   ကျနော်တို့ ကွန်ပြူတာသုံးသူတိုင်း အများဆုံး သုံးကြတဲ့ Internet Download Manager က ဒီနောက် ပိုင်း ထွက်တဲ့ Version မှာ Fake Serial ပြဿနာ တတ်ပါတယ်။ အဲအတွက် ကျနော်ကိုယ်တိုင်လည်း နည်းရှာရင်း လိုက်လုပ်ရင်းနဲ့ အဆင်မပြေတာများလို့ စိတ်ညစ်ခဲ့ ရဖူးပါတယ်။
   မနေ့က 29 ရက်နေ့က ထွက်ထားတဲ့ Internet Download Manager V 6.18 Build 8 ကိုတော့ Fake Serial မဖြစ်အောင် သေခြာ ကျနော်ကိုယ်တိုင် စမ်းပြီးမှ ပြန်လည် မျှဝေပေးလိုက်တာပါ။ လုံးဝ Fake Serial မတတ်တော့ပါဘူး။
   Install လုပ်ပြီး Full ဖြစ်အောင် Activated လုပ်နည်းကတော့ အရင်ကနည်းထက် နဲနဲ ကွဲလွဲ သွားပါ တယ်။ ဒီမှာ ရေးရင် စာအရမ်းများသွားမယ်။ အဲတာကြောင့် Download ဖိုင်ထဲမှာပဲ Text ဖိုင်မှာ နည်း တခါတည်းရေး ထားပေးပါတယ်။ လုံးဝ ကိုအဆင်ပြေပါတယ်။ ကြိုက်ရင် ဆွဲထားကြနော်။ 
http://www13.zippyshare.com/v/539619/file.html
                                         

iOS 7+ အတွက် မြန်မာစာ နှင့် မြန်မာကီးဘုတ် မှန်ကန်စွာ သွင်းယူနည်း ဖေါ်ပြလိုက်ပါတယ်

OS 7 အတွက် Jailbreak ထွက်ပြီးခဲ့သော်လည်း မြန်မာစာနှင့် လက်ကွက်ကို ချက်ခြင်း သွင်းမရခဲ့လို့ Jailbreak ရဲ့ အနှစ်အရသာကို အပြည့်အဝ မခံစားခဲ့ကြရသလို ဖြစ်ခဲ့ပါတယ်။
မြန်မာစာနှင့် လက်ကွက်ကို လိုချင်ဇောဖြင့် Font နှင့် Keyboard အဟောင်းတွေကို သွင်းမိတဲ့အတွက် iOS "Crash" ဖြစ်ပြီး Restore အခါခါ ပြန်လုပ်ခဲ့ကြရသူတွေလည်း မနည်းပါဘူး။


ယခုတော့ အဆိုပါ အခက်အခဲများကို ပြေလည်စေနိုင်ဖို့ အတွက် မြန်မာ Developers များက ဝိုင်းဝန်း၍ iOS 7+ နှင့် အဆင်ပြေစေမယ့် မြန်မာစာနှင့် လက်ကွက်ကို ထုတ်ဝေပေးလိုက်ပါပြီ...



iOS 7+ အတွက် မြန်မာစာနှင့် လက်ကွက်ကို Developer များဖြစ်ကြသော ကိုသန့်သက်ခင်ဇော်၊ ကိုစေတန် နှင့် ကိုမိုးစက်တို့က သီးခြားစီ develope လုပ်ပေးထားကြပါတယ်။

ဒီအတွက် သုံးစွဲသူများအနေနှင့် ဘာကို Install လုပ်ရမှန်းမသိပဲ အနည်းငယ် ရှုပ်ထွေးစေနိုင်ပါတယ်။ အကယ်၍ မှားယွင်းစွာ Install လုပ်မိပါက iOS Crash ဖြစ်ခြင်း၊ Boot Looping ဖြစ်ပြီး Apple Logo ကနေ မတက်လာတော့တဲ့ အခြေအနေများ ဖြစ်တတ်ပါတယ်။



လိုအပ်ချက်များ
  • iDevice သည် iOS 7+ Jailbreak ဖြစ်ထားရန်
  • Cydia ကို version Update လုပ်ထားရန်


မှတ်ချက်
  • အစကနဦး iOS 7 အတွက် ဖောင့်မရသေးခင်က ဖောင့်အဟောင်း "Zawgyi Font iOS" ကို သွင်းထားမိခဲ့ပါက အရင်ဆုံး "Remove" လုပ်ပါ။
  • "ZawgyiOne-Font" profile ကို install လုပ်ထားခြင်းက ပြဿနာမရှိပါ။ (မကြိုက်လျှင် Remove လုပ်နိုင်ပါသည်)

iDevice များတွင် မြန်မာစာနှင့် လက်ကွက် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အောက်ဖော်ပြပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။

မြန်မာစာနှင့် လက်ကွက် အတွက် Source နှစ်ခုကို သွင်းယူရမှာဖြစ်ပါတယ်။




လုပ်ငန်းစဉ်


မြန်မာစာ အတွက် Install Source (1)


  • Cydia -> Sources -> Edit -> Add တွင် " http://cydia.macforus.com " ကို သွင်းယူပါ။
  • Sources ထဲက "Mac For US repo" ရှိ "Zawgyi iOS 7 Font" ကို Install လုပ်ပါ။


မြန်မာလက်ကွက် အတွက် Install Source (2)


  • Cydia -> Sources -> Edit -> Add တွင် " http://ttkz.me/apt/ " ကို သွင်းယူပါ။
  • Sources ထဲက "ttkz.me" ရှိ "ttKeyboard for iOS7 (Beta)" ကို Install လုပ်ပါ။

  • Restart Springboard


Myanmar Keyboard ကို သွင်းပြီးသွားသောအခါ Settings -> General -> Keyboard -> Keyboards မှာ "Burmese" လို့ အလိုလို ရောက်လာပါမည်။ (ကီးဘုတ်ရပါပြီ)




မှတ်ချက်။ ။ အခြားသော Keyboard နှင့် Font များကို မသွင်းမိအောင် သတိပြုပါ၊ အထူးသဖြင့် "Zawgyi iOS 4.3 Font" သည် 100% Crash ဖြစ်စေပါသည်။


ဖော်ပြပါ မြန်မာစာနှင့် လက်ကွက် Install လုပ်နည်းသည် ကိုယ်တိုင် စမ်းသပ်စဉ် Crash ဖြစ်၍ Restore အကြိမ်ကြိမ် ပြန်လုပ်ပြီးမှ သိရှိထားသောကြောင့် အဆင်ပြေ အချောမွေ့ဆုံး နည်းလမ်း ဖြစ်သည်ဟု သတင်းကောင်းပါးအပ်ပါသည်။


**Apple log မှာ တစ်နေခြင်း (Boot Loop) ဖြစ်နေခဲ့သော်**


  • Device ကို PC နှင့် မချိပ်ဆက်ပဲ DFU mode ဝင်ပါ။
  • DFU mode ရောက်သွားပါက iTunes နှင့် ချိပ်ဆက်ပါ၊ Restore လုပ်ရန် ညွှန်ကြားလာပါလိမ့်မည်။


iOS, App များ Crash ဖြစ်ခဲ့သော် iTunes နှင့် ချိပ်ဆက်ပြီး Restore ပြန်လုပ်ပြီးမှ Jailbreak တစ်ခါ ပြန်လုပ်ပါ။




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....




မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။


Dec 27, 2013

Serial နဲ့ Crack တွေလိုအပ်နေလား ?

ကိုယ့်ဆီမှာရှိတဲ့ software တွေက trial version ကြီးတွေ အဲဒါကြီးတွေ အတွက် serial ကလိုသေး .. တိန်ရော .. အဲဒါကလေးတွေ ကို အဆင်ပြေအောင်ပါ .. ဒီအောက်က site ကလေးတွေမှာကိုယ်လိုချင်တဲ့ software ကလေးရဲ့ နာမည် ကလေးကိုရိုက်ထည့်ပြီးတော့ ရှာကြည့်လိုက်ပါ .. တစ်ခုမှာ မတွေ့ ရင်လည်း နောက် တစ်ခုမှာ တွေ့ရင်တွေ့ မပေါ့ .. အသေအချာကြီးတော့ အာမခံဝူးနော် .. :D ... စမ်းပြီးတော့ ရှာကြည့်လိုက်ဦးနော် .. ရှာရဖွေရ အဆင်ပြေပါစေဗျာ ..



www.serialkey.net

www.zcrack.com

www.supercracks.net

www.keygenguru.com

www.serialcrackz.com

www.serials.be

www.smartserials.com

www.cracksfm.com

www.cracklib.net

http://www.crackserialkeygen.com

http://www.serials.ws

www.crackdb.org

မြန်မာဖောင် စာလုံးလှလှလေးတွေ

Photo တို့ Web နှင့် ပတ်သတ်တဲ့ ပုံများကို edit လုပ်တဲ့အခါ မြန်မာ စာလုံးလှလှလေးတွေနဲ့ ရေးချင်သူများအတွက်ရော မြန်မာစာလုံးလေးတွေပါ၊ တခြားBlog တွေမှာ တင်ပေးထားတာတွေ့လို့    ပြန်လည်တင်ပေးလိုက်ပါ၏
ပုံထဲက မြန်မာ စာလုံးလှလှလေးတွေကို လိုချင်တယ်ဆိုရင်တော့ အောက်မှာ Download ပေးထားပါတယ် လိုတာများကို ရွေးချယ်၍ သယ်သွားနိုင်ကြောင်း....

  1. Metrix ဒီမှာနိပ်
  2. ArtHouse(Open&TrueType) ဒီမှာနိပ်
  3. Win Myanmar 2 ဒီမှာနိပ်
  4. Shwe ဒီမှာနိပ်
  5. Academy ဒီမှာနိပ်
  6. Aeyar ဒီမှာနိပ်
  7. CE ဒီမှာနိပ်
  8. U4Myanmar ဒီမှာနိပ်
  9. King ဒီမှာနိပ်
Font တွေကို ခေါင်းစဉ်အလိုက် ကိုးမျိုး တပ်ထားပါတယ်၊ တစ်စီမျိုး၌ font အရေအတွက် တော်တော်များများပါပါတယ်။ မြန်မာFont အရေအတွက် ၂၀၀ကျော်ပါပါသည်။

Font ထည့်သွင်းနည်း {၁}
http://www.labo-microsoft.com/n/28037/windows_vista.jpg"/>Window + R နိုပ်လိုက်ပြီး ပေါ်လာသော Run ထဲတွင် fonts ဟု ရိုက်ထည့်၍ Enter ခေါက်လိုက်ပါ Fonts folder ပေါ်လာပါလိမ့်မယ်၊ အဲ့ဒီထဲမှာ Download ဆွဲချထားသော Font များကို .rarဖိုင်မှ ဖြည်ပြီး Copy & Paste လိုက်ပေးလိုက်ရုံပါပဲ။

Font ထည့်သွင်းနည်း {၂}
Start menu----> Control Panel----> Fonts folder ကိုရှာ၍နိပ်ပြီး Open လုပ်ကာ Download ဆွဲချထားသော Font များကို .rarဖိုင်မှ ဖြည်ပြီး Copy & Paste လိုက်ပေးလိုက်ရုံပါပဲ။

{ပြည်တွင်းမှာ နေသူများကတော့ မြန်မာ Font များကို ၀ယ်သုံးနိုင်ပြီး ပြည်ပက လူအများအတွက်ကတော့ ၀ယ်ရန်ခက်ခဲသောကြောင့် တင်ပေးလိုက်ခြင်းဖြစ်ပါတယ် မြန်မာစာလုံးများကို ရေးသား ထုတ်လုပ်ထားသော သူများအား ဒီနေရာမှ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်ခင်ဗျာ... နောက်တစ်ဆင့် မြန်မာစာလုံးများကို ရေးသားထုတ်ဝေသော ၀င်းမြန်မာ နှင့် အနုပညာအိမ်အား ဒီနေရာမှ တင်ခွင့်တောင်းပါသည်။}


Update: : Font တွေကို ကိုယ်တိုင်ဖန်တီးပြုလုပ်ချင်တယ်ဆိုရင်တော့ Fontog 3.5 ကို နိပ်ပြီး Download လို့ရပါတယ်၊ အသုံးပြုနည်းကိုတော့ ကိုယ်တိုင်ပဲ စမ်းသပ်ကြည့်ပါ၊ ကျွန်တော်ကတော့ သိပ်တော့ အသုံးမပြုဖူးသေးပါ။

IDM Fake Serial ဖြစ်နေခြင်းကို ဘယ်လိုဖြေရှင်မလဲ

ဒီတခါတော့ ပို့စ် မဟုတ်ပဲ နည်းပညာ ပိုင်းနဲ့ ဆက်နွယ်တဲ့ IDM Fake Serial ဖြစ်နေခြင်းကို
ဘယ်လိုဖြေရှင်မလဲ ဆိုတာလေးကို အနည်းငယ် ပြောပြချင်ပါတယ်။ နည်းပညာပိုင်းနဲ့ ပတ်သက်လို့
ကျွန်တော် ရေးခဲပါတယ်။ အချိန်မရတာက တကြောင်း ၊နောက်ပြီး နည်းပညာပိုင်းဆိုင်ရာ ပို့စ်တွေကို ပညာရှင်တွေကရော၊ ဝါသနာရှင်တွေကပါ  ရေးနေကြတာကတကြောင်းကြောင့်ပါ။

အခုတော့ မရေးလို့ မရတော့တဲ့အတွက် ရေးလိုက်ရတာပါ။ အီးမေးလ်နဲ့တမျိုး၊ ဖုန်းနဲ့တမျိုး ခဏခဏ
မေးနေကြလို့ ဒီပို့စ်လေး ကို ရေးဖြစ်လိုက်တာပါ။ IDM ဘယ်ဗားရှင်းကိုဘဲ အင်စတောလုပ်လုပ်၊Fake Serial ဘာကြောင့်ဖြစ်ရသလဲဆိုတော့ IDM Crack ဖိုင်ကိုထည့်တဲ့အခါ Exit IDM မလုပ်လို့(သို့) Exit လုပ်တာမသေချာလို့ အဲဒီလို ဖြစ်ဖြစ်နေရခြင်းပါ။
ကဲ..ဒါဆိုဘယ်လိုဖြေရှင်းမလဲ။ IDM ကိုပြန်လဲမထုတ်တတ်၊မထုတ်ချင်ဘူး Fake Serial လဲ မဖြစ်အောင်
ဘယ်လိုလုပ်ရမလဲ..ဆိုတဲ့အမေးအတိုင်း အလွယ်ဆုံး နည်းတခုကိုပြောပြချင်ပါတယ်။

နည်းလမ်း(၁)
-SystemTray (Taskbar toolbox ထဲမှာရှိတဲ့) IDM ကို အရင်ဆုံး Exit လုပ်ပါ။
-Windows Start မှာ task လို့ ရိုက်လိုက်ပြီး တက်လာတဲ့ Windows Task Manager ကိုကလစ်ပါ။
 Task Manger>>Process>>IDM.exe ကို End Process လုပ်ပါ။
-ပြီးရင် မိမိသုံးနေတဲ့ IDM Version က Crack ကို C:|Program Files\Internet Download Manager\
 မှာ copy လုပ်ပါ။Name,Email,Serial တို့ဖြင့် Regiter ပြန်လုပ်ပါ။
-အားလုံးပြီးစီးရင် စက်ကို Restart ချလိုက်ပါ။စက်ပြန်ပွင့်တဲ့အခါ IDM ကိုဖွင့်ကြည့်ပါ။အိုကေမှာပါ။

နည်းလမ်း(၂)
-နည်းလမ်း(၁) နဲ့ အဆင်မပြေရင်(သို့) IDM ကို Up to Date အဖြစ်သုံးချင်ရင် IDM Lifetime Patcher
 ဆော့ဝဲလေးကို သုံးပြီး ဖြေရှင်းနိုင်ပါတယ်။
-အပေါ်ကအတိုင်း IDM ကို Exit အရင် လုပ်ပါ။
  IDM Lifetime Patcher 2.0 ကို   ဒီမှာ       ဒေါင်းလုပ်ယူပါ။
-IDM Lifetime Patcher ကို အင်စတောမလုပ်ခင် စက်မှာသုံးနေတဲ့ Antivirus ဆော့ဝဲရဲ့ Real time
 Protecting ကိုခေတ္တ ပိတ်ထားပြီး အင်စတောလုပ်ပါ။
-ဆော့ဝဲကိုဖွင့်ပြီး Update ကိုကလစ်ပါ။ဘောက်တက်လာရင် OK ကို ကလစ်ပါ။
-ပြီးရင် မိမိနာမည်နဲ့ အီးမေးလ်ကိုထည့်ပြီး Patch ကို ကလစ်ပါ။ဘောက်တခုထပ်တက်လာရင်
 OK ကို ကလစ်ပေးပါ။
-ဒါဆို IDM က Up to Date ဖြစ်ပြီး Fake Serial ဘောက်လဲလုံးဝမတက်တော့ပါ။
အားလုံး အဆင်ပြေကြပါစေဗျာ...။


င်္ဒီနည်းလေးကတော့ ကိုအောင် ရေးထားပေးတာကို ကျနော်ပြန်ရှယ်ပေးလိုက်တာပါ။

 အားလုံးအဆင်ပြေပါစေ.......။

Dec 23, 2013

ကွန်ပြူတာသည် သုံးသည့်အချိန်ကြာလာသည်နှင့်အမျှ နှေးလာသည်ဆိုသည်မှာ


မေး ။ ကွန်ပြူတာသည် သုံးသည့်အချိန်ကြာလာသည်နှင့်အမျှ နှေးလာသည်ဆိုသည်မှာ ဟုတ်ပါသလား။
ဖြေ ။ Windows မှာဆိုရင်တော့ ဟုတ်ပါတယ်။ Linux နှင့် Mac (Apple) တို့တွင် နှေးလာခြင်းမှာမသိသာပါဘူး။

မေး ။ Windows မှာဖြစ်ပြီး Linux နှင့် Mac တို့မှာ မဖြစ်တာက ဘာကြောင့်ပါလဲ။
ဖြေ ။ Windows တွင် File Fragmentation နှင့် Registry Fragmentation များဖြစ်လာသောကြောင့်ဖြစ်လာတာပါ။ အဓိကက Windows ရဲ့ File System ( FAT & NTFS ) တို့ကြောင့်ဖြစ်ပါသည်။

မေး ။ အဲဒီလိုနှေးလာရင် ဘာလုပ်ရပါမလဲ။
ဖြေ ။ အရင်ဆုံးစက်မှာ မလိုအပ်တဲ့ ဖိုင်တွေကိုရှင်းပစ်ပါ။

၁။ မလိုအပ်တဲ့ Program တွေကို Uninstall လုပ်ပါ။ ဖိုင်တွေကို ဖျက်ပစ်ပါ။ ( CC Cleaner လို software မျိုးသုံးပြီးရှင်းပေးရင် ပိုကောင်းပါတယ်၊ သုံးခဲ့တယ်ဆိုရင်တော့ အဆင့် ၅ ကိုကျော်လိုက်ပါ။)

၂။ Recycle Bin တွေကို Clear လုပ်ပါ။

၃။ Start menu > Run box (Shortcut – Windows Key + R ) ထဲမှာ Temp လို့ရိုက်ပြီး Windows Temp ကိုရှင်းပါ။

၎။ Run box ထဲမှာဘဲ %temp% လို့ရိုက်ပြီး Temp File ကိုရှင်းပါ။

၅။ My Computer ကိုဖွင့်ပါ။ မိမိစက်ရဲ့ ဝင်းဒိုးတင်ထားတဲ့ drive ကို right click လုပ်ပြီး properties ကိုသွားပါ။ General Tab အောက်မှာ Disk Clean Up ဆိုတာကို နှိပ်ပါ။ ခဏစောင့်လိုက်ပြီး ပေါ်လာတဲ့ box မှာ More Option ကိုသွားပါ။


System Restore အောက်က Clean Up ဆိုတာကို click လုပ်လိုက်ပါ။ ပြီးရင် OK နှိပ်ပြီးပြန်ထွက်လိုက်ပါ။

၆။ စက်ကို Restart တစ်ခါလုပ်ပါ။

၇။ Run Box ထဲမှာ dfrg.msc လို့ရိုက်ပြီး Disk Defragmentator ကိုဖွင့်ပြီး HardDisk တွေအားလုံးကို Defrag လုပ်လိုက်ပါ။ (တစ်ကယ်လို့ အခြား defragment software ရှိရင်လဲ သုံးနိုင်ပါတယ်)

၈။ Registry Cleaning / Fixing software တစ်ခုခုသုံးပြီး Registry ကို Clean လုပ်ပါ။ ပြီးလျှင် Registry ကို Defrag လုပ်ပါ။ (Advance System Care Free Version – IO Obit)

၉။ ကွန်ပြူတာကို Restart လုပ်လိုက်ပါ။ အရင်ကထက် ပိုမြန်လာတာကိုတွေ့ရမှာပါ။

မေး ။ Memory Stick / USB Drive တွေကိုရော Defrag လုပ်သင့်ပါသလား။
ဖြေ ။ Solid State Drive တွေ (အခုလက်ရှိသုံးနေတဲ့ flash drive / memory chipေ တွေ) ဆိုရင် Defrag လုပ်စရာမလိုပါဘူး။ ဒီ Drive တွေရဲ့ Reading / Writing ပုံစံက Harddisk တွေနဲ့ မတူလို့ပါ။ သူတို့မှာ Fragmentation ဖြစ်သွားလို့ Speed Loss ဖြစ်တာမရှိသလောက်နည်းပါတယ်။

မေး ။ Hard Disk တွေမှာ Bad Sector ပေါ်လာရင်ဘယ်လိုလုပ်ရပါမလဲ။
ဖြေ ။ HDD Regenerator တို့ Bad Sector Repair တို့လို software တွေသုံးပြီးရှင်းလို့ရပါတယ်။ နောက်တစ်နည်းကတော့ Bad Sector ရှိနေတဲ့ Partition ကို Clone ပွားလိုက် (Backup လုပ်လိုက်) ။ ပြီးရင် Partition ကို Format လုပ်လိုက်ပါ။ Format လုပ်တဲ့အခါမှာ Quick Format ဆိုတာကိုမရွေးပါနဲ့။ ဒါဆိုရင် Bad Sector ကိုအလိုလိုရှာပြီး ရှင်းသွားမှာပါ။ ပြီးမှ ခုနက Backup ကို ပြန်ပြီး Restore လုပ်လိုက်ရင်ကောင်းသွားပါပြီ။

CyberLink PowerDirector Video Editting Effect (Video တည်းဖြတ် ဖို့ Effect အလန်းများ 32000 ကျော် စိတ်ကြိုက် ဒေါင်းနိုင်ဖိုအတွက်)



Video တည်းဖြတ် ၀ါဒနာပါတဲ့ သူငယ်ချင်းတွေ အတွက် Effect အလန်း ဒေါင်းနိုင်အောင် လမ်းညွှန်ပေး လိုက်ပါတယ်။ တကယ်ကိုလန်းပါတယ်။ ကျနော်တို့ ဗီဒီယိုတည်းဖြတ် ကာရာအိုကေစာတန်းထိုး၊ ပြီးတော့ ကြားထဲမှာ Effect လေးပါ ရောထည့်လိုက်ရင် တည်းဖြတ်တဲ့ Video လည်း တကယ် လန်းသွားမယ်။ တကယ်ကိုရှယ်ဖြစ်သွားပါမယ်။
အခု ကျနော်ရေးတဲ့ ဒီပိုစ်တခုပဲ အသေခြာလေး လေ့လာရင် ဗီဒီယိုတည်းဖြတ်တာ တတ်ကျွမ်းသူ တယောက် ဖြစ်လာ နိုင်ပါတယ်။ အရင်ဆုံး ဗီဒီယို တည်းဖြတ်ဆော့ဝဲလ် မရှိသေးရင် လင့် ၂ ခုပေးထား မယ်။ CyberLink PowerDirector 10 နှင့် CyberLink PowerDirector 12 ကြိုက်တာ ရွေးပြီးဒေါင်းနိုင်ပါတယ်။ တကယ် Full Version တွေပါ။ Activated လုပ်နည်းပါ တခါတည်း ရှင်းပြထားပါတယ်။

CyberLink PowerDirector ကိုမသုံးတတ်သေးဘူးဆိုရင် ဒီလင့်မှာ အသုံးပြုနည်းစာအုပ်ကို ဒေါင်းလိုက်ပါ။ အားလုံးဒေါင်းပြီးလို့ လေ့လာတော့မယ် ဆိုရင် Effect လေးပါ တွဲပြီး တည်းဖြတ်ကြည့်ပါ။ တကယ်လန်းတဲ့ ဗီဒီယို တခုဖြစ်လာပါမယ်။ အရင်ဆုံး Efftct ဒေါင်းဖို့ ဒီလင့်မှာ ၀င်ဒေါင်းလိုက်ပါ။ ညာဘက် အပေါ်မှာ အကောင့် ၀င်ဖို့ ရှိပါတယ်။ Facebook အကောင့်နဲ့ဝင်လို့ရပါတယ်။


အကောင့်ဝင်ပြီး တာနဲ့ ကိုယ်ကြိုက် တဲ့ Effect ကို ရွေးပြီးဒေါင်းနိုင်ပါပြီ။ Effect ဒေါင်းပြီးရင် အရင်ဆုံး Effect ကို Install မလုပ်ခင် CyberLink PowerDirector ကိုအရင် Install ထားရပါမယ်။ ပြီးရင်ဒေါင်းထားတဲ့  Effect ကို စတင် Install တော့မယ် ဆိုရင် အောက်က ပုံကိုကြည့်လိုက်ပါ။


 ကို Install မဲ့ ဖိုင်ကိုညာကလစ် ပြီးရင် အပေါ်ဆုံးက DZT ကို ကလစ်ပါ။ ပြီးရင် ဘောက်တခုတတ်လာရင် OK သာပေးလိုက်ပါ။ အဲလိုပဲ ဒေါင်းထားတဲ့ Effect အားလုံးကို Install ပြီးရင် CyberLink PowerDirector ကို ဖွင့်ကြည့်လိုက်ပါ။ အောက်ကပုံလို Effect တွေ အများကြီးနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။

 ကဲ သူငယ်ရင်းတို့ ဒီလောက်ဆို Effect တွေ ယူတတ်ကြလောက်မယ်ထင်ပါတယ်နော်။ ဆော့ဝဲရော တည်းဖြတ်နည်းပါ Effect တွေပါ ဒီပိုစ် တခုတည်း ပေါင်းတင်ပေးလိုက်ပြီနော်။ လေ့လာဖို့က သူငယ်ချင်း တို့ အပိုင်းပဲ ကျန်တော့တယ်။ ကျွမ်းကျင်ဖို့ကတော့ လုပ်ရင်းနဲ့ ဖြစ်သွားမှာပါ။ မေးလာကြတဲ့ သူငယ်ချင်းတွေရော အခြား ၀ါဒနာပါတဲ့ သူငယ်ချင်းတွေရော အဆင်ပြေအောင် ဆိုဒ်ပေါ်တင်လိုက်တာပါ။

  မှတ်ချက်=Window 64bit Operation System မှ တည်းဖြတ်အဆင်ပြေမယ်နော်။


 အားလုံးအဆင်ပြေပါစေ.......။

Dec 19, 2013

Sony ဖုန်းများအတွက် [Hard reset] လုပ်နည်း


Published On: Sat, Sep 21st, 2013

Sony Xperia အမျိုးအစားဖုန်းတွေမှာ Pattern lock/password မေ့သွားလို့ပဲဖြစ်ဖြစ် ၊ အကြောင်းတစ်စုံတစ်ရာကြောင့်ဖုန်းကို reset ချချင်တယ်ဆိုရင် အခုပြောမယ့်နည်းလေးနဲ့စမ်းသပ်ကြည့်နိုင်ပါတယ်။
1 Pattenlock and delete data
2 Forgotten password
3 Google lock များကိုလဲဖြည်နိုင်ပါတယ်
[Hard reset] ပြုလုပ်နည်း
pattenlock (သို့မဟုတ်)google lock ကျနေတဲ့ဖုန်းတွေမှာ emergency call ဆိုတာတော့ပေါ်ပါသေးတယ်..အဲ့ဒါကနေ..ကုဒ်ရိုက်ပေးရမှာပါ ။
၁။ ။emergency call ကိုနှိပ်လိုက်ပါ။




၂။ ။ *#*#7378423#*#* ကို ဖုန်းခေါ်တဲ့နေရာမှာ..ရိုက်ပေးပါ။



၃။ ။အဲ့ဒီလိုရိုက်လိုရတယ်..ဆိုရင် *service info
*service setting
*service texts
*customization setting ဆိုပြီပြပါလိမ့်မယ်..



၎။ ။customization setting ဆိုတဲ့စာကြောင်းထဲသို့ဝင်ပါ။



၅။ ။reset customization ဆိုပြီးထက်ပေါ်လာပါတယ်..ထပ်ဝင်လိုက်ပါ။



၆။ ။နောက်ဆုံးမှာတော့ Reset Customization and reboot ဆိုပြီးပေါ်ပါလိမ့်မယ် အဲ့ဒီစာကြောင်းကိုနှိပ်လိုက်ပြီဆိုရင်တော့..ဖုန်းက reboot ကြပြီး..Data factory reset ချပေးပါလိမ့်မယ်..


ကဲဒီလောက်ဆို..Sony ဖုန်းတွေမှာ Pattern Lock / Password Lock / Pin Lock/ google lock ကြတာတွေအတွက်စိတ်ညစ်စရာမလိုတော့ပါဘူး။ အဲ့ဒါကြောင့်..အခု.ကျတော်ပြောပြတဲ့နည်းအတိုင်းလေးကအားလုံးအစဥိပြေကြမယ်လို့..ထင်ပါတယ်။
မှတ်ချက်။ ။တစ်ချို့ဖုန်းတွေမှာ..ဒီနည်းနဲ့အလုပ်မလုပ်ဘူးဆိုရင်တော့
setool Or Flashtool Or Update service Or EMMA စတဲ့ Tools တွေနဲ့လဲ..လုပ်လို့ရပါတယ်


G610-U00 ကို SP flash tool သုံးပြီး firmware တင်နည်း


အားလုံး သိကြတဲ့အတိုင်းပဲ ကျွန်တော်တို့ G610-U00 က MTK အလုံးပါ အဲ့တော့ firmware ကို dload > update.app နဲ့မှ တင်လို့မရတော့ဘူးဆိုရင် နောက်တစ်နည်းအနေနဲ့ sp flash tool နဲ့တင်လို့ရပါတယ် ။ အရင်က အဲ့လိုတင်ဖို့ဆိုရင် volcano box နဲ့ backup အရင်ယူပြီးမှ တင်ရပါတယ် အခု မလိုတော့ပါဘူး G610-U00 မှာ update.app ကို ခွဲထုတ်လိုက်တာနဲ့ ဖိုင် တစ်ခု ချင်းဆီ ကျလာမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ extractor ကို ဒီမှာဒေါင်းပါ ။ XDA ကနေ မလာတာပါ ။
Download Here
ပြီးရင် အဲ့ကောင်လေးကို ဖွင့်လိုက်ပါ။ update file ဆိုတဲ့ စာတန်း အနောက်ဆုံးနားမှာက open box ပါ။ ကျွန်တော်တို့ ခွဲချင်တဲ့ G610-U00 update.app ကိုရွေးပေးလိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။
1
ပြီးရင်တော့ right click နှိပ်ပြီး extract all ဆိုတာကိုရွေးလိုက်ပါ ။
2
dialog box တစ်ခုကျလာပါလိမ့်မယ် ။ အောက်နားမှာ make a new folder ရှိပါတယ် folder အသစ်ဆောက်ပြီး extract လုပ်လိုက်ပါ။
3
2
ပြီးရင် sp flash tool ကိုဖွင့်ပါ ။ scatter_emmc.txt file တစ်ခု ကြိုက်ရာတစ်ခုကိုရွေးပေးပါ။
3
ကျွန်တော်တော့ T8833 ရဲ့  scatter_emmc.txt file လေးကိုရွေးပေးလိုက်ပါတယ်။
3
ပြီးရင် file တစ်ခုချင်းဆီ အစားပြန်ထိုးပါမယ်။ recovery ဖြည့်မယ်ဆိုရင် recovery ကို double click နှိပ်ပါပြီးရင် ခုနက ဖြည်ထားတဲ့ file ထဲက recovery ကိုရွေးပေးပါ။
3
ပုံမှန်အတိုင်းကတော့ ဖိုင်လေးခုဖြည့်ပေးလိုက်ရင်ကို တင်လို့ရပါပီ ၊ boot.img , recovery.img , Logo , Android တို့ပါ။ Android နေရာမှာ system.img ကိုထည့်ပေးရမှပါ။ ပြီးရင် download လုပ်ပြီးတင်နိုင်ပါပြီ ။
2
3
ကဲ အဆင်ပြေကြပါစေဗျာ။

Boys model များအတွက် ဖက်ရှင်အင်္ကျီဒီဇိုင်း PSD ဖိုင်များ


Photoshop နဲ့ တွဲဖက်အသုံးပြုဖို့အတွက် PSD  ဖိုင်များတင်ပေးလိုက်ပါတယ်။
Boys များအတွက်အထူးသီးသန့်ဖြစ်တယ်နော်။
အင်္ကျီဒီဇိုင်အမျိုးမျိုး PSD ဖိုင်တွေပါတယ်ဗျာ။ကြိုက်နှစ်သက်ရာတာရွေးသုံးကျပေတော့ဗျာ။
ရှာတွေ့တုန်းလေးကျနော်လည်းတင်ပေးလိုက်တာပါနော်။
ကျနော်ကသိပ်မတင်ဖြစ်ပါဘူး ဒါမျိုးတွေ Facbook ကသူငယ်ချင်းတစ်ယောက်က
အကူညီတောင်းလာ လို့တင်ပေးလိုက်တာဖြစ်ပါတယ်။
ဖိုင်ဆိုဒ်ကလဲ 19.MB ပဲရှိတယ်ဗျာ ။
Photoshop သုံးစွဲတဲ့ သူငယ်ချင်းများအတွက်တော့ လုံးဝအသုံးဝင်မယ်လို့တော့ထင်ပါတယ်။
အဆင်မပြေရင်ပြောခဲ့ပါနော်။

                                                     Download

Dec 9, 2013

ဖုန်းထဲကနေ 2013 Sea Games ဘောလုံးပွဲ အားကစားပွဲများ ကြည့်ချင်ရင်




ဒီဆော့ဝဲလေးက ဖုန်းကနေ ဘောလုံးပွဲတွေ မြန်မာ့အသံကြည့်ချင်သူတွေ

သုံးဖို့ အတွက်ပါ ။ ပေါ့ပေါ့ပါးပါးလေးနဲ့  သုံးရတာအဆင်ပြေလွယ်ကူတယ်

ဘောလုံးပွဲတွေ ကိုယ့်ဖုန်းမှာ ကြည့်ချင်ရင်အောက်ကလင့်မှာယူထည့်ပါ



Download - MM Online TV_0.2.apk

Download -MM Online TV.apk

Pattern Unlock tool (Beta) for Root android devices


Android ဖုန်းတွေ pattern, pin, password ကျသွားရင် command နဲ့ ရိုက်ဖြုတ်နေရလို့
အဆင်ပြေအောင် one click လေးလုပ်မယ်ကြံတော့ database file တွေကို
လိုက်ပြီး ကြည့်ရတာ မူးနေတာပဲ ဖုန်းတစ်လုံးနဲ့ တစ်လုံးကလဲမတူ တော်တော်တိုင်ပတ်သွားတယ်

Ko Ning Lynn ရဲ့ SH နှစ်ခုကိုကြည့်လိုက်တော့ မှ ရှာစရာမလိုတော့ဘူးဗျာ အဲဒါနဲ့ အရံသင့် ပဲယူသုံး

လိုက်ပါတော့တယ်။

Ko Ning Lynn ကို Credit ပေးပါတယ်ခင်ဗျား။ ။
ဒီ tool လေးက ခက်ခက်ခဲခဲ သုံးစရာတော့ ဘာမှမရှိပါဘူး ဖုန်းက root access ရှိရမယ် Debugging on
ထားရမယ်။ ဖုန်းကို ကွန်ပြူတာနဲ့ ချိပ်ပြီး Check Device နှိပ်လိုက်ရင် ရပြီ ကိုယ့်ဖုန်းက root access ရှိ
ရဲ့သားနဲ့ (Yes) or (No) မေးလာရင် Yes ကိုနှိပ်လိုက်ပါ။ 
Delete pattern ကိုနှိပ်လိုက်လို့ 100% ရောက်ပြီး Thanks you ပေါ်လာရင် reboot ကျတဲ့ 
အထိ စောင့်ပါ။
 
 မှတ်ချက် : အခု တင်ပေးတဲ့ ဒေါင်းလင့်ကို မဒေါင်းတတ်ရင် ဒီလင့် မှာ ဒေါင်း နည်းကြည့်လိုက်ပါ။ Upload ဆိုဒ်အသစ်မှာ စမ်းတင်ထားပါတယ်။
 

Dec 6, 2013

Next Launcher 3D v3.0 Apk 9MB


Next launcher အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 
  12လပိုင်း 6 ရက်နေ့ ထွက်Update လေးတင်ပေးလိုက်ပါတယ် 
Next Launcher ဟာလူကြိုက်များတဲ့ Android Theme application တစ်ခုဖြစ်ပါတယ်။ 
ဗားရှင်းအသစ်မှာ အရင်ကနဲ့မတူဘဲ အရမ်းလန်းလာတယ်ဗျာ
ယခု version မှာတော့ 3D Screen Mode ဆိုတဲ့ features အသစ်တစ်ခုပါဝင်လာပါတယ်။ ဖုန်းရဲ့ Screen ဒီဇိုင်းကို 3D Transitions/effect တွေနဲ့ပြောင်းလဲသွားစေမှာပါ။ Next Launcher နဲ့တွဲဖက်အသုံးပြုလို့ရတဲ့ အခြား Theme တွေထပ်မံထည့်သွင်းလို့လည်းရပါတယ်။
အသုံးပြုတဲ့ သူငယ်ချင်းတွေအနေနဲ့ အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ် 
အောက်ကလိပ်စာမှာရယူနိုင်ပါတယ်



Mediafire ထက်သာလွန်သော Myanmar Files Hosting + Making Money ( Special First 2013 )

အားလုံးဘဲ..မင်္ဂလာပါခင်ဗျာ... ကိုယ့်မြန်မာပညာရှင်များကိုအားပေးကြပါ...တကယ် ကြိုက်နှစ်သက်တယ်ဆိုရင် ၀ယ်ကြပါလို့ အရင်ဆုံးစကားဦးသမ်းပါရစေ
:) ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှ နည်းပညာလေ့လာနေသူ ကျားမ မရွေး လူတိုင်းလူတိုင်းအတွက် မယုံကြည်နိုင်လောက်အောင်...အဆင့်အမြင့်ဆုံး..အသုံးအ၀င်ဆုံးဖြစ်နေလို့ပါဘဲ..


.ကျွန်တော်တို့ Blogger တွေအတွက်ရော..Internet ပေါ်မှာ Files များကို ဝေမျှချင်သူများအတွက်ရော..Firmware များ..Software များကို မြန်မြန်ဆန်ဆန်ဖြင့် Download / Upload တင်ချင်သူများအတွက်ပါ အထူုးကောင်းမွန်သော.. Register User အနေဖြင့် တင်ထားသောဖိုင်များ

ကို ဘယ်တော့မှမဖျက်သော ( Never Delete ) Myanmar Files Hosting တစ်ခုဖြင့်မိတ်ဆက်ပေးလိုပါသည်

ခင်ဗျာ... Mediafire ထက်သာလွန်ကောင်းမွန်ပြီး အထူးခြားဆုံးအချက်က


- Direct Download ဖြစ်သည့်အတွက် Download မပြုလုပ်တတ်သေးသူများအဖို့အလွယ်တစ်ကူ Download ရယူနိုင်ခြင်း


- Upload တင်ရာတွင် မြန်မာနိုင်ငံလို နှေးကွေးသည့် အင်တာနက်လိုင်းဖြင့် အဆင်ပြေပြေ မြန်မြန်ဆန်ဆန်

မယုံကြည်နိုင်အောင် Upload Speed လျှင်မြန်စွာဖြင့်တင်နိုင်ခြင်း


- တင်ထားသည့်ဖိုင်များ ( 18 + ကလွဲ ) ကို ဘယ်တော့မှ မဖျက်ပစ်ခြင်း


- သာမန် ရုံးသမားများ ၊ အင်တာနက်ပေါ်မှာ ဖိုင်သိမ်းထားခြင်းသူများ ၊ Blogger များအတွက်အထူးအဆင်ပြေသော ၊ ရိုးရှင်းသောအသွင်အပြင်ရှိခြင်း တို့ဘဲဖြစ်ပါတယ်ခင်ဗျာ။


ဆိုဒ်နာမည်လေးကတော့ Milo Share လို့ခေါ်ပါတယ်ခင်မျ။ ဒီနေရာမှာ Register လုပ်နိုင်ပါတယ်။ Register  လုပ်သည့်အခါ Payment Info နေရာမှာ မိမိမှာ PayPal Account ရှိတယ်ဆိုရင် Paypal Account ထည့်လိုက်ပါ.. MyanPay ရှိတယ်ဆိုရင် MyanPay Account ထည့်လိုက်ပါ.. Coupon Code နေရာမှာ ဘာမှမထည့်ပါနဲ့။


ကဲ..Register လုပ်ပီးတာနဲ့ ဖိုင်လေးတစ်ဖိုင်လောက် စမ်းတင်ကြည့်လိုက်ပါ.. Upload Speed ဘယ်လောက်မြန်လဲသိရအောင်... Download လေးတစ်ချက်လုပ်ကြည့်လိုက်ပါဦး..ဘယ်လောက် အဆင်ပြေတယ်ဆိုတာသိရအောင်... :)


 MiloShare ကိုအသုံးပြုသူများအတွက် အားလုံးအတွက်ကိုက်ညီမယ့်အဆင့်မြင့် Support များလည်းလုပ်
ပေးထားပါတယ်..


အဲ့ဒါတွေကတော့...



1 ) Built in mp3 Player ထည့်ပေးထားခြင်း၊


ဒီကောင်လေးက တော်တော် ကောင်းပါတယ်.. Download လုပ်လို့ရသလို မိမိ Website ကနေပဲ ဖြစ်ဖြစ်၊ Blog ကနေပဲဖြစ်ဖြစ် သီချင်းနားဆင်လို့ ရအောင် ထည့်ထားလို့ ရပါတယ်..



2) Rar Achieve အတွင်း ရှိဖိုင်များကို ဒေါင်းလုပ်ဆွဲစရာမလို ပဲ ကြည့်ရှု နိုင်ခြင်း၊ rar Achieve File များကို စိတ်ကြိုက် စီမံ နိုင်ခြင်း၊


rar Achieve ပိုင်ရှင် များ အနေနဲ့ Online ပေါ်မှာ မိမိရဲ့ rar file က password ခံလို့ မိမိက Password သိလို့ ဖယ်ချင်ရင် တန်းပြီး ဖယ်လို့ ရပါတယ်.. ပြီးတော့ rar file ထဲက မိမိ မကြိုက်တာကို ဖယ်ရှားလို့လဲရပါတယ်.. rar ဖိုင်ထဲက အရာများကို Extract လုပ်ချင်ရင်လဲ Online ပေါ်မှာပဲ တန်းပြီး extract လုပ်လို့ ရပါတယ်..


ဒီကောင်လေးကတော့ Downloader တို့ အတွက် အထူးပဲ ကောင်းမွန်ပါတယ်..

မဒေါင်းခင် info လေးတွေကိုလဲ ကြည့်လို့ရတာပေါ့...


Uploader တို့ အတွက်လဲ အထူးပဲ ကောင်းမွန်တဲ့ Feature ပါ...

rar လုပ်လိုက်ခြင်းဖြင့် file size သေးသွားမယ်.. ဒါပေမဲ့ Online ပေါ်မှာ ပြန်ပြီး extract ပြန်လုပ်မယ်.. ပြီးရင် MP3 ဆိုလဲ တစ်ပုဒ်ချင်း ပြန်ရှယ်လို့ ရတယ်..


2 ခါ တင်စရာ မလိုပဲ Album လိုက် ရော တစ်ပုဒ်ချင်းရော ပြန်ပြီး တင်လို့ ရတာပေါ့.

Built In MP3 သာ မရ Embedded Code ပါလုပ်ပေးထားတော့ မိမိ Website မှာ လဲ တင်ပေးလို့လွယ်သွားပြီး တန်းပြီး Download လုပ်နိုင်ပါတယ်..




3) Copy Files Function ပါဝင်ခြင်း၊


အဲ့ဒါက ဘာလဲ ဆိုတော့ Add to My Files ဆိုတဲ့ Function နဲ့ အတူတူပါပဲ။

အကယ်လို့ မိမိရဲ့ သူငယ်ချင်းက Online ပေါ်မှာ တင်ထားတာကို ကိုယ့် အကောင့်ထဲ ထည့် ပြီး သိမ်းထားချင်တယ် ဆိုရင် Copy Files Function လေးကို အသုံးပြုလိုက်ရုံပါပဲ။ Copy Files Function ကို Upload Files နှင့် တွဲလျက်မှာ တွေ့ မြင်နိုင်ပါတယ်..



4) Remote Upload Feature ပါဝင်ခြင်း၊


Remote Upload ကတော့ ပြောစရာ မလိုတော့ ဘူးပေါ့နော်.. Direct Link များကို တန်းပြီး လွယ်ကူ မြန်ဆန်စွာ Upload လုပ်နိုင်ပါတယ်..



အပေါ်ကတော့ Member တွေအားလုံး အသုံးပြုနိုင်ပါတယ်.. :) အောက်ကတော့ Member အဆင့်အဆင်နဲ့ ပတ်သက်တာပေါ့နော်..



Feature For Registered Members :)

------------------------------

--------

Register လုပ်ထားသူများ အတွက် 500 MB အထိ တင်နိုင်ပါတယ်.. 10 GB Free ရ ပါမယ်..

File တွေကို Never Delete ပါ.. ဖိုင်ဖျက်တာ မဖျက်တာ က မိမိ အပေါ်မှာပဲ မူတည်ပါတယ်..



For Anonymous :)

-------------------


Anonymous တင် ချင်ရင်လဲ File တွေကို တင်လို့ ရပါတယ်.. File Size 100 MB တင်နိုင်ပြီး သူကတော့ 5 ရက်သာ လက်ခံ ပါ့မယ်.. ပြီးရင် Auto ပြန်ဖျက်သွားမှာပါ.......



For Premium Users :)

------------------------


Premium User များကို တော့ 2 မျိုးခွဲ ထားပါတယ်..


Premium User သက်သက် နဲ့ Premium User + Torrent ပါ..


Premium User တွေ ရမဲ့ Feature တွေကတော့ 50GB ရ ပါမယ်.. Maximum Upload Size က 3 GB ရှိပါတယ်...


Premium + Torrent User တွေကတော့ 50 GB ရ ပါမယ်.. Maximum Upload Size ကတော့ ညှိနိုင်ဆဲ ဖြစ်ပါတယ်.. အဲ့ဒါကတော့ ယုံကြည်ရတဲ့ သူတွေကိုပဲ ရောင်းမှာပါ..


ရိုးရိုး Premium User အတွက် ရက် ၃၀ ဈေးနှုန်းက ၃၃၀၀ ကျပ်ပါ..


တစ်ခါ ခံပြီး နောက်ထပ် ထပ် ခံ ဖို့ မဖြစ်နိုင်တော့ လို့ Torrent ကိုတော့ အလကား လုပ်ပေးဖို့ တော့ အစီအစဉ် မရှိပါဘူး..


Premium User များ အနေနဲ့ က Torrent ကို Free ဒေါင်းချင်ရင်တော့ Username + Torrent FIle Or Magnet Link ကို Message ပို့ နိုင်ပါတယ်..


Message လက်ခံ ရရှိပြီးပါက Seeder ကောင်းမွန်လျှင် မိနစ်ပိုင်း အတိုင်း မိမိ အကောင့်ထဲတွင် မိမိ တောင်းဆိုထားသော File ကို တွေ့မြင်ရပါမယ်..


Seeder နည်းလျှင် သော်လည်းကောင်း၊ မရှိလျှင် သော်လည်းကောင်း Requested Torrent is unavailable ဆိုပြီး Reply ပြန်လာ ပါလိမ့်မယ်..


Premium User များ အနေနဲ့ contact us ကနေပြီး Message ပေးပို့နိုင်ပါတယ်..


------------------------------
----------

မှတ်ချက် - MiloShare.com သည် Legal ပြုလုပ်ထားခြင်း ဖြစ်ပြီး illegal files , Porn files , အစရှိသည် အကျိုး မပြုသည် ဖိုင်များကို အတင် ခံမည် မဟုတ်ပါ..


File များအားလုံးသည် မူလ ပိုင်ရှင် Developer, Copyrighted Owner မျာမှ Abuse Request ရောက် လာပါက File တင်ထာသော ပိုင်ရှင် ကို Abuse လာတယ် လို့ Message ပြန် ပို့ ပေး ပါ့ မယ်..


ပြီးတာနဲ့ မိတ်ဆွေတို့ ကိုယ်တိုင် ပြန်ပြီးတော့ ဖျက်စေမှာပါ.. ဘာလို့လဲ

မိုဘိုင်းအင်တာနက်အသုံးပြုနည်းလမ်းညွှန် Ebook (မြန်မာလို)


ဒီစာအုပ်လေးက ဖုန်းနဲ့ internet ကိုချိတ်နည်း၊ ဘယ်ဖုန်းအမျိုးစားဆိုရင် ဘယ်ကနေ၀င်ရမယ် Computer နဲ့ဘယ်လို ချိတ်သုံးရမယ် ဆိုတာတွေကို ရေးထားတာပါ။ ဒီစာအုပ်လေးကို Upload & Share ပေးသူကတော့ ကိုစိုးဝင်းဖြစ်ပါတယ်။ မိုဘိုင်းအင်တာနက်အသုံးပြုနည်းလမ်းညွှန် Ebook (မြန်မာလို) ကိုအောက်က link မှာရယူနိုင်ပါတယ်။
By သက်နိုင်စိုး

Dec 5, 2013

အင်္ဂလိပ်-မြန်မာ အဘိဓါန် လေးပါ



ကွန်ပြူတာမှာအသုံးပြုဖို့အတွက် အင်္ဂလိပ်-မြန်မာ အဘိဓါန် အသံထွက်
တဲ့ ဆောလ်ဝဲလေးတင်ပေးလိုက်ပါတယ်။မရှိသေးတဲ့သူငယ်ချင်းများရှိရင်
ဒေါင်းထားပါနော်။ဖိုင်ဆိုဒ်ကလဲ 2.MB လောက်ပဲရှိပါတယ်။
အသုံးဝင်မယ်ထင်ရင်အောက်မှာဒေါင်းဖို့လင့်ပေးထားပါတယ်။
အဆင်မပြေရင်ပြောခဲ့ပါနော်။

                                                   Download

                                                                            

Facebook အကောင့် Lock ကျနေသလား ဒီလိုပြန်ယူလိုက်ပါ

မြန်မာနိုင်ငံသား Facebook User တွေအနေနဲ့
ကိုယ့်ရဲ့အကောင့်လေး လော့ကျပြီး ဖုန်းနံပါတ်
အတောင်းခံရပြီဆိုရင် အဲဒီအကောင့်ကို ဆုံးရှုံးသွားပြီလို့
သတ်မှတ်ခဲ့ရပါတယ်


ဘာကြောင့်လဲဆိုတော့ Facebook ပို့တဲ့ Verification Code ဟာ
မြန်မာနိုင်ငံကဖုန်းတွေဆီကို မရောက်နိုင်လို့ပါ
အခုတော့ ကလိမ်ကကျစ်နည်းလမ်းလေးတွေသုံးပြီး
အဲဒီအခက်အခဲကို ဖြေရှင်းနိုင်ပါပြီ
ဒီနည်းလမ်းကို အသုံးပြုဖို့အတွက်

(၁) Model အရမ်းကြီးမနိမ့်တဲ့ Android ဖုန်းတစ်လုံး
(၂) Hotspot Shield VPN APK
(၃) TextPlus APK နဲ့
(၄) Yuilop APK တို့ လိုအပ်ပါတယ်

Hotspot Shield APK ကို ဒီမှာ ဒေါင်းပါ

TextPlus APK ကို ဒီမှာ ဒေါင်းပါ

Yuilop APK ကို ဒီမှာ ဒေါင်းပါ

 APK သုံးခုလုံးကို တစ်ခါတည်းဒေါင်းချင်ရင်တော့ ဒီမှာ ဒေါင်းပါ ( 30 MB ကျော်ရှိပါတယ်)


( Android ဖုန်းတစ်လုံးကို ဒီမှာ ဒေါင်းပါလို့ မပြောနိုင်တာ စိတ်မရှိပါနဲ့ .. :P )

ဒေါင်းလို့ ရလာတဲ့ APK တွေကို ဖုန်းထဲမှာ Install လုပ်လိုက်ပါ

တစ်ချို့ဖုန်းတွေမှာ Yuilop APK က မ Run ပဲ ပြန်ပိတ်သွားတဲ့ ပြဿနာရှိပါတယ်
ကျွန်တော်ကတော့ အဲဒီဖြစ်ပြီဆိုရင် Yuilop ကို ဖုန်းထဲကနေ Uninstall လုပ်ပစ်လိုက်ပါတယ်
ပြီးရင် Root Explorer လို Application ကိုသုံးပြီး root >> system >> app ဆိုတဲ့ဖိုဒါထဲကို
အဆင့်ဆင့်ဖွင့်ဝင်သွားပြီး Yuilop.apk ကို ကူးထည့်လိုက်ပါတယ်
ပြီးရင် အဲဒီကူးထည့်လိုက်တဲ့ Yuilop.apk ပေါ်မှာ ခပ်ကြာကြာဖိထားပြီး ပေါ်လာတဲ့ထဲက Permission ကိုရွေးပြီး
rw.r.r ဖြစ်အောင် Permission ပြောင်းပေးလိုက်ပါတယ်
ပြီးရင် ဖုန်းကို Restart ချလိုက်တယ်
ဖုန်းပြန်ပွင့်လာတဲ့အခါမှာ Yuilop ကို အဆင်ပြေပြေနဲ့ Run နိုင်တာ တွေ့ရပါတယ်
( ဒီနည်းက Root ဖောက်ထားတဲ့ဖုန်းတွေမှာပဲ သုံးလို့ရမှာဖြစ်ပါတယ် )
ကဲ .. ထားပါတော့
ကျန်တာတွေ ဘယ်လိုဆက်လုပ်မှာလဲ သိချင်နေမှာပေါ့
လုပ်ဆောင်ရမယ့် နည်းလမ်းအဆင့်ဆင့်ကို စာအုပ်လေးရေးပြီး တင်ပေးထားပါတယ်

အဲဒီစာအုပ်ကိုတော့ ဒီမှာ ဒေါင်းယူနိုင်ပါတယ်


ဒီနည်းလမ်းမှာ လတ်တလောကြုံတွေ့နေရတဲ့ Yuilop က Confirm Code ဟာ TextPlus ထဲရောက်မလာတဲ့ပြဿနာကို
ဖြေရှင်းထားပါတယ်
အဲဒီပြဿနာကို ဖြေရှင်းဖို့ Hotspot Shield ဆိုတဲ့ Application တစ်ခုကို သုံးထားပါတယ်
ဖုန်းရဲ့ VPN ကို Fake လုပ်ပေးတဲ့ APK ပါ
ဒီ APK လေးကို Run မထားရင် Yuilop က Confirm Code သာမက Facebook က Verification Code လည်း
ဖုန်းထဲကို ရောက်လာမှာမဟုတ်ပါဘူး
တစ်ခုသတိပေးချင်တာက ဒီ Hotspot Shield VPN ဆိုတဲ့ Application ကို Run ထားတဲ့ဖုန်းထဲမှာ ကိုယ့်ရဲ့လက်ရှိ
Facebook အကောင့်ကို မသုံးမိပါစေနဲ့ အဲဒီအကောင့်ကို US ကနေ တစ်ယောက်ယောက် ခိုးသုံးနေတယ်လို့
Facebook က ယူဆပြီး လော့ချပစ်တာတွေ Security Test လုပ်တာတွေ ခံရတတ်ပါတယ်
နောက်ပြီးအဲဒီဖုန်းထဲမှာရှိနေတဲ့ Gmail ထဲကိုလည်း " မင်းရဲ့အကောင့်ကို US က တစ်ယောက်ယောက် ခိုးသုံးနေပါတယ် "
ဆိုတဲ့ Message တွေကို Google Team က မကြာခဏပို့နေမှာဖြစ်ပါတယ် ( ဖြစ်ဖူးတာတွေကို ကြိုပြောပြထားတာပါ )
ဒီနည်းလမ်းဟာ ဖုန်းနံပါတ်အတောင်းခံနေရတဲ့ Locked Account တွေအတွက် ဖြေရှင်းပေးမယ့်နည်းသာဖြစ်ပြီး
ဓာတ်ပုံရွေးခိုင်းတာတွေ မွေးသက္ကရာဇ်ထည့်ခိုင်းတာတွေမျိုး Security Tips မိနေတဲ့ အကောင့်တွေအတွက်မဟုတ်ပါဘူး
နောင်အလျဉ်းသင့်တဲ့အခါမှာ ဗွီဒီယိုဖိုင်အဖြစ်နဲ့ ထပ်တင်ပေးပါဦးမယ်

ကဲ .. အားလုံးအဆင်ပြေကြပါစေဗျာ

Dec 4, 2013

Myanmar Mobile Zawgyi Changer 2 v1.0.5 for Android လေးပါ




Android ဖုန်းတွေကို မြန်မာစာ နဲ့ မြန်မာကီးဘုတ်ထည့်သွင်းချင်သူတွေအတွက် ဖုန်းထဲမှာတင်လွယ်လွယ်ကူကူ မြန်မာစာထည့်သွင်းနိုင်မယ့် Myanmar Mobile Zawgyi Changer 2 v1.0.5 ဗားရှင်းအသစ်လေးကိုထုတ်ဝေလိုက်ပါတယ် ။ Myanmar Mobile Zawgyi Changer 2 v1.0.5 ကို ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas) မှရေးသားဖန်တီးထားပါတယ်။
MMAS Zawgyi Changer 2 v1.0.5 for Android မှာပါဝင်တဲ့ feature တွေအနေနဲ့
-Developer ကိုကျော်စွာသွင်ရဲ့ Smart Zawgyi 3 feature အသစ်ကို MMAS Zawgyi Changer 2 v1.0.5 တွင် Mobile Version အနေနဲ့ထည့်သွင်းရေးသားထားခြင်း
-Smart Zawgyi 3 feature တွေကတော့ လှပတင့်တယ်သည့် ဖောင့်စာလုံးပုံစံ
-ဖုန်းအမျိုးမျိုးနဲ့ အဆင်ပြေစေမည့်မြန်မာစာစနစ်
မြန်မာစာအဆင်မပြေသည့် နောက်ဆုံးထွက် Sony ဖုန်းများတွင် Orient Myanmar ကဲ့သို့ရှေ့နောက်မလွဲသည့်စနစ်
G610-U00,Y320-U00,Y511-U00 တို့ကဲ့သို့ မြန်မာစာမပေါ် ၀လုံးပေါ်သောဖုန်းများအတွက်အဆင်ပြေစေမည့်စနစ်တွေပါဝင်ပါတယ်။
-MMAS Zawgyi Changer 2 ရဲ့ အခြား feature တွေအနေနဲ့ကတော့ Smart Zawgyi နေရာမှာ အခြား font တွေဖြစ်တဲ့ Zawgyi font , Zawgyi Flower font, Zawgyi Dancing font , Sony Zawgyi font နဲ့ စံမြန်မာဖောင့်တွေပါဝင်ပြီး ယင်း font ခြောက်မျိုးစလုံးကိုစိတ်ကြိုက်ပြောင်းသုံးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။
-အရင် version တွေလို မူရင်းဖောင့်(ဥပမာ-တရုတ်ဖောင့်များ)ပျောက်မသွားအောင်လည်း ပြုလုပ်ပေးထားပါတယ်။
MMAS Zawgyi Changer 2 သည် www.myanmarmobileapp.com ၏ Product တစ်ခုဖြစ်ပါသည်။ MMAS Zawgyi Changer 2 v1.0.5 ကို Android version 4.0 မှ Android 4.3 အထိရှိသော ဖုန်းအားလုံးတွင်အသုံးပြုနိုင်မှာဖြစ်ပြီး Android 4.4 ထွက်ရှိလာပါကလည်း MMAS Zawgyi Changer 2 v1.0.5 နဲ့အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ ယခု Font Changer ကိုအသုံးပြုရန် ဖုန်းကို root လုပ်ထားဖို့လိုအပ်ပါတယ်။
Myanmar Mobile Zawgyi Changer 2 v1.0.5 for Android ကိုအောက်က link ကနေရယူနိုင်ပါတယ်။
Myanmar Mobile Zawgyi Changer 2 v1.0.5 for Android (Link 1)
Myanmar Mobile Zawgyi Changer 2 v1.0.5 for Android (Link 2)




အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
သက်နို်င်စိုး